
(ပြဇာတ်အကြောင်း အဖွင့်မိတ်ဆက်စကားပြောကြားနေစဉ်)
ပြင်သစ် သံရုံး ယဉ်ကျေးမှုဌာနက ဦးစီးကျင်းပတဲ့ ရုပ်သေး ပြဇာတ်ပွဲကို ဇန်န၀ါရီလ ၂၃ ရက်
နေ့ ညနေခင်းမှာ ရန်ကုန်မြို့ ပြည်လမ်းရှိ ပြင်သစ်သံရုံး ယဉ်ကျေးမှုဌာန မြက်ခင်းပြင်မှာ ကျင်းပ
ခဲ့ပါတယ်။
ပြဇာတ်ရဲ့ ဇတ်လမ်းက အိန္ဒိယနိုင်ငံမှ ရှေးဟောင်းဇာတ် မဟာဘာရတထဲ ကို ကျောရိုးပြုထားသည့် ဇာတ်လမ်းဖြစ်ပြီး ရုပ်သေးပြဇာတ် စီစဉ်ညွှန်ကြားသူ Bruno Thircuir နဲ့ မြန်မာပညာရှင် ဦးရဲဒွေး တို့ဖြစ်ပါတယ်။ မြန်မာဘာသာသို့ ဦးစိုးမြတ်သူ က ပြန်ဆိုရှင်းပြပြီး ပြဇတ်သရုပ်ဆောင်များအဖြစ် ပြင်သစ်ဘာသာသင်တန်းမှ သင်တန်းသားများက ပါဝင် သရုပ်ဆောင် ထားကြတာဖြစ်ပါတယ်။

(စင်္ကြာဝတေးမင်းအဖြစ် သရုပ်ဆောင်ကပြနေစဉ် )

( ပြင်သစ်ဘာသာမှ မြန်မာဘာသာသို့ ပြန်ဆိုရှင်းပြပေးနေသူ ဦးစိုးမြတ်သူ )

(ပြဇတ်ထဲမှ ဇာတ်ဝင်ခန်းတခန်း)

(လာရောက်ကြည့်ရှုကြသည့် ပရိသတ်များ)
ရင်းမြစ်. မိုးမခ