30 September 2010

မနက်ဖြန် (၃၀)ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦးမျက်စိခွဲစိတ် ကုသမှုခံယူမည်





တက်ရောက် ခွဲစိတ်ကုသမည့် ဆေးရုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး ဟာ မျက်စိခွဲစိတ် ကုသမှု ခံယူရန်အတွက် ဇနီးဖြစ်သူဇနီး ဒေါက်တာ ဒေါ်တင်မိုးဝေနှင့် အတူ ယခုလ၂၈ရက်နေ့က စင်ကာပူနိုင်ငံသို့ရောက်ရှိလာပါတယ်.. ဘဘဦးတင်ဦးဟာ မျက်စိမှ သွေးယိုစိမ့် မှုကြောင့် မျက်စိအတွင်းပိုင်း Retina အား အဆိုပါသွေးကွက်မှ ဖုံးအုပ်သွားမှုကြောင့် ယခုကဲသို့ ခွဲစိတ်ကုသ ခံယူရခြင်းဖြစ်ပါတယ်။ မနက်ဖြန် နေ့လည် ၃နာရီမှာ.. Tang Tock Seng ဆေးရုံ၌ ခွဲစိတ်ကုသမှု ခံယူပြီး တညတာ ဆေးရုံမှာ တက်ရောက် ကုသမှာဖြစ်ပါတယ်။ အသက် ၈၃နှစ်ရှိပြီ ဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌ ဘဘဦးတင်ဦး ဟာ ယနေ့အချိန်ထိ ဘဘဦးဝင်းတင်နဲ့ အတူအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကို ဥိးဆောင်မှု ပေးလျှက်ရှိပါတယ်။ ယခုစင်ကာပူနိုင်ငံသို့ ခေတ္တ မျက်စိကုသရန် ရောက်ရှိနေတဲ့ ဘဘဦးတင်ဦးဟာ စိတ်ရော ကိုယ်ပါ အထူးကြံ့ခိုင် ကျန်းမာလျှက်ရှိပါတယ်။


ခရီးဆောင် Suit Case ကတော့ ၁၉၇၀ ခုနှစ်ခန့်က အမေရိကားနိုင်ငံသို့ သွားရောက်ခဲ့စဉ်က အိတ်ဖြစ်ပြီး



ဘဘဦးတင်ဦး တပ်ရင်းမှုးဘဝကတည်းက အသုံးပြုခဲ့တဲ့ စစ်တပ်သုံးအိတ်နဲ့ အရောင်တောက်ပမှု မရှိတော့တဲ့ ပစ္စည်းလေးတွေကို တရိုတသေ ယခုထက်တိုင် အသုံးပြုနေပါတယ်.