04 December 2009

စစ်အစိုးရကို အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး တင်နိုင်ရန် ကြိုးစား

မြန်မာစစ်အစိုးရ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေနဲ့ ပတ် သက်တဲ့ ဆွေနွေးပွဲတခု မနေ့က ဗြိတိသျှ ပါလီမန်မှာ ပြုလုပ်ခဲ့ပါတယ်။ ပြီးခဲ့တဲ့မေလက ထုတ်ပြန်ခဲ့တဲ့ ဟားဗတ် ဥပဒေကျောင်း၊ အပြည်ပြည် ဆိုင် ရာ လူ့အခွင့်အရေးဌာနရဲ့ အစီရင်ခံစာကို အခြေခံပြီး ဆွေးနွေးခဲ့ကြတာပါ။

ဒီအစီရင်ခံစာကို ထိပ်တန်းဥပဒေရေးရာ ပညာရှင် ၅ ယောက်က ရေးသားခဲ့ ကြတာဖြစ်ပြီး မြန်မာနိုင်ငံ
ထဲက စစ်ရာဇဝတ်မှုတွေ အပါအဝင် ကုလသမဂ္ဂရဲ့ မြန် မာနိုင်ငံနဲ့ ပတ်သက်တဲ့ လူ့အခွင့်အရေး
ချိုးဖောက်မှု မှတ်တမ်းတွေကိုပါ ထည့်သွင်း ဖော်ပြထားပါတယ်။ အရဆကသအိးက ဦးဆောင်ဆွေးနွေး
တဲ့ သူတွေက အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး က ဒု-တရားစွဲ အရာရှိချုပ် အဖြစ် တာဝန်ထမ်းဆောင်ခဲ့
သူ Sir GeoffreyNice၊ မြန်မာနိုင်ငံနဲ့ ဆိုင်တဲ့ ဥပဒေရေးရာတွေ ဆောင်ရွက်နေတဲ့ Burma Justice Committee ရဲ့ ဥက္ကဋ္ဌ နဲ့Miss Sappho Dias ယူကေ ကရင်အမျိုးသား အဖွဲ့ အစည်းက
နော်ထူးခူဆာစေး တို့ ပါဝင်ပါတယ်။

ဆွေးနွေးပွဲကို ဗြိတိသျှပါလီမန် အစည်းအဝေးခန်းမတခုမှာ ကျင်းပခဲ့တာဖြစ် ပြီး မြန်မာ့အရေး လှုပ်ရှားနေတဲ့ အဖွဲတွေနဲ့ လူ့အခွင့်အရေး အဖွဲ့တွေ တက်ရောက် ခဲ့ကြပါတယ်။ ကတော့ ဒီဆွေးနွေးပွဲကနေ တဆင့် မြန်မာစစ်အစိုးရကို သူကျူးလွန် ခဲ့တဲ့ ရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICCကို တင်နိုင် အောင် ကြိုပမ်းနေကြတာလည်း ဖြစ်ပါတယ်။

အပြည်ပြည်ဆိုင်ရာ ရာဇဝတ်ခုံရုံး ICC ရဲ့ သဘောတူစာချုပ် Rome Statue မှာ မြန်မာနိုင်ငံပါဝင် လက်မှတ်ထိုးထားတာ မဟုတ်တဲ့အတွက် စစ်အစိုးရ ကို ဘယ်လိုမျိုး ရာဇဝတ်ခုံးရုံး တင်မှာလဲ ဆိုတာနဲ့ ပတ်သက်ပြီး Miss Sappho Dias က ပြောပါတယ်။

“မြန်မာစစ်အစိုးရက ဒီသဘောတူညီချက်မှာ လက်မှတ်ထိုး မထားတာနဲ့ ဘာမှ လုပ်လို့မရဘဲ လမ်းဆုံးပြီ ဆိုတာတော့ မဟုတ်ပါဘူး။ ကုလသမဂ္ဂကနေ စုံစမ်း စစ်ဆေးရေး ကော်မရှင်ဖွဲ့ပြီး လုံခြုံရေးကောင်စီကို တင်သွင်းမယ်ဆိုရင် ဒီကိစ္စကို လစ်လျူရှုလို့ မရပါဘူး။ စစ်အစိုးရကို တရားစွဲဖို့ လုပ်ကို လုပ်ရမှာပါ။ ဒါကြောင့် လက်မှတ်ထိုးတယ်၊ မထိုးဘူးဆိုတာ ဒီနေရာမှာ အရေးမကြီးပါဘူး။”

ကုလသမဂ္ဂ လုံခြုံရေးကောင်စီ ကရော ဒီကိစ္စကို ထိထိရောက်ရောက် ဆောင် ရွက်နိုင်ပါ့မလား ဆိုတာကို Sir GeoffreyNice၊ကဖြေဆိုပါတယ်။ “အထူးခုံရုံးဖွဲ့ပြီတော့ စစ်ဆေးမယ်ဆိုရင် ဒီကိစ္စ အကောင်အထည်ဖော်ဖို့ လုံခြုံရေး ကောင်စီထဲမှာ နိုင်ငံရေးနဲ့ ကိုယ်ကျိုးစီးပွား ကာကွယ်တဲ့ ကိစ္စမျိုးတွေ မပါ မှ ဖြစ်မှာပါ။ အဖွဲ့ဝင်တွေ ဖြစ်တဲ့ တရုတ်၊ ရုရှနဲ့ အိန္ဒိယတို့လို ဒီအဆင့်ကို ကန့် ကွက် နိုင်ချေရှိတဲ့ သူတွေကို ဆိုလိုတာပါ။ ဒါကို ကျော်လွန်ဖို့အတွက် အလွန်ခိုင် မာတဲ့ အထောက်အထား အချက်လက်တွေ လိုပါတယ်။ အခု တင်ပြတဲ့ အစီရင်ခံစာ မျိုးလိုပေါ့။ ဆူဒန်ကိစ္စဆိုရင် သူ့ရဲ့ မဟာမိတ် တရုတ်ရှိပေမယ့် ခုံရုံးတင်နိုင်ခဲ့တယ်။” ဒီ အစီရင်ခံစာကို အများကပိုပြီး လက်ခံလာနိုင်အောင် ကြိုစားမယ်၊ ဗြိတိ သျှအစိုးရ အနေနဲ့လည်း မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေနဲ့ လူသားချင်း မစာနာ တဲ့ ရာဇဝတ်မှု ကျူးလွန်တာတွေ ရှိတယ်ဆိုတာ လက်ခံဖို့ မျှော်လင့်တယ်လို့လည်း ပြောသွားပါတယ်။ ဗြိတိသျှအစိုးရ ဟာ မြန်မာနိုင်ငံမှာ စစ်ရာဇဝတ်မှုတွေ ရှိနေတယ် ဆိုတာကို အခုအချိန်အထိ တရားဝင်ထုတ်ဖော် အသိအမှတ်ပြု ပြောဆိုတာမျိုး မရှိပါဘူး။ ပြီးခဲ့တဲ့အပတ်က မြန်မာ့ဒီမိုကရေစီရေး ဗြိတိသျှပါလီမန် အမတ်များအဖွဲ့All Party ParlIamentary ကတော့ စစ်အစိုးရ ကျူးလွန်တဲ့ ပြစ်မှုတွေ ကို စုံစမ်းစစ်ဆေးဖို့ အဆိုကို အဆင့်မြင့် ပါလီမန်အမတ်တွေ အပါအဝင် အဖွဲ့ဝင် ပေါင်း ၄ဝ ကျော် ထောက်ခံလက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ရင်းမြစ်..DVB..။