
မခင်ငြိမ်းသစ်(ခေါ်)မမိုးကလျာဦး
၈၈မျိုးဆက်ကျောင်းသူတဦးလဲဖြစ်တဲ့(ကြယ်တွေကြွေနေတဲ့တိုင်းပြည်)ကိုရေးတဲ့ မခင်ငြိမ်းသစ် ရဲ့သူ့
အတွေ့အကြုံနဲ့ ထောင်တွင်းခံစားချက်များကို စကားလက်ဆုံလေးလုပ်ထားပြီး ပြန်လည်တင်ပြ
ပေးထားတာပါ။
မြတ်လေးငုံ။
အမကိုကျမ(မြတ်လေးငုံ)က သိချင်တဲ့ အမအကြောင်းလေးတွေကိုမေးချင်လို့ အမပြောပြပေးနော်။
မခင်ငြိမ်းသစ်။
ပြောပြပေးပါမယ်။ညီမသိချင်တာကိုမေးလေ။
မြတ်လေးငုံ။
အမ၈၈အရေးခင်းတုံးက တက္ကသိုလ်ကျောင်းသူတယောက်ဆိုတော့ဘယ်မှတက်ခဲ့တယ်ဆိုတာကိုပြောပြ
ပေးပါနော်။ ၈၈အရေးအခင်းဖြစ်တော့အမအနေနဲ့ဘယ်လိုခံစားခဲ့ရပါသလဲ။
မခင်ငြိမ်းသစ်။
၈၈တုံးက အမကဒုတိယနှစ်(သင်္ချာ)ကျောင်းသူတယောက်ပါ။အမကတော့မ.ဆ.လကိုမကြိုက်ဘူး၊
လက်မခံဘူး၊ အမတို့တိုင်းပြည်L.D.C လို့ခေါ်တဲ့ ကမ္ဘာအဆင်းရဲဆုံးစာရင်းဝင် ရတာကိုမကျေနပ်ဘူး၊
အမတို့တိုင်းပြည်မှာ မြေကြီးတွေရှိရဲ့သားနဲ့၊ရေပိုင်နက်တွေရှိရဲ့သားနဲ့အစိုးရရဲ့စီမံခန့်ခွဲမှုညံဖျင်းလို့သာဖြစ်
ရတာကိုး၊ဒါကြောင့်အမတို့ကတော်လှန်ခဲ့ရတာ၊အမတို့တိုက်နေတာလူမဟုတ်ဘူး၊မူကိုတိုက်နေခဲ့ကြတာ၊
ဒါကြောင့်၈၈မျိုးဆက်ဖြစ်ရတာကို ဂုဏ်ယူတယ်။
မြတ်လေးငုံ။
အမအနေနဲ့၈၈အရေးခင်းတုံးက ဘယ်အဖွဲစည်း မှာပါဝင်ပါတ်သက် ခဲ့တာလဲသိပါရစေ။
မခင်ငြိမ်းသစ်။
အမကမတ်လ(၁၆)ရက်နေ့ဗ.က.သအဖွဲ့ကိုဝင်တယ်၊နောက်ဇွန်လထဲမှာကျောင်းထဲမှာထပ်ပြီး
ကိုမောင်မောင်ကျော် ဦးဆောင်တဲ့B.Y.L.Fကိုဝင်ပြီးမြေအောက်လှုပ်ရှားမှုတွေကိုလုပ်ခဲ့ပါတယ်၊
တက္ကသိုလ်တွေပိတ်သွားတော့အ.ထ.ကကျောင်းသားတွေစည်းရုံးပြီးဝါဒဖြန့်ချီရေးကိုဆက်လုပ်တယ်။
ဗ.က.သမှာဝါဒဖြန့်ချီရေးတာဝန်ယူခဲ့တယ်။B.Y.L.F မှာဗဟိုကော်မတီဝင်ဖြစ်ခဲ့တယ်။
မြတ်လေးငုံ။
၈၈နောက်ပိုင်းအမအနေနဲ့ဘာတွေဆက်လုပ်ခဲ့လဲ။
မခင်ငြိမ်းသစ်။
စစ်အာဏသိမ်းပြီးကထဲက၊ အမမှာခံယူချက်တခုရှိလာတယ်၊ အဲဒါကအာဏရှင်စနစ်ကိုမကြိုက်ဘူး၊
ဒီတော့အာဏရှင်စနစ်အပြီးချုပ်ငြိမ်းတဲ့အထိကိုအမနိုင်တဲ့ဝန်ကိုထမ်းပြီးဆက်တိုက်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။
ဒါကြောင့်လုပ်တတ်သလောက် အာဏရှင်ဆန့်ကျင်ရေးကို လုပ်ခဲ့တယ်။
မြတ်လေးငုံ။
ပြည်တွင်းမှာ(၁၉၉၃)မတိုင်ခင်ထိနိုင်ငံရေးအကျဉ်းသားတွေကိုကူညီစောင့်ရှောက်မှုတွေပံပိုးကူညီမှုတွေ
လုပ်ခဲ့တယ် ဆိုတာကြားခဲ့ဘူးတယ်၊ အမအနေနဲ့ ဘယ်လိုကူညီမှု တွေပေးခဲ့ပါသလဲ။
မခင်ငြိမ်းသစ်။
အမတို့တွေစုပြီး သင်္ကြန်တိုင်းမှာ ဈေးပွဲတော်တွေလုပ်ပြီး ရန်ပုံငွေတွေရှာတယ်။ နိုင်ငံရေး
အကျဉ်းသားတွေကိုနိုင်သလောက် ထောက်ပံတယ်၊ ငါးလွှတ်ပွဲတွေလုပ်တယ်၊ ဒေါ်အောင်ဆန်းစုကြည်
နဲ့တကွ အကျဉ်းသားတွေလွှတ်ဖို့ဆုတောင်းပွဲတွေလုပ်တယ်၊များသောအားဖြင့်တက္ကသိုလ်ရိပ်သာ
လမ်းကကံဖျားကျောင်းမှာ လုပ်ခဲ့တာများတယ်။မအေးအေးမိုး၊မရီရီထွန်း၊အမ၊ကိုသားကြီး၊ကိုတိတ်၊
ကိုဌေးအောင်၊ကိုမိုးမြတ်သူ၊ကိုမောင်မောင်ဦး၊နောက်ပြည်တွင်းထဲမှာရှိသေးတယ်၊နံမည်တွေမပြောတော့
ဘူးနော်၊ရဲဘော်တချို့ကိုတော့၊ကျောင်းသားတွေဘဲစုပြီးလုပ်ခဲ့ကြတာပါ။
မြတ်လေးငုံ။
အမနိုင်ငံရေးအကျဉ်းသားတဦးဖြစ်တော့ဘာအမှုနဲ့ထောင်ကျခဲ့တာလဲ၊အမှုတွဲတွေကို
ပြောပြနော်၊နောက်အမိန့်ချတော့ ဘယ်နှစ်ကျခဲ့လဲပြောပြပေးပါ။
မခင်ငြိမ်းသစ်။
ဝန်ကြီးချူပ်ဟောင်းဦးနုရဲ့ဈာပနကိုလိုက်ပို့ပေးတာနဲ့ထောင်ချခံခဲ့ရတာပါ။တကယ်တော့
ထောက်လှမ်းရေးကစောင့် နေတာကြာပါပြီး အမတို့လုပ်နေတာကများနေတော့ ထင်ရှားတာ
ကတော့ ၁၉၉၁ဒီဇင်ဘာ၁၀ရက်နေ့ကအန်တီနိုဗယ်ဆုရလို့ ဂုဏ်ပြုပွဲမှာ အမကတရားဟောခဲ့တယ်။
နောက် ၁၉၉၃ခုနှစ်မတ်လ၁၆ရက်နေ့မှာအမ တတိယနှစ်တက်နေတဲ့အချိန် အမတို့ကျောင်းသူတွေကို
ကျောင်းထုတ်ခံရတော့မလို့ ပါမောက္ခကောင်းလို့ထောက်လှန်းရေးကမှတ်ထား ခံလိုက်ရတယ်၊ ကျောင်းသူတွေရဲ့အိမ်တွေကိုခေါ်ပြီးလက်မှတ်ထိုးခိုင်းတာ၊အမကိုစုပြီးတော့ထောင်ချခဲ့တာပါ။အဲဒီတုံးက
သတ်သတ်မဲ့ကိုအကွက်ဆင်ခဲ့တာပါ။အမှုတွဲတွေအားလုံးကိုလိုက်ဖမ်းတယ်လေ၊တကယ်တော့ဈာပန
ကိုလိုက်ပို့ယုံနဲ့ထောင်ကျခံခဲ့ရတာပါ။ (၁၉၉၅)ဧပြီလမှာအမိန့်ချခဲ့တာပါ။ အမှုတွဲတွေကတော့-
၁။ကိုအောင်ဇေယျ။
၂။ကိုညွှန်မြိုင်(ခေါ်)ကိုထိုက်။
၃။ကိုတင်သန်းဦး။
၎။ကိုမောင်မောင်ဦး။
၅။ကိုမိုးမြတ်သူ။
၆။ကိုမိုးမောင်မောင်။
၇။မချိုနွယ်ဦး။
၈။မအေးအေးမိုး။
၉။မမိုးကလျာဦး....တို့ပါ။အမိန့်ချတော့(ရ)နှစ်ချခဲ့တာပါ။
မြတ်လေးငုံ။
ထောင်ပြောင်းခံခဲ့ရဘူးလားအမ၊ဘယ်ထောင်တွေပြောင်းခံခဲရလဲပြောပြပါ။
မခင်ငြိမ်းသစ်။
ပထမထားတာကတော့အင်းစိန်မှာနေရတယ်။နောက်သာယာဝတီထောင်ကိုပြောင်းခဲ့ရတယ်။
၁၉၉ရစက်တင်ဘာ၁၅ရက်နေ့မှာပြောင်းရွေခံရတာပါ။အမျိုးသမီးတွေက၁၁ယောက်ပါတယ်။
နောက်နိုင်ငံတော်လွှတ်ငြိမ်းနဲ့ ၂ ယောက်လွှတ်တယ်။ တယောက်က ထောင်ပြောင်းသွားတယ်။
ပေါင်းကျန်တာ(၈)ယောက်ပေါ့၊
မြတ်လေးငုံ။
ထောင်ထဲမှာနေစဉ်စိတ်ခံစားမှုလေးပြောပြနော်။
မခင်ငြိမ်းသစ်။
သာယာဝတီထောင်ကတော့အမတို့နေတုံးကသိပ်မကြပ်ဘူး၊အင်းစိန်ကတော့တော်တော်လေး
ကိုခံစားရတယ်။ဘာမဆိုအချိန်နဲ့လုပ်ရတယ်၊လုပ်ရတဲ့အချိန်ကလဲ၁၀မိနစ်လောက်ပါဘဲ၊တော်တော
်လေးကိုခံစားရတာပါပြောနေရင်းနဲ့ရင်ထဲမှာစို့လာလို့ ပြောမထွက်ဘူး။
မြတ်လေးငုံ။
ထောင်ထဲမှာအမျိုးသမီးတွေကိုဆေးကုသခွင့်ကောင်းကောင်းပေးရဲ့လား။
မခင်ငြိမ်းသစ်။
သိပ်ကိုညံဖျင်းပါတယ်။ အမမှာအမျိုးသမီးရောဂါ ဖြစ်တယ်လေ၊ ဆရာဝန်မရှိလို့မကုဘဲထားခဲ့ရတယ်၊
၁နှစ်ကျော် လောက်ထားလိုက်ရတယ်၊I C R C လာမှ OG ကိုခေါ်ပေးတာပါ။အဲကျမှ ကုခဲ့ ရပါတယ်။
ထောင် ထဲမှာနေ တုန်းက ပြင်းပြင်းထန် ထန် ခံစား ရ တဲ့အချိန် က နေ မကောင်း တဲ့ အချိန်လေ ။
အမ ၁၉၉၈ တနှစ် လုံးဘဲ ရာသီသွေး တွေ ဆင်း နေ တာ။ ဆရာဝန်ကလဲ အမကို သွေးတိတ်ဆေး
ဘဲ ပေးတယ်။ အဲဒါလဲရပ်မသွားဘူး။ စိတ် ညစ်တာပေါ့နော်၊ ကင်ဆာဖြစ်မှာလဲ စိုးရိမ်တယ်။ မီးမီး
က အမ ကို တော်တော်ကူညီတယ်။အ၀တ်တွေ ကူလျော် ပေးတယ်။ လူက စိတ် ဓါတ်ကျလာတယ်။
မီးမီး က တော်တယ် အမ ကို စိတ်ပြေအောင် အမြဲ ပြော ပေး တယ်။ အဲ ဒီ အချိန် ကတော့
စိတ်ဓါတ်အကျ ဆုံးဘဲ။နောက်တော့ပြန်ကောင်းသွားပါတယ်။
မြတ်လေးငုံ။
ထောင်ထဲက မေ့လို့မရတဲ့ စိတ်ခံစားချက်လေးတော့ပြောပြနော်။
မခင်ငြိမ်းသစ်။
အဖေ ဆုံးတော့အမ က ထောင်ထဲမှာ၊တကယ့်ကိုထိခိုက်ခံစားရတာပေါ့။ဘာနဲမှအစားထိုးလို.
မရဘူးလေ။ဒါပေမဲ့ ဖြေပါတယ်၊ကိုယ်လို ခံစားရ တဲ့ လူတွေအများ ကြီး ဘဲ မဟုတ်လား။
အာဏာရှင်စနစ် ရဲ့ဘေးထွက် ဆိုးကျိုးတွေ ပေါလေ။အာဏာရှင်စနစ် ကျဆုံးမှဘဲ ဒီလို
အဖြစ်တွေက လွတ်ကျရမှာလေ။
နောက်တခုကတော့ညီမတွေလို နေခဲ့ကြရတဲ့ညီညွတ်မှု-
သာယာဝတီထောင်ကိုပြောင်းလိုက်တော့အိမ်တွေကအလာကျဲသွားကြတာပေါ့လေ၊ရီနဲ.နီလာကတော့
၂ပတ်တခါလာတယ်။အမနဲ့အေးမိုးကတလတကြိမ်လာတယ်။သီ၊မီးမီး၊လေးမွန်တို.ကအဆင်ပြေသလို
လာကြတယ်။ဒီတော့မျှတစားရတာပေါ့။တခါတလေကြနဲနဲလေးအလျှင်မှီအောင်ကြိုးစားကြရတယ်။
ဒါကြောင့် ပိုအဆင်ပြေအောင် အမ က အပင်စိုက်တယ်။ အဲဒါကို ထောင်ပိုင်က မစိုက်ရဘူး ဆြို့ပီး
ပြောရော၊ အမ တို.က စိတ်တိုကြတာ ပေါ့။ ဒါနဲ. မီးမီး က အမ ဘာလုပ်ချင်လဲ မေး တော့ အမ က
ဒီ အပင် ကိုအ မြစ် ပါအောင်နှုတ်ပြီးတော့ကြွပ်ကြွပ်အိပ် နဲထဲ့ပြီးစိုက်လိုက်တယ်။ အပင် က လဲ အသီး
တွေစ သီး နေ ပြီ။ ထောင်ပိုင်တန်းစီ ရင် အပင် ကို ပါ ထဲ့ စီ တယ်၊ နေ့ တိုင်း ရေ လောင်း တယ်၊ ပေါင်း
သင်တယ်၊ အသီး တွေ ရင်. မှည်.လာ တဲ. အထိပေါ့လေ။ ပုံစံ စီ တာ က မီးမီး အလုပ်လေ။သူက
စိတ်ရှည်တယ်။တချက်မှမညည်းညူဖူး။ထောင်မှူးကပြောတယ်တဲ့ထူးဆန်းတယ်တဲ့ထောင်ပိုင်လှည့်
ရင်ဒီအပင်မရှိဘူးထောင်ပိုင်ပြန်ရင်ပြန်ပေါက်နေတယ်တဲ.။အဲဒီအချိန်ကစပြီးအမတို.ကိုအပင်မစိုက်ရ
ဘူးလို.မပြောတောဘူး။အမတို့တွေညီညွတ်ခဲ့တာကိုမမေ့ခဲ့ပါဘူး။
ရီဆိုတာ(ရီရီထွန်း)ပါ။နီလာဆိုတာ(နီလာသိန်း)၊သီဆိုတာ(သီသီအောင်)၊
မီးမီးကတော့(သင်းသင်းအေး)ပေါ့။လေးမွန်ဆိုတာက(လေးလေးမွန်)၊
အေးမိုးဆိုတာက(အေးအေးမိုး)သိပ်ချစ်ကြပြီး ညီမတွေလိုပါဘဲနေခဲ့ကြတာ။
မြတ်လေးငုံ။
ထောင်ထဲမှာအမနှစ်ပြည့်နေခဲ့ရတာလားအမ။
မခင်ငြိမ်းသစ်။
ဟုတ်ပါတယ်။နှစ်ပြည့်ပါဘဲ ၂၀၀၁ ဧပြီလ၆ရက်နေ့မှာပြန်လွှတ်ခဲ့ပါတယ်။သာယာဝတီထောင်ကနေ့လွှတ်
တာပါ။
မြတ်လေးငုံ။
ထောင်ထဲကနေပြန်လွှတ်လာတော့ အမ ဘာတွေလုပ်ခဲ့သေးလဲ၊အမဖြတ်သန်းမှုလေးကိုပြောပြပေးပါ။
မခင်းငြိမ်းသစ်။
၂၀၀၁ သြဂုတ်လမှာBeauty မဂ္ဂဇင်းမှာ အယ်ဒီတာအဖွဲ့ဝင်လုပ်ခဲ့တယ်။ ကိုမော်လင်းကျေးဇူးတွေပါဘဲ၊
မဂ္ဂဇင်းအတွေ့အကြုံတွေရခဲ့တာပါ။နောက်အမကိုယ်ဝမ်းစာအတွက်ကျူရှင်သင်ပေးတယ်လိုက်ပြီးတော့
၂၀၀၁နိုဝင်ဘာလမှာ ကိုစိုးထိုက်နဲ့အိမ်ထောင်ကျတယ်၊ကိုစိုးထိုက်ကလဲနိုင်ငံရေးအကျဉ်းသားပါဘဲ။
မြတ်လေးငုံ။
အမနဲ့အင်းစိန်မှာလဲတူတူသာယာဝတီထောင်မှာလဲတူတူနေခဲ့ရတဲ့ နီလာသိန်း၊မီးမီး(ခေါ်)သင်းသင်းအေး
တို့တွေခုထောင်ပြန်ကျနေတော့အမ ဘယ်လိုသူတို့ကိုမြင်လဲ။
မခင်ငြိမ်းသစ်။
နီလာသိန်းနဲ့မီးမီးတို့ကိုတကယ်လေးစားတယ်၊သူတို့ပထမတခါကလဲထောင်သမိုင်းသိပ်ကောင်းတယ်လေ၊
မဟုတ်ရင် မခံတတ်ကြဘူး၊ ထောင်ထဲမှာလဲ အနေမှန်တယ်။သူတို့ကိုအားလဲကျတယ်၊အမသူတို့လောက်
မစွန့်လွှတ်နိုင်သေးဘူး၊ဒါကြောင့်ဒီဘက်ထွက်လာတာပေါ့၊သူတို့က(၆၅)နှစ်လဲမမှုဘူး၊သေနတ်ကိုင်ထားတဲ့
လူတွေကအမျိုးသမီး၂ယောက်ကိုထောင်ဒဏ်(၆၅)နှစ်ထောင်ထဲထည့်ထားတယ်ဆိုတော့စဉ်းစားကြည့်တော့
ဘယ်လောက်ကြောက်နေလဲဆိုတာ တကယ်သေချာစဉ်းစားရင်(၆၅)နှစ်ဆိုတာစဉ်းစားရင်းနဲ့သေသွားနိုင်
တယ်။သူတို့ကိုလှိုက်လှိုက်လဲလဲ ကိုလေးစားတာပါ၊ ယုံကြည်ပြီးချစ်ခင် လေးစားပါတယ်။
မြတ်လေးငုံ။
အမ စက်တင်ဘာ အရေးခင်းကိုမှီခဲ့မှာပေါ့ ။ကိုယ့်တိုင်တွေ့ကြုံမှုလေးတွေပြောပြပေးပါ။
မခင်ငြိမ်းသစ်။
၂၀၀၇ စက်တင်ဘာလ ၂၇ ရက် နေ.ကတော့ ဘ၀ မှာ နအဖ ကို အစက်ဆုပ် ဆုံး ဘဲ။ နှိုင်းပြဘို.တောင် မရှိ တော့ပါဘူး။ ဘုန်းကြီးတွေ ကျောင်း သား တွေ ကိုလဲတကယ် ချီး ကျူးပါတယ်။ စစ် အာဏာ ရှင် တွေ အပေါ် မှာ တော့ ကမ္ဘာ မကြေပါဘဲ။ တနေ. ကြရင် အပြည် ပြည် ဆိုင် ရာ စစ် ခုံရုံး မှာတရား စွဲ ကို စွဲ ရ မှာ။
ပြည်တွင်းက ရဲဘော်ရဲဘက် တွေကို တကယ် လေးစားပါတယ်။ ၆၅ နှုစ် ပေးဆပ်တယ် ဆို တာတော်
ရုံတန်ရုံ စွန်. လွှတ်တာမှ မဟုတ်တာ။ ကိုယ်တောင်မှ ၆၅ နှစ်မပြော နဲ့ထောင် ထဲမှာ ၁၀ နှစ်နေဘို.
မလွယ်ဘူး။
မြတ်လေးငုံ။
အမရေ ကြယ်တွေကြွေနေတဲ့တိုင်းပြည်ဆိုတဲ့ ခေါင်းစဉ်လေးနဲ့ အမရေးခဲ့တဲ့ ဆောင်းပါးလေးအကြောင်း
ဆွေးနွေးချင်တယ်။
မခင်ငြိမ်းသစ်။
ရတယ်၊ပြောကြတာပေါ့။

မြတ်လေးငုံ။
ဒီဆောင်းပါးလေးကိုအမဘယ်လို့ ရေးဖြစ်တာလဲ နောက် အမဆန္ဒနဲ့ ရေးမယ်ဆိုပြီး ရေးခဲ့တာလား
ပြောပြပေးပါ။
ခင်ငြိမ်းသစ်။
အမ သေချာပြောပြပါမယ်။ အမဒီအကြောင်းကိုသိတဲ့ အချိန်မှာ ပြည်တွင်းမှာပါ၊မီဒီယာကိုပြောဖို့လုံးဝ မလွယ်သေးဘူး၊အဲဒီအချိန်ကနော်။ ပထမအချက်က-
စစ်အာဏရှင်စနစ်ရှိနေသမျှအပြစ်မဲ့လူတွေအပေါ်မှာရက်ရက် စက်စက် နှိပ်ကွပ်နေမှာဘ၊ဲ
အဲဒါလူနဲ့မဆိုင်ဘူးမူနဲ့ဆိုင်တယ်လို့အမထင်တယ်။အာဏရှင်ကဘောင်းဘီချွတ်ပြီးပုဆိုးလဲလိုက်ရင်လဲ
ရက်စက်မှာဘဲ အမက မူကိုတိုက် နေတာ ဒီမူဟာမကောင်းဘူးဆိုတာကိုပြနေတာပါ၊
နှစ်ချက်ကတော့-
သူတို့နှစ်ယောက်စလုံးက တကယ်တော်တဲ့လူတွေ ၊တကယ်လဲ ကောင်းမွန်တဲ့စံပြလူငယ်တွေ၊ သူတို့ကိုတိုင်းပြည်က ဆုံးရှုံးလိုက်ရတယ်၊ဘယ်သူမှ မသိလိုက်ဘူး၊ တိတ်တိတ်လေးဘဲ
ပြောက်ဆုံးသွားတယ်။ဒါမဖြစ်သင့်ဘူး၊ ဒီရာဇဝတ်မှုကိုအာဏရှင်တွေကျူးလွန်နေတယ်ဆိုတာကို
ကမ္ဘာကသိစေချင်တယ်။ မြန်မာတွေသိစေချင်တယ်။ ဒါကြောင့်ရေးသင့် လို့ရေးလိုက်တာပါ။
စစ်ဖိနပ်အောက်က လျို့ဝှက်ချက်ကြောင့် နဲနဲ ပါးပါး လွှဲတာရှိကောင်းရှိနိုင်တယ်၊ ဒါပေမဲ့အဖြစ်
အပျက်တွေကတကယ်အမှန်တွေဘဲ။ ဒေါက်တာမင်းသိန်းကိစ္စကို ABSDF နဲ့ သုဝဏ္က ကလူတွေသိခဲ့
ဲ့ကြတယ်၊ဒေါက်တာစောလွင်ကိစ္စကလဲ သုဝဏ္ကကလူတွေ သိကြပါတယ်။အမကစစ်အာဏရှင်စနစ်ကို
တိုက်နေတာပါ၊အမ မကြိုက်တာဗိုလ်ချူပ်ဘယ်သူဘယ်ဟာဆိုတာမဟုတ်ဘူး၊ခုလက်ရှိအုပ်ချူပ်နေတဲ့ စစ်အာဏရှင်အားလုံးကိုဘဲ၊နောက်တခုကတော့အမဒေါက်တာမင်းသိန်းရဲ့ဈာပနကို ဒေါက်တာစောလွင်နဲ့တူတူလိုက်ပို့ခဲ့တယ်။ဒေါက်တာစောလွင်က အမ ကိုမီဒီယာတွေမှာတင်
ပေးဖို့မှာခဲ့တာပါ။ ဖေဖေ က ကျူရှင်သင်တာလေ။ဒေါက်တာစောလွင်က အမ အဖေရဲ့တပည့်ပါ။
မြတ်လေးငုံ။
ကျေးဇူးတင်ပါတယ် အမခင်ငြိမ်းသစ်၊ ကျမတို့ကိုဒီအကြောင်း တွေကိုပြောပြပေးလို့ပါ၊
နောက်အမရေဆောင်းပါးကောင်းကောင်းလေးတွေ အမဆီမှာရှိတယ် ဆိုတာ ညီမသိတယ်နော်
ဆက်ရေးပါအမကိုယ်နိုင်တဲ့ဘက်ကနေ ပြီးပြန်မျှဝေပေးတဲ့ အမရဲ့စိတ်ကူးကို သဘောကျတာတော့
အမှန်ပါဘဲဘာဖြစ်လို့လဲဆိုတော့ ဒါတွေက သမိုင်းတွေပါ ဘယ်လိုမှ ဖျောက်လို့ရမှမဟုတ်လို့ပါ။
မခင်ငြိမ်းသစ်။
ညီမနဲ့ကလွန်ခဲ့တဲ့(၁၆)နှစ်လောက်ကသူငယ်ချင်းရဲ့အမျိုးသမီးဆိုပြီးသိခဲ့ရပေမဲ့အမနဲ့ ညီမက
ရဲဘော်ရဲဘက်တွေပါဘဲ။ ဒါကြောင့် ညီမ ခုရေးနေတာတွေကိုလဲ ဆက်လုပ်ပါလို့အမက အားပေးမယ်။
အမလဲ ဆက်လုပ်သွားပါမယ်။ညီမလုပ်နေတာလဲ စစ်အာဏရှင်စနစ်ဆိုးကြောင့်ဖြစ်ခဲ့ရတဲ့ လူငယ်တွေ အကြောင်းတွေဘဲ၊ နောက် ဒါတွေကအမှန်တွေလေ၊ ကိုယ်တွေ့ လူငယ်တွေရဲ့ သမိုင်းတွေပါ။
မျှဝေခံစားနိုင်ပါစေ။
*မြတ်လေးငုံ*