25 February 2010

ဘဘ ဦးတင်ဦး ၏ စိတ်ဒဏ်ရာ ဒဏ်ချက်များ....။



ဦးတင်ဦး (ဓာတ်ပုံ - အေပီ)

မကြာသေးခင်က စစ်အစိုးရ၏ နေအိမ်အကျယ်ချုပ် ချထားရာမှ ပြန်လည် လွတ်မြောက် လာသည့် အသက် (၈၃) နှစ်ရှိ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒု ဥက္ကဌ ဦးတင်ဦး၏ နိုင်ငံရေး အတွေ့အကြုံများ၊ အနာဂတ် အမြော် အမြင်များ၊ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ရှေ့လုပ်ငန်းစဉ်များနှင့် ပတ်သက်သည်များကို ဧရာဝတီ မဂ္ဂဇင်းက ဆက်သွယ် မေးမြန်း၍ ဖော်ပြလိုက် ပါသည်။

ဦးတင်ဦးသည်၂၀၀၃ခုနှစ်မေလ၃၀ရက်တွင်ဖြစ်ပွားခဲ့သောဒီပဲယင်းလူသတ်ပွဲအပြီး ဒေါ်အောင်ဆန်း စုကြည်နှင့် အတူ ဖမ်းဆီးခံခဲ့ရပြီး ၇ နှစ်နီးပါး ထိန်းသိမ်း ခံခဲ့ရသူ ဖြစ်သည်။

၎င်းသည် ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေး လှုပ်ရှားမှုကာလ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် စတင် တည်ထောင်စဉ် ကတည်းက ပါဝင်ခဲ့သူဖြစ်ပြီး မြန်မာ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဟောင်း တဦးလည်း ဖြစ်သည်။


မေး။ ။ ဒီပဲယင်း အရေးအခင်းပြီးတော့ အဘတို့ အထိန်းသိမ်းခံရတဲ့ ဖြစ်စဉ်ကို ပြောပြပေးပါ။

ဖြေ။ ။ သြော်...ဒီပဲယင်းနောက်ပိုင်းမှာ ပထမက ဒီပဲယင်းရဲအချုပ်ထဲမှာနေရတာ ပေါ့လေ။ ရဲအချုပ်ထဲမှာနေလိုက်ပြီးတော့ နောက်သူတို့က ကလေးထောင်ကိုပို့လိုက်တယ်။ ကလေးထောင်ကြတော့ သူတို့တခါတည်း အလုံပိတ်အခန်းထဲ တန်းထည့် လိုက်တယ်။ တယောက်တည်းပေါ့၊ အခန်းပိတ်ပေါ့။ အဲလိုနေရတဲ့သဘောပေါ့။ အဲတော့ဘယ်လိုချုပ်တယ်။ ဘယ်လိုဖမ်းတယ် ဆီးတယ်ဆိုတာကတော့ ဘာမှမပြောဘူး။ အဲသူတို့ပြောသံကြားတာကတော့ ရမန်ယူပြီးတော့ချုပ်တယ် ပြောတာပဲ။ အဲတော့ ရမန်ယူမယ်ဆိုရင်လည်းပဲ ရက်ပေါင်းအကုန်လုံးအပြည့်ဆိုရင်လည်း ၃၀ ပေါ့။ ဒါပေမယ့်လို့ ၃၀ ကျော်သွားပြီးနေလိုက်ရတာ အားလုံး ၈ လနေလိုက်ရတယ်။ အဲတော့နေတာထိုင်တာ ကျွေးတာမွေးတာကတော့ ကောင်းကောင်းမွန်မွန်ပါပဲ၊ ကောင်း ကောင်းမွန်ဆိုတာကလည်း အဲဒီမှာကျွေးတာကိုပဲနည်းနည်းကောင်းအောင်ပြုပြင်ပြီးတော့ ကျွေးတာပေါ့လေ။ အဲတော့အဲဒီလို အနေနဲ့တော့ အစားအသောက်အနေနဲ့တော့ မဆိုးပါဘူး။ နောက်ပြီးတော့လိုတာပြုတာရှိရင် တောင်းရင် ပေးလိုက်ပါလို့ လူကြီးတွေကမှာလိုက်တယ်တဲ့ အဲတော့ တောင်းရင်တော့ပေးပါတယ်။

ဥပမာပြောရရင် ဟိုစားဖို့သောက်ဖို့ကောင်းတဲ့ အမယ် လေးတွေ ဘာလေးတွေထဲကနည်းနည်းပါးပါး ဆီ၊ ဆား၊ ငရုတ်၊ ကြက်သွန် ပေါ့လေ ဒါပါပဲ။ ထည့်ပေါင်းစားဖို့ လုပ်ဖို့အဲဒါလေးတွေ တောင်းပြီး အဲဒါမျိုးလေးတွေ သူတို့ဖြည့်ဆည်းပါတယ်။ အဲတော့ ဆေးကုသပေးတာကတော့ နေ့တိုင်းလိုလိုလာပြီးတော့ ဆရာဝန်က သွေးတိုး ကြည့်ပေးတယ်။ ဆိုတော့ အဲဒီမှာနေတုန်းကတော့ ဘာဖြစ်သလဲဆိုတော့က ဗိုက် သိပ်အောင့်တယ် သေကောင်ပေါင်းလဲကို အောင့်တယ်။ အဲဒါတော့ကိုယ့်မှာပါလာတဲ့ ဆေးသောက် လိုက်ရင်းနဲ့ပဲသက်သာသွားတယ်။ အဲတော့ ဆရာဝန်ကတော့ စောစောပိုင်းကတော့ထောင်မှာရှိတယ်။ နောက်တော့ ထောင်မှာ တာဝန်ရှိတဲ့ ဆရာဝန်လေးက စာမေးပွဲအောင်သွားတော့ သူကအဲဒီကနေတဆင့် သီးသန့်သင်တန်း သွားတက်တော့ မလာဖြစ် တော့ဘူး။ အဲလိုမလာဖြစ်တဲ့ အချိန်မှာ နောက်တော့အစားထိုးတော့ လာပါတယ်။ နောက်ပိုင်းကြတော့ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ ဆရာဝန်ခေါ်ပေမယ့်လို့ ခုနကအောင့်တာ ပျောက်သွားပြီးတော့မှ ရောက်ရောက်လာတယ်ပေါ့လေ။ အဲဒီလို အချိန်လေး တွေတော့ ရှိပါတယ်။

စပြီး အထိန်းသိမ်းခံရတာက ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ပေါ့လေ။ နောက်ကြတော့ ၂၀၀၄ ခုနှစ်ရောက်သွားတယ်။ ဖေဖော်ဝါရီလထဲမှာပေါ့။ အဲဒီနေ့ညပိုင်းမှာ သူတို့က ပစ္စည်း ပစ္စယတွေထုပ်ဖို့ ပလတ်စတစ်အိတ်တွေလာပေးတာပေါ့။

နောက်မေးလိုက်တဲ့အခါ အဘတနေရာသွားဖို့ရှိတယ်တဲ့ ဒီလောက်ပဲ ပြောတယ်။ မနက်မိုးလင်းတဲ့အခါကြတော့ အထုတ်တွေ ဘာတွေပြင်ပြက်လာထုတ်ပြီးတော့စောင့်ရင်းနဲ့ နောက်ဆုံးနေ့ခင်းပိုင်း ကျတော့ ထောင်မှာခေါ်ပြီးတော့ တနေရာသွားမယ်။ ပို့မယ် ဆိုပြီးတော့ ပြောခဲ့တယ်။ ဆိုတော့အဲဒီလိုနဲ့ စောင့်ရင်းညနေ ပိုင်း လေယာဉ်နဲ့ မန္တလေး၊ နောက်ပြီးတော့မှ အိမ်ရောက်တယ်။ အိမ်ပို့လိုက်တယ်ပေါ့။ အဲအိမ်မှာတော့ နိုင်ငံတော်နှောင့်ယှက် ဖျက်ဆီးသူများ၏ ဘေးအန္တရာယ်မှ ကာကွယ်ခြင်းဥပဒေနဲ့ပေါ့ အဲဒါ ၁၀/ခ နဲ့ အိမ်ချုပ်ချလိုက်တယ်ပေါ့။

မေး။ ။ နေအိမ်အကျယ်ချုပ်နဲ့ အကျဉ်းထောင်အချုပ်နဲ့ ဘယ်လိုကွာခြားပါသလဲ။ တဆက်တည်းမှာပဲ သိချင်တာက အဲဒီလို အချိန်ကာလတွေကို အဘအနေနဲ့ ဘယ်လိုများဖြတ်ကျော်ခဲ့ပါသလဲ။

ဖြေ။ ။ အိမ်ချုပ်ချလိုက်တဲ့အခါကျတော့ အိမ်ချုပ်နေတာ ကတော့ အိမ်ချုပ်ပေါ့။မိသားစုနဲ့ပြန်ထားတာပဲရှိတာပေါ့။ အနှောင် အဖွဲ့ နဲ့နေရတယ်ဆိုတော့ ဘယ်လာ စိတ်ချမ်းသာမလဲ။ အဲတော့အိမ်ချုပ် အိမ်မှာနေရတဲ့အခါကျတော့ သွားခွင့်လာခွင့်စည်းကမ်း တွေကလည်းအများကြီးလေ။ မတွေ့နိုင်ဘူး။ မလှူနိုင်ဘူး။ ပါတီအဖွဲ့အစည်းကနေပြီးတော့ မဆက်သွယ်နိုင်ဘူး။ နောက်ပြီးတော့ စကားမပြောနိုင်ဘူး။ ဒါတွေအများကြီး ကန့်သတ်တာတွေရှိတယ်။ သတင်းစကားမကြားရဘူး။ မပြောရဘူး။ ဆက်လို့မရဘူး။ နိုင်ငံရေးပါတီအဖွဲ့အစည်းက လူတွေနဲ့ မဆက်ဆံရဘူး။ အတင်းအကျပ် အချုပ်အနှောင်တွေရှိတာပေါ့။ တကယ်တော့ အိမ်ချုပ်ဆို တာလည်း ချုပ်နှောင်ထားတာပါပဲ။ မထူးပါဘူး။ ဟိုမှာ ကလေးမှာချုပ်ချုပ်၊ အိမ်ချုပ် ချုပ်ချုပ်၊ မထူးပါဘူး။ နောက်ဒီကြားထဲမှာပဲ ဘာတွေကြားကြားနေရလဲဆိုတော့ကိုယ့်ရဲ့လုပ်ဖော်ကိုင်ဖက်တွေပေါ့လေ။ ဥပမာ ဒေါ်အောင်ဆန်းစုကြည်တို့ ဘာတို့ဆိုလည်းပဲ အင်းစိန်ထောင်ချတယ်။ အဲနောက်ပိုင်းမှာ ကျနော်လိုပဲ အိမ်ချုပ်ချထားတယ်ဆိုတာကြားရတော့ စိတ်မချမ်းသာဘူးပေါ့။ ဒါတွေက တော့ သောကရှိ တာပေါ့လေ။ နောက် အိမ်မှာကလည်း ဘယ်လိုလဲဆိုတော့ ဘာမှတော့ ဒုက္ခမပေးပါဘူး။

သို့သော်လည်းပဲ အိမ်မှာကိစ္စ ရှိတယ်၊ လုပ်စရာရှိတယ်ဆိုရင်တော့ အဲသူတို့က သူတို့ကိုအကြောင်းကြားရတယ်။ စောစောပိုင်း တုန်းကတော့ နှုတ်နဲ့အကြောင်းကြားလို့ ရတယ်။ နောက်ပိုင်း ကြတော့ နှုတ်နဲ့တင် မရတော့ဘူး စာရေးတင်ရတယ်။ ဥပမာဆိုလို့ ရှိရင် ဆေးစစ်မယ် ကျန်းမာရေး ကိစ္စဆိုရင်လည်း စာနဲ့တင် ဆိုတော့ အောက်ကလူတွေကလည်းပဲ သူတို့ကတာဝန်ခံချင်တဲ့သတ္တိ မရှိဘူးလေ။ သူတို့က တခုခုဆိုရင် သူတို့အပြစ်လွတ်အောင် ဆိုပြီး အထက်အထက်အဆင့်ဆင့်တွေအကြောင်းကြားရတော့ ကြာတာပေါ့။ တကယ်လို့ သေကောင်ပေါင်းလဲဖြစ်ရင်တော့ ပြဿနာရှိတာပေါ့လေ။ ဒါပေမယ့် စိတ်ထဲမှာဆုံးဖြတ်ထားပါတယ်။ သေကောင်ပေါင်းလဲဖြစ်ရင်တော့ အိမ်ကကားနဲ့ဖြစ်ဖြစ် တက္ကစီ နဲ့ဖြစ်ဖြစ် ဆေးရုံကိုသွားမယ် နောက်မှ မင်းတို့လိုက်ချင်တာနဲ့လိုက် လုပ်ချင်တာလုပ်ဆိုပြီးတော့လေ။ ဒီလိုတော့စိတ်တော့ကူး ထားတာပဲ။ ဒါပေမယ့်ကံအားလျော်စွာပဲ နောက်ထပ် နေရထိုင်ရတာ ကိုသတိကြီးမားစွာနဲ့နေတော့ ရောဂါဘယဆိုးဆိုးဝါးဝါး တော့မဖြစ်ဘူးပေါ့။ ဒါပေမယ့် အိမ်မှာတခုခုဖြစ်ပြီ ဆိုပါတော့ဗျာ ဟုတ်လား အဲယားကွန်းလေးပျက်လို့ လုပ်ချင်တယ်ဆိုရင်လူတော့ခေါ်လို့ရတယ်။ ဒါပေမယ့် ခေါ်ရတဲ့လူကို စစ်လားမေးလား လုပ်ကြတော့ လူတွေက မလာချင်ဘူး။

နောက် ဒီအဲယားကွန်းတပ်ဖို့ဆိုရင်လည်းပဲ ရောင်းတဲ့လူကတော့ တပ်မယ်လို့ဆိုပြီးတော့တပ်ပေမယ့် အိမ်ကို ဒီလိုအခြေအနေနဲ့ ကျတော့ ဘယ်သူမှ လာပြီးမလုပ်ပေးနိုင်ဘူးပေါ့။ အဲဒါမျိုးဆိုလို့ရှိရင်လည်း ကိုယ့်ဆွေးမျိုးသားချင်းထဲက လူလိုက်ရှာပြီးတော့ လုပ်ရကိုင်ရတာတွေပေါ့။ ဥပမာ ရေစက်ပျက်တယ်။ ဘာပျက်တယ်၊ ညာပျက်တယ်ဆိုရင်တော့ ပြဿနာတွေကတော့ အခက် အခဲတွေကတော့အများကြီး ကြုံခဲ့ရတာပေါ့။ ရှိတာပေါ့။ နောက် စိတ်ဒုက္ခရောက်တဲ့အခါများတော့လည်း လူကဒုက္ခရောက်တယ်ပေါ့ လေ။ အဲဒါလေးတွေတော့ရှိတာပေါ့လေ။ နောက် အောက်ကလုပ်ပေးတဲ့ကလေးတွေအနေနဲ့ကတော့ သူတို့ကတော့ တတ်နိုင် သမျှ အမိန့်ရရင်တော့ သူတို့က ပြေပြေလည်လည် ဖြစ်အောင်တော့လုပ်ကိုင်ပေးပါတယ်။ ဒီကလေးတွေ လုပ်ကိုင်ပေးတာကတော့ ကျေးဇူးတင်ရမှာပေါ့။ တတ်နိုင်သမျှကြိုးစား လုပ်ကိုင်ပေးပါတယ်။ နောက်တခုကတော့ ဘာဖြစ်လည်း ဆိုတော့ သွားချင်တိုင်းသွား၊ လာချင်တိုင်းလာ လို့မရတဲ့ အခါကြတော့ စိတ်ထဲမှာ ညစ်ညူးမှုတွေကတော့ အများကြီးရှိတာပေါ့။

အဲဒါ အဲဒီလိုပဲ တဖြည်းဖြည်းနဲ့ အဆင်ပြေအောင်နေရင်းကနေ ကိုယ်က နေ့စဉ်ဘာလုပ်လဲဆိုတော့ ဒီဒဏ်တွေကိုကျော်လွှားနိုင် အောင်ဆိုပြီးတော့ ၀ိပဿနာတရားလည်း လုပ်ဖြစ်တယ်။ အရင်တုန်းက မဟာစည်မှာ နှစ်ကြာအောင် နှစ်နှစ်ခြိုက်ခြိုက်လုပ်တယ်။ အားထုတ်ခဲ့ဖူးတယ်ဆိုတော့ အဲဒါကိုပြန်ပြီးတော့ တရားအားထုတ်တယ်ပေါ့လေ။ တရားအားထုတ်တယ်ဆိုတော့လည်း အိမ်မှာ ဆိုတာက ဟိုရိပ်သာတို့လိုမဟုတ်ဘူးလေ။ ပြဿနာတွေက သောင်းခြောက်ထောင်ရှိတယ်။ ရှိတော့သိပ်တော့ သမာဓိအား မကောင်းဘူး။ ဒါပေမယ့် ဒါကိုတော့ နောက်မှအပြင်ရောက်ရင်တော့ ရိပ်သာသဘောမျိုးဆက်ပြီး ကျင့်စရာရှိတာကျင့်မယ်၊ လုပ်မယ်၊ အားထုတ်မယ်ပေါ့လေ။ အဲ မနက်ကိုတော့ ဘာလုပ်လဲဆိုတော့ ဘုရားဝတ်ပြုတယ်ပေါ့။ အဲနောက်ပြီးတော့ သီလယူ တယ်ပေါ့။ နောက်ဟို ဟိုဒင်းပေါ့ ပဌာန်းအရှည်ပေါ့။ ပဌာန်းရွတ်ပြီး ဘုရားမှာ ပူဇော်တယ်။ နောက်ပြီးတော့ ပရိတ်ကြီး ၁၁ သုတ် ရွတ်ဖတ်တယ်။ နောက်ပြီးတော့ ဓမ္မစကြာ တခါတလေ မဟာသာမရသုတ်၊ နောက်ပြီးတော့ သတိပဌာန်တရား စသည်ဖြင့် ပေါ့လေ ဒါတွေ်ရွတ်ဖတ်ပါတယ် နောက်တော့ ဗုဒ္ဓစာပေတွေကိုလည်း အချိန်ရတဲ့အခါမှ အခါအားလျော်စွာ ဖတ်တယ်၊ မှတ်သားတယ် ပြုတယ် ပေါ့လေ။

နောက်တော့ အိမ်ကဇနီးနဲ့ သားသမီးလေးတွေကလည်းပဲ တိုက်တွန်းတယ်ပေါ့။ ကိုယ့်အကြောင်းလေးတော့ ရေးဖို့ကောင်းတယ် ဆိုတော့ အဲဒါနဲ့ကောက်ရေးတယ်ပေါ့။ ကောက်ရေးတာကလည်းပဲ တော်တော်စောစောတုန်းကလည်း စိတ်အားတက်ကြွစွာနဲ့ ရေးပါတယ်။ ရေးတော့လည်း ရေးအားလည်းမဆိုးပါဘူး။ ဒါပေမယ့် ရေးရင်းရေးရင်းနဲ့ပဲ နောက်ပိုင်းတွေ ကြတော့ ၀မ်းနည်းစရာ လေးတွေကဖြစ်ဖြစ်လာတယ်။ ၀မ်းနည်းစရာတွေကပေါ်ပေါ်လာတဲ့အခါကြတော့ ဆိုပါတော့ အရေးအခင်း တွေဖြစ်လာတယ်။ ဘာတွေညာတွေဆိုတော့ရေးတဲ့ အားကနည်းနည်းတော့ စိတ်ကျတယ်ပေါ့။

အဲလိုရေးရင်းနဲ့ ၀မ်းနည်းစရာတွေ ဖြစ်လာတာက ဘာဖြစ်လဲဆိုတော့ ဟို အိမ်က ကလေးကလည်း သူ့မှာ မွေးရာပါ နှလုံးရောဂါဖြစ် တဲ့ အတွက် ဆေးရုံကုသတဲ့ကိစ္စကလည်း နောက်ဆုံးကုသတဲ့အချိန်တန်သော်လည်းပဲ ဟိုငွေရေးကြေးရေးပေါ့ ငွေရေးကြေးရေး ဆိုတာကလည်း အကြောင်းကြောင်း တွေကြောင့်ပေါ့လေ နောက်ဆုံးတော့ ကလေးကနောက်ဆုံးအသည်းအသန်ဖြစ်မှ ခေါ်ပြီး သွားပြတော့ ကလေးကလည်းဆုံးသွားတယ်။ အဲဒီကလေးဆုံးပြီးတော့ သင်္ဂြိုဟ်တဲ့ နောက်တနေ့မှာပဲ တပ်မတော်တာဝန်ကနေပြီး တော့ နုတ်ထွက်ရတယ်။ နုတ်ထွက်ပြီးတော့ မကြာခင်မှာပဲအချုပ်ကျတယ်။ အကျဉ်းထောင်အင်းစိန်မှာနေရတယ်။ အင်းစိန်မှာ အားလုံးပေါင်း ၇ နှစ်ကျတယ်။ နောက်ပြီးတော့ စိတ်ထိခိုက်စရာတွေ အများကြီးဖြစ်တယ်။ စိတ်ထိခိုက်စရာတွေအများကြီးပဲ။ စိတ်ထဲမှာ စိတ်မချမ်းသာစရာတွေ စိတ်မချမ်းသာစရာတွေဆိုတာက ကိုယ်က ဒီလောက်တောင် လုပ်ကိုင်ပေးရက်သားနဲ့ ပြန်လည်ပြီးတော့ ဆက်ဆံခံရတဲ့အပိုင်းမှာ တချို့နေရာတွေက ၀မ်းနည်းစရာတွေအများကြီးဖြစ်ခဲ့တယ်။ အဲတော့အပြင်ရောက်တဲ့ အခါကြတော့ ဒါဒီအကြောင်းတွေ အခုလိုပြန်ပြီးတော့ရေးရမယ် ပြုရမယ် ဆိုတဲ့အခါကြတော့ စိတ်ထဲမှာ စိတ်ထိခိုက်တယ်။ ကလေးဆုံးသွားပြီး အလုပ်ကနုတ်ထွက်ရတယ်၊ ထောင်ကျတယ်၊ ဆိုတော့ အဲဒါအခုမရေးဘဲနဲ့ရပ်ထားတာ တော်တော်လေးပဲ ကြာပြီ။ လချီ နှစ်ချီ နီးပါး လောက်ဖြစ်သွားတယ်။ မရေးဘဲ အဲဒီနေရာမှာပဲ ရပ်ထားတယ်။ အဲတော့စပြီးတော့ မွေးကတည်းက နေပြီးတော့ အဲဒီတပ်မတော်က တာဝန်ပြီးဆုံးပြီးတော့ အင်းစိန်အကျဉ်းထောင်ကျတဲ့အချိန်ထိ ပထမအပိုင်းပေါ့ အဲဒီမှာရပ်ထား တယ်။

နောက်ရေးမယ်ဆိုတော့ ဆက်ပြီးတော့ဒီနေ့ ဆက်ပြီးအများကြီးရေးစရာရှိတယ်ပေါ့လေ။ နောက်ပြီးတော့ ရဟန်းဘ၀နေတာတို့၊ နောက်ပြီးတော့ ကိုယ်တက်လာတဲ့ကျောင်းနဲ့ပတ်သက်တဲ့ တက္ကသိုလ်ပညာရပ်နဲ့ပတ်သက်ပြီးတော့နောက်ဆုံး အဲဒါ ဥပဒေပညာ ရဖို့ ဥပဒေပညာနဲ့ဖြေရှင်းပြီးတော့ အလုပ်လုပ်စားဖို့ ဒါလေးတွေ ကျန်သေးတယ်။ နောက် အရေးအခင်းဖြစ်ပြီးတော့ အခုလို အကျဉ်းကျခံနေရတာတွေ အဲဒါလေးတွေလည်း ရေးဖို့ကျန်တယ်။ ထားပါတော့ အဲတော့ဘယ်လိုနေရလဲဆိုတော့ အိမ်မှာ မိသားစု နဲ့နေရသော်လည်းပဲ စိတ်ကတော့အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ဒီအဖွဲ့ချုပ်သတင်းကိုတော့မပြတ် နားထောင် ပြီးတော့ အမြဲ တမ်းပေါ့လေ အားနာတယ်။ သြော် ဒီလူတွေ ကျန်ရစ်သူတွေက ဒီလောက်တောင်အန္တရာယ်များကြားထဲကနေ အကျပ် အတည်း တွေကြားထဲကနေ ပါတီကျန်နေခဲ့အောင် ကျူံးကုန်းပြီးတော့ လုပ်ကိုင်နေရရှာတယ်။ မနည်းရပ်တည်နေရတယ် ဆိုတာ စိတ်ထဲက နေ နားလည်နေတယ်၊ စိတ်မကောင်းဖြစ်နေရတယ်။ ငါကတော့ဒီမှာမလုပ်နိုင်ဘဲနဲ့ အနှောင်အဖွဲ့မှာနေရတယ်။ အဲဒီ ထဲကနေ သတင်းတွေ ကြားတဲ့ အခါ စိတ်ထဲမှာမကောင်းဘူး။ အဲတော့လို ဖိဆီးမှုလေးတော့ရှိတာပေါ့။ စိတ်သောကလေးလည်း ရှိတာပေါ့။



အဲဒီတော့ နေရင်းနဲ့ပဲ နောက်တကြိမ် ထွက်ရမှာလိုလိုနဲ့ နေလာလိုက်တာ အားလုံးပေါင်း ၆ နှစ်ဖြစ်သွားတယ်ပေါ့လေ။ အဲတော့ တပိုင်းကတော့ဘယ်လိုပဲပြောပြောနေရတာ အချုပ်အနှောင်နဲ့နေရတဲ့အတွက် မိသားစုနဲ့နေရသော်လည်းပဲ တကယ် စိတ်ထဲမှာ တော့ မပျော်ရွှင်နိုင်ပါဘူး။ နော် အခုလွတ်လာတယ်ဆိုလည်းပဲ အရင်တုန်းက ဆိုရိုးစကားရှိတယ်မို့လား ရှင်လိင်ပြန်လို့ ရှိရင် လည်းပဲ ၀မ်းမြောက်တယ်။ အိမ်ထောင်ကျရင်လည်း ၀မ်းမြောက်တယ်။ အကျဉ်းကျရင်းကနေ လွတ်မြောက်တယ်ဆိုတဲ့ဟာလေ။ ကျနော့် အဖို့တော့ အချုပ်အနှောင်အဖွဲ့အစည်းကြားထဲမှာ စိတ်သောကအကြီးအမားဖြစ်တဲ့ဟာကနေ လွတ်လာငြားသော်လည်းပဲ အခုလို အနှောင်အဖွဲ့နဲ့ပဲနေရတာပါပဲ မထူးပါဘူး။ ဟုတ်လား အိမ်မှာသွားတယ် အပေါက်ဝမှာ အစောင့်နဲ့ ခြံထဲမှာ အစောင့်နဲ့ ခုလို သွားရင်လည်းလိုက်တဲ့ဟာနဲ့ ။ နောက်ပြီးတော့ နေတဲ့နေရာတွေမှာဆိုရင်လည်းပဲ တောက်လျှောက်ကြီး လိုက်နေတာ အနှောင် အဖွဲ့တွေနဲ့ ပါ။ တကယ်တမ်းတော့မလွတ်လပ်ပါဘူး။ နောက်ပြီးတော့ဒီအလားတူပဲ ပြန်စဉ်းစားကြည့်လိုက်လို့ရှိရင် ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ငြိမ်းချမ်းရေးလုပ်တဲ့ပုဂ္ဂိုလ်မှန်သမျှ အကုန်လုံးအကျဉ်းကျနေတဲ့ သဘောရောက်တယ် လို့ပဲခံယူနေတယ်၊ အဲလိုပဲ ခံစားရတာပါပဲ။ အဲလိုနေရလို့တောာ့စိတ်ထဲမှာဘ၀င်မကျပါဘူး။ တခါတလေတော့လည်း သိပ်ဒေါသ ဖြစ်တယ်ပေါ့လေ။

တခါတလေတော့လည်းပဲ သိပ်မခံမရပ်နိုင်ဖြစ်တယ်။ တခါတလေတော့လည်းပဲ ဒီဘုရားရဲ့အဆုံးအမကို နားထောင်ပြီးတော့ ကိုယ့်စိတ်ကိုပြန်ဆုံးမပြီး နေရတာတွေလည်းအများကြီးရှိတာပေါ့။ နောက် အဖွဲ့ချုပ်လုပ်ငန်းနဲ့ပတ်သက်ပြီး အားလုံးဒီမှာ လုပ်ကိုင် နေတာကို ကူညီချင်တယ်။

ဥပမာလူငယ်တွေအပိုင်း၊ လူငယ်တွေ၊ ပြီးတော့ အပြစ်ချလို့ရှိရင်လည်းပဲ တခါတည်းဘာခေါ်မလဲ တပေါင်းတည်းမချဘဲနဲ့ခုနှစ်ခု ရှစ်ခုနဲ့အမှုတွေတင်ပြီးတော့အပြစ်ဒဏ်တွေကို ချနေတာ၊ နှစ်ပေါင်း ၇၀ တို့ ၈၀ တို့ ၁၀၀ တို့ ဒါတွေက စိတ်ထဲမှာဘ၀င်မကျဘူး။ အားလုံးစိတ်ထိခိုက်တယ်။ နောက်ပြီးတော့လည်း ဒီလောက်တောင်ပဲ ရက်စက်လွန်းတယ် ဆိုတဲ့ ခံစားမှုကတော့တောက်လျှောက် ဖြစ်တာပဲ။ဒေါ်အောင်ဆန်းစုကြည် ကိစ္စမှာဆိုရင်တော့ အများကြီးပဲ ဒီဟာမတရားမှုပဲလို့ဆိုပြီးတော့ ဒီဟာတော်တော့်ကိုဘ၀င်မကျ ဘူး။ ဘာတခုမှတရားမျှတမှု မရှိဘူး၊ အဲဒီလိုဖြစ်တဲ့အတွက် အဲဒီခံစားမှုကတော့ တရားဥပဒေ အရ ပြန်လည်ပြီးတော့ဖြောင့်ဖြောင့် မတ်မတ်ဖြစ်အောင် လုပ်ပေးချင်တဲ့စိတ်က ၀င်လာတယ်၊ ပြန်လည်ပြီး ဖြောင့်ဖြောင့်မတ်မတ် ဖြစ်စေချင်တယ်၊ တရားရေး ကိစ္စတွေ ကို။ ကိုယ်က တတ်တော့မတတ်ပါဘူး။ ဥပဒေသမားလည်းမဟုတ်ပါဘူး။ ကိုယ်ကဖတ်ရုံဖတ်ဖူးတာ။ ပြောလို့ကြားရုံကြားဖူးတာပဲ။ ဒါပေမယ့် တတ်နိုင်သမျှတော့ ကူညီချင်တယ်။

မေး။ ။ ဟုတ်ကဲ့ပါအဘ အဲဒီလို အိမ်မှာနေတဲ့အချိန်၊ အခါအားလျော်စွာ ကျန်းမာရေးစစ်ဆေးဖို့အတွက်ကော အဆင်ပြေခဲ့ပါ သလား။

ဖြေ။ ။ ဆိုတော့ အဲဒါပြောရဦးမယ်။ အဲတော့ ပထမတခါအကျဉ်းကျတုန်းက ထွက်လာတော့ အဲသွေးတိုးကပါလာတယ်။ ဘယ်လောက်ထိတိုးလည်းဆိုရင် ကျနော်တောင်မယုံဘူး။ ၁၈၀-၁၁၀ ထိတိုးတယ်။ အဲတုန်းကတခါတည်း ချက်ချင်းဆေးရုံ မှာကြည့်ပြီးတော့သူတို့တောင်လန့်ဖျပ်သွားတယ်။ ဆေးရုံရောက်တော့ မှ တိုင်းကြည့်လိုက်တော့ ၁၈၀-၁၁၀ ပေါ့။ အဲလိုသွေးတိုးနေ တယ်။ နောက် ဒုတိယအကြိမ်မှာ ဆေးစားတယ်။ နည်းနည်းတော့ ထိန်းထိန်းသိမ်းသိမ်းနဲ့ နေတယ်။ နောက်တကြိမ်ကြတော့ ဘာဖြစ်လာလဲ ဆိုတော့ အကျဉ်းကျတဲ့အချိန်မှာ နှလုံးခုန်တာ မမှန်ဘူး ဆီးကျိတ်ကပိုဆိုးလာတယ်။ အဲဒါကုရတယ်။ အခု တကြိမ် အထိန်းသိမ်းခံရတော့ ဘာပါလာလဲဆိုတော့ ကျနော့်မျက်စိပျက်သွားတယ်ပေါ့။ ဒါတွေကဘာကြောင့်လဲဆိုတော့ သွေးတိုး (ပရက်ရှာ) ကြောင့် ဆိုတော့ ဒါအင်မတန်နုတဲ့ နေရာလေးတွေက သွေးကျိတ်ထွက်တယ် ဆိုတဲ့သဘော ဒီကြားထဲမှာလည်း ကျနော်ရဲ့အပြစ်လဲရှိပါတယ်။

ခုနပြောတော့ ဘာသာတရားလုပ်တယ်၊ ဘာတွေ၊ ညာတွေရေးတယ်ဆိုပြီးတော့အပြင် အချိန်ကုန်အောင် ရုပ်ရှင်ကြည့်တယ်ဗျာ။ ရုပ်ရှင်ကလည်း အမှန်တိုင်းပြောရမယ်ဆိုရင်တော့ ကိုရီးယားကားကြည့်တယ်ဗျာ။ အဲတော့ကိုရီးယားကား ကလည်း ကြည့်ရင်း ကြည့်ရင်းနဲ့ပဲ ဆွဲဆောင်မှုလေးတွေရှိလာတော့လည်း ကြည့်ဖြစ်တယ်ပေါ့နော်၊ အဲတော့ နောက်တခုက ဒါတင်မကဘဲ ကျနော်က အားကစားလည်းဝါသနာပါတော့ အားကစားသတင်းဆိုလည်းမလွတ်ဘူးဗျာ။ ဆိုပါတော့ဟုတ်လား ပရီးမီးယားလိစ်တို့ ၊ တင်းနစ် ပွဲတို့နောက်ပြီးတော့ စပိန်မှာကန်တဲ့ပွဲဆိုတဲ့ ဘောလုံးအသင်းတွေအကြောင်း လည်း သိတယ်။ ဘောသမားတွေလည်းသိတယ်။ သိတော့ဒီကောင်ဟိုပြောင်းသွားပြီ။ ဟိုကောင်ဟိုပြောင်းသွားပြီ ဘယ်ကောင် ဘယ် ရောက်သွားပြီ၊ဒါတွေလည်းသိတော့ဘောလုံးပွဲ ကတော့ စိတ်ပါဝင်စားပြီးတော့ အဲဒါအကြည့်များတယ်။ အဲဘောလုံးပွဲ မြန်မာ ယူနိုက်တက်နဲ့ ချဲလ်ဆီးတို့နဲ့ အာဆင်နယ်တို့ လစ်ပါပူး တို့နဲ့ အဲဒါတွေ ကြည့်တာလည်းများတယ်ဗျာ။ အဲဒါကြောင့် ဒီ မျက်စိဖြစ်တယ်လို့ပဲအောက်မေ့ပါတယ်။ အဲတော့ အခုတော့ ဆေးဝါးကုသမှု ခံနေတဲ့အတွက်ကြောင့်မို့လို့တော့ ပြန်လည် ကောင်း မယ်လို့တော့ ထင်ပါတယ်။အကျယ်ချုပ် နေရတုန်း ကတော့ ကျန်းမာရေးနဲ့ပတ်သက်ရင်လည်း အခက်အခဲတော့ အများကြီးရှိတယ်။

အကြောင်းကြောင်းပေါင်းများစွာ သူတို့ကလည်း ကျနော့် ကိစ္စဆိုရင်အောက်က ဘယ်သူမှအေးအေးဆေးဆေး မယူချင်ဘူး။
သူတို့က ထစ်ခနဲ ထစ်ခနဲဒီလူလာပြောတယ်ဆိုရင်ပဲ စာနဲ့ပေနဲ့ပို့တာပဲ။ပို့တော့ သူတို့နည်းသူတို့ဟန်နဲ့ အမြန်ဆုံးပို့တာပေါ့။ ဒါပေမယ့် ကြာတာပါပဲ။ အနည်းဆုံးကတော့ ရိုးရိုးဆိုရင်တော့ နှစ်ပတ်ပေါ့။ တပတ်နှစ်ပတ်ဆိုတာကတော့ ထုံးစံပဲ။ အဲဒါ အဲလိုဖြစ်တယ် ဆိုတော့ကျနော်က ခုနပြောသလိုပေါ့။ သေကောင်ပေါင်းလဲဖြစ်မယ်ဆိုရင်တော့ ဒါကိုယ့်ဟာကိုယ် ဖြစ်ဖြစ် လုပ်ရမှာပေါ့လေ။ သာမန်အနေနဲ့ကတော့ သူတို့အချိန်ကိုက်သွားတဲ့အတွက် သူတို့ကအမိန့် ကျလာပြီးလို့ရှိရင်တော့ သူတို့က ဒီအောက်က ကောင်တာထိုင်တဲ့တာဝန်စောင့်တဲ့ကလေးတွေကတော့ သူတို့ဖြစ်သလောက် တတ်သလောက်ကို အကူအညီ ပေးပြီးတော့ ဖြစ်မြောက်အောင် ဆောင်ရွက်ပေးပါတယ်။

မေး။ ။ နောက်တခုက မေးချင်တာက ဒေါ်အောင်ဆန်းစုကြည်နဲ့ပတ်သက်ပြီးတော့ အဘရဲ့သဘောထား ခံယူချက်ဘယ်လိုရှိပါ သလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည်က မြန်မာနိုင်ငံတော်အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ငြိမ်းချမ်းရေးအတွက် တကယ့်ကို အင်မတန်ကို လိုအပ်နေတဲ့ ခေါင်းဆောင်ကောင်းတယောက်။ သူ့မှာဒီအရည်အချင်းတွေလည်းပြည့်နေပြီ။ သူ့ဘက်ကအင်မတန် လိုအပ်တဲ့ခေါင်းဆောင်ပီသတယ်။ သတ္တိကတော့မပြောနဲ့တော့။ သူရသတ္တိကော၊ဓမ္မသတ္တိကောရှိတယ်။ သူ့ အဖေဆီက ပါလာ တဲ့ဗီဇ၊ သွေး၊ အား၊ ဖခင်ရဲ့ဆန္ဒ၊နိုင်ငံအတွက် သူကိုယ်ကျိုးစွန့်တဲ့ လုပ်တဲ့ကိစ္စတို့ ဘာတို့ ရဲရင့်တာတို့၊ပြတ်သားတာ တို့၊ ဖြောင့်မတ် တာ တို့၊ တည်ကြည်တာတို့ နောက်ပြီးတော့တမျိုးသားလုံးအတွက်ကို ဟုတ်လား ကြီးပွားရာကြီးပွားကြောင်း၊ ချမ်းသာရာ ချမ်းသာ ကြောင်း၊ တိုးတက်ရာ တိုးတက်ကြောင်း လုပ်ချင်တဲ့စိတ်ဓာတ်စေတနာတွေ၊ ဒါတွေက ဗီဇပါလာတာတော့အမှန်ပဲ။ သူဟာ တကယ့်ကို နိုင်ငံအတွက် အိတ်သွန်ဖာမှောက်ရှိသမျှကို ကိုယ်ကျိုးစွန့်ပြီးတော့၊ အနစ်နာခံပြီးတော့၊ သူ့ရဲ့အသက်သွေးကို စွန့်ပြီး တော့တောင် သူက ဒီနေ့လုပ်ကိုင်ပေးခဲ့တယ်။ တကယ့်ခေါင်းဆောင်ကောင်းပဲဗျာ။ အဲဒီလိုပဲမြင်တယ်။

ဒါကြောင့်မို့ပြည်သူလူထုကိုလည်း ကျနော် ပြောချင်တယ်ဗျ။ ဟုတ်လား အခုလိုအချိန်အခါမျိုးမှာ ပြည်သူလူထုရဲ့ဒီအရင်တုန်းက ထားရှိခဲ့တဲ့ ချစ်တယ်ဆိုတဲ့စကားလုံးအပြည့်ထားပြီးတော့ သူ့ရဲ့ကျန်းမာရာကျန်းမာကြောင်း လွတ်ရာလွတ်ကြောင်း နောက်ပြီး တော့ ဆောင်ရွက်နိုင်တာကို ချောချောမောမောနဲ့အောင်မြင်စွာဆောင်ရွက်နိုင်ကြောင်းကို ငြိမ်းငြိမ်းချမ်းချမ်းသာသာယာယာနဲ့ စိတ်ဓာတ်ကိုရော အားပေးထောက်ခံခဲ့ကြတယ်။ ပြည်သူတရပ်လုံးအတွက်ကော သူဟာ ခေါင်းဆောင်၊ ဒီနိုင်ငံတော် ဒီမိုကရေစီ အင်အား စုတွေကကောနိုင်ငံတကာအားလုံးကကော ခေါင်းဆောင်ကောင်း ဆိုတဲ့နေရာမှာသတ်မှတ်ခြင်းခံနေရတဲ့သူပဲ။ အဲတော့ ကျနော့်သဘောက ဒီအဖွဲ့ချုပ်နဲ့ပတ်သက်တာအားလုံး ဒေါ်အောင်ဆန်းကြည်ခေါင်းဆောင်ပြီးတော့လုပ်တဲ့ကိစ္စအ၀၀က အောင်မြင် စေချင်တယ်ဒါပဲ။ အဲဒီလို အောင်မြင်ဖို့အတွက် မလုပ်ရတဲ့အတွက် လူကနေမထိထိုင်မထိ နေနေရတဲ့သဘောပေါ့။

မေး။ ။ အဘက တချိန်ကတပ်မတော်ကာကွယ်ရေးဦးစီးချုပ်လည်း ဖြစ်ခဲ့တော့ ယနေ့တပ်မတော်အပေါ်မှာ သဘောထား ခံယူချက် ဘယ်လို ရှိပါသလဲ။

ဖြေ။ ။ ကျနော်တို့ရဲ့ ဒီနိုင်ငံတော်ရဲ့ လွတ်လပ်ရေးဖခင်ကြီး၊ လွတ်လပ်ရေးဗိသုကာကြီး တပ်မတော်ဖခင်ကြီး ဗိုလ်ချုပ် အောင်ဆန်း ထူထောင်ခဲ့တဲ့ ချမှတ်ခဲ့တဲ့ တပ်မတော်ဟာ အစဉ်အလာကောင်းတွေရှိတယ်။ အစဉ်အလာကောင်းတွေ ထိန်းသိမ်းခဲ့တဲ့တပ်မတော် အနေနဲ့ ဒီအစဉ်အလာကောင်းတွေကိုပြန်ပြီးတော့ ထိန်းသိမ်းစေချင်ပါတယ်။ ဟုတ်တယ်မို့လား အကုန်လုံး တပ်မှူးကြီး၊ ငယ်တွေ အားလုံး လိုက်ပြီးတော့ ပြည်သူကိုသာ အလုပ်အကျွေးပြုပါ။ နိုင်ငံကိုဦးဆောင် ခေါင်းရွက်သွားနေတာသည်ပြည်သူလူထုပါ။ ပြည်သူလူထုရဲ့အောက်မှာ တပ်မတော်နေပြီးတော့ တကယ့်ကို မိမိတို့ရဲ့တာဝန်ဖြစ်တဲ့ နိုင်ငံတော် လုံခြုံရေး၊ နိုင်ငံတော် ကာကွယ်ရေး၊ အဲဒါကိုတော့ တကယ့် တရားနည်းလမ်းမှန်ကန်စွာနဲ့ကျင့်သုံးနိုင်အောင်ဖြစ်စေချင်တယ်။ ဒါပါပဲ။

မေး။ ။ ဒီအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့အနာဂတ် အခန်းကဏ္ဍကို ဘယ်လိုသဘောထားပါသလဲ။







ဖြေ။ ။ သြော် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ ဒါသူသေသေချာချာကိုပဲစပြီးတော့ဖွဲ့စည်းပြီးကတည်းက အဖွဲ့ချုပ်ရဲ့ အဖွဲ့ချုပ်မူကြမ်းတွေမှာသေချာပါပြီးသားပဲ။ နောက်ပြီးတော့လည်းရွေးကောက်ပွဲ ရွေးတုန်းကလည်းအဖွဲ့ချုပ်ဟာ သူတို့ရဲ့ ကြွေးကြော်သံတွေကို သူတို့ရဲ့ရွေးချယ်ထားတဲ့ ဒီနိုင်ငံတော်ကြီးကိုဟုတ်လား အခုလွတ်လပ်ရေးရရခဲ့ပြီးပြီ။ လွတ်လပ်ရေးရခဲ့ပြီးတဲ့ နောက်ပိုင်းမှာ လွတ်လပ်ရေးအသီးအပွင့်ဟာ ဒီနေ့အထိ ပြည့်ဝအောင်မခံစားကြရသေးဘူး။ အခု တခါထပ်ပြီးတော့ ဒီစစ်အုပ်ချုပ် ရေး စနစ်က လွတ်မြောက်ပြီးတော့မှ ဒုတိယလွတ်လပ်ရေးအတွက်ကို စွမ်းဆောင်တဲ့ နေရာမှာ အေးချမ်းသောနည်း၊ ငြိမ်းချမ်းသော နည်း ၊ ဆွေးနွေးသောနည်း၊ တယောက်နဲ့တယောက် ယုံကြည်မှုရအောင်ဖြစ်အောင် လုပ်တဲ့နည်း အဲလိုတွေ့ဆုံဆွေးနွေးနည်းလမ်း တွေနဲ့ ဆက်လက်ပြီးတော့ အောင်မြင်အောင် အကောင်အထည်ဖော်သွားနိုင်တယ် ဆိုတဲ့ ယုံကြည်ချက် ကတော့ အဖွဲ့ချုပ်က ဒီနေ့ ဆက်လက်ပြီး ဆုပ်ကိုင်ထားလျက်ရှိပါတယ်။



မေး။ ။ ဟုတ်ကဲ့ တကယ်လို့များ ဒီစစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ မျက်နှာချင်းဆိုင်တွေ့ဆုံ စကားပြောခွင့်ရ မယ် ဆိုလို့ရှိရင် အဘအနေနဲ့ဘယ်လိုများပြောကြားမလဲ။

ဖြေ။ ။ သြော် တယောက်နဲ့တယောက်ဟာ ဒီယုံကြည်မှုတည်ဆောက်ကြဖို့ပဲလို့ ဦးဆုံးပြောချင်ပါတယ်။ တိုင်းပြည်နဲ့ ပြည်သူ လူထု အတွက်တွေ့ဆုံဆွေးနွေးပြီးတော့ ယုံကြည်မှုတည်ဆောက်လို့ရနိုင်ပါတယ်။ လုပ်နိုင်ပါတယ်လို့။ ယုံယုံကြည်ကြည်လုပ်ပါ ဆိုတာပါပဲ။ ။

ရင်းမြစ်..ဧရာဝတီ

လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲချုပ်(ဒု)ဥက္ကဋ္ဌသူရဦးတင်ဦးရဲ့ နိုင်ငံရေးခံယူချက်နဲ့ စိတ်ဓာတ်တွေကို လေးစားကျေးဇူးတင်ကြောင်း ပြောဆို.......


လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်မှ အဖွဲချုပ်(ဒု)ဥက္ကဋ္ဌသူရဦးတင်ဦးရဲ့ နိုင်ငံရေးခံယူချက်နဲ့ စိတ်ဓာတ်တွေကို လေးစားကျေးဇူးတင်ကြောင်း ပြောဆိုတယ်လို့ ယနေ့နေ့လည် (၁)နာရီမှ (၃)နာရီအထိ ယနေ့ဒေါ်အောင်ဆန်းစုကြည်နဲ့ သွားရောက်တွေဆုံခဲတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အကျိုးဆောင်ရှေနေကြီး ဦးဥာဏ်ဝင်းက ပြောဆိုပါတယ်။

" ဒီနေ့နေ့လည် (၁)နာရီကနေ (၃)နာရီအထိ ဆရာဦးကြည်ဝင်းရယ် အန်ကယ်ရယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ (၂)နာရီလောက် တွေ့ခွင့်ရခဲ့ပါတယ်။ ရှေ့နေလေးယောက်လုံးတွေ့ဖို့ တောင်းထားပေမယ့် ဆရာဦးကြည်ဝင်းနဲ့ အန်ကယ်တို့ နှစ်ယောက်ပဲ တွေ့ခွင့်ရခဲ့ပါတယ်။ ဦအောင်ဆန်းဦးရဲ့နေအိမ်ပြင်ဆင်ခွင့် တားမြစ်ကိစ္စ၊ မစ္စတာကင်တားနား လာတဲ့ကိစ္စ၊ ပါတီကိစ္စတွေကို ဆွေးနွေးဖြစ်ပါတယ်။ အဓိကက ဦးအောင်ဆန်းဦးရဲ့ နေအိမ်တားဝရမ်းကိစ္စနဲ့ ပတ်သတ်ပြီး မတ်လ(၄)ရက်နေမှာပေးရမယ့် လျှောက်လဲချက် ရေးထားတွေကို ဒေါ်အောင်ဆန်းစုကြည်ကို တင်ပြတယ်။ ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြည့်စွက်စရာတွေကို ဖြည့်စွက်ပေးပါတယ်။ "

ပြီးခဲ့တဲ့ ဇန္နဝါရီလ(၂၁)ရက်နေ့က အကိုဖြစ်သူ ဦးအောင်ဆန်းဦးက နေအိမ်ပြုပြင်တာကို ရပ်ဆိုင်းပေးဖို့ လျှောက်ထားချက် ကိုတရားရုံးက တားဝရမ်းထုတ်ခဲ့ပါတယ်....။ ဖေဖော်ဝါရီလ (၄)ရက်နေ့မှာ နှစ်ဘက်ရှေ့နေများ လျှောက်လဲချက်ပေးခဲ့ပြီးလာမယ့် မတ်လ(၄)ရက်နေ့မှာ တရားရုံးကပြန်လည် ချိန်းဆိုခဲ့ပါတယ်။

ဆက်လက်ပြောဆိုရာမှာတော့ ဒေါ်အောင်ဆန်းစုကြည်က ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနား တွေ့ခွင့်တောင်းတာ တွေ့ခွင့်မရတာနဲ့ ပတ်သတ်ပြီး ဘာမှမပြောဘူး ၊ ဝေဖန်ချက်မပေးဘူး ဒါပေမယ့် မစ္စတာကင်းတားနား အပြန်မှာ ပြောသွားတွေကိုတော့ သဘောကျတယ်။ ဒါဟာ ဖြစ်သင့်ဖြစ်ထိုက်တဲ့ သဘောထား တွေလို့ပြောဆိုပါတယ်။



ကုလသမဂ္ဂလူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာကင်တာနားဟာ ရန်ကုန်က ပြန်မထွက်ခွာခင် ရန်ကုန်လေဆိပ်မှာ ပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ " စစ်အစိုးရ အနေနှင့် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးမည့် အရိပ်အယောင် မတွေ့ရသေးကြောင်း ဒါကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲဟာ တရားမျှတ၊ လွတ်လပ်မည့် အနေအထား မတွေ့မြင်ရကြောင်း၊ လူ့အခွင့် အရေးကို လေးစားလိုက်နာမည့် အခြေအနေမတွေ့ရှိရကြောင်း မြန်မာနိုင်ငံ၏ လူ့အခွင့် အရေး အခြေ အနေများ ဆက်လက်ဆိုးရွား နေဆဲဖြစ်ကြောင်း" ပြောဆိုသွားပါတယ်။

" နောက်တစ်ခုပြောတာကတော့ အဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌ အန်ကယ်ဦးတင်ဦး နေအိမ်အကျယ်ချုပ်က လွတ်မြောက်လာပြီး အဖွဲ့ချုပ်မှာ နေ့စဉ် တာဝန်ထမ်းဆောင်နေတာ ကြားရလို့ အထူးဝမ်းသာတယ်။ နောက်နိုင်ငံရေး ခံယူချက်နဲ့ ပတ်သတ်ပြီး မီဒီယာတွေမှာ ကြားနေရတဲ့ အတွက်လည်းဝမ်းသာတယ် .. ကျေးဇူးလည်းတင်ကြောင်း အန်ကယ်ဦးတင်ဦးကို ပြောပေးပါဆိုလို့ အန်ကယ်ဒီနေ့ပဲ ချက်ချင်းသွားပြော ပေးပါတယ်။ အန်ကယ်ဦးတင်ဦးလည်းကျန်းမာပါတယ်.. ဒါပေမယ့် နှလုံးသိပ်မကောင်းတဲ့ အတွက် ဆရာဝန်နဲ့ တော့ ပြနေရတော့ရှိပါတယ်။ "



" နောက်ဆုံးတစ်ခု အနေနဲ့ကတော့ အခုအဖွဲ့ချုပ် CEC တိုးချဲ့ဖွဲ့စည်းတာနဲ့ ပတ်သတ်ပြီး အားရကျေနပ်ကြောင်းနဲ့ နောက်အခုလက်ရှိ အဖွဲ့ချုပ်က လုပ်နေတဲ့ ပြည်နယ်နဲ့တိုင်းတွေပါဝင်တဲ့ CECနဲ့ CC ရွေးချယ်နေတာနဲ့ ပတ်သတ်ပြီး ကြားရတဲ့ အတွက်ကျေနပ်အားရတယ်။ ပြင်းပြင်းထန်ထန် အကြေအလည် ဆွေးနွေးပြီး ကြေလည်မှုတွေ ရရှိတဲ့အတွက် ဝမ်းသာကြောင်း ပြောပါတယ်။ အဲ့ဒီအစည်းအဝေးက မနက်ဖြန်မှာ ပြီးပါမယ်။ နောက်ပါတီ ကိစ္စတွေလည်း ပြောဖြစ်ပါတယ်.. ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါတယ်။ နေအိမ်ကတော့ တပိုင်းတစ အခြေအနေအတိုင်းပေါ့ မျက်နှာကျက်တွေ ၊ ရေချိုးခန်းတွေက အစအကုန်ဖြုတ်လက်စ တန်းလန်းအတိုင်းပါပဲ။ မိုးရွာရင်တော့ အဆင်ပြေမယ့်ပုံ မပေါ်ဘူးပေါ့ "ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်ရှေ့နေကြီးဦးဥာဏ်ဝင်းက ပြောဆိုသွားပါတယ်။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ပြီးခဲ့တဲ့နှစ်မေလက အမေရိကန်နိုင်ငံသား မစ္စတာယက်တော နေအိမ်ကို တိတ်တဆိတ် ဝင်ရောက်ခဲ့မှုနဲ့ ပတ်သတ်ပြီး မတရားအမှုစီရင်ချက် ချမှတ်ခြင်းခံခဲ့ရပြီး။ ပျက်ဆီးယိုယွင်းနေတဲ့ နေအိမ်ကို ပြန်လည်ပြင်ဆင်ခွင့် ရပြီး ပြန်လည်ပြင်ဆင်နေချိန်မှာပဲ အကိုဖြစ်သူ အမေရိကန်နိုင်ငံသား ဦးအောင်ဆန်းဦးရဲ့ ကန့်ကွက်မှုကြောင့် တပိုင်းတစနဲ့ ရပ်တန့်ပြီး အမှုရင်ဆိုင်နေရပါတယ်။

မအူပင်တက္ကသိုလ် ကျောင်းသူလေး တယောက် မဖြစ်သင့်သော ဖြစ်ရပ်ကြောင့်သေဆုံး.။

နအဖ လက်ထက်တွင် ဆောက်လိုက်သည့် တံတားများ၊ဖောက် လိုက်သည့် လမ်းများမှာ ပြည်သူ လူထုတရပ်လုံး တွေ့မြင်ကြပါသည်.။ထိုသို့ လမ်းဖောက် တံတားတွေ ဆောက်ပြီးသေချာ ခိုင်ခံစွာ မပြုလုပ်ခြင်းကြောင့် လူငယ် အမျိုးသမီးလေးတယောက် မဖြစ်သင့်ဘဲအသက်ဆုံးရှုံးခဲ့ရပါသည်.။

ဧရာဝတီတိုင်းမအူပင်မြို့နယ်မအူပင်တက္ကသိုလ်သချာင်္ဒုတိယနှစ်မှမသင်းသင်းမော်သည်သူငယ်ချင်း
များနှင့်အတူမအူပင်တံတားပ်ါသို့သွားရောက်စဉ်လူသွားလမ်းဘေးတွင်ခင်းထား
သောကျောက်ပြား
ကျွံကာတံတားအောက်ခြေတိုင်နှင့်ရိုက်မိပြီးမဖြစ်သင့်သောဖြစ်ရပ်တခုကြောင့်(၂၃.၂.၂၀၁၀)ည(ရ)
နာရီ(၅၅)မိနစ်တွင်သေဆုံးခဲ့ပါသည်။အခိုင်မာပြုလုပ်မထားသောကျောက်ပြားများအပေါ်သွား
လာခြင်း
သည်အန္တရာယ်ရှိသော်လည်းယခုအချိန်ထိသွားလာမှုမလျော့ကျပါ။


လူအသက်တချောင်းသာဆုံးရှုံးသွားပါတယ်။တံတားအားပြန်လည်ပြုပြင်ခြင်ကိုပြန်လုပ်ခြင်းမရှိသေး
ပါဘူး။ယိုယွင်းနေသောမအူပင်တံတားပေါ်မှပြုတ်ကျသေဆုံးသူမသင်းသင်းမော်၏
မိသားစုနှင့်ထပ်တူ
ထပ်မျှဝမ်းနည်းရကြောင်းနှင့်သေဆုံးသူမသင်းသင်းမော်ကောင်းရာမွန်ရာ
သို့ရောက်ရန်ဆုတောင်းပေး
လိုက်ပါသည်။


မအူပင် တက္ကသိုလ် ကျောင်းသူများ

24 February 2010

မြန်မာ့သတင်းသမဂ္ဂညီလာခံ ကျင်းပ



ဗွီဒီုယိုပုံတွင်တွေ့ရသူ မလှလှဝင်း အား ကိုစံမိုး ကဆုချီးမြှင့် နေစဉ်


သတ္တမအကြိမ်မြောက် မြန်မာ့သတင်းသမဂ္ဂညီလာခံကို ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် ယနေ့
နံနက်ပိုင်းမှ စတင်ကျင်းပခဲ့ကြသည်။အဆိုပါအခမ်းအနားသို့ မြန်မာအပါအဝင် နိုင်ငံပေါင်း
(၁၁)နိုင်ငံမှသတင်းသမားများ၊စာပေ အနုပညာရှင် (၁၂၀ )ဦးခန့် တက်ရောက်ခဲ့ကြပြီး
မြန်မာ့သတင်းသမဂ္ဂ(BMA)မှ ဦးမောင်မောင်မြင့် ကအမှာစကား
ပြောကြား၍ ဖွင့်လှစ်ခဲ့သည်။

အခမ်းအနားသို့ဝါရင့်သတင်းစာဆရာကြီးလူထုဦးစိန်ဝင်းကမြန်မာ့ဒီမိုကရေစီအရေးအတွက် အမှန်တရားများဖော်ထုတ်ရာတွင် သတင်းမီဒီယာများအနေဖြင့် ညီညီညွတ်ညွတ်ပူးပေါင်း
ဆောင်ရွက်ရန်တိုက်တွန်းကြောင်းနှင့်ရုပ်ရှင်ဒါရိုက်တာဦးဝင်းဖေကသတင်းမီဒီယာများအနေဖြင့် မြန်မာပြည်အတွက် စတုတ္တမဏ္ဍိုင်ကို အဝေးမှ ထောက်ပံ့ပေးရန် တိုက်တွန်းကြောင်း
အမှာစကားရုပ်သံများ ပေးပို့ခဲ့ကြသည်။


အခမ်းအနားတွင် ဒုတိယအကြိမ်မြောက် ဂျပန်သတင်းထောက် ကင်ဂျီနာဂါအိ ဆုကို မြန်မာသတင်း
ထောက်(၂)ဦးအားချီးမြှင့်ခဲ့ကြပြီးအဆိုပါဆုကိုအကျဉ်းကျခံနေရသည့်ဒီမိုကရက်တစ်မြန်မာ့အသံ (DVB)သတင်းထောက်များဖြစ်ကြသည့်ကိုဝင်းမော်(ရွှေသံစဉ်)နှင့်မလှလှဝင်းတို့ကိုပူးတွဲချီးမြှင့်ခဲ့
ခြင်းဖြစ်ပြီး၎င်းတို့ကိုယ်စား(DVB)မှဝန်ထမ်းများကလက်ခံရယူခဲ့သည်။သူတို့နစ်ဦးစလုံးကတော့
လက်ရှိတွင် စစ်အစိုးရ က မတရားသဖြင့် ဖမ်းဆီးထားပြီး နှစ်ရှည်ထောင်ဒဏ်များကို ချမှတ်ထား
ရခံပြီးမြန်မာနိုင်ငံ၏ အကျဉ်းထောင်ထဲ တွင်နေရ
သူများဖြစ်သည်.။မြန်မာ့သတင်း သမဂ္ဂညီလာခံ
ကိုယနေ့မှစတင်ပြီး (၃) ရက်ကြာ ကျင်းပပြုလုပ် သွားမည်ဖြစ်
သည်ဟုသတင်းရရှိပါသည်.။

ပြိုင်ပွဲ....


ပြိုင်ပွဲ

အမှည့် . . . ကြွေ
. . . ခြွေခြင်း။
အချိန်တန်လို့ ကြွေ
အချိန် မတန်ဘဲ ခြွေ
စသည်ဖြင့် နိဒါန်းပျိုးလိုက်၍ “ပြိုင်ပွဲ” ဟူသောခေါင်းစည်းနှင့် လားလားမှ မဆိုင်ဟု ဆိုပါလိမ့်မည်။

အမှည့်ကြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းကုန် ဆီလည်းခမ်း ဖြစ်ခြင်းပျက်ခြင်း တို့သည် သဘာဝတရားပင်ဖြစ်တော့သည်။

အမှည့်ခြွေ ။ ။ လူရယ်လို့ဖြစ်လာပြီး ကမ္ဘာမြေပြင်ကို ရောက်ရှိ ဘဝဘဝတွေကို ဖြတ်သန်းလှော်ခတ်ရင်းနှင့် မီးစာလည်းမကုန်၊ ဆီလည်း မခမ်းဘဲနှင့် ဖြစ်ခြင်း၊ ဖျက်ခြင်း တို့သည် သဘာဝတရားကို ဆန့်ကျင်ခြင်းပင် ဖြစ်သည်။

ကြွေချိန်မတန်ဘဲနှင့် ကြွေ
အမှည့်မလွန်ဘဲနှင့် အခြွေခံရခြင်းပင် ဖြစ်တော့သည်။
မှည့်၍ကြွေသော “အမှည့်ကြွေ” ကို မပြောလိုပါ။
ယင်းသည် တရားသဘောတရားနှင့်အညီ ဖြစ်ခြင်းပျက်ခြင်းပင် ဖြစ်တော့သည်။
မမှည့်ဘဲနှင့် အခြွေခံရသော . . . အမှည့်မလွန်သေးဘဲနှင့် အခြွေခံရသော “အမှည့်ခြွေ” ကိစ္စကိုသာ တွေးတောမိတော့သည်။

အခြွေခံချင်၍ ခြွေခြင်းခံရသည်လား . . . . . ?
အခြွေမခံချင်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?
ခြွေသင့်ခြွေထိုက်၍ ခြွေခြင်းကို ခံရသည်လား . . . . . ?
မခြွေသင့်မခြွေထိုက်ဘဲနှင့် ခြွေခြင်းကို ခံရသည်လား . . . . . ?

ဤတွင် . . . . . မခြွေသင့် မခြွေထိုက်ဘဲနှင့် အခြွေခံရသူတို့ ကိုယ်စား ကျွန်တော် ပြောပါတော့မည်။ ကမ္ဘာမြေပြင်ကို ရောက်ရှိပြီး ဘဝဘဝတွေ လှော်ခတ်ကြရာဝယ် . . . . . မိမိအတ္တအတွက် လှုပ်ရှားကြသော . . . . . အတ္တဟိတ။ အများအတွက် လှုပ်ရှားကြသော . . . ပရဟိတ စသည်ဖြင့် (နှစ်) မျိုးခွဲထုတ်နိုင်တော့သည်။

အတ္တဟိတ . . . အများအတွက် တစ်ချက်ကလေးမှ လှည့်မကြည့်သော အတ္တလူသား ။ မိမိကောင်းကျိုးတစ်ခုတည်းကိုသာ ရည်ရွယ်လှုပ်ရှား ရုန်းကန်နေသော လောဘလူသား ။ မိမိသည်သာ မိမိ၏ ကိုးကွယ်ရာဖြစ်သည်ဟူသော ဗုဒ္ဓ၏ဆုံးမသြဝါဒကို တလွဲဆံပင်ကောင်း၍ မိမိအတွက်မှ လွဲ၍ ကျန်လူများကို ရန်လုပ်၊ ဂုံးချော၊ မြှောက်ထိုးပင့်ကော်လုပ်သော ဒေါသလူသား။ မိမိအကျိုးရှိမည့် အလုပ်၊ မိမိစီးပွားဖြစ်မည့် လုပ်ရပ်များကိုသာ မည်သူ့ကိုမျှ မငဲ့ဘဲ အရိုးကြေကြေ၊ အရည်ခမ်းခမ်း လှုပ်ရှားနေသော မောဟလူသား။

ထို . . . ထိုသော အတ္တသမား၊ အတ္တလူသားများသည် မှည့်ရုံတင်မက ပုတ်ချင်ပုတ်ပါလေ့စေတော့ . . . ဥပက္ခာပြုသင့်သည် မဟုတ်ပါလား။ ယင်းတို့သည် . . . ဆန်ကုန်မြေလေး ပင်ဖြစ်တော့သည်။ ထိုသူ . . . ထိုလူသားတို့ ကြွေလွင့်သွားခြင်း၊ အခြွေခံရခြင်းအတွက် ပူဆွေးဝမ်းနည်းစရာ မလိုပေ။
မိမိတို့၏ မျက်ရည်များကိုပင် အားနာစရာဖြစ်တော့သည်။

ပရဟိတ ။ ။ အများအတွက် . . . ဘဝဘဝတွေကို လှော်ခတ်ရုန်းကန်နေသော ပရဟိတလူသား။
ပြည်သူအတွက် . . . ဘဝဘဝတွေကို နှစ်မြုပ်ရုန်းကန်နေသော ပရဟိတလူသား။
တိုင်းပြည်အတွက် . . . ဘဝဘဝတွေကို အဆုံးခံ၍ ကြံ့ကြံ့ခိုင်နေသော ပရဟိတလူသား။
ကမ္ဘာကြီးအတွက် . . . ဘဝဘဝတွေကို ပေးဆက်၍ ရဲရင့်ပြတ်သားစွာ ရင်စည်းခံ၍ စွန့်လွှတ်အနစ်နာခံနေသော ပရဟိတလူသား . . . စသည်ဖြင့် နည်းလမ်းပေါင်းစုံနှင့် အများအတွက် အဖက်ဖက်မှ ပေးဆပ်နေသော ပရဟိတလူသားများ . . . များစွာရှိနေဆဲ . . . ရှိနေဦးမည် ဖြစ်သည်။

ထို . . . ထိုသော . . . ပရဟိတစစ်စစ်လူသားများသည် စွန့်လွှတ်ခြင်းများစွာ၊ ပေးဆပ်ခြင်းများစွာတို့ဖြင့် လုပ်ဆောင်ပေးနေသော လူသားများ (အဖြူထည်လူသားများ) ဖြစ်သည့်အတွက် “မကူညီချင်နေပါ၊ မနှောက်ယှက်ပါနှင့်” ဟူသော စကားနှင့်အညီ အဖြူထည်ကို အရောင်မဆိုးမိရန် အညစ်အထေးမပေရန်၊ အပွန်းအပဲ့ အထိအခိုက်မဖြစ်ရန် အထူးအရေးကြီးလှသည်။

မမှည့်ခင် . . . မကြွေစေလိုပါ။
မမှည့်ခင် . . . အခြွေမခံလိုပါ။
မှည့်သော်ငြားလည်း . . . အခြွမခံလိုပါ။
သဘာဝအရ . . . မှည့်ပြီးမှကြွေ
ကြွေလျှင်မှည့်လို့သာ ဖြစ်သင့်သည်။

မနာလို ဝန်တိုစိတ်မွေးခြင်း၊ မစ္ဆိယစိတ်ပွားများခြင်း၊ အပျက်သဘောဆောင်ခြင်း၊ ဂုံးချောခြင်း၊ သပ်ရှိုခြင်း၊ သိမ်းသွင်းခြင်း၊ မှိုင်းတိုက်ခြင်း၊ ခုတုံးလုပ်ခြင်း၊ အငြိုးအတေးကြီးခြင်း စသည့်ဓမ္မလမ်းကြောင်းကို ဖီဆန်၍ ဘုရားမကြိုက်သော လူမဖြစ်ရန် သတိရှိဖို့ သတိထားဖို့၊ အထူးလိုအပ်နေပြီ ဖြစ်သည်။ ဆုတ်ကပ်အချိန်ကာလကြီးသို့ ရောက်ရှိနေသောကြောင့် အဓမ္မဝါဒီကို ရှောင်ကြရန် ထပ်ခါ ထပ်ခါ သတိပေးခြင်းသာဖြစ်သည်။

မိမိကိုယ်ကိုလည်း ထပ်ခါထပ်ခါ ဆင်ခြင်ပွားများနေရဆဲပင် ဖြစ်သည်။ ကိုယ်ပြုသောကံ . . . ပဲ့တင်သံ ကိုယ့်ထံပြန်လာမည် ဖြစ်သည်။ ပရဟိတလူသားများ အနေနှင့်လည်း အတ္တဟိတလူသားများ၏ ထောင်ချောက်ထဲ၊ သတ်ကွင်းထဲ မဝင်မိဖို့ အထူးသတိထားရမည်။ အတ္တဟိတ သမားများအနေနှင့်လည်း မိမိ၏အတ္တကိစ္စရပ်ကိုသာ စိတ်ထက်သန်ပါက ကိုယ့်လမ်းကြောင်း ကိုယ်လျှောက်ရုံပင် ဖြစ်သည်။


သို့သော် . . . ပရဟိတသမားများ၏ ပေးဆပ်မှုလမ်းကြောင်းများကို ဖျက်ဆီးခြင်း၊ ဟန့်တားခြင်း၊ နှောက်ယှက်ခြင်း စသည့် အဓမ္မဝါဒီလမ်းစဉ်ကို မလုပ်သင့်ပေ။

မိမိတို့၏ သမိုင်းကြောင်းလှပအောင် မိမိတို့၏ လုပ်ရပ်များကသာ ဖော်ကျူးပေးမည်ဖြစ်သည်။
ငှက်တစ်သောင်း . . . တစ်သိန်း . . . တစ်သန်း စသည်ဖြင့် နားနေနိုင်သော ပရဟိသစ်ပင်ကြီးမှ အကိုင်း၊ အခက်၊ အသီးတို့ကို ဘာကြောင့်များ ခုတ်ထွင်၊ ရှင်းလင်း၊ ဆွတ်ခူးချင်ပါသနည်း . . . ?

မိမိတို့ကိုယ်တိုင် ဖြူစင်သန့်ရှင်းသော သီလနှင့်နေထိုင်သွားမည်ဆိုပါက မိမိတို့တွင်လည်း ငှက်တစ်သိန်း၊ တစ်သန်းမက ငှက်ပေါင်းကုဋေ နားနေနိုင်မည့်၊ လူ့လောကကြီးကို အလှဆင်နိုင်မည့် လူသားအားလုံး အားကိုးရာ မြတ်နိုးရာ . . . အထွဋ်အထိပ်နေရာ တစ်နေရာသို့ ရောက်ရှိမည် ဖြစ်တော့သည်။

ဒါကြောင့် . . . ပြိုင်ကြပါ
ကိုယ်ကျင့်တရား . . . ပြိုင်ကြပါ
သီလလုံခြုံရေး . . . ပြိုင်ကြပါ
အကြင်နာရှိရေး . . . ပြိုင်ကြပါ
မေတ္တာထားရေး . . . ပြိုင်ကြပါ
ကရုဏာထားရေး . . . ပြိုင်ကြပါ
မုဒိတာထားရေး . . . ပြိုင်ကြပါ
သစ္စာတရား . . . ပြိုင်ကြပါ
ဒီပြိုင်ပွဲဟာ . . . ဓမ္မပြိုင်ပွဲ . . .
အရှုံးမရှိ။ ပြိုင်ပြီဆိုကတည်းက နိုင်နေပြီဖြစ်သည်။

သို့တည်းမဟုတ် . . .

တရားမဲ့ရေး . . . ပြိုင်မလား။
အာဃာတထားရေး . . . ပြိုင်မလား။
မစ္ဆိယစိတ်ထားရေး . . . ပြိုင်မလား။
ယုတ်မာရက်စက်ရေး . . . ပြိုင်မလား။
ထိုပြိုင်ပွဲသည်ကား . . . အဓမ္မဝါဒီပြိုင်ပွဲပင် ဖြစ်တော့သည်။
ပြိုင်ပြီဆိုကတည်းက ရှုံးနေပြီဖြစ်သည်။

ဒါတွေကြောင့် . . . ဓမ္မဝါဒီ ပရဟိတလူသားများ အချိန်မတန်ဘဲနှင့် ကြွေလွင့်သွားမှုသည် လူသားတိုင်းအတွက် အကြီးကျယ်ဆုံးသော ဆုံးရှုံးမှု၊ နစ်နာမှုပင် ဖြစ်သည်။ အဓမ္မဝါဒီ အတ္တလူသားများ အချိန်အတန်၍ဖြစ်စေ၊ အချိန်မတန်ဘဲနှင့် ဖြစ်စေ လွင့်စင်သွားမှုသည်ကား ဖြစ်ပျက်သဘောသာ ဆောင်တော့သည်ဟု မှတ်ယူလိုက်တော့သည်။

သူတို့အတွက် . . . ကမ္ဘာမြေကြီးကတောင် ကျေးဇူးတင်မည် ဖြစ်သည်။ “အဓိပ္ပာယ်မဲ့သော လူတစ်ယောက်ကို ထမ်းပိုးထားရသည့် ဝဋ်ကြွေးမှ လွတ်ပြီ” ဟုပင် သတ်မှတ်ပေလိမ့်မည်။ ထို ထိုသော အကြောင်းအချက်များကို သုံးသပ်လိုက်သော် . . . မိမိရေးခဲ့သော (ဟိတ်!) ကို ပြန်မြင်ယောင်မိတော့သည်။


ဟိတ်!
ကိုယ့်လမ်း . . . ကိုယ်သွား
ကိုယ့်အလုပ် . . . ကိုယ်လုပ်
ကိုယ့်တာဝန် . . . ကိုယ်ကြေ
ကိုယ့်သီလ . . . ကိုယ်လုံ
ကိုယ့်သမိုင်း . . . ကိုယ်ရေး
ဒါပဲ . . . ကျော်သူ

မြန်မာပြည်သူပြည်သားများ၊ ကမ္ဘာသူ ကမ္ဘာသားများ သောကကင်းဝေး ငြိမ်းချမ်းသာယာရေးကို ရှေ့ရှုလျက် . . . ဓမ္မပြိုင်ပွဲ ဆင်နွှဲကြရန် . . . ဦးတည်လျှက် . . .

အချိန်မတန်ဘဲ အခြွေခံခဲ့ရသော သက်ရှိထင်ရှား ပရဟိတ သူရဲကောင်း လူစွမ်းကောင်း အာဇာနည်ပုဂ္ဂိုလ်များအား အစဉ်လေးစားဦးညွတ်လျက် . . . ။

ကျော်သူ

ကိုကျော်သူ facebook မှ...

တရားမျှတမှု ဆိုသည်မှာ ဥပဒေ မဟုတ်...

အဓိပ္ပါယ်က ရှင်းပါသည်။ ရောသမမွှေ လို့မရပါ၊ ဥပဒေ ကို ဥပဒေပြု အာဏာ ရှိသည့် ဥပဒေပြု လွတ်တော်ကသာ ပြဌာန်းရပါသည်။အစိုးရက ပြဌာန်းလို့မရ။အစိုးရမှာ အုပ်ချုပ်ရေးနှင့်ပတ် သက်သည့် အာဏာသာရှိပါသည်၊။ ဥပဒေပြု အာဏာ။ တရားစီရင်မှုအာဏာ တို့မှာကား အုပ်ချုပ်သူ များနှင့် လားလားမျှ မဆိုင်။ ပြဌာန်း ဥပဒေကို လက်တွေ့အကောင်အထည်ဖော် စီရင်ဆုံးဖြတ် ရသည်မှာ တရားသူကြီး။ တရားစီရင်ရေး ။ တရားမျှတမှု ကိုဖော်ဆောင်ရမည့်သူ မှာ တရားသူကြီး။ မတရားဥပဒေကို စီရင်ဆုံးဖြတ်ရလျှင် မတရားသူကြီးများ ထွက်ပေါ်လာပေမည်။ ဥပဒေကိုယ်၌က မတရားဖြစ်နေလျှင် ၄င်းဥပဒေ အတိုင်းတရားစီရင် ဆုံးဖြတ်ရမည့် တရားသူကြီး ခမျှာ စိတ်ဖောက်ပြန်သွားနိုင်ပါသည်။တရားသူကြီးက အဘယ် ကဲ့သို့သော တရားမျှတမှုကို လုပ်ဆောင်ပေးနိုင်ပါမည်နည်း။လောကပါလ တရားကို မည်သူ စောင့်ရှောက်ပါမည်နည်း။



လူထုတစုံတရာ လေးစားမှုကို ခံခဲ့ရသည့် တရားသူကြီးချုပ် ဦးတင်အောင်ဟိန်း က သခင်ဗဟိန်း နာမည်မှ ဟိန်း တလုံးကယ်ပေလို့သာပေါ့။တင်အောင်ဆိုရင် ဒီလောက်စွမ်း မှာမဟုတ်ဘူး။ဟုပြောဘူးပါသည်။ မဆလခေတ် တရားစီရင်ရေးကို သူညီးတွားခဲ့ပုံကို ကချင်ပြည်နယ်တရားသူကြီးများ ကြားဖူးကြပေသည်၊“အရင် ဘ၀က မကောင်းမှုတွေ ဘယ်လောက်လုပ်ခဲ့မိလို့လဲမသိဘူး၊ ဒါကြောင့် ဒီဘ၀မှာ တရားသူကြီးချုပ် လာဖြစ်နေရတယ်“လို့ လူဘုံအလယ် သူ့ကိုယ်သူ ဝေဖန်သွားခဲ့သည်ကို ကြားဖူးပါသည်။ သူ မတရားတာတွေ လုပ်နေရ။ တွေ့နေရ၍ ဖြစ်ပါသည်။ ယခု စစ်အစိုးရပါဟု ဗြောင်ကြေညာထား သော ဖက်ဆစ် တရားစီရင်ရေး စနစ် အောက်တွင် “ ဟော ဒီမှာကြည့်၊ အထက်က ခိုင်းတဲ့ အတိုင်း ဒို့လုပ်နေရတာ“ဟု တရားသူကြီး အမျိုးသမီးတဦးက ပြောဖော်ရသည်ကို တွေ့ရပါသည်။ တရားသူကြီးများမှာ စစ်အုပ်စု၏ ရုပ်သေးများသာ ဖြစ်နေကြသည်။သို့ဆိုလျှင် လူသတ်ကုန်းက ပါးကွက်အာဏာသားနှင့် ဘာများကွာခြားပါသလဲ။



တရားသူကြီးများကို ဘယ်သူခန့်အပ်ပါသနည်း။ဘယ်သူဖြုတ်ပါသနည်း။န၀တ/နအဖ စစ်အုပ်စု အာဏာပိုင်များက ခန့်တာဖြုတ်တာလုပ်ပါသည်။တရားမ၀င်အစိုးရက ပါးကွက်သား တရားရုံးချုပ် တရားသူကြီးများကို ရုပ်သေးရုပ်လုပ်ခိုင်းပါတော့သည်။ရရိုးထုံးစံ ရှိခဲ့ပါသလား။ တရားမျှတမှုကို ဖော်ဆောင်လိုသည် ဆိုလျှင် တရားသဖြင့်တော့ရှိရပါမည်။ တဦးတယောက် တအုပ်စုက ရေးဆွဲခဲ့ခြင်းမဟုတ်သော၊ တိုင်းပြည်လွတ်လပ်ရေးခေါင်းဆောင်များ ကိုယ်တိုင်ပါ ၀င်ရေးဆွဲပြီး လွတ်လပ်ရေး အရယူခဲ့သော ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ပါ တရားစီရင်ရေး လွတ်လပ်မှုဆိုင်ရာ ဥပဒေများကို လေးစားလိုက်နာရန်လိုပါသည်။



၁၉၄၇ ခုနှစ် အခြေခံဥပဒေ အခန်း(၈)၊ ပြည်ထောင်စု၏ တရားစီရင်ရေး၊ ပုဒ်မ-၁၃၃။ ။ ပြည်ထောင်စု နိုင်ငံတ၀န်းလုံး၌ တရားစီရင်ရေးကိစ္စကို ဤအခြေခံဥပဒေ အရသော်၎င်း၊တရား ဥပဒေ အရသော်၎င်း၊ တည်ထောင်ထားသော တရားရုံးများတွင် ဤအခြေခံဥပဒေနှင့်အညီ၊ သို့တည်းမဟုတ် တရားဥပဒေနှင့်အညီ ခန့်ထားသော တရားသူကြီးများက စီမံအုပ်ချုပ်ရမည်။



ပုဒ်မ-၁၄၀။ ။(၁)ပါလီမန်ဆိုင်ရာ လွတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘော တူညီချက်ဖြင့် နိုင်ငံတော် တရားဝန်ကြီးချုပ်ကို နိုင်ငံတော်သမတ သည် မိမိကိုယ်တိုင် လက်မှတ်ရေးထိုး တံဆိပ်ခတ်နိုပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။


(၂)ပါလီမန်ဆိုင်ရာ လွတ်တော်နှစ်ရပ် တွဲဖက်အစည်းအဝေး၏ သဘောတူညီချက်ဖြင့် တရားလွတ်တော်ချုပ်နှင့် တရားလွတ်တော်ဆိုင်ရာ တရားရေးဝန်ကြီး အားလုံးကို နိုင်ငံတော်သမတသည် မိမိကိုယ်တိုင်လက်မှတ်ရေးထိုး တံဆိပ်ခတ်နိုပ်သော အမိန့်စာဖြင့် ခန့်ထားရမည်။


ပုဒ်မ-၁၄၁။ ။ တရားသူကြီး အားလုံးသည် ဤအခြေခံဥပဒေနှင့် တရားဥပဒေများ ကိုသာ လိုက်နာ၍ မိမိတို့၏ တရားစီရင်မှု အလုပ်ဝတ္တရားများကို လွတ်လပ်စွာ ဆောင်ရွက်နိုင် ရမည်။


-ဟု အတိအလင်း ပြဌာန်းထားသည်ကို စံထားအပ်ပါသည်။



ဥပဒေပြုရေး အာဏာကိုလည်း ၁၉၄၇ ခုနှစ် အခြေခံဥပဒေ အခန်း(၆) ပါလီမန်၊ ပုဒ်မ-၆၅။ ။ ပြည်ထောင်စု နိုင်ငံ၏ ဥပဒေပြု အာဏာသည် ပါလီမန်တွင် တည်ရှိရမည်။ ပါလီမန် တွင် နိုင်ငံတော် သမတ၊ ပြည်သူ့လွတ်တော် နှင့် လူမျိုးစုလွတ်တော် တို့ပါဝင်ရမည်။ ဤအခြေ ခံဥပဒေတွင် ပါလီမန်ကို `ပါလီမန်` သို့မဟုတ် `ပြည်ထောင်စု ပါလီမန်`ဟုခေါ်ရမည်။ -ဟု ပြဌာန်းထားသည်။



ပုဒ်မ-၁၃၇။ ။ တရားဥပဒေ တခုသည် အခြေခံဥပဒေရှိ ပြဌာန်းချက်များအရ ခိုင်လုံသည်။ မခိုင်လုံသည်။ဟူသော ပြဿနာပေါ်ပေါက်နေသည့် အမှုများကို တရားလွတ်တော်ချုပ်၏ အယူခံစီရင်ပိုင်ခွင့် အာဏာဖြင့် မစီရင်၊ မဆုံးဖြတ်ရဟု မည်သည့် တရားဥပဒေမျိုးကိုမျှ မပြုရ။ ဟု ပြဌာန်းထားသည်ကိုတွေ့ရသည်။ ထိုကဲ့သို့သော တရားဥပဒေမျိုးကို ပြဌာန်းသည်ဆိုလျှင် အခြေခံဥပဒေကို ချိုးဖောက်ရာကျပေမည်။တရား လွတ်တော်ချုပ်၏ ထိပ်ဆုံးက တရားစီရင်ရေးအာဏာကို ဖော်ပြထားသည်။



အုပ်ချုပ်ရေး အာဏာပိုင်တွေရဲ့ အတိုင်းအတာကြီးမားလွန်းလှတဲ့ အထိန်းအကွပ်မရှိ အကျင့်ပျက် ခြစားမှုတွေ၊ အများပြည်သူ သက်သာဖူလုံရေးကို လုံးဝစိတ်မ၀င်စားဘဲဥပေက္ခာ ပြုမှုတွေ၊ တရားဥပဒေစိုးမိုးမှု၊ ဒီမိုကရေစီတန်ဖိုးစံတွေ နှင့် လူထုအခြေခံ အဆောက်အအုံ၊အဖွဲ့အစည်းတွေကို မလေးစားမှုတွေ ၊ ရာဇ၀တ်မှုတွေထဲ အာဏာပိုင်တွေ ဆိုးဆိုးဝါးဝါးပါဝင် ပတ်သက်ဆက်နွယ်နေမှုတွေ နှင့် ဥပဒေမဲ့ဆိုးဆိုးဝါးဝါးမင်းမဲ့စရိုက် အုပ်ချုပ် မှုတွေကို ဘယ်သူက စစ်ဆေးစီရင်ဆုံးဖြတ်မလဲ။ဖုံးကြုယ္မလား။ ဖော်ထုတ်အရေးယူမလား။ ပြည်သူရှေ့ တရားစီရင်ရေးကို ဘယ်လိုလုပ်ဆောင်မလဲ။ ဥပဒေရှေ့မှာ တရားမျှတမှုကို ဘယ်လိုရှာမလဲ။ အုပ်ချုပ်ရေး အာဏာပိုင် အတွက် ဥပဒေ ဆိုတာ ရှိခဲ့ဖူးလို့လား၊ သမတ စ၀်ရွှေသိုက် သား စ၀်မီမီကို ပစ်သတ်တာ။ ၁၉၆၂ ခုနှစ် ၇-ရက်ဂျူလိုင် ကျောင်းသားတွေကို သတ်တာ။စစ်တွေ ဆန်ပြဿနာမှာ လူမျိုးစုတွေကိုအစုလိုက် အပြုံလိုက်သတ်ဖြတ်တာ၊ ၁၉၇၄ ခုနှစ် အလုပ်သမားတွေကို သတ်တာ။၁၉၈၈ ခုနှစ် ၈-လေးလုံး အရေးတော်ပုံမှာ ပြည်သူတွေကိုသတ်တာ။ ဒီပဲယင်းမှာ လူသတ်တာ။



ရွှေဝါရောင်တော်လှန်ရေးမှာ ရဟန်းရှင်လူ၊ပြည်သူအများ ကိုသတ်တာ၊ လူသတ်မှုပေါင်း မြောက်များစွာ အတွက် စစ်အုပ်စုကို ဘယ်တရားရုံးက စစ်ဆေးစီရင်ဆုံးဖြတ်ခဲ့ဖူးလို့လဲ။ ဥပဒေ ဆိုတာ တရားမျှတမှု ဟုတ်ခဲ့ဘူးလို့လား။ဒီတော့ တရားမျှတမှု ဆိုတာ ဥပဒေ မဟုတ်ဘူး။ ထပ်ဆင့် အဓိပ္ပါယ် ထွက်လာသည်က မတရားတာ၊ မညီမျှတာ၊ မဟုတ်တာ တွေလုပ်ဖို့ ဥပဒေတွေ ထုတ်နေသည်ဟု ပြောဖို့ဖြစ်တည်လာသည်။ အနီးကပ်ဆုံး ၂၀၀၈ ခုနှစ် စစ်အာဏာရှင်စနစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေ တစုံးလုံးကို တွေ့နိုင်ပါသည်၊ နိုင်ငံတကာ ဥပဒေပညာရှင် များ အားလုံးနီးပါးက ဂါးဘေ့ခ်ျ (garbage) ။ အမှိုက်ပုံး တဲ့၊ အမှိုက်ပုံးထဲက အမှိုက်စများကို ဆွဲထုတ်ပြမှတော်ကာကျပါမည်၊



အဓိက ဖျက်ပိုး ကိုထုတ်ပြပါဆိုလျှင် နိုင်ငံတခု၏ နိုင်ငံရေးဦးဆောင်မှုကို နိုင်ငံရေးပါတီ များကသာ ဦးဆောင်ကြရပါသည်။ အနိုင်ရပါတီ သို့မဟုတ် အနိုင်ရပါတီနှင့်ပူးတွဲပါတီများ ကသာလျှင် အစိုးရဖွဲ့ကြရပါသည်။ သို့ရာတွင်စစ်တပ်ကသာ အစိုးရကို တသက်လုံးဖွဲ့သွားမည် ဆိုသော အခြေခံဥပဒေမျိုး ကမ္ဘာတွင်မရှိပါ။နိုင်ငံတကာရှိစစ်တပ်များသည် တိုင်းပြည် ကာကွယ်ရေး တာဝန်ကိုသာ သီးသန့်တာဝန်ထမ်းဆောင်ကြသော်လည်း ယခု စစ်အစိုးရ ၊ စစ်အာဏာရှင်စနစ်ဖြင့် ရေးဆွဲ ထားသော ၂၀၀၈ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံဥပဒေ ပုဒ်မ-၆(စ) တွင် အမျိုးသားနိုင်ငံရေးဦးဆောင်မှုတာဝန်ကို ယူရမည်ဟုပြဌာန်းထားသည်မှာ အံ့သြစရာကြီး ဖြစ်နေပါသည်။ နိုင်ငံရေး ပါတီများ၏ အခန်းကဏ္ဍကို ချိုးနှိမ်ပြီးသားဖြစ်နေပါသည်။အရေးပေါ် ကာလတွင် နိုင်ငံသားများ၏ လူ့အခွင့်အရေးနှင့် လုံခြုံစိတ်ချစွာ အသက်ရှင်ရပ်တည်ပိုင်ခွင့်ကို ကာကွယ်ရေးဦးစီးချုပ်က စိတ်ကြိုက်စီမံနိုင်ခွင့်ရှိသည်။ဟု ပုဒ်မ-၄၂၀ တွင်ပြဌာန်း ထားသေး သည်။ နိုင်ငံတကာ လူ့အခွင့်အရေး ကြေညာစာတမ်းကိုပါ ချိုးဖောက်ပြီး ဖြစ်နေသည်။



ရွေးကောက်တင်မြှောက်ခံပိုင်ခွင့် မရှိသူများထဲတွင် နိုင်ငံဝန်ထမ်းများ ပါဝင်သည်။(ပုဒ် မ-၂၆(က)တွင်ဖော်ပြထားသော်လည်း၊ ခြွင်းချက်အနေဖြင့် ပုဒ်မ-၁၂၁(ည) အရ စစ်ဗိုလ်ချုပ် များသည် အခွင့်ထူးခံအဖြစ် လွတ်တော်ကိုယ်စားလှယ်များဖြစ်နေကြသည်။ ရွေးကောက်ပွဲ မ၀င်ဘဲ၊ လ္မှတ်တော်ကိုယ်စာလှယ် ၂၅ - ရာခိုင်နှုန်းကို ဥပဒေပုဒ်မ-ရ၄(က)(ခ)၊ ပုဒ်မ-၁၀၉၊ ပုဒ်မ-၁၄၀- တို့ပြဌာန်းပြီး ဓါးပြတိုက်သိမ်းယူထားသည်။ ဥပဒေ ရှေ့တွင် လူတိုင်း တူညီမျှတ ရမည်ဆိုသောမူ ပျောက်ဆုံးသွားသည်။ တရားမျှတမှုကို ဖော်ဆောင်ရမည်ဆိုလျှင် ဖွဲ့စည်းပုံ၏ အခြေခံ အောက်ခံမူ တစုံလုံးကို ပြင်ပစ်ရပါမည် ။ ဥပဒေ ဆိုသည်မှာ တရားမျှတမှု ကို အစွမ်း ကုန်ဖော်ဆောင်နိုင်ရပါမည်။ မူပျက်လျှင် မူအပေါ်မှ လူများအလိုလို ပျက်စီးပြီးသား ဖြစ်သွား ပါမည်။ တိုင်းပြည်ကုန်းကောက်စရာ ကျန်ရှိတော့မည်မဟုတ်ပါ။ ထို့ကြောင့် တရားမျှတမှု ဆိုသည်မှာ ဥပဒေ မဟုတ်ဟု ထုတ်ဖော်ပြရခြင်း ဖြစ်ပါသည်။



ဦးမျိုး (ဥပဒေ)

စည်ပင်က ဖမ်းခေါ်သွားသည့် ကလေးငယ် မိဘလက်ထဲ ပြန်ရောက် ..

ရန်ကုန်တိုင်း တောင်ဒဂုံမြို့နယ်မှာ စည်ပင်သာယာကနေ ဖမ်းဆီး ခေါ်ဆောင် ထိန်းသိမ်းထားတဲ့ ကလေးငယ်တဦးဟာ သူ့မိခင်နဲ့ ကူညီသူတွေ ရဲ့ ကြိုးပမ်းမှုကြောင့် ဒီနေ့ပဲ ထိန်းသိမ်းရေး စခန်းကနေ ပြန်လွတ်လာပါတယ်။ ရန်ကုန်တိုင်း တောင်ဒဂုံòမိ့ ကွင်းမ ရပ်ကွက်နေ အသက် ၉ နှစ်အရွယ် မောင် နိုင်းနိုင်းဟာ ကလေးထိန်းသိမ်းရေး စခန်းကနေ ဒီနေ့ ပြန်လွတ်လာတာပါ။

မိဘ လူ ကြီးမပါဘဲ ကလေးသူငယ်ချင်းနဲ့ အတူ ဘုရားပွဲသွားရာက အပြန်မှာ စည်ပင်ရဲက ဖမ်းသွားတာ ဖြစ်ပါတယ်။ ဒီလဆန်း ၃ ရက်နေ့က ပျောက်သွားတဲ့ သားကို စည်ပင်သာယာက ဖမ်း ခေါ်ဆောင်သွားပြီး ဒီနေ့ပဲ မရမ်းကုန်းမြို့နယ် ချော်တွင်းကုန်း ထိန်းသိမ်းရေး စခန်း ကနေ ပြန်လွတ်လာတာလို့ မောင်နိုင်းနိုင်း အမေ ဒေါ်နုနု က ပြောပါတယ်။ “ကလေး က ၃ ရက်လောက် ပျောက်သွားပြီးတော့ ဟံသာဝတီမှာ သွား တွေ့တယ်၊ ဟံသာဝတီကနေ ချော်တွင်းကုန်း ပို့လိုက်တယ်၊ အဲဒါနဲ့ ကျမသွားထုတ် တဲ့ အခါကျတော့ အခက်အခဲတွေ များနေတယ်၊ အဲဒါနဲ့ ဒီက အဖွဲ့ဝင်တွေကို ကျမ အကူအညီ တောင်းပြီးတော့ ဒီနေ့ လိုက်ထုတ်ပေးလိုက်တာ။ ဒီနေ့ပဲ ပြန်လာတယ်၊ ၉ နှစ်။ မသိဘူး ကျမကလည်း သူတို့ကို မေးပါတယ်၊ ရှိလားလို့ အဲဒါကို မဖြေဘူး၊”


ကလေးကို ဖမ်းပြီးတဲ့နောက် ဟံသာဝတီစည်ပင်ရုံးကို ခေါ်ဆောင်၊ အဲဒီက နေ ချော်တွင်းကုန်း ကလေးထိန်းသိမ်းရေး စခန်းကို ပို့တာလို့ ပြောပါတယ်။ ဖမ်းဆီးခေါ်ဆောင်သွားခံရတဲ့ အသက် ၉ နှစ်အရွယ် မောင်နိုင်းနိုင်းက “သားကို လက်ထိပ်ခတ်သွားတာ။”လို့ ပြန်ပြောပြပြီး သူက အမည်၊ နေရပ်၊ မိဘအမည်ကို ပြောပေမယ့် မလွတ်ပေးဘူးလို့လည်း ဆိုပါတယ်။ မောင်နိုင်းနိုင်း မိခင်နဲ့အတူ ပြန်လည် နေထိုင်ရရေးအတွက် တောင်ဒဂုံòမိ့ နယ်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဝင်တွေက ကူညီဆောင်ရွက်ခဲ့ကြပါတယ်။ ကူ ညီသူတွေထဲက အမျိုးသမီးတဦး က ခုလို ပြောပါတယ်။ “ကလေးတွေက ပြောတာပေါ့၊ ဘူးဘုရားပွဲကို သွားကြတာ၊ သူတို့ ဘုရား မှာ ပွဲတွေဘာတွေ ကြည့်ပြီး သူတို့ ည ၇ နာရီလောက်ကျတော့ အိမ်ပြန်တော့ စည်ပင်ရဲကနေ လှမ်းခေါ်ပြီးတော့ ကောင်လေး ၂ ယောက်ကို လက်ထိပ်ခတ်ပြီး တော့ ခေါ်သွားတယ်။ ခိုးလို့လား၊ ဝှက်လို့လား၊ လို့ မေးတော့လည်း သူတို့က ဘာမှ ပြန်မဖြေဘူး၊ အိမ်ကိုဘာလို့ အကြောင်းမကြားတာလဲလို့ သူ့မိခင်က ပြောတဲ့အခါ ကျတော့လည်း ဘာမှပြန်မပြောဘူး။”

မောင်နိုင်းနိုင်းရဲ့ မိခင် ဒေါ်နုနုက လေလွင့်တဲ့ ကလေးတွေကို ထိန်းသိမ်းရေး စခန်းကို ပို့ဆောင် ထိန်းသိမ်းတာကို မကန့်ကွက်ပေမယ့် သူ့သားဟာ အမည်၊ မိဘ အမည်၊ နေရပ် ၊မိဘလိပ်စာ အကုန်းလုံး ပြောနိုင်ရဲ့သားနဲ့ အိမ်ကို အကြောင်းမ ကြားတာကို ပြစ်တင် ပြောဆိုပါတယ်။ “ကလေးတွေကို အဲလိုမျိုး သွားတဲ့အခါကျတော့ သူတို့ တကယ်လို့ စောင့် ရှောက်မယ် ဆိုလို့ရှိရင် ကိုယ့်ရဲ့ လိပ်စာတို့ လမ်းနံပတ်တို့ ရှိလို့ရှိရင် ပြန်ပြီးတော့ မိဘတွေကို အကြောင်းကြား စေချင်တယ်၊ တကယ်လို့ မိဘက မရှိခဲ့ဘူးဆိုရင် သူတို့ ထိန်းသိမ်းထားတယ်၊ အဲလိုမျိုးဆိုရင် ဖြေသာပါတယ်။” မောင်နိုင်းနိုင်းနဲ့ အတူ ဖမ်းဆီးထိန်းသိမ်းခံရတဲ့ မောင်သက်ပိုင်စိုးဆိုတဲ့ က လေးငယ်ဟာလည်း ငှက်အော်စမ်း ကလေးထိန်းသိမ်းရေးစခန်းကနေ သူ့မိဘတွေက ပြန်လည်ခေါ်ဆောင်ခဲ့ပြီး ဖြစ်တယ်လို့ ကလေးမိဘတွေနဲ့ လိုက်ပါကူညီသူတွေက ပြောပါတယ်။ လိုက်ပါကူညီသူ အဖွဲ့ချုပ်ဝင်ကလည်း မောင်နိုင်းနိုင်းလို အဖြစ်မျိုး မဖြစ် သင့်ဘူးလို့ ဆိုပါတယ်။

“တွေ့ရာကလေးတွေကို ကောက်ဆွဲပြီးတော့ သွားထုတ်တဲ့အခါမှာ မိဘ တွေမှာ အခက်အခဲဖြစ်၊ ပြီးတော့ အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ထုတ်ပြန်တော့ လည်း ပိုက်ဆံ ၂,ဝဝဝ တောင်းပြီး ယူနေတဲ့ ကိစ္စမျိုးတွေကလည်း မဖြစ်သင့်ဘူး၊ ရိုး သားမှု မဟုတ်ဘူး၊ လမ်းပေါ်မှာ လွင့်နေတဲ့ ကလေးတွေ ရှိကြပါတယ်။ “စားရမယ့် သောက်ရမယ့် ကလေးတွေ ရှိတယ်၊ အဲလို ကလေးငယ်မျိုးတွေ ကျတော့ တွေ့အောင်ရှာပြီး ပြုစုပျိုးထောင် ပေးရင်တော့ ကလေးသင်တန်းကျောင်း ဟာ အဓိပ္ပွါယ်ရှိတဲ့ သင်တန်းကျောင်းတခု ဖြစ်လာမယ်လို့ ကျနော်မြင်ပါတယ်။”

သတင်းရင်းမြစ် ..DVB

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဒုဥက္ကဋ္ဌ သူရဦးတင်ဦးကို ဇိုမီးအမျိုးသားကွန်ဂရက်မှဆုချီးမြှင့်သည့် ဂုဏ်ပြုမှတ်တမ်းလွှာ.။






ပြည်သူလူထု လွတ်ငြိမ်းချမ်းသာခွင့်ရဖို့၊ ပြည်သူလူထုအနေနဲ့ ဒီမိုကရေစီရဖို့နဲ့ ဒီမိုကရေစီတိုက်ပွဲ အောင်မြင်ဖို့လုပ်နေတဲ့အတွက်ကြောင့် သူ့ကို အမျိုးသားပြန်လည်သင့်မြတ်ရေး သူရဲကောင်းဆု ပေးတာ ဖြစ်တယ်” ဟု UNAထဲမှ အဖွဲ့အစည်းတခုဖြစ်သည့် ဇိုမီးအမျိုးသားကွန်ဂရက် ZNC ဥက္ကဋ္ဌ ပူကျင့်ရှင်းထန်က ပြောသည်။

ကျနော်တို့ ချင်းပြည်နယ်ကို လာပြီးအပြန် ဒီပဲယင်းမှာ အရိုက်ခံရတယ်။ အခုလို ခံရပြီးတော့ ပထမဦးဆုံး အင်းစိန်ထောင်မှာ မပို့ဘဲ ကလေးထောင်မှာ ၈ လလောက် ကျတယ်။ ဦးတင်ဦးကို ကျနော်တို့ ပြည်သူတွေက အသဲစွဲ ဖြစ်နေတယ်။ အဲဒီအတွက် ဤဆုကိုဦးတင်ဦးအားပေးရခြင်း ဖြစ်တယ်” ဟု ပူကျင့်ရှင်းထန်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဒုဥက္ကဋ္ဌသူရဦးတင်ဦးမှဇိုမီးအမျိုးသားကွန်ဂရက်(ZNC)အားကျေးဇူးတင်
စကားနှင့်အတူဤသို့ပြောကြားခဲ့ပါသည်.။အမှန်ကတော့ဗျာ၊ဒီလောက်တောင်သူရဲကောင်းလည်း
မဟုတ်သေးပါဘူးဗျာ။ တကယ်တမ်း ပြောရလို့ရှိရင် ဒေါ်အောင်ဆန်းစုကြည်တို့ ခေါင်းဆောင်ပြီး
ပါလာတဲ့အခါမှာကျနော်ရဲ့လုပ်ကိုင်ဖူးတဲ့အတွေ့အကြုံတွေအရဒေါ်အောင်ဆန်းစုကြည်ကိုကူညီဖို့ပဲ ပါလာတဲ့သူပါ” ဟု ပြောသည်။“ချင်းတိုင်းရင်းသားများထဲက ပေးတာဆိုတော့ ကျေးဇူးတင်တယ်၊
ဝမ်းသာတယ်။သူတို့နိုင်ငံရေးမျှော်မှန်းချက်၊ရည်ရွယ်ချက်တွေကိုတတ်နိုင်သမျှကူညီဖြေရှင်းပေးမယ်ဆိုတဲ့ သဘောဆောင်တယ်။တိုင်းရင်းသားတွေရဲ့စည်းလုံးညီညွတ်နဲ့ယုံကြည်မှုရမှာသာဒီနိုင်ငံတော်ကြီးဟာ ပြည်ထောင်စု နိုင်ငံတော် ထူထောင်နိုင်မှာပါ။ တိုင်းရင်းသားပေါင်းစုံ တဖက်နဲ့ တဖက် ယုံကြည်စိတ်ချစွာ
ပါဝင်ပြီးပေါင်းစပ်တဲ့နိုင်ငံတော်ကြီးဖြစ်အောင်တစိတ်တဒေသအားဖြင့်ကူညီနိုင်ဖို့စိတ်ကူးပါတယ်”
ဟုပြောကြားခဲ့သည်.။

ပေးပို့ ပေးသော ဇိုမီးအမျိုးသားကွန်ဂရက် (ZNC) အားကျေးဇူးတင်ပါသည်.။

သံဃာတော်များမှ အိတ်ဖွင့်ပေးစာ။




မြန်မာနိုင်ငံ သာဿနာတော် ကာကွယ်ရေးတပ်ဦး။

နေ့ စွဲ။ ဖေဖေါ်ဝါရီလ (၂၂) ရက်နေ့ ၊ ၂၀၁၀ ခုနှစ်။

တိုင်းရင်းသားပြည်သူများ၊ တပ်မတော်သားများ၊ ကျောင်းသားကျောင်းသူများး၊ တောင်သူဦး ကြီးများ နှင့် ဝန်ထမ်းအလုပ်သမားများအားလုံးသို့ သံဃာတော်များမှ အိတ်ဖွင့်ပေးစာ။

အခုလက်ရှိ အချိန်ကာလဟာ တိုင်းပြည်ရဲ့ အနာဂတ် ကံကြမ္မာအတွက် သေရေးရှင်ရေး နဲ့ တမျှ အရေးကြီးနေတဲ့ အချိန်ကာလ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ တိုင်းရင်းသားပြည်သူများဟာ တိုင်းပြည်ရဲ့ အနာဂတ်ကို နအဖ စစ်ခေါင်းဆောင် တွေရဲ့ သေးသိမ်နုံချာတဲ့ သဘောထား အတိုင်း အဖြစ်ခံလို့ မရပါဘူး။

သက္ကရာဇ် (၂၀၁၀) ရဲ့ မြန်မာ့နိုင်ငံရေး အပြောင်းအလဲဟာ ကျွန်ုပ်တို့ တိုင်းရင်းသား ပြည်သူ လူထု အားလုံးရဲ့ ဆန္ဒသဘောထားအတိုင်းသာ ဖြစ်စေရပါမယ်။

ဒီလိုဖြစ်လာဖို့အတွက် ဘုန်းဘုန်းတို့နဲ့အတူ တိုင်းရင်းသားပြည်သူများ၊ တပ်မတော်သားများ၊ ကျောင်းသားကျောင်းသူများ၊ တောင်သူဦးကြီးများနဲ့ ဝန်ထမ်းအလုပ်သမားအားလုံးတို့ အနေနဲ့ လမ်းကြောင်းတခုထဲ ပေါ်မှာ စုစည်းညီညွတ်စွာနဲ့ အာဏာရှင်စနစ်အောက်က ရုံန်းထွက်နိုင်ဖို့ အခုလို အိပ်ဖွင့်ပေးစာကို ပေးရခြင်းဖြစ်ပါတယ်။ ငြိမ်းချမ်းစွာ ဆန္ဒဖေါ်ထုတ်သည့် အမျိုးသား ရေး အလုပ်သမားလှုပ်ရှားမှုကြီးမှ တမျိုးသားလုံး ပူပေါင်းပါဝင်လုပ်ဆောင်မဲ့ အမျိုးသား လွတ်မြောက်ရေးလှုပ်ရှားမှုကြီးဖြင့် နအဖ စစ်အာဏာရှင်စနစ်ကို မြန်မာပြည်မြေကြီးပေါ်မှ အပြီးအပိုင် ဖယ်ရှားပေးနိုင်မဲ့ဖို့ ရည်ရွယ်ပါတယ်။

အခုလက်ရှိ အခြေ အနေမှာ လွတ်လပ်မှု၊ တရားမျှတမှု၊ တန်းတူညီမျှမှု ဆိုတဲ့ လူ့အခွင့်အရေး တွေကို မြန်မာပြည်သူလူထု အားလုံး ရှုံးဆုံးနေကြရပါတယ်။ မြန်မာပြည်သူ လူထုဟာ အာဏာ ရူး နေတဲ့ စစ်အာဏာရှင် ဗိုလ်သန်းရွှေရဲ့ မတရား ဖိနှိပ် ချုပ်ချယ်မှုအောက်မှာ ညှဉ်းပန်းနိုပ်စက် သတ်ဖြတ်မှုတွေကို ခံနေကြရဆဲ ဖြစ်ပါတယ်။ စစ်အာဏာရှင် ဗိုလ်သန်းရွှေဟာ ရဲဘော်တို့ရဲ့ တည်ကြည်မှု၊ သစ္စာစောင့်သိမှု တွေကို အသုံးချပြီး သူ့ အာဏာတည်မြဲဖို့၊ သူ့ရဲ့သားသမီး၊ မြေးမြစ်တွေ ကောင်းစားဖို့ စီမံ ဆောင်ရွက်နေကြ ပါတယ်။

သမိုင်း အစဉ်အလာ ကြီးမားတဲ့ မြန်မာ့တပ်မတော်ကို မှားယွင်းစွာ ဦးဆောင် အသုံးချနေတဲ့ အာဏာရှင် ဗိုလ်သန်းရွှေကို တော်လှန်ပြီး ပြည်သူ့ ရင်ခွင်ကို ခိုလှုံလာဖို့ လေးနက်တည်ကြည် စွာ ဖိတ်ခေါ်အပ်ပါတယ်။ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုကြီးအထဲမှာ အတူပူးပေါင်း ပါဝင်လာကြမဲ့ တပ်မတော်သား အပေါင်းကို တိုင်းရင်းသားပြည်သူတရပ်လုံးက ဂုဏ်ယူစွာနဲ့ နွေးနွေးထွေးထွေး ကြိုဆိုနေကြမှာ ဖြစ်ပါတယ်။

ကျောင်းသားဆိုတာ တော်လှန်ရေးရဲ့ ပြယုဂ်တခုပဲ ဖြစ်ပါတယ်။ မြန်မာ့သမိုင်း ခေတ်အဆက် ဆက် နယ်ချဲ့ ဆန့်ကျင်ရေး၊ဖက်ဆစ် တော်လှန်ရေး၊ စစ်အာဏာရှင် ဆန့်ကျင်ရေးတိုက်ပွဲ ကာလ တလျှောက်လုံးမှာ ခွပ်ဒေါင်းအာဇာနည်များက သမိုင်းမော်ကွန်းတွေကို အထပ်ထပ် ရေးထိုးခဲ့ကြပြီးပါပြီ။ ကျောင်းသားတွေရဲ့ ကြီးမြတ်တဲ့ သမိုင်း အစဉ်အလာကို ဂုဏ်ယူ ဝန့်ကြွားစွာနဲ့ ထိမ်းသိမ်းပြီး အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုတပ်ဦးမှာ ဦးဆောင် နေရာယူကြဖို့ ဘုန်းဘုန်းတို့က ယနေ့ခေတ်ကျောင်းသားမျိုးဆက်များကို အလေးအနက် တိုက်တွန်းအပ်ပါတယ်။ တတိုင်းပြည်လုံးရှိ ကျောင်းသားတွေရဲ့ ပါဝင်ဦးဆောင်မှုဟာ အဆုံးအဖြတ်ပေးမဲ့ တိုက်ပွဲ အောင်မြင်ဖို့အတွက် အသက်သွေးကြောဘဲ ဖြစ်ပါတယ်။ ပါဝင်ဦးဆောင်ကြမယ်ဆိုတာကိုလဲ အပြည့်အဝ ယုံကြည်ထားပါတယ်။

အခုအချိန်မှာ အလုပ်သမားထုကြီးဟာ မိမိတို့ နှစ်ပေါင်းများစွာ ရုံးဆုံးနေတဲ့ အလုပ်သမား အခွင့်အရေးတွေ၊ လူ့အခွင့်အရေးတွေအတွက် ငြိမ်းချမ်းစွာဆန္ဒထုတ်ဖေါ်သည့် အမျိုးသားရေး အလုပ်သမားလှုပ်ရှားမှုကြီးကို စတင်လုပ်ဆောင်နေကြပါပြီ။ တနိုင်ငံလုံးမှာရှိတဲ့ တောင်သူ လယ်သများ၊ ဝန်ထမ်းအမှုထမ်းများ၊ အလုပ်သမားထုရပ်လုံးက နေပြီးတော့မှ မိမိတို့ရဲ့ အဖိနိုပ်ခံဘဝတွေကနေ တပြိုင်ထဲ ရုံန်းထွက်ကြဖို့ အချိန်ကြရောက်နေပြီဆိုတာကို ဘုန်းဘုန်းတို့မှ တော်လှန်ရေးသတိပေးနိုးဆော်အပ်ပါတယ်။

နအဖ စစ်အာဏာရှင်လက်အောက်ကနေ ဘုန်းဘုန်းတို့အားလုံး လွတ်မြောက်ရမယ်၊ ဆင်းရဲတွင်းကနေ လွတ်မြောက်ရမယ်၊ မတရား ဖိနှိပ် ချုပ်ချယ်မှု တွေကနေ ကင်းဝေးရမယ် ဆိုတဲ့ ယုံကြည်ချက်တွေကို မြဲမြဲ ဆုပ်ကိုင်ထားမယ်လို့ ယုံကြည်ထားပါတယ်။

ဗိုလ်သန်းရွှေနဲ့ နအဖရဲ့ နိုင်ငံရေးအာဏာဟာ အချိန်မရွေး ပြိုကွဲသွားနိုင်တဲ့ အရာဖြစ်တယ်။ စစ်အုပ်ချုပ်ရေး ယန္ဒရားဟာလည်း အချိန်မရွေး ပြိုကွဲသွားတဲ့ အရာဖြစ်တယ်။ ဗိုလ်သန်းရွှေနဲ့ နအဖရဲ့ စစ်အာဏာရှင်စနစ်တခုလုံး အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုကြီးအောက်မှာ အမိမြန်မာပြည်မြေကြီးပေါ်က လုံးဝပြောက်ကွယ်သွားရမယ် ဖြစ်တယ်။


မြန်မာနိုင်ငံ သာဿနာတော် ကာကွယ်ရေးတပ်ဦး
ရန်ကုန်မြို့ ။

23 February 2010

ကျောက်မီးသွေးနဲ့လျှပ်စစ်ထုတ်လုပ်ဖို့ လုပ်တာကတော့ သန်းရွှေကပြည်သူတွေအပေါ်စေတနာထားတဲ့လား?..။

ဖေဖေါ်ဝါရီလ (၁၁) ရက်နေ့ က သဘောတူလက်မှတ်ရေးထိုးခဲ့ကြတဲ့ - နအဖက တရုတ်နိုင်ငံနဲ့ ပေါင်း၍ ရန်ကုန်မြို့ကို ကျောက်မီးသွေးနဲ့ မီးပေးဖို့  စီစဉ်နေတာနဲ့ ပတ်သက်ပြီး - လျှပ်စစ်မီး မရှိဘဲ အမှောင်ထဲမှာ နေနေကြရတဲ့၊ လျှပ်စစ်မီး မလာလို့  ရေကအစ ဆက်စပ်နေတဲ့ အခက်အခဲတွေအားလုံးကို ကြာမြင့်စွာ ဒုက္ခရောက်နေကြရတဲ့ ပြည်သူလူထုတွေကတော့ လျှပ်စစ်မီးရတော့မှာဘဲလို့  စိတ်ကူးလေးနဲ့  ပျော်ရွှင်ကောင်း ပျော်ရွှင်မှာကို ပြည်သူတွေအတွက် ကိုယ်လည်း စိတ်ကူးလေးနဲ့ ပျော်မိပါတယ်။ သို့ သော်လည်း …ဒါပေမယ့် နအဖရဲ့  လျှပ်စစ်စီမံကိန်းကြီးတွေကတော့ သတင်းစာကိုင်ရင် ဓါတ်လိုက်တယ်လို့  ပြောတဲ့ ဟာသလို အပြင်မှာလည်း တကယ် လျှပ်စစ်မီးတွေ မရကြတာမို့ နအဖရဲ့  လျှပ်စစ်စီမံကိန်းမှန်းသမျှ ပြည်သူလူထုအတွက် အပြည့်အ၀ ရ မရကို အခုလည်း စောင့်ကြည့်ရဦးမှာပါ။

ဒီ ရန်ကုန်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်းကို နအဖ အမှတ်(၁) လျှပ်စစ်စွမ်းအားဝန်ကြီးဌာန၊ ရေအား လျှပ်စစ်စီမံကိန်းဦးစီးဌာနနဲ့  တေဇရဲ့  ထူးကုမ္ပဏီရယ် တရုတ်နိုင်ငံဘက်က Huaneng La-ncang River Hydropower Co.Ltd. တို့ ကနေ ပူးပေါင်းပြီး ဒီနှစ်အတွင်းမှာ စတင် အကောင်အထည်ဖော်ဆောင်ရွက်သွားမယ်လို့  သိရပါတယ်။ ရန်ကုန်မြို့ကို လျှပ်စစ်မီးအပြည့်အ၀ပေးနိုင်ဖို့ ကတော့ အနည်းဆုံး နှစ်နှစ်လောက် ကြာဦးမှာ ဖြစ်ပါတယ်တဲ့။

နအဖရဲ့  လျှပ်စစ်မီးထုတ်လုပ်ရေး လျှပ်စစ်မီး အပြည့်အ၀ရရှိရေး ပြောဆိုသံတွေကတော့ ဒါတင်မကဖူး ပြည်သူလူထုအတွက် ဘာလုပ်ပေးမယ် ညာလုပ်ပေးမယ် ဆိုတဲ့ အခြားသော စီမံကိန်းတွေ အပြောတွေကတော့ ဒီနှစ် ၂၀၁၀ အစမှာ အသံကောင်းနဲ့  တစ်ခုပြီး တစ်ခုထွက်လာနေတာတွေကတော့ နအဖရဲ့  ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအတွက် ပြည်သူလူထုကို မဲဆွယ်နေတဲ့သဘောတွေ တွေ့ နေရပါတယ်။

နအဖရဲ့  တရုတ်နိုင်ငံနဲ့ ပေါင်းပြီး ရန်ကုန်ကို ကျောက်မီးသွေးနဲ့  မီးပေးမယ်ဆိုတော့ ပြောစရာတွေကတော့ ပေါ်လာပြန်ပြီ။ နအဖရဲ့  ရေအားလျှပ်စစ်တွေ၊ သဘာဝဓါတ်ငွေ့ တွေကရော ဘယ်ရောက်သွားပါသလည်း။ ကျောက်မီးသွေးနဲ့ မှ လျှပ်စစ်မီးပေးရတာလား၊ သုံးမဲ့ကျောက်မီးသွေးကရော ဘယ်ကဘယ်လို သုံးကြမှာလည်း၊ ကျောက်မီးသွေးမိုင်းတွင်းတွေ အခြေအနေကရော၊ ကျောက်မီးသွေးနဲ့  လျှပ်စစ်မီးပေးတဲ့နေရာမှာ ဆိုးကျိုးထိခိုက်မှုတွေရော ပြည်သူလူထုက သိကြပါရဲ့ လား၊ ဖြစ်ပေါ်လာမယ့် ဆိုးကျိုးတွေအတွက် ဘယ်လိုကာကွယ်ကြမှာလည်း ဘယ်လိုကုသကြမှာလည်းဆိုတာ နအဖက ပြင်ဆင်ဆောင်ရွက်ထားမှု ရှိပါရဲ့ လား - အစရှိတဲ့ အချက်တွေကို သိထား သုံးသပ်ထားကြဖို့  လိုမယ် ထင်ပါတယ်။

ကျောက်မီးသွေးဓါတ်အားပေးဆိုတာ အခုမှ ထူးထူးဆန်းဆန်း မဟုတ်ပါ။ နှစ်ပေါင်းများစွာကတည်းက လျှပ်စစ်ဓါတ်အားထုတ်လုပ်ဖို့ အတွက် ကျောက်မီးသွေးတွေကို လောင်ကျွမ်းစေပြီး ထွက်ရှိလာတဲ့ ရေနွေးငွေ့ ကို တာဘိုင်စက်ကြီးတွေကို လည်ပတ်စေပြီး လျှပ်စစ်ဓါတ်အားထုတ်တာပါဘဲ။ ဒါကို အခု နအဖက ထူးထူးဆန်းဆန်းလုပ်ပြီး တရုတ်နိုင်ငံနဲ့ ပူးပေါင်းထုတ်လုပ်တဲ့ စီမံကိန်းဆိုပြီး သတင်းတွေမှာ ဖေါ်ပြနေတာပါ။

ရန်ကုန်မြို့ ကြီးကို ကျောက်မီးသွေးနဲ့  လျှပ်စစ်မီးပေးမယ်ဆိုတာ နအဖရဲ့  သံသယရှိဖွယ် မြုပ်ကွက်တွေ ရှိနေနိုင်ပါတယ်။ နေပြည်တော်မှာလည်း မိုင်းတွင်းလုပ်ငန်းကို အကြောင်းပြပြီး ဥမင်လှိုဏ်ခေါင်းတွေဆောက်ကာ ညူကလီယားထုတ်လုပ်ရေးတွေလုပ်တယ်လို့  အစီရင်ခံစာတွေလည်း မကြာသေးခင်က တွေ့ ကြမှာပါ။ နောက်တစ်ခု သိရှိချက်အရဆိုရင် ဒီကျောက်မီးသွေးနဲ့  လျှပ်စစ်ထုတ်လုပ်ရေးစီမံကိန်းမှာ တရုတ်နိုင်ငံက သူ့ ဆီက ကျောက်မီးသွေးတွေ ပံ့ပိုးကူညီမှာ မဟုတ်ပါဖူး။ ဒီတော့ တရုတ်နိုင်ငံအတွက်များ ဒီစီမံကိန်း ဘန်းပြပြီး တရုတ်နိုင်ငံမှာ မလုံလောက်လို့  လိုအပ်နေတဲ့ ကျောက်မီးသွေးတွေ မြန်မာနိုင်ငံ နအဖကနေ လျှို့ ဝှက်တင်ပို့ ဖို့ လုပ်တာလားဆိုတာလည်း သံသယ ရှိစရာပါ။

ကျောက်မီးသွေးနဲ့  လျှပ်စစ်မီးထုတ်မယ်ဆိုတာကို ပြန်ဦးတည် သုံးသပ်ရရင် - နအဖနဲ့  တရုတ်နိုင်ငံ ပေါင်းလုပ်တာမို့  မြန်မာနိုင်ငံဘက်ရော တရုတ်နိုင်ငံဘက်ရော သုံးသပ်ကြည့်ရမှာ ဖြစ်ပါတယ်။

ပထမဦးဆုံး တရုတ်နိုင်ငံကနေ အကူအညီပေးမယ်ဆိုတော့ ဒီ ရန်ကုန်ကျောက်မီးသွေး ဓာတ်အားပေးစက်ရုံစီမံကိန်းနဲ့ ပတ်သက်ပြီး - တရုတ်နိုင်ငံမှာ ကျောက်မီးသွေးသုံးလို့  ပြဿနာတွေ ကြုံရတာ သိကြဖို့  ဖေါ်ပြလိုပါတယ်။


တရုတ်နိုင်ငံမှာ ကျောက်မီးသွေး သုံးလို့  အောက်ဖေါ်ပြပါ ဆိုးကျိုးတွေ ဖြစ်ခဲ့ပါတယ်။

၁။ ရောဂါဘေးဆိုးများ အန္တရာယ်။

ကျောက်မီးသွေးများ လောင်ကျွမ်းရာကနေ ထွက်ပေါ်လာတဲ့ မီးလောင်ငွေ့ ဟာ လူအပါအ၀င် သက်ရှိသတ္တ၀ါတွေရဲ့  အသက်ရှူလမ်းကြောင်းပိုင်းဆိုင်ရာ၊ နှလုံးပိုင်းဆိုင်ရာနဲ့  ဦးနှောက်နဲ့  အာရုံကြောဆိုင်ရာတွေကို ထိခိုက်စေပါတယ်။

ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် ဖြစ်ပေါ်လာတဲ့ ဓါတ်ငွေ့ တွေကြောင့် နှလုံးရောဂါနဲ့  အဆုတ်ရောဂါတွေကို ဖြစ်ပေါ်စေပါတယ်။

ထို့ အပြင် ကလေးတွေမှာ မွေးဖွားတဲ့အချိန်က စပြီး နှုတ်ခမ်းကွဲနာတွေကိုလည်း ဖြစ်ပေါ်စေပါတယ်။

ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် မာကျူရီပြဒါးဓါတ်တွေ ထွက်ပေါ်လာပြီး အဆိုပါ မာကျူရီပြဒါးဓါတ်ဟာ လူ့ ခန္ဓာကိုယ်ကို အဆိပ်သင့်စေပါတယ်။ ဒီ မာကျူရီပြဒါးဓါတ်ကို ငါးတွေ သောက်သုံးရေတွေထဲ စိမ့်ဝင်နေရာကနေတစ်ဆင့်လည်း လူတွေဆီရောက်ရှိပြီး ခန္ဓာကိုယ်အဆိပ်သင့်စေတတ်ပါတယ်။



၂။ လေထုညစ်ညမ်းမှု အန္တရာယ်နဲ့  အက်ဆစ်မိုးရွာသွန်းခြင်း။

ကျောက်မီးသွေးမိုင်းတွင်းတွေရဲ့  ကျောက်မီးသွေးထုတ်လုပ်မှု၊ ကျောက်မီးသွေးလောင်ကျွမ်းမှုနဲ့  ကျောက်မီးသွေးအလေအလွင့်၊ ကျောက်မီးသွေးမိုင်းတွင်း စွန့် ပစ်ပစ္စည်းတွေကြောင့် ရေထု မြေထု အထူးသဖြင့် လေထုညစ်ညမ်းမှုကို ဖြစ်ပေါ်စေပါတယ်။

ကျောက်မီးသွေးလောင်ကျွမ်းမှုကြောင့် ပေါ်ထွက်လာတဲ့ ကာဘွန်ဒိုင်အောက်ဆိုဒ်၊ ဆာဖာဒိုင်အောက်ဆိုဒ်၊ နိုက်တြိုဂျင်အောက်ဆိုဒ်ဓါတ်ငွေ့ တွေဟာ အက်ဆစ်မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေပါတယ်။ အက်ဆစ်မိုးကို ရုတ်တရက်အားဖြင့် သာမန်မိုးနဲ့  ခွဲခြားမြင်ဖို့  ခဲယှဉ်းပါတယ်။ ကျောက်မီးသွေးမိုင်းတွင်းနဲ့  အနီးအနားက ပတ်ဝန်းကျင်ဒေသတွေမှာ အက်ဆစ်မိုးရွာသွန်းပြီး ဒီအက်ဆစ်မိုးကြောင့် နှလုးရောဂါနဲ့  အဆုတ်ရောဂါတွေဖြစ်တဲ့ ရင်ကြပ်ပန်းနာ၊ လည်ချောင်းနာတွေကို ဖြစ်ပါတယ်။

၃။ ကျောက်မီးသွေးမိုင်းတွင်းများ အန္တရာယ်။

ကျောက်မီးသွေးမိုင်းတွင်းကနေ ထွက်ရှိလာတဲ့ သေးငယ်လွန်းလှတဲ့ ကျောက်မီးသွေးအပိုင်းအစလေးတွေဟာ ကျောက်မီးသွေးမိုင်းတွင်း တည်ရှိရာနေရာဒေသ အပါအ၀င် အနီးအနားပတ်ဝန်းကျင်ဒေသတွေကို ထိခိုက်ပျက်စီးစေပါတယ်။ အဆိုပါနေရာဒေသတွေမှာ နေထိုင်ကြတဲ့ ပြည်သူလူထုရဲ့  ရေတွေ၊ လေတွေ၊ မြေတွေကို အဓိက ထိခိုက်စေတာ ဖြစ်ပါတယ်။ ကျောက်မီးသွေးသဘာဝဟာ မြေကြီးအောက်မှာ နှစ်သန်းပေါင်းများစွာ ဖွဲ့ စည်တည်ဆောက်ဖြစ်ပေါ်လာတာမို့  ကျောက်မီးသွေးအမှုန်အစအနတွေဟာ တော်ရုံတန်ရုံနဲ့  မပျောက်ပျက်သွားပါဖူး။

ဒါကြောင့်မို့ လို့  ဖွံ့ ဖြိုးတိုးတက်တဲ့ နိုင်ငံတွေမှာ နိုင်ငံအစိုးရတွေနဲ့  ပတ်ဝန်းကျင်ထိန်းသိမ်းရေးအဖွဲ့ အစည်းတွေကနေ ကျောက်မီးသွေးမိုင်းတွင်းရဲ့  ကျောက်မီးသွေးထုတ်လုပ်မှုမှာ ကျောက်မီးသွေး အလေအလွင့်အစအနတွေ လက်လွယ်စပယ် မစွန့် ပစ်ရအောင် ပြင်ပကို အလွယ်တကူ မပြန့် နှံ့  မရောက်ရှိရအောင် စနစ်တကျနဲ့  သေချာစွာ ဆောင်ရွက်ဖို့  ဥပဒေတွေ တားမြစ်ချက်တွေ နည်းစနစ်တွေနဲ့  ထိန်းချူပ်ပေးကြပါတယ်။





(ဖေါ်ပြပါပုံတွေကတော့ ကျောက်မီးသွေးမိုင်းတွင်းတွေ ရှိရာမြို့ ဖြစ်တဲ့ တရုတ်နိုင်ငံ လင်းဖန်မြို့  (Linfen) က အခြေအနေပုံတွေ ဖြစ်ပါတယ်။ လင်းဖန် (Linfen) မြို့ ကို ကမ္ဘာ့လေထုအညစ်ညမ်းဆုံးမြို့ အနေနဲ့  သတ်မှတ်ထားပါတယ်။ ဒီမြို့ မှာ နေထိုင်ကြသူ (၄) သန်းကျော်ရှိပြီး သူတို့ တွေ ပြောပြချက်အရ သူတို့ ဟာ နေကို တစ်နှစ်လုံးနေမှ ရက်အနည်းငယ်သာ မြင်ရကြောင်း၊ ထူထပ်စွာဖုံးအုပ်နေတဲ့ မီးခိုးတွေ အမှုန်တွေကြောင့် နေကို မမြင်ရတာဖြစ်ပြီး မြို့ တစ်မြို့ လုံးဟာလည်း အခိုးအငွေ့ တွေကြောင့် မှောင်မဲနေကြောင်း၊ လမ်းတွေ မြေတွေပေါ်မှာလည်း လမ်းလျှောက်ရင် ခြေရာကျန်တဲ့အထိအောင် အမှုန် အမှုန့် တွေ ထူထပ်နေကြောင်း၊ ရောဂါဘေးများလည်း ကြုံတွေ့ ခံစားကြရကြောင်း ကမ္ဘာ့သတင်းဌာနတွေကို ပြောပြကြပါတယ်။




ဒီတော့ အချူပ်ပြန်ဆိုရရင် အခြားသောတိုးတက်သည့် နည်းလမ်းများ၊ ကျောက်မီးသွေးထက် ပိုသင့်တော်သော အခြားသဘာဝပစ္စည်းများဖြစ်ကြတဲ့ သဘာဝဓါတ်ငွေ့ တွေ လောင်စာဆီတွေ ရေအားတွေနဲ့  လျှပ်စစ်မီးထုတ်လုပ်ရနိုင်ရဲ့ သားနဲ့  နိုင်ငံခြားတိုင်းပြည်များကိုကျတော့ ရောင်းချပြီး ပြည်တွင်းအတွက်ကျတော့ ကျောက်မီးသွေးနဲ့  လျှပ်စစ်ထုတ်လုပ်ဖို့ လုပ်တာကတော့ နိုင်ငံတော် စေတနာ သန်းရွှေစေတနာကြီး ထင်ပါရဲ့ ။

ရန်ကုန်မြို့ သူမြို့ သားများကို အညှိုးအတေးနဲ့  မီးခိုးမှောင်တိုက်သွင်းဖို့ လုပ်တဲ့ ရောဂါဘေးအန္တရာယ်ဆိုးတွေ ပေးတွေ့ စေလိုတဲ့ နိုင်ငံတော် စေတနာ သန်းရွှေစေတနာကြီး ထင်ပါရဲ့ ။ လျှပ်စစ်မီးထုတ်ဖို့  အကြောင်းပ်ြပြီး ရန်ကုန်ပြည်သူလူထုကို ၂၀၁၀ ရွေးကောက်ပွဲကာလ ချွေးသိပ်တဲ့ မဲဆွယ်မှုလေးနဲ့ အတူ နအဖတို့  အားကိုးရာ တရုတ်နိုင်ငံကြီးအတွက် မြန်မာ့သယံဇာတ တွင်းထွက်တွေ ခိုးရောင်းစားဖို့ တာဆူနေတာလား။ ဒါမှ မဟုတ် မိုင်းတွင်းဘန်းပြပြီး နောက်ထပ် ဥမင်လှိုဏ်ခေါင်းတွေ ညူကလီယားစီမံကိန်းအတွက် ပြင်ဆင်နေတာလား ဆိုတာတွေပါ ထည့်မစဉ်းစားခင် - ရန်ကုန်မြို့ သူမြို့ သားတွေ ရှေးဦးစွာ ရင်ဆိုင်ရမှာတွေကတော့ အထက်ကဖေါ်ပြပေးတဲ့ ရောဂါဘေးအန္တရာယ်ဆိုးတွေ၊ လေထုညစ်ညမ်းမှုနဲ့  အက်ဆစ်မိုးရွားသွန်းမှုအန္တရာယ်တွေ၊ ကျောက်မီးသွေးမိုင်းတွင်းအန္တရာယ်တွေကို ကြုံတွေ့ ကြရမှာ ဖြစ်ပါတယ်။

နအဖတွေ ပြောပြောနေတဲ့ နိုင်ငံတော်စေတနာကြီး နိုင်ငံတော်အကြီးအကဲစေတနာကြီးဖြစ်တဲ့ ရန်ကုန်မြို့ အတွက် ကျောက်မီးသွေး လျှပ်စစ်ဓါတ်အားပေး စီမံကိန်းကြီးကတော့ဗျာ နအဖတွေရဲ့  လက်လွတ်စပယ်လုပ်ရပ်တွေကြောင့် ပြည်သူတွေအတွက် ရင်လေးစရာပါဘဲ ……

နစ်နေမန်း

ပြန်လည် မျှဝေ ပေးပို့ ပေးသော ကိုနစ်နေမန်း အား ကျေးဇူးတင်ပါသည်။


22 February 2010

သူရဦးတင်ဦး အတွက် အမှန်လမ်း.....

ဒီ “အမှန်လမ်း” ကဗျာကို ကွယ်လွန်သူ ဆရာကြီးတင်မိုးက အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဒု-ဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး ၏ (၇၉)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် မွေးနေ့လက်ဆောင် အဖြစ် ရေးခဲ့သော ကဗျာဖြစ်ပါတယ်။


အမှန်တရားအတွက် တိုက်ပွဲဆိုတာ သွေး၊ ချွေး၊ အသက်၊ စည်းစိမ်းနဲ့ အနာဂတ်တွေရင်းထပ်ပြီး၊ ပေးဆပ် အနစ်နာခံမှုပေါင်း များစွာနဲ့သာ အောင်ပန်းကို ဆွတ်ခွာနိုင်မှာဖြစ်ပြီး၊ လွယ်လင့်တကူ အချောင်ရနိုင်သည်အရာမျိုး မဟုတ်ပေ။ ထိုပေးဆပ်မှုတွေနဲ့ ရလာတဲ့အောင်မြင်မှု၌သာ မြတ်နိုး တန်းဖိုးထားမှုနဲ့အတူ အောင်မြင်မှုရဲ့ ကြည်နူးပီတိ တမြမြခံစား စံစားကြရနိုင်မှာကို .... ဆရာကြီးက ....




“ အမှန်လမ်း ”



မှန်ကန်တဲ့လမ်းဆိုတာ
ကြမ်းတော့ ခရီးကြမ်းပဲ
လျှောက်လှမ်းတဲ့သူ နည်းတယ်။
ညာသံပေးရုံ ပေးပြီး
ဒလိမ့်ခေါက်ကွေး လိမ့်ကျ
မထနိုင်လို့ နောက်ဆုတ်
ပုဆစ်ဒူးတုပ် အရှုံးပေး
ပြေးသူလဲ ပြေးသပေါ့။

ရေတစက် ရေတခွက်မျှ
လက်ကမ်းသူမရှိ။
ထိုင်ခုံကလေး တနေရာမျှ
နားစရာမရှိ
ပန်းကလေး တပွင့်မျှ
ကမ်းလင့်သူ မရှိ။

ဘယ်လောက်ပဲ တောခေါင်ခေါင်
အောင်စိတ်ကို ရှေ့ဆောင်ပြီး
တောင်ကိုကျော် မှော်ရုံဖြတ်
တောစပ်ကိုနင်း
အဖော်ကင်းပေမယ့်
အားတင်းလို့ ချီတက်ရမှာပဲ။
ခက်ခဲတဲ့လမ်းမှာမှ
သစ္စာပန်းက ပွင့်တတ်တယ်။
လွယ်လွယ်ကူကူ၊ ဆွတ်ချူလို့မရ
ဒုက္ခကို အရင်းအနှီးပြု ပြီးမှ
သုခချမ်းသာနဲ့ ပြည့်လျှမ်းတဲ့
ပန်းပွင့်ကို ရနိုင်မယ်။
အခက်အခဲကို မကြောက်
ဒူးမထောက် လက်မမြှောက်နဲ့
မရောက်အရောက် လှမ်းတက်
စိတ်ပျက်တာတွေ ဖယ်ရှား
သွားဖန်များ ခရီးရောက်မှာမို့
နောက်သို့ မဆုတ်တမ်း
ရှေ့သို့ အဟုတ်လမ်း
တို့စခန်း မြင်ရပြီ
မဟုတ်လားကွယ် ။ ။

တင်မိုး

မြန်မာ့ဘဝ ၊မြန်မာ့ပါတ်ဝန်းကျင် နှင့် မြန်မာ့ကဗျာ...

အလံတော်သစ်ဂျာနယ်....

အလံတော်သစ်ဂျာနယ်....

၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအချိန် စာရင်း နှင့် ၂၀၁၀ ခုနှစ် သမ္မတလောင်း အခြေခံအရည်အချင်း လိုအပ်ချက်



၂၀၁၀ ခုနှစ် ရွေးကောက်ပွဲအချိန် စာရင်း နှင့် ၂၀၁၀ ခုနှစ် သမ္မတလောင်း အခြေခံအရည်အချင်း လိုအပ်ချက်

၂၀၁၀ ခုနှစ် (နိုင်ငံတကာက အာရုံစိုက်မှုနည်းချိန်နှင့် အခါတော်ပေးများမှ သတ်မှတ်ပေးသော အခါကောင်းကျသောအချိန် တိုင်းသူပြည်သားများ အလစ်အငိုက်မိချိန် ဆန့်ကျင်ဘက်နိုင်ငံရေးအင်အားစုများ ခြေကုန်လက်ပန်းကျချိန်)တွင် ကမ္ဘာ့မှတ်တမ်းတင် အမြန်ဆုံးရွေးကောက်ပွဲကြီး ကျင်းပပြီး အမြန်ဆုံးအာဏာ လွဲပြောင်းပေးမည်။ ပြည်သူများမှ လွတ်လပ်စွာမဲဆန္ဒပေးနိုင်ရမည်။ နိုင်ငံတကာမှလဲ လွတ်လပ်၍ တရားမျှတသောရွေးကောက်ပွဲတစ်ရပ်ကို မျက်ဝါးထင်ထင် မြင်တွေ့စေရမည်။ နိုင်ငံတော်အကြီးအကဲမှ လွတ်လပ်စွာ တင်ချင်သည့် သမ္မတကိုတင်မည်။ တင်ချင်သည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများကိုတင်မည်။ လွဲချင်သည့်သူကို အာဏာလွဲ ပေးမည်ဖြစ်သည်။

(မှတ်ချက်၊ လွှဲချင်မှလဲ လွှဲမည်။ နိုင်ငံတကာ ဒီမိုကရေစီစံနှုန်းအတိုင်း လွတ်လပ်စွာ နိုင်ငံတော်အကြီးအကဲ မှလွတ်လပ်စွာ လုပ်ချင်သလိုလုပ်သွားမည်။)

သမ္မတလောင်း အရည်အချင်းသတ်မှတ်ချက်

၁. နိုင်ငံတော်အတွင်း ၀န်ထမ်းများ ကိုလစာ မဖူလုံအောင်ပေးနိုင်ရမည်။

၂. ၀န်ထမ်းများ တံစိုးလက်ဆောင် စားသောက်ယူငင်နိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးနိုင်ရမည်။

၃. နေ့မအား ညမနား အလုပ်လုပ်ချင်ဟန် ဆောင်နိုင်ရမည်။

၎. ပြည်သူများ အား ရေမလုံလောက်အောင် ဖြန့်ဝေနိုင်ရမည်။ မှတ်ချက် ( တပ်မတော်နှင့်အစိုးရအရာရှိကြီးများ မပါ)

၅. ပြည်သူများ အားလျှပ်စစ်မီးမလုံလောက်အောင်ဖြန့်ဝေပေးနိုင်ရမည်။ မှတ်ချက်(တပ်မတော်နှင့်အစိုးရ အရာရှိကြီးများ မပါ)

၆. နိုင်ငံပိုင်ပစ္စည်းအမျိုးမျိုး ( ပြည်တွင်းပြည်ပ မြေပေါ်မြေအောက်)များကို ပြည်သူများ နှင့်နိုင်ငံတကာ အသိပေး၍ ရောင်းချခြင်းနှင့် အသိမပေးပဲ တိတ်တဆိတ်ရောင်းချခြင်း ရောင်းချရရှိလာသော ၀င်ငွေအရပ်ရပ်မှ နိုင်ငံခြားငွေကို မိမိတို့သက်ဆိုင်ရာ ဆွေမျိုးများနှင့်စီးပွားရေး အစုရှယ်ယာရှင်များသို့ခွဲဝေ ရင်းနှီးမြုပ်နှံခြင်း ရောင်းချရရှိလာသော ၀င်ငွေအရပ်ရပ်မှ မြန်မာကျပ်ငွေများကို အထက်အပိုဒ်(၁)ပါအချက်အလက်နှင့် ကိုက်ညီ စေရန် စီမံခန့်ခွဲခြင်း......

၇. မအောင်မြင်နိုင်သော ရေအားလျှပ်စစ်(၅)နှစ် စီမံကိန်း (နှစ် ၂၀ကျော်လျင်လဲကျော်မည်) များ တစ်နိုင်ငံလုံး
အတိုင်းအတာ အကောင်အထည် ဖော်ဆောင်ရွက်ြပီး လှည့်လည်ကြည့်ရှုစစ်ဆေး ပြီးလိုအပ်မည် ထင်သည်များကို မှာစားနိုင်ရမည်။ ပိုလျှံမည်ထင်သည်များကို အိပ်ထဲထည့်နိုင်ရမည်။

၈. အိမ်နီးချင်းနိုင်ငံများကို တည့်တည့်တစ်မျိုး စောင်းပါးရိတ်ခြည်တစ်မျိုး ရန်စခြင်း ကျုးကျော်ခြင်း မျက်နှာပြောင်တိုက်ခြင်း အခုတစ်မျိုး တော်ကြာတစ်မျိုးလုပ်ခြင်းများ ပြုလုပ်ရဲရမည်။

၉. တပ်မတော်ကို မြှောက်ပင့် ချိန်းခြောက်ြပီး ပြည်သူနှင့်ရန်တိုက်ပေးနိုင်ရမည်။

၁၀. တပ်မတော်အင်အားရှိမှ သမ္မတအင်အားရှိမည်ဆိုသည့် ဆောင်ပုဒ်ကို စွဲကိုင်ထားရမည်။

၁၁. တပ်မတော်မှစေလွတ်သော လွှတ်တော်ကိုယ်စားလှယ်များ၏ ဆန္ဒသဘောထားကို မည်သည့် အကြောင်းပြချက်နှင့်မျှ လုံးဝ(လုံးဝ) မဆန့်ကျင်ရ။

၁၂. နိုင်ငံတော်ကို ဆန့်ကျင်သူများကို ထောင်ဒဏ်နှစ်ရှည် အပြစ်ပေးနိုင်ရမည်။ လိုအပ်ပါက တစ်သက်တစ်ကျွန်းနှင့် သေဒဏ်အထိ အပြစ်ပေးနိုင်ရမည်။

၁၃. နိုင်ငံရေးနှင့် ပတ်သက်သော ခေါင်းဆောင်များကို လိုအပ်သလို အလျော့အတင်း ပြုလုပ်နိုင်သော ထောင်ဒဏ်များ အကျယ်ချုပ် ပြစ်ဒဏ်များ ချမှတ်စီရင်နိုင်ရမည်။

၁၄. နိုင်ငံတကာကို ဗြောင်လိမ်ဗြောင်စား မျက်နှာပြောင်တိုက် လုပ်နိုင်ရမည်။ (တရုတ်၊ ရုရှ၊ မြောက်ကိုရီးယားမပါ)

၁၅. ဆွေတော်မျိုးတော်များကို စောင်မကြည့်ရှုနိုင်ရမည်။ (နန်းမတော်ကြိုင် မိသားစု)မှတ်ချက်၊ နန်းမတော်ဆိုသည်မှာ ထီးနန်းနှင့်မတော်ဟု ဆိုလိုသည်။

၁၆. နိုင်ငံတစ်ဝန်း လမ်းပန်းဆက်သွယ်ရေးမလုံခြုံမချောမွေ့စေရန် တတ်အားသမျှကြံဆောင်ရမည်။

၁၇. ကိုလိုနီနယ်ချဲ့ အုပ်ချုပ်ရေး စနစ်ဟောင်းဖြစ်သော သွေးခွဲအုပ်ချုပ်ရေးစနစ်ကို တွင်တွင်ကျယ်ကျယ် ကျင့်သုံးပေးရမည်။

လွတ်တော်ကိုယ်စားလှယ်လောင်းအရည်အချင်းသတ်မှတ်ချက်

၁. တပ်မတော်တွင် လက်ရှိတာဝန်ထမ်းဆောင်နေသူ (သို့မဟုတ်)မကြာသေးခင်က တပ်မတော်မှ အနားယူထားသူ (သို့မဟုတ်) တပ်မတော် မှအနားယူထားသော ကာလကြာမြင့်နေသူ (သို့မဟုတ်) တနည်းနည်းဖြင့် တပ်မတော်နှင့်ပက်သက်ခြင်းရှိသူ၊ မှတ်ချက် (တပ်မတော်နှင့်ပက်သက်ခြင်း ဆိုရာတွင် လူမှုရေး၊ စီးပွားရေး၊ ကျန်းမာရေး ပက်သက်ဆက်နွယ်မှုရှိသူ နန်းမတော်မကြိုင်နှင့် တော်ဝင်မိသားစု တို့နှင့် ပက်သက်ဆက်နွယ်သူ)

၂. လက်ညှိုးထောင်ခေါင်းညိတ်နိုင်တတ်သူ ခေါင်းမမာသူ မာနမကြီးသူ ပြောလျင်ငြိမ်ခံသူ ဖြစ်ရမည်။

၃. သမ္မတ နှင့် နန်းမတော်မှ ညွန်ကြားစေခိုင်းချက်ကို တသွေမတိမ်းလိုက်နာလုပ်ဆောင်နိုင်ရမည်။

အလင်းအိမ်မဂ္ဂဇင်း

Luminary 4 of 3