26 September 2010

နအဖရွေးကောက်ပွဲကော်မရှင်ကဆန္ဒမဲပေးပိုင်ခွင့် ရှိသူများစာရင်း မပါဝင်ပါက စက်တင်ဘာ ၂၆ ရက် နောက်ဆုံးထား အကြောင်းကြားရမည်ဟုပြော

မြန်မာနိုင်ငံအစိုးရ၏ လမ်းပြမြေပုံအရ နိုဝင်ဘာလ ၇ ရက်နေ့တွင် ကျင်းပမည့် ၂၀၁၀ ရွေးကောက်ပွဲအတွက် ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများစာရင်းကို ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်ရုံးခွဲများတွင် ထုတ်ပြန်ထားပြီးဖြစ်ရာ မဲစာရင်းတွင် ပါဝင်ခြင်းမရှိပါက စက်တင်ဘာလ ၂၆ ရက်နေ့ နောက်ဆုံးထားပြီး သက်ဆိုင်ရာ ကော်မရှင် ရုံးခွဲများသို့ အမည်စာရင်း ထည့်သွင်းပေးရန် လာရောက်လျှောက်ထား နိုင်ကြောင်း အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲ ကျင်းပရေးကော်မရှင်ရုံး တာဝန်ရှိ ပုဂ္ဂိုလ်တစ်ဦးက ပြောကြားသည်။

ဆန္ဒမဲပေးပိုင်ခွင့် ရှိသူများစာရင်းတွင် အမည်ထည့်သွင်းပေးရန် မှတ်ပုံတင်မူရင်း၊ အိမ်ထောင်စု သန်းခေါင်စာရင်း သို့မဟုတ် ယာယီ သန်ခေါင်စာရင်းတို့ကိုပါ ယူဆောင်လာရမည် ဖြစ်ကြောင်း ၎င်းကရှင်းပြသည်။ ဆန္ဒမဲ ပေးပိုင်ခွင့်ရှိသူများ စာရင်းကို ရပ်ကွက်၊ ကျေးရွာအုပ်စု ကော်မရှင်ရုံခွဲများ ထုတ်ပြန်ထားပြီး ဖြစ်ပါသဖြင့် လာရောက်ကြည့်ရှု နိုင်ပါကြောင်းကို သက်ဆိုင်ရာကော်မရှင် ရုံးခွဲအသီးသီးမှ အသံချဲ့စက်များဖြင့် အသိပေးလျက် ရှိကြောင်း ရန်ကုန်မြို့ခံများက ပြောကြားကြောင်း The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။