11 December 2010

ယနေ့တွင်အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရေးဆွဲခဲ့သောပန်းချီကားများ စတင်ရောင်းချ



အမျိုးသားခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ် အကျယ်ချုပ် ဖြင့် နေခဲ့ရစဉ် သူကိုယ်တိုင်ရေးဆွဲခဲ့သော ပန်းချီကားများကို သူမ၏စိတ်ကူးဖြင့် ပုံဖော်ခဲ့သည် ဟုသိရှိရ ပါသည်.။ထိုပန်းချီကား တချပ်လျှင် ခံစားချက် တစ်ခုစီ ရေးဆွဲခဲ့ သည်ဟု၍ လည်းသိရပါသည်၊ ထိုပန်းချီကား များအားသူမကိုယ်တိုင် ကွန်ပြူတာဖြင့်ရေးဆွဲခဲ့ခြင်းလည်းဖြစ်ပါသည်.။

ပို့စ်ကတ်များကို နွေဦး၊ ဆောင်းဦး၊ နွေရာသီ၊ ဆောင်းရာသီ၊ ဇာပန်ထိုး ပညာ၊ ပန်းနုရောင်ပန်းများ၊ အနီရောင်ပန်းများ ဟူ၍အမည်များပေးထားပြီး ပို့စ်ကတ်နောက်ကျောတွင် ပို့စ်ကတ်နှင့် သက်ဆိုင်သော အကြောင်းအရာများကို သူမနေအိမ် အကျယ်ချုပ် ကျခံနေရစဉ် အတွင်း ရေးဆွဲထားသည် ဆိုသော စာများ ရေးထိုးထားပြီး အောက်တွင် “အောင်ဆန်းစုကြည်” ဟု ရေးထိုး ထားသည်။

ပို့စ်ကတ် တခုလျှင် ကျပ် (၁၀၀၀) တစ်ထောင်ဖြင့် စတင် ရောင်းချမည်ဟုသိရပါသည် ရရှိသောငွေ များကိုနိုင်ငံရေး အကျဉ်းသား မိသားစုများအား ကူညီရေး၊ HIV/ AIDS ဝေဒနာရှင်များအား စောင့်ရှောက်ရေး စသည့် လူမှုရေးကိစ္စရပ်များ အတွက် အသုံးပြုမည် ဖြစ်ကြောင်းလည်း သိရှိရပါသည်.။၎င်းပို့စ်ကတ်များကို လည်းနေရာ အနှံဖြန့်ချိ ရောင်းချသွားမည်လို့ လည်းသိရှိရပါသည်.။

သတင်း ပေးပို့ ပေးသော သူငယ်ချင်း အားကျေးဇူးတင်ရှိပါသည်.။


ဓာတ်ပုံ...AP