21 September 2009

လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားများ ၄ဝ၁ လက်မှတ်ထိုးရတဲ့အပေါ် မကျေနပ်




၁၉ စက်တင်ဘာ ၂ဝဝ၉ - လွတ်မြောက်လာတဲ့ နိုင်ငံရေး အကျဉ်းသားတွေကို လွှတ်ပေးလိုက်တာနဲ့ ပတ်သက်ပြီး နှောင်ကြိုးမဲ့ လွှတ်ပေးတာမဟုတ်ဖူးလို့ ပြောဆို ကြပါတယ်။ နောက်နောင် ပြစ်မှု တစုံတရာ ကျူးလွန်ရင်၊ အခုလွှတ်ပေးရာမှာ ကြွင်းကျန်ရစ်တဲ့ အပြစ်ဒဏ်ကို ကျခံရမဲ့ ၄ဝ၁ ပုဒ်မကို လက်မှတ်ထိုးခဲ့ရတာ ဖြစ်တယ်လို့ ပြောဆိုကြပါတယ်။

မနေ့ည ၇ နာရီလောက်မှာ သရက်ထောင်က လွတ်မြောက်လာတဲ့ ကိုခိုင်ကောင်းစံက “ထောင်က ထွက်ပေမယ့် ၄ဝ၁ ထိုးရတဲ့အတွက် နှောင်ကြိုးနဲ့ လွှတ်တယ် လို့ပဲ မြင်ပါတယ်။ မှန်ကန်တဲ့ သဘောထားတစ်ခု မဟုတ်ဘူးပေါ့၊ ယုံကြည်ချက် ကြောင့် နိုင်ငံရေးလုပ်ဆောင်လို့ ကျတဲ့ နိုင်ငံရေး အကျဉ်းသားတွေ ဖြစ်တယ်။ အမှန်ဆိုရင် ထောင် ဥပဒေအရ လျှော့ရက် ပေးရဖို့ ရှိပေမယ့် စစ်ထောက်လှမ်းက နေပြီးတော့မှ ၁/၉၉ ရဲ့ညွှန်ကြားမှုကြောင့် လျှော့ရက်တွေကို ပိတ်ထားတယ်။ ဒီအပေါ်မှာ ပျော်ရွှင်မှု ဘာမှ မခံစားရပါဘူး။” ကိုခိုင်ကောင်းစံဟာ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်က ဖြစ်ပါတယ်။ သူ့ကို စစ်အစိုးရ မတရားအသင်းပုဒ်မ၊ လဝက ပုဒ်မတွေနဲ့ စုစုပေါင်း ထောင်ဒဏ် ၁ဝ နှစ် ချထားတာပါ။ လွတ်ရက်စေ့ဖို့ တနှစ်ကျော်အလိုမှာ ပြန်လွတ်လာတာ ဖြစ်ပါတယ်။


လွတ်ရက်စေ့ဖို့ ၅ ရက်အလိုမှာ ပြန်လွှတ်လာသူကတော့ ကလေးထောင်က ဦးမိုက်ကယ်ဝင်းကျော် ဖြစ်ပါတယ်။ သူဟာ ကလေးမြို့သားဖြစ်ပြီး နိုင်ငံရေး လှုပ်ရှား မှုတွေကြောင့် ဒုတိယအကြိမ် ထောင်ကျခဲ့တာပါ။ လွတ်ဖို့ ၅ ရက်အလိုမှာ လွှတ်ပေး လိုက်တာကြောင့် ၄ဝ၁ ပုဒ်မကို လက်မှတ်မထိုးခဲ့ဘူးလို့ အခုလို ပြောပါတယ်။ “သူတို့ချထားတဲ့ ဥပဒေနဲ့ဆိုရင် ၂ နှစ် ပြည့်ဖို့ ၅ ရက်အလိုမှာ သူတို့က လွှတ်ပေးလိုက်တာလေ။ မလွှတ်ပေးချင်နေ လွှတ်ပေးချင်ပေး ၄ဝ၁ တော့ မထိုးဘူး။” ကော့သောင်းထောင်က လွတ်လာတဲ့ ကိုထွန်းမင်းအောင်ကတော့ နောက် ၁ လဆို လွတ်ရက်စေ့ပြီလို့ သိရပါတယ်။ သူက အခုလို လွတ်လာတဲ့အပေါ် ထူးထူး ခြားခြား မခံစာရဘူးလို့ အခုလိုပြောပါတယ်။ “ထောင်ထဲမှာ ၂ဝဝ၇ ကနေ ၂ဝဝ၉ ခုနှစ်အထိ ၃ နှစ်အတွင်း နေခဲ့တာ ကြောင့် လွှတ်လာတဲ့ အပေါ်မှာတော့ အထွေအထူးတော့ မခံစားရပါဘူး။ ဒီလိုမျိုး ၉ လပိုင်း ၁၁ ပိုင်းဆိုရင် လွှတ်ပေးလေ့ရှိပါတယ်။ အမြဲတမ်း လုပ်ရိုးလုပ်စဉ်တစ်ခုလို့ပဲ ပြောရမှာပေါ့။” လွတ်မြောက်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေဟာ တိုင်းပြည်လွတ်မြောက် တဲ့အထိ နိုင်ငံရေးလှုပ်ရှားမှုတွေကို ဆက်လက်လုပ်ဆောင်အုံးမယ်လို့လဲ ပြောကြ ပါတယ်။

“မပြီးပြတ်သေးတဲ့ ဒီမိုကရေစီ တော်လှန်ရေးကို ဆက်လက်ပြီးတော့ တိုက် ပွဲဝင်ရအုံးမယ်ဆိုတဲ့ သန္နိဋ္ဌာန်ချထားမှု ရှိပါတယ်ခင်ဗျ၊” မနေ့က အကျဉ်းထောင်အသီးသီးကနေ လွတ်မြောက်လာတဲ့ အကျဉ်းသား တွေထဲ နိုင်ငံရေးအကျဉ်းသားတရာကျော်ပါတယ်လို့ ထိုင်းနိုင်ငံအခြေစိုက် နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း အေအေပီပီက အတည်ပြုပြောဆို လိုက်ပါတယ်။ နအဖ အစိုးရက အကျဉ်းသားတွေလွှတ်ပေးရာမှာ နိုင်ငံရေးအကျဉ်းသား တွေကိုပါ လွှတ်ပေးလိုက်တဲ့အပေါ် ဘယ်လိုမြင်ပါသလဲဆိုတဲ့ အမေးကိုတော့ အေအေပီပီ အဖွဲ့ရဲ့ တွဲဘက်အတွင်းရေးမှူး ဦးဘိုကြည်က အခုလို ပြောပါတယ်။ “လွတ်လာတဲ့ အကျဉ်းသားတွေကိုတော့ ကြိုဆိုပါတယ်။ ကျန်တဲ့သူ တွေကိုလည်း ကြိုဆိုဖို့ တတ်နိုင်သမျှ ဝိုင်းဝန်းဖေးမ စောင့်လျှောက်ကြဖို့ တိုက်တွန်း ချင်ပါတယ်။ တကယ် စစ်မှန်တဲ့ အမျိုးသား ညီညွတ်ရေးအတွက် ရည်ရွယ်တယ် ဆိုရင် ဒေါ်အောင်ဆန်းစုကြည်၊ ဦးခွန်ထွန်းဦး၊ ဦးတင်ဦး၊ မင်းကိုနိုင် တို့ကို လွှတ်ပေးရ ပါမယ်။ အရောင်ပြ လွှတ်နေတာမျိုး ဆိုရင်တော့ စစ်မှန်တဲ့ တွေဆုံ ဆွေးနွေးရေး လမ်းကြောင်းပေါ် သွားနိုင်တယ်လို့ ပြောလို့ မရသေးပါဘူး။ ဒေါ်အောင်ဆန်းစု ကြည်၊ ဦတင်ဦး၊ ဦးခွန်ထွန်းဦးတို့ကို မလွှတ်ပေးရင်တော့ ကုလသမဂ္ဂလုံခြုံရေး ကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ မြန်မာနိုင်ငံအရေးကို ဆွေးနွေးမှာမို့ လို့Tension တွေ၊ နိုင်ငံတကာဖိအားတွေ လျှော့သွားအောင် အရောင်ပြလွှတ်ပေး တာလို့ပဲ သက်မှတ်လို့ရတယ်။” စစ်အစိုးရက နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးသလို ဆက်လက်ဖမ်း ဆီးမှုတွေကိုလည်း ရပ်တန့်ဖို့လိုတယ်လို့ ဦးဘိုကြည်က ပြောပါတယ်။ “နိုင်ငံရေးအကျဉ်းသားတွေ လွှတ်ပေးနေတယ် ဆိုပြီး တစ်ဖက်ကပြောနေ သလို ဖမ်းဆီးနေတာတွေလည်း ရှိနေပါတယ်။ ဖမ်းဆီးနေတဲ့ အထဲမှာလည်း စိုးရိမ်စရာ ကောင်းတာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင်တွေကို မတရား တဲ့ ဖောက်ခွဲမှုတွေနဲ့ တပ်ဆင်ပြီးတော့ ထောင်အပြစ်ဒဏ်အကြီးကြီးတွေ ချမှာတို့၊ မတရားသဖြင့် နှိပ်စက်မှာတို့ ဒါကိုတော့ အတော်ကလေး စိုးရိမ်ပါတယ်။ နိုင်ငံ တကာအနေနဲ့လည်း လွှတ်ပေးနေတာတွေကိုပဲ မမြင်ပဲနဲ့ ဖမ်းဆီးနေတာကိုလည်း သတိထားပြီး စောင့်ကြည့်ဖို့ လိုပါတယ်။ ဖမ်းဆီးနေတာတွေကို ရပ်တန့်ဖို့အတွက် ပိုပြီးတော့ ဖိအားပေးဖို့ လိုတယ်လို့ တိုက်တွန်းချင်ပါတယ်။” နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်းရဲ့ တွဲဘက် အတွင်းရေးမှူး ဦးဘိုကြည် ဖြစ်ပါတယ်။


ရင်းမြစ်။ ။ဒီမိုကရက်တစ်မြန်မာ့အသံမှာစာသားကိုပြန်လည်ဖော်ပြလိုက်ပါသည်။

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*


Type the rest of your post here.