18 February 2010

ယနေ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် ရန်ကုန်မြို့ ရှိ နံမည်ဆိုးဖြင့်ကျော်ကြား နေသောအင်းစိန်(ဗဟို) အကျဉ်းထောင်သို့သွားရောက်

လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးသံ မစ္စတာ သောမတ်စ် ကွင်တားနားသည် ရန်ကုန်မြို့ ရှိနံမည်ဆိုးနဲ့ကျော်ကြားနေသောအင်းစိန်(ဗဟို)အကျဉ်းထောင်သို့ ယနေ့ မနက်တွင် ရောက်ရှိသည်။နိုင်ငံရေးအကျဉ်းသား (၃၀၀)ကျော်ခန့်ရှိသည့်အထဲမှာ မည်သူနဲ့ တွေ့ခွင့်ရမည် ဆိုတာတော့ မသိရှိရသေးပါ။

မနေ့က (၁ရ.၂.၂၀၁၀) နေ့စွဲဖြင့် နိုင်ငံရေး အကျဉ်းသား များသည် ထောင်အာဏာပိုင်များ အားတောင်းဆိုချက်(၅)ချက်ဖြင့်တောင်းဆိုမှုများကို ပြုလုပ်တောင်းဆိုထားပြီး ယနေ့တွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ် သွားရောက်ခဲ့သည်ဟု သတင်းရရှိပါသည် ။

ကင်တာနာသည် အင်္ဂါနေ့(၁၆.၂.၂၀၁၀)က စစ်တွေထောင်တွင်းရှိ အကျဉ်းကျ သံဃာတော်တပါး
အပါအ၀င် ဦးကြည်သန်း၊ ပြည့်ဖြိုးလှိုင်၊ ဇော်ထွန်းမြင့်နဲ့ ဦးဇင်းတပါးတို့ကို တွေ့ခွင့်ရခဲ့ပါတယ်” နိုင်ငံရေးအကျဉ်းသား၎ ဦးနှင့် တွေ့ဆုံခဲ့ပြီး ဒေသတွင်းရှိ အစိုးရမဟုတ်သော အဖွဲ့အစည်း ၂၁ ခု
တို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့သည်။

သူသည် တနင်္လာနေ့(၁၅.၂.၂၀၁၀) ညနေပိုင်းက ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေများဖြစ်သည့် ဦးဉာဏ်ဝင်း၊ ဦးကြည်ဝင်း၊ ဒေါ်ခင်ဌေးကြွယ်၊ ဦးလှမျိုးမြင့်တို့နှင့် တွေ့ဆုံခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်၏ အမှုကိစ္စ၊ မြန်မာစစ်အစိုးရ ကျင့်သုံးနေဆဲ ဖြစ်သည့် ပယ်ဖျက်ပြီးသော ၁၉၇၅ ခုနှစ် ဥပဒေကိစ္စနှင့် စစ်အစိုးရလက်အောက်မှ တရားစီရင်ရေး စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။