02 October 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦး ယနေ့ တွင် မျက်စိကောင်းမွန်စွာကုသမှုခံယူပြီးကျန်းမာစွာဖြင့် ဆေးရုံမှ ဆင်းလာခဲ့ပါပြီး




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌ ဘဘဦးတင်ဦးဟာTang Tock Seng ဆေးရုံမှ မျက်စိအိမ်အတွင်းမှ သွေးခဲများအား အောင်မြင်စွာဖယ်ရှားခွဲစိတ်ပြီး စိုးရိမ်းစရာ မရှိတော့တဲ့ အတွက် ယနေ့နေ့လည် (၁)နာရီခွဲမှ ဆင်းရုံခွင့်ရရှိခဲ့ပါတယ်.။လာမည့်တနင်္လာနေ့ ၁၁.၁၀.၂၀၁၀ ရက်နေ့မှာ မျက်စိအခြေအနေအား ဆရာဝန်မှ ထပ်မံစမ်းသပ် စစ်ဆေးပြီးအခြေအနေအလုံးစုံ ကောင်းမွန်ပါက မြန်မာပြည်သို့ ပြန်ခွင့်ပြုမှာ ဖြစ်ပါတယ်..

စင်ကာပူဆေးရုံ၌ မြန်မာဆရာဝန်များ၏ ကြိုးပမ်းကုသမှု၊ အပြည်ပြည်ဆိုင်ရာမှ စိတ်အား၊လူအားဖြင့် မေးမြန်းစုံစမ်း အားပေးမှုများအားဘဘဦးတင်ဦးမှာ အထူးကျေးဇူးတင်ကြောင်း ဆိုပါတယ်။ အသက်(၈၃)နှစ် ရှိပြီဖြစ်တဲ့ ဘဘဦးတင်ဦးဟာ Physically နဲ့ Mentally ပါအထူးကြံ့ခိုင် ကျန်းမာလျှက်ရှိပါတယ်.။

သတင်းနှင့်ဓာတ်ပုံများ ပေးပို့ ပေးသော သူငယ်ချင်းအားကျေးဇူးတင်ရှိပါသည်.။