17 February 2010

အနာဂတ်လှဖို့ ဆန့်ကျင်စို့


အနာဂတ်လှဖို့ ဆန့်ကျင်စို့ (စာသား)

ဒီစနစ်ဆိုးကြီးအောက်မှာ လှိုင်းတံပိုးထန်တိုက်ခတ်ခဲ့တာ
အဆုံးမဲ့နစ်မွန်း ဒုက္ခနွံထဲ
အနာဂတ်ရဲ့ လမ်းလည်းပျောက်ဆုံးနေရင်းနဲ့
ဒီအစိုးရရဲ့ လက်အောက်
တွန်းလှန်ခဲ့ကြရတာ နှစ်၊လကြာ

(တို့တစ်သက်မှာတောင့်တခဲ့ရတဲ့ ဒီမိုကရေစီနိုင်ငံလေးရယ်
မျှော်လင့်နေတဲ့ အနာဂတ်အလင်းအတွက်
မဲရုံဆီကိုကွယ်
မသွားနဲ့ ချစ်သောပြည်သူရယ်)

မကြာခင်လန်နိုးတော့မယ်
ဟိုမဝေးတော့တဲ့ နေ့သစ်ဆီကို
ငါတို့ဆူးခလုတ်တွေမမှု
ညီညာအင်အားနဲ့ လျှောက်လှမ်းရအောင်
ဒီအစိုးရရဲ့လက်အောက်
လွတ်မြောက်ဖို့ရွေးကောက်ပွဲကိုဆန့်ကျင်စို့ကွာ
(တို့တစ်သက်မှာတောင့်တ ခဲ့ရတဲ့...............................)

အိုး ရောက်တဲ့အရပ်ကနေရာတွေမှာ ဒီတခါ စစ်အစိုးရကိုဆန့်ကျင်မှာပါ
ဒီစနစ်ကြီးပျောက်ပျက်အောင် မဲမပေးနဲ့သူငယ်ချင်း ဒါဟာတို့အတွက် မျှော်လင့်ခြင်း...