04 December 2009

ဒီဇင်ဘာ တွင် အင်္ဂါဂြိုဟ် ဖောက်ပြန်သည်ကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်.။

ဒီဇင်ဘာ တွင် အင်္ဂါဂြိုဟ် ဖောက်ပြန်သည်ကို မြန်မာနိုင်ငံမှ မြင်တွေ့ရမည်

လာမည့် ဒီဇင်ဘာ ၂၁ ရက်မှ ၂၀၁၀ ပြည့်နှစ်၊ မေ ၁၀ ရက် အတွင်း စကြ၀ဠာ တွင်ဖြစ်ပေါ်မည့် အင်္ဂါဂြိုဟ် ဖောက်ပြန်မှုကို မြန်မာနိုင်ငံ မှ လေးလကြာ မြင်တွေ့ရမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ နက္ခတ်ပညာရှင် များအဖွဲ့ ဒုတိယဥက္ကဋ္ဌ ဦးဇေယျာကို က ပြောကြားသည်။ ယင်းကဲ့သို့ ဖောက်ပြန်စဉ် ကမ္ဘာမှနေ၍ အင်္ဂါဂြိုဟ်ကို မီးကျည်ခဲ သဏ္ဌာန် ထွန်းလင်း တောက်ပစွာ မြင်တွေ့ ရမည်ဖြစ်ကြောင်း၊ ယင်းကဲ့သို့ နီးကပ်စွာ မြင်တွေ့ ရခြင်းမှာ အင်္ဂါဂြိုဟ်သည် ကမ္ဘာမြေကြီးနှင့် မိုင်သန်းပေါင်း ၃၄ ဒသမ ၆၅ အထိနီးကပ် လာသောကြောင့် ဖြစ်ကြောင်း တွက်ချက်မှုများ အရ သိ ရသည်။

အင်္ဂါဂြိုဟ်သည် ပုံမှန်အားဖြင့် ၂၆ လကြာလျှင် ကမ္ဘာမြေနှင့် တစ်ကြိမ်နီးကပ်စွာတည်ရှိတတ်ပြီး ၂၀၀၈ ခုနှစ်၊ မေတွင် တစ်ကြိမ်၊ ၂၀၁၀ ပြည့်နှစ်၊ ဇူလိုင်တွင် တစ်ကြိမ် ပုံမှန်နီးကပ်လာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံနက္ခတ်ပညာရှင်များ အဖွဲ့က သုံးသပ်ထားသည်။ အဆိုပါ ဂြိုဟ်ဖောက်ပြန်မှုနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအသီးသီးရှိ နက္ခတ်ပညာရှင် များက တွက်ချက်ကြရာ ဒီဇင်ဘာ ၂၁ ရက်တွင် စတင်ဖြစ်ပေါ်မည့် အင်္ဂါဂြိုဟ်ဖောက်ပြန်မှုမျိုးကို လာမည့် ၂၂၈၇ နှစ်တွင်သာ မြင်တွေ့ ရတော့မှာဖြစ်ကြောင်း တွက်ချက်ကြသော်လည်း မြန်မာနက္ခတ်ပညာရှင် များက တွက်ချက်ရာတွင် ယင်းကဲ့သို့မဖြစ်နိုင်ကြောင်း တွေ့ရသည်ဟု အထက်ပါအဖွဲ့ထံမှသိရသည်။ ရာသီဥတုကောင်းမွန်လျှင် ကောင်းကင် တွင် ကြယ်ပွင့်သဏ္ဌာန်မြင်တွေ့ရမည်ဖြစ်ကြောင်း၊ ထိုကဲ့သို့ မြင်တွေ့ ရစဉ် အင်္ဂါဂြိုဟ်နှင့် လကို ဆန့်ကျင်ဘက်အရပ်များတွင် တွေ့ရမည် ဖြစ်ကြောင်း သိရသည်။

ရင်းမြစ်..။မြန်မာပို့စ် သတင်းဂျာနယ်