16 February 2010

အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌသူရ ဦးတင်ဦး ပါတီတာဝန် စတင်ထမ်းဆောင်




အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အန်အယ်လ်ဒီ)ပါတီက ယနေ့ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး တက်ရောက်ကာ အစည်းအဝေး သဘာပတိအဖြစ် စတင်ဆောင်ရွက်သည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးအုန်းကြိုင်က “စီအီးစီအစည်းဝေးကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ဒုတိယဥက္ကဋ္ဌကြီး ဦးတင်ဦး တက်ရောက်လာပြီး သူ့မူလတာဝန် စီအီးစီ အစည်းအဝေး သဘာပတိအဖြစ် ပြန်လည်ဆောင်ရွက်ပါတယ်” ဟု ပြောသည်။

ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့တွင်လည်း ဦးဆောင်သူတဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့ မိသားစုများအား ကူညီစောင့်ရှောက်နေသည့် ဗဟိုလူမှု အထောက်အကူအဖွဲ့တွင်လည်း ဥက္ကဋ္ဌတာဝန်ယူပြီး အဆိုပါတာဝန်များကို ယနေ့စတင်ခြင်းဖြစ်သည်ဟု ဦးအုန်းကြိုင်က ပြောသည်။




အန်အယ်လ်ဒီပါတီက ယနေ့ပြုလုပ်သည့် ဗဟိုအလုပ်အမှုဆောင်ကော်မတီ အစည်းအဝေးတွင် နေအိမ်အကျယ်ချုပ်မှ လွတ်မြောက်လာသည့် အန်အယ်လ်ဒီ ဒု-ဥက္ကဋ္ဌ ဦးတင်ဦး တက်ရောက်ကာ အစည်းအဝေး သဘာပတိအဖြစ် စတင်ဆောင်ရွက်သည်ဟု သိရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဦးအုန်းကြိုင်က “စီအီးစီအစည်းဝေးကတော့ ပုံမှန်ပါပဲ။ ဒါပေမယ့် ဒုတိယဥက္ကဋ္ဌကြီး ဦးတင်ဦး တက်ရောက်လာပြီး သူ့မူလတာဝန် စီအီးစီ အစည်းအဝေး သဘာပတိအဖြစ် ပြန်လည်ဆောင်ရွက်ပါတယ်” ဟု ပြောသည်။

ဒု-ဥက္ကဋ္ဌ ဦးတင်ဦးသည် ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့တွင်လည်း ဦးဆောင်သူတဦးဖြစ်ပြီး နိုင်ငံရေးအကျဉ်းသားများနှင့် ၎င်းတို့ မိသားစုများအား ကူညီစောင့်ရှောက်နေသည့် ဗဟိုလူမှု အထောက်အကူအဖွဲ့တွင်လည်း ဥက္ကဋ္ဌတာဝန်ယူပြီး အဆိုပါတာဝန်များကို ယနေ့စတင်ခြင်းဖြစ်သည်ဟု ဦးအုန်းကြိုင်က ပြောသည်။
ယနေ့တွင် စီအီးစီအဖွဲ့ဝင်များနှင့်တွေ့ဆုံကာ ဦးတင်ဦးက သြ၀ါဒစကားပြောကြားပြီး အန်အယ်လ်ဒီပါတီဝင်များအား တွေ့ဆုံနှုတ်ဆက်ကာ သတင်းထောက်များနှင့်လည်း တွေ့ဆုံခဲ့သည်ဟု သိရသည်။



ဦးတင်ဦးက အန်အယ်လ်ဒီပါတီဝင်များအား ၎င်း ထိန်းသိမ်းခံနေရစဉ်ကာလအတွင်း ကြံ့ကြံ့ခိုင် ကိုယ်ကျိုးစွန့်အနစ်နာခံပြီး အဖွဲ့ချုပ်ကြီး ဆက်လက်ရပ်တည်ရေးအတွက် လုပ်ဆောင်မှုများကို ကျေးဇူးတင်ကြောင်းလည်း ပြောကြားခဲ့သည်ဟု ဦးအုန်းကြိုင်က ပြောသည်။

“ရွှေဂုံတိုင်ကြေညာစာတန်းမှာ ကြေညာထားတဲ့အထိ တောက်လျှောက်သယ်ဆောင်လာခဲ့တဲ့ သမိုင်းကို သူလေးစား ဂုဏ်ယူတဲ့အကြောင်း၊ သူလည်း ဆက်လက်ပြီး တာဝန်ထမ်းဆောင်သွားမယ့် အကြောင်းတွေ ပြောပါတယ်” ဟု ၎င်းက ဆက်လက်ပြောသည်။

အန်အယ်လ်ဒီရုံးချုပ်၌ ဖေဖော်ဝါရီ (၁၆) ရက်နှင့် (၁၇) ရက်တို့တွင် ဗဟိုကော်မတီ (စီစီ) ရွေးချယ်ရေး စဉ်းစားဆုံးဖြတ်ရန် အတွက် အစည်းအဝေးလုပ်ဆောင်သွားမည်ဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် ပြည်နယ်တိုင်း တခုချင်းအလိုက် သက်ဆိုင်ရာကိုယ်စားလှယ်များဖြင့် တွေ့ဆုံဆွေးနွေးသွားမည်ဟု သိရသည်။

သတင်းရင်းမြစ်.. ခေတ်ပြိုင်
ဓာတ်ပုံ .များပေးပို့ ပေးသော ဘိုစိုး အား ကျေးဇူးတင်ပါသည်