22 September 2009

ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံ ဆွေးနွေးခွင့် အဖွဲ့ချုပ် တောင်းဆို


အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ စီအီးစီ များ



ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်


Type your summary here.


နိုင်ငံအကျဉ်းသား လွှတ်ပေးစာရင်း ၁၁၉ ဦးထဲမပါသေးတဲ့ အဖွဲ့ချုပ် ဒု-ဥက္ကဋ္ဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပါတီ ဗဟို အလုပ်အမှုဆောင်အဖွဲ့ကို တွေ့ခွင့်ပေးဖို့ အန်အယ်လ်ဒီ
က နအဖ ဥက္ကဋ္ဌကို စာရေး တောင်းဆိုလိုက်ပါတယ်။ လတ်တလော ဖြစ်ပေါ်ပြောင်းလဲနေတဲ့ နိုင်ငံရေးအခြေနေအရ ပါတီရဲ့မူဝါဒ ရှေ့လုပ်ငန်းစဉ်တွေကို ပါတီ ဗဟိုခေါင်းဆောင်တွေအားလုံး မျက်နှာစုံညီ တွေဆုံဆွေးနွေးဖို့လိုနေတဲ့ အတွက် တောင်းဆိုရတာ ဖြစ်တယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ ဒီလ ၁၆ ရက် နေ့မှာ စာရေးတင်ပြထားတာဖြစ်ပေမယ့် နအဖ ဘက်က အခုချိန်အထိ ဘာမှ အကြောင်းပြန်ကြားခြင်း မရှိသေးဘူးလို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။

“နိုင်ငံရေးအရ အရေးကြီးတဲ့အချိန် ဖြစ်တဲ့အတွက် အနာဂတ် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ မူဝါဒလမ်းစဉ်တွေ ချမှတ်နိုင်ဖို့၊ တွေ့ဆုံခွင့်ပေးဖို့ အကြောင်းပြချက်နဲ့ ၁၆ ရက်နေ့ ရက်စွဲနဲ့ စာပို့ခဲ့ပါတယ်။ ဒါကို ပြန်ကြားရေးက သတင်း ထုတ်ပြန်ထားပါတယ်။ နိုင်ငံရေးအခြေအနေ၊ ပါတီအခြေအနေပေါ်မှာ မူတည်ပြီး စီအီးစီ အဖွဲ့က တောင်းဆိုတာပါ။ အားလုံး အကျုံးဝင်မှာပါ။ စာထဲမှာ ရွေးကောက်ပွဲ ကိစ္စကို လုံးဝ မန်းရှင်း လုပ်မထားပါဘူး။ အခုချိန်အထိ အကြောင်းပြန်ချက် မရသေးပါဘူး။”

အကျယ်ချုပ်ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို သူရဲ့မိသားစုဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ အဖွဲ့ မနေ့ နေ့လည်ပိုင်းမှာ တွေ့ခွင့်ရတယ်လို့ ဦးဉာဏ်ဝင်းက ပြောပါတယ်။ “မနေ့က ဒေါက်တာတင်မျိုးဝင်းနဲ့ အဖွဲ့က ဒေါ်အောင်ဆန်းစုကြည်ကို ဆေးစစ်ခွင့်ရပါတယ်။ ၅ နာရီခွဲမှာ ကျနော်နဲ့ ဒေါက်တာတင်မျိုးဝင်းတွေ့တော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေ ကောင်းပါတယ်။ ဒါပေမယ့် သွေးပေါင်ချိန် နည်းနည်း ကျနေတယ်လို့ ပြောပါတယ်။ ” ဒါဟာ မေလ ၁၄ ရက်နေ့ ဒေါ်အောင်ဆန်းစုကြည်ကို စတင်ဖမ်းဆီးပြီး အင်းစိန်ထောင်ကို ခေါ်သွားတဲ့ နေ့ကတည်းက ပထမဆုံးအကြိမ် မိသားစု ဆရာဝန် ဒေါက်တာတင်မျိုးဝင်းနဲ့ ပြန်တွေ့ခွင့် ရတာ ဖြစ်ပါတယ်။

ရင်းမြစ်။ ။ဒီမိုကတစ်မြန်မာ့အသံ မှ စာသားကို ပြန်လည် တင်ပြလိုက်ပါတယ်ရှင်။

မျှဝေခံစားနိုင်ကြပါစေ။

*မြတ်လေးငုံ*

Type the rest of your post here.