26 September 2010

မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စီမံကိန်းဝင်တံတားများ၌ ယာဉ်ဖြတ်သန်းခ သတ်မှတ်နှုန်းထက် ပိုမိုကောက်ခံလျက်ရှိ

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စီမံကိန်းဝင် တံတားများတွင် ဖြတ်သန်းသွားလာနေသော ယာဉ်များကို ဖြတ်သန်းခ ကောက်ခံရန်အတွက် သက်ဆိုင်ရာက တရားဝင်သတ်မှတ်ပေးပြီး ကောက်ခံရမည့် နှုန်းထားများကို ကောက်ခံရေးဂိတ်ရှေ့တွင် ချိတ်ဆွဲထားလေ့ရှိသည်။ တံတားဖြတ်သန်းခ ကောက်ခံရေး၊ အခွင့်ရေးလိုင်စင် ဆွဲခဲ့စဉ်ကလည်း သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံရေး၊ အခွင့်အရေးလိုင်စင် ဆွဲခဲ့စဉ်ကလည်း သတ်မှတ်နှုန်းထားအတိုင်း ကောက်ခံရမည်ဟု လက်မှတ်ရေးထိုးခဲ့ရသည်။

သို့သော် အဆိုပါလမ်းများ ဖြတ်သန်းသည့် ယာဉ်များကို သတ်မှတ်နှုန်းထားထက် ပိုမိုကောက်ခံနေသည်ကို တွေ့ရှိနေရသည်။ စီမံကိန်းဝင် တံတားများတွင် ယာဉ်ကုန်ကုန်အလေးချိန် ၂၀ ထက်ကျော်သော ယာဉ်များကို တန်ပိုကြေးအဖြစ် ကောက်ခံလျက်ရှိသည်။ စီမံကိန်းဝင် တံတားများတွင် စက်ဘီး ၅ ကျပ်၊ ဆိုင်ကယ်၊ မြင်းလှည်း ၃၀ ကျပ်၊ ထော်လာဂျီယာဉ် (ခရီးသည်၊ ကုန်မပါ) ၅၀ ကျပ်၊ ၂ တန်အောက် ကိုယ်ပိုင်ယာဉ် ၇၅ ကျပ်၊ ဟိုင်းလပ် ခရီးသည်တင်ယာဉ် ၂၀၀ ကျပ်၊ ၂ တန်မှ ၅ တန်အောက် ယာဉ် ၂၅၀ ကျပ်၊ ၅ တန်ရှိ ခရီးသည်တင် ၄၅၀ ကျပ်၊ ၅ တန်မှ ၁၀ တန်အောက် ကုန်တင်ယာဉ် ၇၀၀ ကျပ်၊ ၁၀ တန်မှ ၂၀ တန် ကုန်တင်ယာဉ်ကြီး ၁၀၀၀ ကျပ် သတ်မှတ်ထားကြောင်း News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။