22 September 2009

ရန်ကုန်တိုင်း မြို့နယ်ရဲမှူးတွေ ထိန်းသိမ်းခံထားရ။

ပြီးခဲ့တဲ့ ရက်ပိုင်းကစပြီး ရန်ကုန်တိုင်းက မြို့နယ်ရဲမှူးတွေ ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သိရပြီး မြို့နယ်ရဲမှူးတွေနဲ့ နားလည်းမှုယူကာ ဖွင့်ထားတဲ့ ကာရာအိုကေဆိုင်နဲ့ အနှိပ်ခန်းတွေလည်း ပိတ်ထားရပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ရန်ကုန်တိုင်းက မြို့နယ်ရဲမှုးတချို့ကို စ သုံးလုံးက ခေါ်ယူ စစ်ဆေးမေးမြန်းတာတွေ လုပ်နေတယ်လို့ ရဲတပ်ဖွဲ့ နီးစပ်တဲ့ ရန်ကုန်က လာတဲ့ သတင်းများအရ ကြားသိရပေမယ့် သိခြား အတိပြုချက်တော့ မရရှိပါဘူး။ မြို့နယ်ရဲမှူးတွေကို လာဘ်စားမှု၊ အကျင့်ဖောက်ဖျက်မှုတွေကြောင့် အသစ်ပြောင်းလာတဲ့ တိုင်းရဲမှူးက ဒီလိုလုပ်ဆောင်ရတာ ဖြစ်နိုင်တယ်လို ခန့်မှန်း ပြောဆိုနေကြပါတယ်။ မြို့နယ်ရဲမှူးတချို့ကို ခေါ်ယူ စစ်ဆေးနေချိန်မှာ အရင်က သူတို့နဲ့ ဖက်စပ်ပြီး ဖွင့်ထားတဲ့ ကာရာအိုကေဆိုင်နဲ့ အနှိပ်ခန်းတွေလည်း ဒီရက်ပိုင်းအတွင်းမှာ ပိတ်ထားရတယ်လို့ သိရပါတယ်။
Type your summary here.

အရင်က ကာရာအိုကေဆိုင်နဲ့ အနှိပ်ခန်းတွေကို မြို့နယ် ရဲတပ်ဖွဲ့ရဲ့ ရဲမိသားစုဝင်များ သက်သာချောင်ချိရေးအတွက် တရားမဝင် လုပ်ကိုင်ခွင့် ပြုထားတာပါ။ ရန်ကုန်တိုင်းက ရဲမှူးတချို့ကို စ သုံးလုံးက ခေါ်ယူ မေးမြန်းတာတွေနဲ့ ပတ်သတ်ပြီး ရဲတပ်ဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။ “ရန်ကုန်မှာရှိတဲ့ မြို့နယ်မှူးတွေ တော်တော်များများ ထိန်းထားတယ်လို့ ပြောတယ်။ လာဘ်စားမှုလို့ ပြောတာပဲ။ အဆွဲခံထားရတာ ၁ ရက် ၂ ရက်လောက် ရှိပြီပေါ့။ အခု အဲဒီကိစ္စတွေနဲ့ ပတ်သက်ပြီးတော့ ကာရာအိုကေတွေ၊ ဗြူတီဆလွန်းတွေ တော်တော်များများ ပိတ်ထားရတယ်တဲ့။” ဒီလပိုင်းမှာ ရန်ကုန်တိုင်း ရဲမှူးဟောင်း ရဲမှူးကြီးဝင်းနိုင်နဲ့ ဇနီးဖြစ်သူ ဒေါ်မွှေးမွှေးကို အလှပြင်ဆိုင် အမည်ခံပြီး အနှိပ်ခန်းတွေ ဖွင့်ထားတာနဲ့ ပတ်သတ်ပြီး ခေါ်ယူ စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။ ရက်ပိုင်းအတွင်းမှာ ရဲမှူးကြီးဝင်းနိုင်ရဲ့ဇနီး ဒေါ်မွှေးမွှေး ဖမ်းဆီးချုပ်နှောင်ထားရာက လွှတ်မြောက်သွားတာ ရဲချုပ်ခင်ရီနဲ့ ဆက်နွယ်မှု ရှိမယ်လို့ ရဲတပ်ဖွဲ့က ခန့်မှန်း ပြောဆိုပါတယ်။

ရဲမှူးကြီးဝင်းနိုင်က အပြစ်ပေးခံရမှာ စိုးရိမ်လို့ နေပြည်တော်အသွား လမ်းမှာ ထွက်ပြေးသွားတယ်လို့ ရဲအသိုင်းအဝိုင်းနဲ့ နီးစပ်တဲ့ နောက်တဦးက ပြောပါတယ်။ “ကိုဝင်းနိုင်ကို နေပြည်တော်နေ ခေါ်ထားတော့ မောင်ဦးက ငါကိုယ်တိုင် တွေ့မယ်လည်း ဆိုရော ရူးလ်အရဆိုရင် လွှတ်ပေးရမယ် ဆိုပြီးတော့ နေပြည်တော်ကနေ ကားနဲ့ ဒိုးသွားလိုက်တာ မလာတော့ဘူး။” ရဲချုပ် ဗိုလ်မှူးချုပ်ခင်ရီဟာ နိုင်ငံတော်အကြီးအကဲတွေကို နောက်ကွယ်မှာ ပြင်းပြင်းထန်ထန် ဝေဖန်ပြောဆိုတတ်တာ သိထားတဲ့ ရဲမှူးကြီး ဝင်းနိုင်က ဖော်ထုတ်မှာကို စိုးရိမ်တဲ့အတွက် ရဲချုပ်ကိုယ်တိုင် ထွက်ပြေးခိုင်းလိုက်တာ ဖြစ်နိုင်တယ်လို့လည်း ပြောဆိုနေကြပါတယ်။

ရင်းမြစ်။။ဒီမိုကတစ် မြန်မာ့အသံ မှပြန်လည်တင်ပြထားပါသည်။

မျှဝေခံစားနိုင်ပါစေ။

*မြတ်လေးငုံ*

Type the rest of your post here.