28 September 2010

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲ့စည်းတည်ထောင်ခြင်း (၂၂) နှစ်မြောက် အခမ်းအနားသို့ ပေးပို့ သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၏နုတ်ခွန်းဆက်အမှာ



ယနေ့ ကျရောက်သော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဖွဲစည်းတည်ထောင်ခြင်း (၂၂)နှစ်ပြည့်
အခမ်းအနားအား အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက်နယ်မြေ) တွင် ကျင်းပ
ပြုလုပ်ခဲ့ပါသည်။ အခမ်းအနားဓာတ်ပုံ များ




ထိုင်း-မြန်မာနယ်စပ်တွင် အမျိုးသားဒီမိုကရေစိအဖွဲ့ချုပ်ပါတီ (လွတ်မြောက်နယ်မြေ)မှာ ပြုလုပ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတည်ထောင်ခြင်း (၂၂) ပြည့် အခမ်းအနားသို့ ပေးပို့ သော ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ဦးဝင်းတင်၏နုတ်ခွန်းဆက်အမှာ ကိုရုပ်သံဖိုင်ဖြင့် ပြောကြားပေးခဲ့ပါသည်.။

စက်တင်ဘာ (၁၃) ရက်နေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကို နအဖက နိုင်ငံရေးပါတီအဖြစ်မှ ဖျက်သိမ်းလိုက်သော်လည်း ပါတီမပျက်ဘဲ ဆက်လက်တည်ရှိနေမည်ဖြစ်ပြီး ပါတီမှချမှတ်ထားသည့် လုပ်ငန်းစဉ်များကို ဆက်လက်လုပ်ဆောင်သွားမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် လွတ်မြောက်နယ်မြေ၏ ဥက္ကဋ္ဌ ဦးဗိုလ်သောင်းက ပြောသည်။

၎င်းက “သူ့ရွေးကောက်ပွဲဥပဒေအရ ပါတီမှတ်ပုံမတင်လို့ ဖျက်တာဖျက်ပေါ့၊ ပါတီမပျက်သွားပါဘူး။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ (၉၀) ခုနှစ် ရွေးကောက်ပွဲမှာ ပြည်သူလူထုထောက်ခံမှု အပြည့်အ၀ ရထားတဲ့ပါတီဖြစ်လို့ နိုင်ငံတကာနဲ့ ပြည်သူတွေရဲ့ အသိအမှတ်ပြု ထောက်ခံမှုကို ရရှိနေတာဖြစ်တယ်။ ဆိုင်းဘုတ်ရှိမှ ရုံးရှိမှ လုပ်နိုင်တာမဟုတ်ဘူး။ လူထုကြားမှာနေပြီး လူထုနဲ့အတူ တိုက်ပွဲဝင်ပြီး ပါတီက ချမှတ်ထားတဲ့ လုပ်ငန်းစဉ်တွေကို ဆက်လုပ်သွားမှာဖြစ်တယ်။ ပြည်သူကို ရာသက်ပန် စစ်ကျွန်ပြုမယ့် ရွေးကောက်ပွဲကိုတော့ ပြည်တွင်း အဖွဲ့ချုပ်နဲ့အတူ လုံးဝသပိတ်မှောက် ဆန့်ကျင်သွားမှာဖြစ်တယ်” ဟု ပြောသည်။

မဟာမိတ် နိုင်ငံရေး အဖွဲ့အစည်း အသီးသီးမှခေါင်ဆောင်များက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ (၂၂)နှစ်မြောက် ပါတီ တည်ထောင်ခြင်း မှာ အမှတ်တရ စကားအသီးသီး ပြောကြားခဲ့ပါသည်.။


မြတ်လေးငုံ