14 November 2009

ဦးသန်းရွှေ လက်တွဲလျှောက်နေရပြီး ရှင် ကြည့်လိုက်ကြ နော်....။

Ill Than Shwe

သတင်းမီဒီယာတွေမှာ ကျန်းမာရေး ကောင်းမွန်နေသေးတဲ့ပုံစံနဲ့  ဟန်ဆောင်လုပ်ပြနေပေမယ့် အိုမင်းခြင်းရဲ့  ဝေဒနာကို သန်းရွှေ ခံစားနေရပါပြီ။

ဘုရားကျောင်းကန်တွေကို သွားရောက်ဖူးမြော်နေပေမယ့် ကိုယ်ပြုလုပ်ခဲ့တဲ့ မကောင်းမှုတွေကို နောင်တမရ သင်ခန်းစာ မယူနိုင်သ၍၊ ကိုယ်ကျူးလွန်ခဲ့တဲ့ ဒုစရိုက်တွေကို မသုံးသပ်မိဘဲ မရပ်သ၍၊ သတ်ဖြတ်စော်ကားမှုတွေအတွက် မှားယွင်းကြောင်း မပြောမဆို ၀န်မခံသ၍၊ တိုင်းသူပြည်သား လူအများကို ဆက်လက် ညဉ်းပမ်းနှိပ်စက်နေသ၍ သန်းရွှေ အတွက် ကြီးမားသော ၀ဋ်ကြွေးဒဏ်တွေ လောကအပြစ်ဒဏ်တွေကို ယခုဘ၀မှာရော နောင်အဆက်ဆက်ရော မကြာခင် ကြီးမားပြင်းထန်စွာနဲ့  ခံစားရတော့မှာပါ။

ရာထူးအာဏာ စည်းစိမ်ဥစ္စာ ဘယ်လောက်ပြည့်ဝနေပါစေ သတ္တ၀ါတိုင်း လွန်ဆန်မရတဲ့ နာခြင်း အိုခြင်း သေခြင်း ဒုက္ခကို နအဖခေါင်းဆောင်ကြီး သန်းရွှေ လက်တွေ့  စတင် ကြုံနေရပါပြီ။

ယခု သတင်း ကို ပေးသော .... ကိုနစ်နေမန်း အားကျေးဇူးတင်ပါတယ်ရှင်..။

မြန်မာပြည်က မိခင်နှင့်သားသမီးတွေ ပြန်လည်ဆုံဆည်းနိုင်ပါ့မလား...။(နီလာသိန်း)


ညနက်သန်းခေါင်မှာ ကျမအိပ်ယာကနိုးလာပါတယ်။အမှန်ကတော့ အိပ်မက်ထဲမှာ ကျမနိုးလာတာပါ။

ပန်းခြံလေးတခုထဲမှာသမီးလေးနှင့်ကျမတူတူပုန်းတမ်းကစားနေပါတယ်။ကျမကပုန်းနေပြီး သမီးလေးကလိုက်ရှာနေပါတယ်။သစ်ပင်တပင်ရဲ့နောက်ကွယ်ကနေသမီးလေးကိုကြည့်နေမိပါတယ်။ မျက်နှာမှာချိုသာလှတဲ့အပြုံးလေးနဲ့အလွန်ချစ်စရာကောင်းလှတဲ့သမီးလေးဟာကျမကို ပျော်ရွှင်စွာနဲ့ကြိုးစားပန်းစာလိုက်ရှာနေပါတယ်။


ကျမဆက်မပုန်းနိုင်တော့ပါဘူး။သမီးလေးကျမကိုမြန်မြန်ရှာတွေ့ပါစေလိုပါတယ်။

သမီးကိုကျမလက်နှစ်ဖက်နဲ့ပွေ့ဖက်ပြီးသူမမျက်နှာလေးကိုထပ်ခါထပ်ခါ မွှေးမွှေးပေးလိုက်ချင်ပါတော့တယ်။


သမီးလေးကို ကျမထွက်ပြမယ်လို့ ဟန်ပြင်လိုက်ပါတယ်။ဒါပေမယ့် သမီးလေးနားက အရိပ် ထဲမှာ
ကုတ်အကျီင်္အနက်ဝတ်ထားပြီးမျက်နှာသေနဲ့ရုပ်ဆိုးကြမ်းတမ်းလှတဲ့လူသုံးယောက်ကိုရုတ်ခြည်းတွေ့
လိုက်ရပါတယ်။ကျမနောက်ဆုတ်လိုက်ရပါတယ်။ကျမကိုသမီးလေးရှာတွေ့စေလိုပေမယ့်
သူတို့ကိုတော့ရှာမတွေ့စေလိုပါဘူး။အပြစ်ကင်းစင်လှတဲ့ အပြုံးလေးနဲ့ ကျမကို လိုက်ရှာနေတဲ့
သမီးလေးကို ကျမ မြင်နေရပါတယ်။

“အို ....ကျမ ဘယ်လိုမှ ပုန်းအောင်မနေနိုင်တော့ပါဘူး။ အို...သမီး မေမေ ပုန်းမနေနိုင်တော့ဘူးကွယ်။
မေမေ့ကို သမီးရှာတွေ့လိုက်ပါတော့”။

ဒီနောက်မှာတော့ သူတို့တွေက ကျမကို ဆွဲခေါ်သွားပြီး အသူတရာ ချောက်ထဲကိုပစ်ချ
လိုက်ပါတော့တယ်။ကျမလည်း အိပ်မက်ဆိုးကနေ လန့်နိုးလာခဲ့ပြီး ကျမပါးပြင်မှာ
မျက်ရည်စက်တချို့နဲ့.။ကျမသမီးကိုခွဲခွာနေရတာခုဆိုရင်ဆယ်လနီးပါးရှိလာပါပြီ။ပြီးခဲ့တဲ့နှစ်
သြဂုတ်လမှာကျမတို့အိမ်တွခါးကိုညနက်သန်းခေါင်လာခေါက်တဲ့အသံကျမတို့ရဲ့ဘဝတွေကိုကြေကွဲ ဖွယ်ပြောင်းလဲစေခဲ့ပါတယ်။

ကျမအမျိုးသားကိုဂျင်မီလို့ အသိများကြတဲ့ကိုကျော်မင်းယုကို စစ်အာဏာရှင်တိုရဲ့ လုံခြုံရေး
တပ်ဖွဲဝင်တွေက၂၀၀ရသြဂုတ်လ၂၁ရက်နေ့ညမှာခေါ်ဆောင်သွားပါတယ်..။ကျောင်းသား
ခေါင်းဆောင်ဟောင်းတွေနှင့်နိုင်ငံရေးအကျဉ်းသားတွေစုစည်းထားပြီး “၈၈ မျိုးဆက်ကျောင်းသားများ”
လို့ခေါ်တဲ့ ထင်ရှားတဲ့ အတိုက်အခံအုပ်စုမှာ သူဟာခေါင်းဆောင်တယောက်ဖြစ်ပါတယ်။

သူနဲ့အခြားခေါင်းဆောင်များကိုသူတို့ရဲ့အိမ်တွေကနေထိုညမှာပဲအာဏာပိုင်များကဖမ်းဆီးခေါ်ဆောင်
သွားပါတယ်..။မတည်ငြိမ်မှုများဖြစ်အောင်ဖန်းတီးနေပြီးအုံကြွမှုများဖြစ်အောင်လှုံဆော်ခဲ့ပါတယ်။ ကျမကိုယ်တိုင်ကျောင်းသားလှုပ်ရှားမှုတွေမှာပါဝင်ခဲ့ဖူးပြီးနိုင်ငံရေးအကျဉ်းသားလည်း ဖြစ်ဖူးတာမို့ကျမအမျိုးသားနှင့်သူအပေါင်းအသင်းတွေဟာစစ်အာဏာပိုင်တွေရဲ့စစ်ကြောရေး
စခန်းတွေမှာဘယ်လောက်ထိနှိပ်စက်ြှင်းပန်းခံရမယ်ဆိုတာကျမကောင်းကောင်း သိရှိနေပါတယ်..။

ဒါကြောင့် ကျမကိုဖမ်းဖို့ သူတို့နောက်တခေါက် လာတဲ့အချိန်မှာကျမဟာသမီးလေးနှင့်အတူထွက်ပြေး
ပုန်းအောင်ခဲ့ရပါတယ်။မြန်မာပြည်မှာလွတ်လပ်မှု၊တရားမျှတမှု၊နှင့်ဒီမိုကရေစီပေါ်ထွန်းရေးအတွက်
အခြားရဲဘော်ရဲဘက်များနှင့်အတူ“၈၈မျိုးဆက်ကျောင်းသားများ”ကိုဦးဆောင်လှုပ်ရှားမှုတွေကို
ကျမတို့ဆက်လက်ပြုလုပ်ခဲ့ပါတယ်။ကျမအဖမ်းမခံရပါဘူး။

ဒါပေမယ့် ပုန်းအောင်းဖို့ အတွက် တနေရာကနေ တနေရာကို လျှိ့ဝှက်ရွေးရတာဟာ အလွန်တရာ
ခက်ခဲပြီးအသည်းထိန်စရာပါပဲ။ဒီဒုက္ခတွေကို ကျမသမီးလေးလည်းမျှဝေခံစားနေရတာ ကျမ
မကြည့်ရက်တော့ပါဘူး။ဒါကြောင့်သြဂုတ်လကုန်မှာကျမသုံးလအရွယ်သမီးငယ်ကိုကျမမိဘ
တွေဆီပြန်ပို့ထားဘို့ ဆုံးဖြတ်လိုက်ရပါတယ်။ ယခုချိန်မှာ ကျမသမီးလေးကိုအရမ်းလွမ်းနေပါတယ်..။

မိမိအိမ်မှာ နှစ်ပေါင်းများစွာ အထိန်းသိမ်းခံနေရတဲ့ အန်တီရှိရာတက္ကသိုလ် ရိပ်သာလမ်းကို ကျမရဲ့
စိတ်တွေပျံလွင့်သွားပါတယ်။ကမ္ဘာကြီးတွင်တဦးသောအကျဉ်းကျခံငြိမ်းချမ်းရေးနိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်ဟာဇွန်လ၁၉ရက်သူမရဲ့၆၃နှစ်ပြည့်မြောက်မွေးနေ့ကိုအထိန်းသိမ်းခံဘဝ
နဲ့တဦးတည်းကုန်ဆုံးရတော့မှာဖြစ်ပါတယ်။

သူမ(အန်တီ)လည်းသားနှစ်ယောက်ကိုသတိရမှာပါပဲ။သူမ(အန်တီ)ရဲ့စိတ်ဓာတ်အင်အားကြံ့
ခိုင်မှုနှင့်ခိုင်မာတည်ကြည်တဲ့စိတ်ပိုင်းဖြတ်မှုတွေဟာကျမကိုယ်တိုင်နှင့်မြန်မာပြည်က
အမျိုးသမီးများစွာကိုတရားမျှတမှုအတွက်ရပ်တည်လာကြဖို့လမ်းပြကူညီခဲ့ပါတယ်။
ကျမတို့ရဲ့လှုပ်ရှားမှုကိုခေါင်းဆောင်မှုပေးခဲ့ပြီးကျမတို့နဲ့တသွေးတည်းဖြစ်နေတဲ့သူမ
(အန်တီ)ကိုကျမကျေးဇူးအထူးတင်ပါတယ်။ကျမတို့ဟာသူမ(အန်တီ)ရဲ့
သမီးတွေသားတွေလိုဖြစ်နေတာမို့သူမ(အန်တီ)လည်းကျမတို့ကိုသတိရနေမှာပါ။

ကျမတို့တိုင်းပြည်ကို အင်းအားတွေ၊ခြိမ်းခြောက်မှုတွေ၊ အကြမ်းဖက်မှုတွေသုံးပြီး အုပ်ချုပ်နေတဲ့
စစ်တပ်ကြောင့်မြန်မာပြည်ကမိခင်တွေနဲ့ကလေးတွေဟာအတင်းအဓမ္မခွဲခွာခြင်းခံနေကြရတယ်
(ဝမ်းနည်းစွာဖြင့်ကွဲကွာနေကြရတယ်)ဆိုတာကို(အန်တီ)ရဲ့အဖြစ်အပျက်တွေကကမ္ဘာကို
သတိပေးနေသလိုပါပဲ။

ဲငြိမ်းချမ်းသော နည်းလမ်းဖြင့်လွတ်လပ်မှု ၊တရားမှုတမှု၊ နှင့်ဒီမိုကရေစီရေးအတွက်ယုံကြည်ချက်
ခိုင်မာတဲ့သူတို့ရဲ့ပြင်းပြတဲ့ဆန္ဒတွေကြောင့်မြန်မာပြည်ကမိခင်ပေါင်းထောင်ပေါင်းများစွာဟာ
အသတ်ခံကြရ၊ထောင်ချခံကြရ၊ညှင်းပန်းနှိပ်စက်ခံကြရ၊တိုင်းပြည်ကနေစွန့်ခွာထွက်ပြေးကြရ၊
ပုန်းအောင်းနေကြရတာတွေရှိပါတယ်။

တိုက်တိုက်ဆိုင်ဆိုင်ပါပဲ။၂၀၀၈ခုနှစ်ဇွန်လ၁၉ရက်နေ့မှာ နယူးယောက်ရှိကုလသမဂ္ဂ
လုံခြုံရေးကောင်စီတွင်“အမျိုးသမီး၊ငြိမ်းချမ်းရေးနှင့်လုံခြုံရေးဆိုတဲ့ခေါင်းစဉ်နဲ့ဆွေးနွေးပွဲ
တခုကိုကျင်းပပါတော့မယ်။၂၀၀၀ခုနှစ်အောက်တိုဘာလကတညီတညွတ်တည်းဆုံးဖြတ်ခဲ့တဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဆုံးဖြတ်ချက်အမှတ် ၁၃၂၅ကိုအခြေခံပြီးနှစ်စဉ်ပြုလုပ်တဲ့ဆွေးနွေးပွဲပါ။

အဲဒီဆုံးဖြတ်ချက်မှာ-

လက်နက်ကိုင်ပဋိက္ခဖြစ်နေသည့် အခြေအနေ များတွင် လိင်ကွဲပြားမှုအပေါ် အခြေခံသည့်
အကြမ်းဖက်မှု၊အထူးသဖြင့်မုဒိမ်းကျင့်ခြင်း၊အခြားသောပုံစံမျိုးဖြင့်လိင်ပိုင်းဆိုင်ရာမတရား
ပြုကျင့်မှုများနှင့်အခြားသောပုံစံအမျိုးမျိုးသောအကြမ်းဖက်မှုများအားလုံးမှအမျိုးသမီးများနှင့်
မိန်းကလေးများအားအကာအကွယ်ပေးနိုင်ရေးအတွက်အထူးအရေးယူဆောင်ရွက်မှုများကို
ပြုလုပ်ရန်လက်နက်ကိုင်ပဋိက္ခတွင်ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများအားလုံးကို
တိုက်တွန်းသည်။

အမျိုးသမီးများနှင့် မိန်းကလေးများအပေါ်လိင်ပိုင်ဆိုင်ရာ အကြမ်းဖက်ခြင်းနှင့် ဆိုင်သည့်
အမှုများအပါအဝင်စစ်ရာဇဝတ်မှုများ၊လူသားမဆန်သည့်ရာဇဝတ်မှုများအတွက်တာဝန်ရှိ
သူများ၊ကျူးလွန်သူများအားဥပဒေမှကင်းလွတ်ခွင့်ပြုခြင်းများကိုအဆုံးသတ်စေပြီးဥပဒေ
ကြောင်းအရ အရေးယူရမည်။

ထိုကဲ့သို့အရေးယူဆောင်ရွက်ရန်အတွက်အဆင့်ဆင့်တာဝန်ရှိသူများအားအားလုံးအနေဖြင့်
တာဝန်ရှိနေကြောင်းကိုအလေးအနက်ပြုထားစေလိုသည်။သို့အတွက်ကြောင့် လွတ်ငြိမ်းချမ်းသာခွင့်ဥပဒေကြောင်းများမရသက်သာပိုင်ခွင့်များပေးရာတွင်အထက်ပါ
ရာဇဝတ်မှုများ အကျုံးဝင်ချင်း မရှိစေရန်အတွက် လိုအပ်ကြောင်းအလေးအနက်
ထောက်ပြလိုပါသည်။

ထိုဆွေးနွေးပွဲတွင် သဘာပတိအဖြစ် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဒေါက်တာကွန်ဒိုလီဇာရိုက်စ်
ဆောင်ရွက်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။အမျိုးသမီး၊ငြိမ်းချမ်းရေးနှင့် လုံခြုံးရေးဖွဲ့ဖြိုးတိုးတက်မှု
တွေအတွက်ကမ္ဘာ့ခေါင်းဆောင်တွေအများအပြားပါဝင်ဆွေးနွေးကြပါလိမ့်မယ်။သူတို့တွေ မြန်မာပြည်ကိစ္စကိုဆွေးနွေးကြပါ့မလား။စစ်အာဏာရှင်တွေရဲ့ပုံစံအမျိုးမျိုးသောမတရားပြုကျင့်မှု
ဒဏ်တွေကိုခံစားနေကြရတဲ့မြန်မာအမျိုးသမီးတွေနှင့် ဒေါ်အောင်ဆန်းစုကြည် ကိုသူတို့တွေ
အမှတ်ရကြပါ့မလား။

ယနေ့အချိန်အခါတွင် ပဋိပက္ခကြီးနှစ်ခု မြန်မာနိုင်ငံမှာရှိပါတယ်။ တခုကတော့မြန်မာနိုင်ငံ
အရှေ့ဘက်ခြမ်းမှာအများဆုံးဖြစ်ပျက်နေသောတပ်မတော်နှင်တိုင်းရင်းသားအတိုက်အခံ
အင်အားစုအများအကြားတောက်လောက်နေဆဲနှစ်၅၀ ကျော်ကြာခဲ့ပြီးဖြစ်တဲ့ ပြည်တွင်း
စစ်ဖြစ်ပါတယ်။

ဒီတိုင်းရင်းသားဒေသတွေကတိုင်းရင်းသူအမျိုးသမီးတွေနှင့်မိန်းကလေးတွေ၊တချို့ဆိုရင်
ဆယ်နှစ်အရွယ်လောက်သာရှိသေးတဲ့မိန်းကလေးတွေဟာတပ်မတော်သားတွေ့ရဲ့ အဓမ္မပြုကျင့်ခြင်းများကိုခံနေရပါတယ်။အဲဒီတပ်မတော်သားတွေဟာလည်းသူတို့ကျူးလွန်
နေတာတွေအတွက်ဥပဒေအရအရေးယူခံရဖြင်းမျိုးမရှိခဲ့ပါဘူး။တပ်မတော်သားများဟာသူတို့ရဲ့
စစ်ပစ္စည်းများတွေနှင့်စားနပ်ရိက္ခာတွေသယ်ယူဘို့အတွက်အမျိုးသမီးများကိုပေါ်တာအဖြစ် နှင့်နေဖက်မှာခိုင်းပါတယ်။ ညဖက်မှာတော့ လိင်ဖျော်ဖြေဖို့အတွက် ခိုင်းပါတယ်။
သက်သေအထောက်အထားများကို ဖျောက်ဖျက်ဖို့အတွက် ရက်စက်စွာ သတ်ဖြတ်ခံ
ကြရခြင်းဖြင့်အမျိုးသမီးအများစုဟာ ဆုံးပါးကြရပါတယ်။

နောက်ပဋိပက္ခကြီးကတော့ငြိမ်းချမ်းရေးနည်းလမ်းဖြင့်လွတ်လပ်မှု၊တရားမျှမှု၊နှင့်
ဒီမိုကရေစီကိုတောင်းဆိုနေကြတဲ့လက်နက်မဲ့ပြည်သူပြည်သားများနှင့်မိမိပြည်သူ
ပြည်သားများကို လက်နက်အားကိုအုပ်ချုပ်နေတဲ့စစ်အာဏာရှင်များအကြားဖြစ်ပွားနေတဲ့
အနှစ် ၂၀ကြာတိုက်ပွဲပဲဖြစ်ပါတယ်။

လှုပ်ရှားမှုအမျိုးသမီးများစွာဟာ ရိုက်နှက်ခံကြရ၊ ဖမ်းဆီးခံကြရ၊ညဉ်းပန်းခံရပြီးနောက်
မှာတော့အကျဉ်းထောင်များထဲမှာနှစ်ပေါင်းများစွာထိန်းသိမ်းခံခဲ့ကြရပါတယ်။စစ်ဆေးမေး
မြန်းသူတွေနဲ့ထောင်တာဝန်ရှိသူတွေရဲ့မဖွယ်မရာစော်ကားမှုများ၊နိုင်ထက်စီးနှင်းပြုလှုပ်
ရှားမှုများကို လှုပ်ရှားသူအမျိုးသမီးအများအပြားကြုံတွေ့ကြရပါသည်။

အမေဖြစ်သူကိုဖမ်းဆီးနိုင်ဖို့အတွက်အာဏာပိုင်တွေဟာကလေးတွေကိုဒားစားခံအဖြစ်
အသုံးချတာတွေလည်းရှိပါတယ်။ အကျဉ်းထောင်ထဲမှာ မိခင်နှင့်အတူရှိနေတဲ့ ကလေးတွေ၊
အကျဉ်းထောင်ထဲမှာ့ဲ့ပဲမွေးဖွားခဲ့တဲ့ကလေးတွေ အမြောက်အများရှိပါတယ်။

နာဂစ်ဆိုက်ကလုန်းမုန်းတိုင်းဒဏ်နှင့် မုန်းတိုင်းအပြီးငတ်မွတ် မှုတွေ ကူးစက် ရောဂါတွေနဲ့
သေပါလေ့စေဆိုပြီးစစ်အာဏာပိုင်တွေကပစ်ထားတာကြောင့်ဆိုးဝါးစွာဒုက္ခရောက်နေကြတဲ့
လူဦးရေနှစ်သန်းခွဲအနက်မှာအနည်းဆုံးတသန်းကျော်ဟာအမျိုးသမီးနှင့်မိန်းကလေးတွေပါ။
မုန်းတိုင်းဘေးမှအသက်အန္တရာယ်လွတ်မြောက်ခဲ့တဲ့ကိုယ်ဝန်ဆောင်မိခင်သုံးသောင်းခွဲကျော်မှာ အလွန်တရားစိုးရိမ်ရတဲ့အခြေအနေရှိတယ်လို့ကုလသမဂ္ဂမှကျွမ်းကျင်သူတဦးကအခုရက်ပိုင်း
အတွင်းမှာပြောဆိုခဲ့ပါတယ်။ဒါပေမယ့်ဗိုလ်ချုပ်ကြီးတွေဆီကကူညီစောင့်ရှောက်မှုကတော့ သူတို့တွေလုံးဝမရကြပါဘူး။

အခုဆွေးနွေးပွဲအတွင်းမှာ ဒေါက်တာရိုက်စ် နှင့် ကုလသမဂ္ဂလုံခြုံရေးကောင်စီမှအခြား
ခေါင်းဆောင်များအနေနှင့်မြန်မာအမျိုးသမီးတွေနှင့်ဒေါ်အောင်ဆန်းစုကြည်တို့အပေါ်
အလေးအနက်ထားဂရုပြုကြလိမ့်မယ်လို့ကျမမျှော်လင့်ပါတယ်။ဆုံးဖြတ်ချက်၁၃၂၅ဟာ
ထူးခြားတဲ့တိုးတက်ပြောင်းလဲမှုတစ်ခုပါ။

ဒါပေမယ့်လည်းဒီဆုံးဖြတ်ချက်ကိုအကောင်အထည်ဖော်မှုနှင့်အကျိုးသက်ရောက်မှုရှိအောင်
ဆောင်ရွက်မှုတွေကတော့မေးခွန်းထုတ်စရာဖြစ်နေဆဲပါ။အစိုးရကိုယ်နှိုက်ကလူ့အခွင့်အရေးချိုး
ဖောက်သူဖြစ်နေခဲ့ရင်မုဒိမ်းမှုများကျူးလွန်ဖို့နှင့်လိင်ကွဲပြားမှုအပေါ်အခြေခံတဲ့အကြမ်းဖက်မှုမျိုး
ကဲ့သို့သောလူသားမဆန်သည့်ရာဇဝတ်မှုများကိုကျူးလွန်းဘို့ညွန့်ကြားနေတဲ့လူဖြစ်ခဲ့ရင်ကျမတို့
မြန်မာအမျိုးသမီးတွေကိုဘယ်သူကယ်တင်ပေးမှာလဲ။ကလေးတွေနှင့်အမေတွေပျော်ရွှင်စွာ
ပြန်ပေါင်းထုတ်နိုင်ဖို့ဘယ်သူကအာမခံဆောင်ရွက်ပေးမှာလဲ။

အချို့ဗြူရိုကရက်တွေရဲ့“ပျားရည်နဲ့ဝမ်းချ”တဲ့ မူဝါဒတွေဟာ အလွန်ရှက်စရာပါပဲ။မြန်မာအမျိုးသမီး
တွေကိုချက်ချင်းလက်ငင်းကူညီဖို့အတွက် မဖြစ်မနေလိုအပ်နေတာကတော့ ကုလသမဂ္ဂလုံခြုံရေး
ကောင်စီကနေထိထိရောက်ရောက်နှင့်အလျင်အမြန်အရေးယူဆောင်ရွက်မှုပဲဖြစ်ပါတယ်။
ဆွေးနွေးတာတွေထားပါတော့အရေးယူမှုတွေစလုပ်ကြပါတော့။ကျမသမီးလေးနဲ့ကျမ ပျော်ရွှင်စွာပြန်လည်ဆုံးဆည်းပါရစေ။


နီလာသိန်း
၈၈မျိုးဆက်ကျောင်းသား
ရန်ကုန်၊မြန်မာနိုင်ငံ။

The Nation, June 19,2008


တွင်ပါရှိသော Who will save Burma's Women and Children? by Nilar Thein

ကိုမြန်မာဘာသာဖြင့်ပြန်လည် တင်ပြ ပေးခြင်းသာဖြစ်ပါတယ်။



ပေးပို့ ပေးသော ငယ်သူငယ်ချင်းအား ကျေးဇူးအထူး တင်ရှိပါတယ်..။


မြတ်လေးငုံ..။



ိုဲ့


၁၃ ရက်နေ့ရ ဘဘဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်၊ ကိုညီညီအောင်သတင်းများ....။

အဖွဲ့ချုပ်(ဒု) ဥက္ကဋ္ဌ ဘဘဦးတင်ဦး နှင့်ဒေါက်တာဒေါ်တင်မိုးဝေတို့၏နှစ်(၅၀)ပြည့် ရွှေရတုမင်္ဂလာပွဲ ယနေ့အဖွဲချုပ်ရုံး၌ ပြုလုပ်။



စစ်အစိုးရရဲ့ မတရားနေအိမ် အကျယ်ချုပ်ချခံထားရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(ဒု)ဥက္ကဋ္ဌ ဘဘ(သူရ)ဦးတင်ဦးတို့ရဲ့ နှစ်(၅၀)မြောက်ရွှေရတု မင်္ဂလာပွဲ အတွက် ဆုတောင်းပွဲကို အဖွဲချုပ်ဗဟို အ မျိုးသမီးအဖွဲ့မှ ဦးစီး၍ ယနေ့ကျင်းပ ပြုလုပ်ခဲ့ပါတယ်။ အခမ်းအနားသို့ ဘဘဦးတင်ဦးကို ချစ်ခင်ကြတဲ့ ပြည်သူများနဲ့ အဖွဲ့ချုပ်ဝင်များ (၂၀၀)ခန့် တက်ရောက်ခဲ့ကြောင်း၊ တက်ရောက်လာသူများ အား ကြာဇံဟင်းခါးဖြင့် ဧည့်ခံကျွေးမွေးပြီး ဆုတောင်းမေတ္တာပို့သခဲ့ကြကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....



နောက်တပတ်မှာ ထုတ်ပြန်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အပြုသဘောဆောင်သည့် အကြံပြုချက်။

လာမည့် တနင်္လာနေ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးပြုလုပ်ပြီး အင်္ဂါနေ့မှာထုတ်ပြန်မည့် ဒေါ်အောင်ဆန်းစုကြည်၏ အပြုသဘောဆောင်သည့် အကြံပြုချက်ဟာ မြန်မာပြည်နဲ့ အာလုံးအတွက် အနာဂတ်မှာ ကောင်းမယ့် အပြုသဘောဆောင်တဲ့ အကြံပြုချက်ဖြစ်မှာ ဖြစ်တယ်လို့ ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်

ဒေါ်အောင်ဆန်းစုကြည် အယူခံအမှု ဗဟိုတရားရုံးသို့ပြင်ဆင်မှုတင်။....။

ယနေ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အယူခံ အမှုကို ဗဟိုတရားရုံးသို့ ပြင်ဆင်မှု တင်လိုက်ပြီဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင် ရှေ့နေလည်းဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ် ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

" ဒီနေ့ တိုင်းတရားရုံးက အောက်တိုဘာလ (၂)ရက်နေ့က အယူခံကိုငြင်းပယ်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှုအတွက် ဗဟိုတရားရုံးကို ပြင်ဆင်မှုတင်လိုက်ပါပြီ။ ဆရာဦးကြည်ဝင်း သွားတင်တာပါ... အန်ကယ်က ကိုညီညီအောင် အမှုအတွက် အင်းစိန်ထောင်တွင်း တရားရုံးကို သွားနေရလို့ပါ။ လာမယ့်သောကြာနေ့မှာ အယူခံအမှုအတွက် တရားရုံး Notice Board ပါမပါ စောင်ကြည့်ရမှာပါ " သြဂုတ်လ ၁၁ ရက်နေ့၌ ဒေါ်အောင်ဆန်းစုကြည်အား ထောင်ဒဏ် ၃ နှစ် ချမှတ်လိုက်ပြီး နအဖဥက္ကဋ္ဌဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ အမိန့်ဖြင့် နေအိမ် အကျယ်ချုပ် ၁ နှစ်ခွဲဖြင့် ဆိုင်းငံ့ပြစ် ဒဏ်ချမှတ်ခဲ့သည်။ အကျိုးဆောင်ရှေ့နေများမှ တိုင်းတရားသို့ အယူခံတင်သွင်းခဲ့ပြီး တိုင်းတရားရုံးက အောက်တိုဘာလ (၂)ရက်နေ့က အယူခံကိုငြင်းပယ်ခဲ့ပါတယ်။ ယခု ထပ်မံ၍ ဗဟိုတရားရုံးကို ပြင်ဆင်မှု တင်ခြင်းဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသား ကိုညီညီအောင် အမှု သောကြာနေ့တိုင်း စစ်ဆေးမည်။



ယနေ့အင်းစိန်ထောင်တွင်း တရားရုံးမှာ စစ်ဆေးတဲ့ အမေရိကန်နိုင်ငံသား ကိုညီညီအောင် အမှုနဲပတ်သတ်ပြီး " ဒီနေ့ မနက်(၁၀) နာရီကနေ နေ့လည် (၁)နာရီ အထိ ကိုညီညီအောင်အမှု အတွက် အစိုးရသက်သေ ရဲအရာရှိ (၂)ဦးကို စစ်ပါတယ်။ ကိုညီညီအောင်နဲ့လည်း ခဏစကားပြောခွင့်ရပါတယ်။ အစိုးရ သက်သေတွေ အားလုံးစစ်ဆေးပြီးမှ ကိုညီညီအောင်ကို စစ်မှာပါ။ ကိုညီညီအောင် ကျန်းမာရေးကောင်းပါတယ်။ နောက်တပါတ်(၂၀)ရက်နေ့ သောကြာနေ့ကို ချိန်းပါတယ်။ ကိုညီညီအောင် အမှုကိုတော့ သောကြာနေ့တိုင်း စစ်မယ် ပြောပါတယ်" ။

....မြန်မာနိုင်ငံမှာ မွေးဖွားပြီး အမေရိကန်နိုင်ငံသား အဖြစ်ခံယူထားတဲ့ ကိုကျော်ဇောလွင်(ခ)ကိုညီညီအောင်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလ၃ရက်နေ့က ရန်ကုန်မင်္ဂလာဒုံလေဆိပ်၌ ဖမ်းဆီးခြင်းခံရပြီး ၁၇ရက်နေ့က အင်းစိန်ထောင်သို့ ပို့ဆောင်ခြင်းခံခဲ့ရပါတယ်။ ကိုညီညီအောင်အား လိမ်လည်မှု၊ စာရွက်စာတမ်း အတုပြုမှု တရားမဝင် နိုင်ငံခြားငွေ ကိုင်ဆောင်မှုတို့ဖြင့် စစ်အစိုးရမှ တရားစွဲဆိုထားပါတယ်။

သတင်း ပေးပို့ လာသူ..ဒီမိုဝေယံ..။

ကမ္ဘာ့ငြိမ်းချမ်းရေး ဗိသုကာ ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် ဦးသန့်

u thant

ပေးပို့လာသူ မောင်ငယ်ခမိခဆဲ......

The Voice ဂျာနယ်။..။

The Voice ဂျာနယ်။..။

သခင်အောင်ဆန်း တရား.....။



သခင်အောင်ဆန်း တရား.....။



Bogyoke Aung San (13 Feb 1915 - 19 July 1947)


ငါ့ညီပြောင်ဝင်း၊ မောင်သစ်ဆင်း၊
မင်း၏သားငယ်၊ မင်းသက်လှယ်ကို
အဘယ်တရားဟောမည်နည်း။

ဆန်း၏ သတ္တိ၊
ဆန်း၏ သမာဓိ၊ ဆန်း၏ ပညာ၊
ဟောစရာကား အလွန်များ၏။
မင့်သားအရွယ်၊ သက်နှစ်ဆယ်တွင်
လူငယ်အောင်ဆန်း၊ သူ့အစွမ်းကို
ပန်းကောင်းတပွင့်၊ ပန်ဆင်တင့်သို့
မင့်သား၊ သိစေချင်လှ၏။

သူ့အစွမ်းကား၊ အခြားမဟုတ်
အအုပ်ချုပ်ခံ၊ မျိုးခြားဒဏ်မှ
မြန်မာလွတ်လမ်း၊ ခရီးကြမ်းဝယ်
ဗန်းပြအလှ၊ ပကာသနကို
ပြာကျလောင်မြိုက်၊ သူမီးကိုက်၏။
ခေတ်လိုက်စာညီ၊ ခေတ်မီပညာ
ကြုံရာဘ၀၊ မုကလုံလောက်
ခံမြို့ဆောက်၏။

ထို့နောက်တဆင့်၊ မိုးထိလွင့်အောင်
ရိုးကျင့်မြင့်ကြံ၊ သူ့အလံတည့်
ပျံတလူလူ၊ သူထူခဲ့ကြောင်း
ခေါင်းဆောင်သဘော
မင့်သားချောကို၊
ပြောလိုက်ပါဘိ၊ ဟောပါဘိ..။

ပေးပို့လာသူ.. redpeacock...။

သီဟသူရ တင်အောင်မြင့်ဦး တိတ်တဆိတ် နုတ်ထွက် ..။


စစ်အစိုးရအဖွဲ့၏ နံပါတ် ၄ ရာထူး အဆင့်ရှိသည့် အတွင်းရေးမှူး (၁) စစ်ထောက်ချုပ် ဗိုလ်ချုပ်ကြီး သီဟသူရ တင်အောင်မြင့်ဦးသည် လက်ရှိရာထူးမှ မိမိသဘော ဆန္ဒအလျောက် နုတ်ထွက် သွားကြောင်း စစ်အစိုးရနှင့် နီးစပ်သည့် အသိုင်းအ၀န်းမှ သိရသည်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးက ၎င်းအနေဖြင့် လက်ရှိစစ်တပ် တာဝန်များနှင့် နိုင်ငံရေး လောကတွင် ပါဝင်ထမ်းဆောင်ရမည့် တာဝန်များကို ကာလကြာရှည်စွာ လုပ်ဆောင်လိုခြင်း မရှိကြောင်း ပြောဆိုမှုများ ရှိခဲ့သည်ဟုလည်း သတင်းများ ထွက်ပေါ်ခဲ့သည်။

ယခု ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး၏ သတင်းနှင့် ပတ်သက်ပြီး စစ်အစိုးရ၏ မီဒီယာများတွင် ဖော်ပြခြင်းကို မတွေ့ရှိရပေ။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် စစ်ထောက်ချုပ်၊နိုင်ငံတော်အေးချမ်းသာယာရေး နှင့် ဖွံဖြိုးရေးကောင်စီတွင် အတွင်း ရေးမှူး(၁) တာဝန်များကိုယူထားပြီး ယခုအချိန်တွင် ၎င်း၏နေရာအား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် နီးစပ်သူဟုဆိုသော စစ်ဖက်ဆိုင်ရာလုံခြုံရေးအဖွဲ့ အကြီးအကဲ ဒုတိယ ဗိုလ်ချုပ်ကြီး မြင့်ဆွေက တာဝန်ယူထားကြောင်း သိရသည်။

ထိုသို့ ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦး နုတ်ထွက်ရခြင်းအကြောင်းမှာ ၎င်း၏သားဖြစ်သူ နိုင်ငံခြားသို့ ဆန်တင်ပို့မှုလုပ်ငန်း လုပ်ကိုင်နေသည့် ဧရာဟင်္သာ ကုမ္ပဏီပိုင်ရှင် ဗိုလ်ကြီးဟောင်း နိုင်လင်းဦး (တေဇာစောဦး) နှင့်ပတ်သက်နိုင်သည်ဟု စစ်အစိုးရနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်များက ထင်မြင်ယူဆနေကြသည်။

ပြီးခဲ့သည့်လကဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ မြေးဖြစ်သူ နေရွှေသွေးအောင်ခေါ် ဖိုးလပြည့်က တေဇာစောဦးပိုင် နာမည်ကြီး ကဖေး ဆိုင်ဖြစ်သော “7 Lekker” ကဖေးဆိုင်အား ၀င်ရောက်ဖျက်ဆီးခဲ့သည်ဟုသတင်းများထွက်ပေါ်လာခဲ့ကြောင်း၊ ၎င်းဆိုင်မှာ တေဇာစောဦးပိုင်ဆိုင်သည့် ဆိုင်ဖြစ်ပြီး ၀န်ကြီးဦးစိုးသာ ၏သား အပါအ၀င် တခြားစီးပွားရေးလုပ်ငန်းရှင်တဦး လည်း အစုရှယ်ရာပါဝင်သည်ဟု သိရသည်။

၎င်းကဖေးဆိုင် ဖျက်ဆီးခံရမှုသည် ဆိုင်အနီးတွင်ရှိသည့် ပညာရေးဌာနပိုင် မြေနေရာအား ဗိုလ်ချုပ်မှူးကြီးမြေးက Night Club အဖြစ်ပြောင်းလဲဖွင့်လှစ်ရန် စီစဉ်ခဲ့ရာမှ စတင်ဖြစ်ပွားခဲ့ကြောင်း လူအများကြားတွင် ပြောဆိုနေကြသည်။

ယင်းပြဿနာနှင့်ပတ်သက်၍ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးအားခေါ်ယူပြီး မေးမြန်းခဲ့ကြောင်း ဗိုလ်ချုပ်ကြီးတင်အောင်မြင့်ဦးက ၎င်း၏သား တေဇာစောဦးထံသို့ စစ်အရာရှိတဦးစေလွှတ်၍ ယခုဖွင့်လှစ်ထားသည့် ကဖေးဆိုင်သည် တရားဝင်ဖွင့်လှစ်ထားသည့်ဆိုင်မဟုတ်ဟု ၀န်ခံလက်မှတ် ထိုးခိုင်းကြောင်း၊ တေဇာစောဦးက လက်မှတ် မထိုးနိုင်ဟု ငြင်းဆန်ခဲ့ကြောင်း သိရသည်။

ဗိုလ်ချုပ်ကြီး တင်အောင်မြင့်ဦးသည် စစ်ဖက်ဆိုင်ရာ သီဟသူရဘွဲ့ကို ၁၉၈၀ခုနှစ်က ဗမာပြည်ကွန်မြူနစ် ပါတီနှင့် တိုက်ခိုက်ခဲ့သည့် တိုက်ပွဲများတွင်ရရှိခဲ့ပြီး ၁၉၈၉ ခုနှစ်တွင် တရုတ်နယ်စပ်ရှိ ဗမာပြည်ကွန်မြူနစ်ပါတီမှ ခွဲထွက်ခဲ့သည့် တိုင်းရင်းသား လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးရယူနိုင်ခဲ့သည်။

၎င်းသည်၁၉၉၀ ခုနှစ်တွင် တပ်ရင်းမှူးအဖြစ် စစ်ကိုင်းတိုင်းရှိ ခြေလျင်တပ်ရင်း ၁၁၁ တွင် တာဝန်ယူခဲ့ပြီး၊ ၁၉၉၂ မှ ၁၉၉၄ ခုနှစ် အထိ မြောက်ပိုင်းတိုင်းစစ်ဌာချုပ်တွင် ဗျူဟာမှူးတာဝန်ယူခဲ့သည်။ ထို့နောက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ် လက်အောက်ခံ ကျောက်မဲမြို့အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှု စစ်ဌာနချုပ်( စကခ-၁ )တွင် ဗိုလ်မှူးချုပ် ဖြစ်လာပြီး ၁၉၉၇ ခုနှစ်တွင် လားရှိုးအခြေစိုက် အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး ဖြစ်လာခဲ့သည်။ ထို့နောက် ၂၀၀၇ ခုနှစ်၌ နအဖ အဖွဲ့ တွင် အတွင်းရေးမှူး (၁) ဖြစ်လာသည်။ ၂၀၀၉ခုနှစ် မတ်လ မှစတင်ပြီး ဗိုလ်ချုပ်ကြီး ရာထူးကို လက်ခံရယူခဲ့သည်။

ရင်းမြစ်..။ဧရာဝတီ..။

13 November 2009

နို့ဘိုး ယာယီဒုက္ခသည် စခန်းကို ထိုင်းဘက်မှ ဖိအားပေးမှု များလာ....။



ကရင်အမျိုးသားအစည်းအရုံးး ထိန်းချုပ်ရာ တပ်မဟာ ၇ နယ်မြေကို နအဖနဲ့ ဒီကေဘီအေ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်ခဲ့လို့ ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးခိုလှုံနေတဲ့ စစ်ပြေးဒုက္ခသည်တွေကို ဒေသခံ ထိုင်းအာဏာပိုင်တွေက အိမ်ပြန်ဖို့ ဖိအားပေး ပြောဆိုနေပါတယ်။ ထိုင်းနိုင်ငံ တပ်ခ်ခရိုင်၊ ထဆောင်ယန်းမြို့နယ်ရှိ နို့ဘိုး ယာယီဒုက္ခသည်စခန်းမှာ နယ်မြေခံ ထိုင်းစစ်တပ်က ဒုက္ခသည်တွေ နေအိမ်ပြန်ဖို့ အတင်းဖိအားပေး နေတာကြောင့် တချို့ပြောင်းရွှေ့ ကုန်ကြပြီလို့ ဒုက္ခသည်တွေက ပြောပါတယ်။ ပြီခဲ့တဲ့ရက်ပိုင်းကပဲ နယ်မြေခံ ထိုင်းအာဏာပိုင်တွေရဲ့ ခြိမ်းခြောက်မှုကြောင့် တချို့ မြန်မာပြည်ဘက် ပြန်သွားကြသလို တချို့က စခန်းကနေထွက်ပြီး တခြားနေရာကို ပြောင်းရွှေ့ ကုန်တယ်လို့ စခန်းတာဝန်ရှိသူတဦးက ပြောပါတယ်။ “ကျနော်တို့ ၁၅ ရက်အတွင်းမှာ ပြောင်းရမယ်။ တကယ်လို့ ဘဲကလော် မသွားချင်တဲ့ သူတွေက အခုကတည်းက ထွက်ထားလို့ ရတယ်။ ကိုယ့်မြို့ကိုယ့်ရွာ ပြန်လို့ရတယ်လို့ သူတို့က ပြောတယ်။ တချို့လူတွေက စိတ်ပျက်ပြီး ပြန်ကြတာ ရှိတယ်။





“သူတို့ ဘယ်လို ခြိမ်းခြောက်လဲဆိုတော့ ခင်ဗျားတို့အထဲမှာ ကေအန်ယူနဲ့ ပတ်သက်တဲ့ လူတွေ ရှိတဲ့အတွက် ဖမ်းဆီးမယ်၊ မိန်းမနဲ့ ကလေးတွေပါ အကုန်လုံး ဖမ်းမယ်လို့ ပြောသံကြားတယ်။ ဒီနေ့အထိ သူတို့ ကိုယ်ထိလက်ရောက် လာမလုပ်သေးဘူး။ တချို့က ကြောက်လန့်ပြီး ထွက်သွားတာ မိသားစု ၂၉ အိမ်ထောင် ရှိပါတယ်။” စခန်းကနေ ထွက်သွားတဲ့ မိသားစု ၂၉ စုထဲက ၄ စုမှာ သူတို့နေထိုင်ရာ ရွာတွေဘက်ကို ပြန်သွားကြပေမယ့် ကျန်သူတွေက သူတို‹အပေါ် စာနာတဲ့ ထိုင်းနိုင်ငံဖွား ကရင်တွေရဲ့ နေအိမ်တွေမှာ ပြောင်းရွှေ့ ခိုလှုံနေကြတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ဇွန်လက နအဖနဲ့ ဒီကေ ဘီအေတပ်တို့ ပူးတွဲပြီး ကေအန်ယူတပ်မဟာ ၇ ကို ထိုးစစ်ဆင်ခဲ့တဲ့အတွက် စစ်ပြေးဒုက္ခသည် ဒေသခံကရင်ရွာသား ၄,ဝဝဝ လောက် ထိုင်းနိုင်ငံဘက် ထွက်ပြေးခဲ့ကြပါတယ်။ အဲဒီအထဲက အိမ်ထောင်စု ၁၅ဝ ခန့်ဟာ နို့ဘိုးရွာနားမှာ စုဝေးနေထိုင်တာကို အစွဲပြုပြီး နို့ဘိုးယာယီဒုက္ခသည်စခန်းလို့ ခေါ်ဝေါ်တာ ဖြစ်ပါတယ်။ စခန်းထဲမှာ ဖွင့်ထားတဲ့ စာသင်ကျောင်းကို ဆက်ဖွင့်ခွင့် တားမြစ်ခံရတာကြောင့် ကလေး ၂ဝဝ ကျော် ကျောင်းမတက်နိုင် ဖြစ်နေတယ်လို့ အဲဒီ တာဝန်ရှိသူက ပြောပါတယ်။ “စာသင်ခန်းကို တာလပတ်နဲ့ မိုးထားတာ ဆွေးပြီး ပျက်သွားလို့ ဖျက်လိုက်ပြီး အသစ်ပြန်မိုးမယ်လို့ ပြင်ဆင်တဲ့အချိန်မှာ သူတို့ လာတွေ့သွားတယ်။ မမိုးရသေးဘူး၊ ကျောင်းကို ငါတို့ တာဝန်ရှိတဲ့ ပုဂ္ဂိုလ်တွေ လာကြည့်ကြမယ်တဲ့။ အဲဒါနဲ့ ကျနော်တို့ တပတ်၊ နှစ်ပတ် စောင့်တယ်။ “ကျောင်းကဖွင့်ပြီး စာမေးပွဲဖြေပြီးလို့ ကျောင်းပိတ်ထားတာ နှစ်ပတ်၊ သုံးပတ် ကျော်သွားတော့ သူတို့ လာတွေ့တယ်။ ခင်ဗျားတို့ကို ဘယ်သူ မိုးခိုင်းတာလဲ။ ကျနော်တို့ ဘာမှ အမိန့် မချမှတ်သေးဘူး။ ခင်ဗျားတို့ စိတ်နဲ့ ခင်ဗျားတို့ လုပ်တယ်။ မလုပ်ရဘူးတဲ့ ချက်ချင်း ရပ်ပစ်လိုက်တယ်။ အဲဒါနဲ့ အခုအချိန်အထိ အမိုးကိုဘာမှမလုပ်ရသေးဘူး၊ကျောင်းကဒီအတိုင်းပဲ။လောလောဆယ်ကလေးတွေလည်းကျောင်းမ
တက်နိုင်ဘူး။”



ဒီယာယီကျောင်းလေးကိုပြီးခဲ့တဲ့သြဂုတ်လလယ်မှာ ဖွင့်လှစ်ခဲ့တာ ဖြစ်ပါတယ်။ သီတင်းကျွတ် ကျောင်းပိတ်ပြီး နိုဝင်ဘာ ၂ ရက်မှာ ကျောင်းပြန်ဖွင့်ဖို့ စီစဉ်ထားပေမယ့် ခွင့်မပြုသေးလို့ကျောင်းပိတ်ထားရတာပါ။ ဒီလိုပိတ်ပင်၊ ခြိမ်းခြောက်မှုတွေကြောင့် ဒုက္ခသည်တွေအတွက် ပိုပြီးအနာဂတ်မဲ့သလိုခံစားရတယ်လို့ဒုက္ခသည်
တယောက်က ပြောပါတယ်။

“ကျနော်တို့ ရွာမှာ မနေရဲတော့လို့ ဒီဘက်ကမ်းကို ယာယီအနေနဲ့ ခိုလှုံတာပါ။ တသက်လုံး နေမှာ မဟုတ်ပါဘူး။ အခက်အခဲတွေရှိလို့ ခိုလှုံတာကို ထိုင်းဘက်က ဒီလို ကြောက်ရွံ့အောင် ပြောဆိုတာကြောင့် ကျတော်တို့ ဒုက္ခသည်တွေ တချို့ စိတ်လည်း မကောင်းဘူး၊ တချို့သူတွေဆိုရင် စိတ်ပင်ပန်းလွန်းလို့ ရောဂါ ရလာတာ ရှိတယ်။ ကျနော်တို့ဆိုရင် ထွက်သွားချင်ပေမယ့် ဘယ်ကို သွားရမှန်း မသိဘူး။ ” ထိုင်းမြန်မာနယ်စပ်မှာ ဒုက္ခသည်စခန်း ဆယ်ခုဝန်းကျင်ရှိပြီး စုစုပေါင်း လူဦးရေ တ သိန်းခွဲလောက် ခိုလှုံနေကြကာ အများစုက ကရင်လူမျိုးတွေ ဖြစ်ပါတယ်။

ရင်းမြစ်...DVB..။

ကောင်းကင်ကြီး နီလာပြီဆိုမှဖြင့် …...။


မြန်မာပြည်သူတွေအတွက် နာဂစ်မုန်တိုင်းတိုက် ပြီးတာ ၂ နှစ်ပြည့်ခါနီးပြီ ဆိုပေမယ့် မနေ့တနေ့ ကဖြစ်သွားခဲ့သလိုပဲ၊ တုန်လှုပ်ခြောက် ခြားနေ ဆဲပါ။ နာဂစ်တိုက်ခိုက်တာထက် ပိုပြီးတုန်လှုပ် စရာကောင်းတာကတော့ အုပ်ချုပ်ရေး အဖွဲ့အ စည်းတွေရဲ့ မုန်တိုင်းဒဏ်ခံ ပြည်သူတွေအပေါ် မှာထားတဲ့ သဘောထားပါ။

၂ဝဝ၈ ခု မေလ ၂ ရက်နေ့က ကျမရဲ့ လက် ကိုင်ဖုန်းထဲ massage တခု ဝင်လာပါတယ်။ အ လွန်အားပြင်းတဲ့ မုန်တိုင်းတလုံးက မြန်မာနိုင်ငံ ဆီကို ဦးတည်ပြီး ဝင်ရောက်လာနေပြီတဲ့။ ကျမ တို့က မယုံကြပါဘူး၊ တခါမှလည်း မြန်မာပြည်မှာ မုန်တိုင်းအကြီးအကျယ် မတိုက် ဘူးသလို၊ ကျမတို့ငယ်ငယ်ကသင်ရတဲ့ ပထဝီမှာလဲ မြန်မာပြည်မှာ တောင်တန်းတွေ၊ သစ်တောတွေ၊ ဒီရေတောတွေ ကာရံထားတဲ့အတွက် ဖျက်အားပြင်းတဲ့ မုန်တိုင်းဝင်ရောက်ဖို့က မ လွယ်ဘူးတဲ့လေ၊ အသက် ၈ဝ ကျော်တဲ့ ကျမ အဖွားတောင် သူ့တသက် ဒီလောက်ပြင်းတဲ့ မုန်တိုင်းမျိုး မကြုံဘူးသေးဘူးတဲ့၊ ဒါကြောင့် ကျမတို့ ဘာကိုမှ ကြိုတင်ပြင်ဆင်မထားပါဘူး။

အဲဒီနေ့ကလဲ ရန်ကုန်တမြို့လုံး မီးပြတ်နေပါတယ်၊ လုံးဝမီးမလာပါဘူး၊ အဲဒီအချိန်မှာကိုက ဓါတ်ဆီတဂါလံကို ကျပ် ၄,၅ဝဝ ကနေ ၅,ဝဝဝ အထိရှိတော့ လူတွေကမလိုအပ်ရင် မီးစက်မသုံးပါဘူး။ မြန်မာနိုင်ငံမှာနွေရာသီဟာ မီးအင်မတန်ပြတ်တဲ့ ရာသီမို့လို့ မီးလာမှ အားသွင်းလို့ရတဲ့ အင်ဗာတာဟာ သိပ်တော့အသုံးမတဲ့လှပါဘူး။ ဒီတော့ မြန်မာ့ရုပ်မြင်သံကြားကို ဘယ်သူကမှအရေးတယူ ဖွင့်မကြည့် ဖြစ်ပါဘူး။

အဲဒီတုန်းက ကျမ နေတာက တောင်ဒဂုံမြို့နယ်ထဲက TOSTA အိမ်ယာမှာပါ။ အဲဒီတိုက်ခန်းတွဲတွေက ၅ ထပ်တိုက်တွေပါ။ ကျမက ပထမထပ်မှာနေပါတယ်။ ည ၁၂ နာရီလောက်မှာ လေပြင်းတွေစတိုက်ပါတယ်။ လေဟာ ရွှီ ကနဲ အော်မြည်ပြီး တိုက်လာတာပါ။ ခဏလေးအတွင်းမှာပဲ လေထုဟာတိုက်ကိုဝင်ဆောင့်လိုက်ပြီး တိုက်ဟာသိမ့်ကနဲ တချက်တုန်ခါသွားပါတယ်။ ခေါင်မိုးပေါ်ကသွပ် တွေဟာလည်း ဂျိုးဂျိုးဂျွတ်ဂျွတ် သံနဲ့ ဆူညံနေပါတယ်။ ပြတင်းမှန်တွေ ကွဲသံကလည်း ဆူညံနေတာပါပဲ။ တိုက်ခန်းအားလုံးကလူတွေ ဟာ ကြောက်လန့်တကြား တံခါးတွေဖွင့်ပြီး ထွက်ကြည့်ကြပါတယ်။ လူတွေအကုန်လုံးဟာ တိုက်တွေပြိုကျမှာကို ကြောက်လန့်နေကြ ပါတယ်။ တိုက်တွေကလည်း ဆက်တိုက်ဆိုသလို သိမ့်သိမ့်တုန်နေပါတယ်။

အဲဒီအချိန်မှာ လက်ကိုင်ဖုန်းတွေက ပြောလို့ရနေပါသေးတယ်။ ကျမ မိတ်ဆွေ အင်ဂျင်နီယာတယောက်က ကျမဆီကို ဖုန်းဆက်ပြီး တိုက်ခန်းတွေ တံခါးတွေအကုန်ဖွင့်ထားဖို့ အကြောင်းကြားပါတယ်။ ဒါနဲ့ ကျမတို့တွေလည်း တအိမ်နဲ့တအိမ် အကြောင်းကြားပြီး တံခါး တွေဖွင့်ခိုင်းထားရပါတယ်။ လေကတော့လျှော့မသွားဘဲ တဖြေးဖြေး ပိုတိုးပြီးတိုက်နေပါတယ်။ ဒါတောင်မှပဲ မြောက်အရပ်ကို မျက်နှာ လှည့်ထားတဲ့ တိုက်တတိုက်က စောင်းသွားပါသေးတယ်။

ဒီလိုနဲ့ မနက် ၄ နာရီလောက်ရောက်တော့ မုန်တိုင်းရဲ့ အားအပြင်းဆုံးအချိန်ကို ရောက်လာပါတယ်။ ၅ လွှာမှာနေတဲ့လူတွေလည်း အောက်ကိုပြေးဆင်း လာကြပါတယ်။ သူတို့အခန်းမှာသွပ်တွေတချပ်မှ မရှိတော့ပါဘူး။ အိုးတွေ၊ ပလပ်စတစ်နဲ့လုပ်ထားတဲ့ ပန်းကန် ခွက်ယောက်တွေဟာလည်း လေနဲ့အတူလွင့်ပါသွားကြတယ်တဲ့၊ ကျမတို့တိုက်ဝန်းထဲမှာလည်း သစ်ပင်တွေကပြိုလဲကျပြီး လမ်းတွေကို ပိတ်ဆို့ ကုန်ပါတယ်။ ၅ လွာမှာ သွပ်တွေအကုန်ကွာထွက်ကုန်တော့ သူတို့အခန်းတွေက မိုးရေတွေနဲ့ပြည့်ပြီး ကျန်တဲ့အောက်ထပ်က အခန်းတွေကို မိုးရေတွေ စီးကုန်ပါတယ်။

ဒီလောက် လေတွေပြင်းတဲ့ကြားထဲက လွင့်ပျံနေတဲ့သွပ်တွေကို မကြောက်မရွံ့လိုက်ကောက်နေတဲ လူတွေကိုလည်း တွေ့ရပါတယ်။ တချို့ တွေကတော့ ရပ်ကွက်တွေထဲက ဆင်းရဲသားတွေဖြစ်ပြီး၊ တချို့က မြေညီထပ်ကလူတွေပါ။ အမှန်တော့ သွပ်နဲ့မြေညီထပ်က လူ တွေနဲ့ ဘာမှမပတ်သက်ပေမယ့် ရသလောက်ယူမယ်ဆိုတဲ့ စိတ်ထားနဲ့ကောက်နေကြတာပါ။ အဲဒီအထဲမှာ ကျမတို့ရပ်ကွက် ဥက္ကဋ္ဌ ဦး သာရင် တောင်ပါသေး။
ကျမတို့နဲ့ တရပ်ကွက်တည်းပဲ ဘေးနားမှာ ရိုးရိုး အိမ်တွေရှိပါတယ်။ အဲဒီအိမ်တွေကတော့ လဲကျ တဲ့အိမ်လဲ၊ ပြိုတဲ့အိမ်ပြိုနဲ့ အုတ်အော်သောင်း တင်း ဖြစ်နေကြပါတယ်။ ပြိုကျသွားတဲ့အိမ်၊ လဲ သွားတဲ့အိမ်က လူတွေခင်မျာ ကိုယ့်အထုတ် ကိုယ်ပိုက်ပြီး တခြားအိမ်တွေပေါ် တက်နေကြရ ပါတယ်။ အိမ်တလုံးကို လူအယောက် ၄ဝ၊ ၅ဝ လောက် နေ နေကြရပါတယ်။

လက်ကိုင်ဖုန်းတွေက မနက် ၁ဝ နာရီလောက် အထိ ခေါ်လို့ရနေပါသေးတယ်။ ကျမဆီကို DVB က ကိုထက်အောင်ကျော် ဖုန်းခေါ်တာ နောက် ဆုံးပါပဲ။ မုန်တိုင်းအခြေအနေကို မေးတာပါ၊ ပြောနေရင်းနဲ့ ဖုန်းလိုင်းကပြတ်သွားပါတယ်။ ဓါတ်တိုင်တွေလဲ ပြိုကျပျက်ဆီးသွားပြီ ဆိုတော့ မီးပြန်လာဘို့ အတော်စောင့်ရမယ်ဆိုတာကို လူတိုင်းနားလည်ထားကြပါတယ်။

နေ့လည် ၁၂ နာရီလောက်ကစပြီး တဖြေးဖြေးလေငြိမ်သွားပါတယ်။ လေငြိမ်သွားပြီဆိုတာနဲ့ အိမ်ရှင်မတွေက နီးစပ်ရာဆိုင်မှာ ပစ္စည်း ပစ္စယတွေ ပြေးဝယ်ကြရပါတယ်။ အိမ်မှာရှိကြတဲ့ ယောက်ျားတွေက လမ်းမှာပိတ်ဆို့နေတဲ့ သစ်ပင်တွေကို ဖယ်ရှားတဲ့အလုပ်ကို ထွက် လုပ်ကြရပါတယ်။ ဘုန်းကြီးကျောင်းက သံဃာတော်တွေပါရောက်လာပြီး ဝိုင်းကူရှင်းပေးကြပါတယ်။ တချိန်လုံး သွပ်ထွက်ကောက်နေ တဲ့ ဥက္ကဋ္ဌအိမ်က ယောက်ျားတွေ တဦးတလေမှ ထွက်မလာကြပါဘူး။ စွမ်းအားရှင်တွေ၊ ကြံဖွံ့တွေကလဲ အိပ်မောကျနေဆဲပါ။ ယောင်လို့ တောင်မှမတွေ့ရပါဘူး။

ညနေ ၆ နာရီမှာ ရေဒီယိုကနေ VOA သတင်း စလာပါတယ်။ VOA သတင်းက ဧရာဝတီတိုင်းရဲ့ ကြေကွဲဘွယ်အဖြစ်အပျက်တွေကို ကြေညာပါတယ်။ အဲဒီအချိန်မှာ န.အ.ဖ က ကယ်ဆယ်ရေးတောင် မလုပ်သေးပါဘူး။ မေလ ၁ဝ ရက်နေ့ကို အခြေခံဥပဒေ ထောက် ခံပွဲလုပ်ဖို့ကိုပဲ ပြင်ဆင်နေတုန်းပါ။ လူတွေက ဒီပွဲကို စိတ်မဝင်စားနိုင်ကြပါဘူး။ (စကားချပ်- ကျမတို့နေတဲ့ တိုက်ဝန်းမှာ တိုက်ခန်းပေါင်း ၂ဝဝ ကျော်ရှိပါတယ်။ အဲဒီ တိုက်ခန်းမှာနေထိုင်တဲ့ လူအတော်များများက ကြက်ခြေခတ်လိုက်ပေမယ့်လည်း မဲရုံကမဲရေတွက်လိုက် တော့ ၉၆.၈၈% နဲ့ ထောက်ခံလိုက်တယ်ဆိုပဲ)။ မုန်တိုင်းကြောင့် ပျက်စီးသွားတဲ့ အိမ်ယာတွေကိုပြင်ဆင်ဘို့ စရိတ်စကအတွက် ပူပန် သောက ရောက်နေကြပါတယ်။

နောက်နေ့ မနက်ရောက်တော့ ဈေးထဲမှာ ဆန်တွေ၊ ဆီတွေကအစ နောက်ဖေးချောင်သုံးပစ္စည်းတွေ အဆမတန် ဈေးတက်သွားပါ တယ် အိမ်ဆောက်ပစ္စည်း ရောင်းတဲ့ဆိုင်တွေက တံခါးတချပ်ပဲဖွင့်ပြီး ကြိုက်ဈေးနဲ့ရောင်းနေပါတယ်။ သွပ်တချပ်ကို ကျပ် ၁၅,ဝဝဝ နဲ့ ရောင်းပါတယ်။ ဓနိတရာကို ကျပ် ၁ဝ,ဝဝဝ လောက်အထိ ဈေးတက်သွားပြီး၊ အိမ်ရိုက်သံတွေလည်း ၃ ဆခန့်မျှအထိ ခုန်တက် သွားပါတယ်။

မီးလာဖို့ မမြင်တဲ့အတွက် ဓါတ်ဆီတဂါလံကို ကျပ် ၆,ဝဝဝ ကျော်သွားပြီး။ ဒီဇယ်တဂါလံကို ၇,၅ဝဝိ နဲ့ ရောင်းချကြပါတယ်။ တမြို့လုံး သွားလာဆက်သွယ်မှုတွေ ပြတ်တောက်သွားပြီး လူတွေအားလုံးဟာ ဘာလုပ်လို့ဘာကိုင်ရမယ်ဆိုတာ သေချာမသိသလို။ အနာဂတ် ဟာ ဘာတွေဖြစ်လာမှာလဲ ဆိုတာကို မှန်းဆဖို့ခက်ခဲနေပါတယ်။

မြန်မာပြည်ရဲ့ ပြင်ပမှာရှိနေတဲ့မြန်မာတွေကလည်း အထဲကဒုက္ခသည်တွေကို ကူညီဖို့ကြိုးစားနေတဲ့ သတင်းတွေကိုကြားရပါတယ်။ ပြည်တွင်းကလုပ်နိုင်တဲ့သူတွေကလည်း အထူးသဖြင့် ဧရာဝတီကို ဝိုင်းကူညီဖို့ နေညမဆိုင်း ကြိုးစားကြပါတယ်။ အဲဒီအချိန်အထိ န. အ.ဖ က ဘာမှထိထိရောက်ရောက် မဆောင်ရွက်ပါဘူး။ ရန်ကုန်မှာမြန်မာ့အသံက သတင်းတွေလိုက်ရိုက်တဲ့ အချိန်ကလေးအတွင်းပဲ ရဲတို့၊ စစ်သားတို့ကို တွေ့မြင်ရပြီး။ ကျန်အချိန်တွေမှာ ရဲ၊ စစ်သား၊ ရပ်ကွက်ဥက္ကဋ္ဌ ဆိုသူတွေ ပျောက်ဆုံးနေဆဲပါ။

ကျမတို့ကြီးကြီး ဒေါ်ကြည်ဦး (ကိုဇာဂနာ မိခင်) ထံရောက်အောင်ကြိုးစားပြီး သွားပါတယ်။ ကြီးကြီးနဲ့တွေ့တော့ အရေးပေါ်အနေနဲ့ အ ဝတ်အစားတွေ၊ စားစရာတွေ လိုအပ်နေတယ်၊ အဲဒါကို အလှူခံပေးပါဆိုလို့၊ ကျမတို့လဲလိုက်အလှူခံပါတယ်။ အဲဒီအချိန်မှာ လိုင်းကား တွေ မထွက်ကြဘဲ ကြားကားတွေပဲ ဆွဲပါတယ်။ ဟိုနားဒီနား ၅ဝဝ ကျပ်၊ ခရီးဝေးရင် ၁ဝဝဝ ကျပ်နဲ့ ခရီးသွားကြရပါတယ်။

ကျမတို့ အလှူခံလိုက် ကြီးကြီးဆီသွားပို့လိုက်နဲ့ နေ့တိုင်းလိုလို အလုပ်များနေပါတယ်။ ကိုယ့်ရဲ့ စီးပွားရေးလုပ်ငန်းတွေကိုတော့ ခဏ ရပ်နားထားလိုက်ပါတယ်။ မီးကမလာတော့ gas ဆိုင် gas မပေးနိုင်ပါဘူး။ ဓါတ်ဆီဈေးကလဲ ကြောက်ခမန်းလိလိပါ။ ရက်ကြာလာလေ ဓါတ်ဆီဈေး တက်လေပါဘဲ။ မုန်တိုင်းပြီးလို့ တပတ်သာကျော်လာပေမယ့် မုန်တိုင်းဒဏ်သင့် ဒေသတွေဆီကို ဘယ်ဝန်ကြီးချုပ် ဘယ် ဗိုလ်ချုပ်မှူးကြီးကမှ ရောက်မလာပါဘူး။ ရောက်လာတဲ့ စစ်တပ်ကလဲ ဒုက္ခသည်တွေရဲ့ ရိက္ခာတွေကိုဝင်ပြီး စားသောက်နေပါတယ်။

အချိန်ကြာတာနဲ့အမျှ ရန်ကုန်မှာ မီးဒုက္ခအပြင်၊ ရေဒုက္ခပါရောက်လာပါတယ်။ ရေမရှိကြတော့ပါဘူး။ ရပ်ကွက်ထဲက တာဝန်ရှိသူတွေက တုတ်တုတ်မျှ မလှုပ်ကြတဲ့အခါမှာ ရပ်ကွက်သားတွေက ကိုယ်ထူကိုယ်ထ ရေရရှိရေးကို လုပ်ဆောင်ကြရပါတယ်။ ကူဘိုတာတွေငှား၊ ဆီတွေဝယ်ပြီး ရေမောင်းတင်ကြရပါတယ်။ တချို့ရပ်ကွက်တွေမှာ ရေတွင်းရှိတဲ့လူတွေက ရေလှူကြပါတယ်။ ဒါကို အခွင့်ကောင်း စောင့်နေတဲ့ ကြံ့ဖွံ့တွေက ရေလှူတဲ့အိမ်တွေရှေ့မှာ အလံသွားစိုက်ပြီး။ ဟိုလူ့ကို တန်းစီခိုင်း၊ ဒီလူ့ကိုတန်းစီခိုင်းလုပ်လို့ စိတ်အချဉ် ပေါက်နေတဲ့ ရေတွင်းပိုင်ရှင်တွေက ရေလှူတာကို ရပ်လိုက်ကြပါတယ်။

ကျမတို့ လင်မယားလည်း အလှူခံလိုက်၊ ကယ်ဆယ်ရေးသွားလိုက်နဲ့ အိမ်မှာမနားဖြစ်ပါဘူး။ အဲဒီနေ့ကတော့ အိမ်မှာ ကျမ ကျန်ခဲ့ပြီး အမျိုးသားက အပြင်ထွက်သွားပါတယ်။ အဲဒီအချိန်မှာဘဲ ခရစ်ယာန်ဘုရားကျောင်းတခုက တောင်ဒဂုံရပ်ကွက်တွေထဲမှာ ဆန်လိုက်ဝေ တယ်ဆိုလို့ ကျမလည်း သွားကြည့်ပါတယ်။ တကယ့်ကို အပျက်အစီးများတဲ့ ရပ်ကွက်ထဲမှာ သွားဝေတာပါ။ စဝေဝေခြင်းမှာ လူတ ယောက်ကို ဆန် ၁၂ ပြည်နဲ့ ငွေ ၁,ဝဝဝ ကျပ် ဝေပေးပါတယ်။ ရပ်ကွက်သူ ရပ်ကွက်သားတွေက စည်းကမ်းတကျနဲ့ တန်းစီပြီးယူကြ ပါတယ်။ ရပ်ကွက်ဥက္ကဋ္ဌ ဦးသာရင်ရဲ့အိမ်က TOSTA အိမ်ယာထဲမှာရှိပြီး ဆန်ဝေတဲ့နေရာနဲ့ ဝေးနေတော့ ရုတ်တရက် သူ မသိလိုက်ပါ ဘူး။ နာရီဝက်လောက်ကြာတော့မှ သိပြီး ရောက်လာပါတယ်။

ရောက်လာတာနဲ့ ဝေနေတာကို ရပ်ခိုင်းလိုက်ပါတယ်။ ပြီးတော့ ဥက္ကဋ္ဌက သူ့ကိုအပ်ဖို့တောင်းဆိုပါတယ်။ ဘုရားကျောင်းအကြီးအကဲ က လည်း ချက်ချင်းတော့ မအပ်ပါဘူး။ ဥက္ကဋ္ဌက "အခုဝေချင်သလိုဝေတော့ ရတဲ့လူရပြီး၊ မရတဲ့လူကမရနဲ့ မညီမမျှဖြစ်မယ်၊ အိမ်တွေ က လူနဲနဲလေးပဲရှိပြီး ဆန်အများကြီးရမယ်၊ တချို့အိမ်တွေက လူများပြီးဆန်နည်းသွားတာမျိုး ဖြစ်ခဲ့ရင် တဦးနဲ့တဦး မကျေနပ်ရာက ရာဇ ဝတ်မှုအထိ ဖြစ်နိုင်လို့၊ ရပ်ကွက်က တာဝန်ရှိသူတွေကပဲ စီမံခန့်ခွဲရမယ်လို့ အထက်ကအမိန့်ပေးထားတယ်" လို့ ပြောပါတယ်။ "တ ကယ်လို့ သူ့ကိုမအပ်ရင် အထက်ကို အကြောင်းကြားရလိမ့်မယ်" လို့လည်း ခြိမ်းခြောက်တော့ နောက်ဆုံး ဘုရားကျောင်းက အပ်လိုက် ရပါတယ်။ ဥက္ကဋ္ဌက ဘုရားကျောင်းလူကြီးကို "လူတဦးကို ဆန် ၃ ပြည်နှုန်းနဲ့ ဝေပေးပြီး တအိမ်ထောင်ကို ၁,ဝဝဝ ကျပ် ပေးမယ်"လို့ ပြောပြီး အလှူပစ္စည်းတွေကို သိမ်းလိုက်ပါတယ်။

ပြီးတော့မှ ခုနဝေပြီးသားလူတွေဆီက လက်လှမ်းမှီသလောက် ပြန်လိုက်သိမ်းလိုက်ပြီး တအိမ်ထောင် ဆန် ၃ ပြည်နဲ့ ငွေသား ၃ဝဝ ကျပ် ဝေပေးလိုက်ပါတယ်။ ပိုတဲ့ဆန်နဲ့ ငွေသားတွေကိုတော့ ရပ်ကွက်ဥက္ကဋ္ဌနဲ့ စွမ်းအားရှင်ဥက္ကဋ္ဌက ဆန် ၃ အိပ်စီနဲ့ ငွေသားတသိန်းခွဲစီ ရသွားပြီး၊ နောက်လိုက်တွေကတော့ ငွေ ၅ဝဝဝ ကျပ်နဲ့ ဆန်တအိပ်စီ ဝေပေးလိုက်ပါတယ်။

တရုတ်ပြည် ငလျင်ကြီးလည်းလှုပ်ရော ဝန်ကြီးချုပ် ဝမ်ကြားပေါင် ကိုယ်တိုင် ငလျင်လှုပ်တဲ့နေရာမှာသွားပြီး ဒုက္ခသည်တွေကို အားပေး တယ်ဆိုတော့မှ သတင်းစာကနေ မရှက်မကြောက် ဆောင်းပါးတခုရေးပါတယ် …
"ဗိုလ်ချုပ်မှူးကြီးက မုန်တိုင်းဒဏ်သင့်တဲ့ နေရာတွေကို ချက်ချင်းသွားချင်ခဲ့ပေမဲ့ ဝန်ကြီးချုပ်ယူထားတဲ့ တာဝန်တွေကို ကြားကနေ ဝင် စွက်ဖက်သလို ဖြစ်မှာစိုးလွန်းလို့ ဆန္ဒတွေကို ထိန်းချုပ်ထားရတာပါ" တဲ့။

ဒါပေမယ့် မုန်တိုင်းဒဏ်သင့် ဒေသတွေမှာ တပ်မတော်ရဲ့ အကြမ်းဖက်မှုသတင်းတွေကို နေ့စဉ်နဲ့အမျှ ကြားနေရပါတယ်။ နိုင်ငံတကာ က ဒုက္ခသည်တွေအတွက်ပေးတဲ့ စားနပ်ရိက္ခာတွေဟာ ဒုက္ခသည်တွေကိုဝေတဲ့ဆီ မရောက်ပါဘူး။ သံဈေးထဲမှာ၊ ညောင်ပင်လေးဈေး မှာ၊ ယုဇန ပလာဇာမှာ၊ city Mart အရောင်းဆိုင်တွေမှာ ရောင်းချပေးနေပါတယ်။ စေတနာရှင်ပြည်သူတွေကိုတော့ တားဆီး၊ ဖမ်း၊ ပြန်ခိုင်း ဆိုတာတွေကို နေ့စဉ်လုပ်နေပါတယ်။

အလှူရှင်တွေရောက်ဖို့ ခက်ခဲတဲ့နေရာက လူ တွေဟာ အလှူရှင်တွေဖြတ်သွားတဲ့ ကားလမ်း တွေအထိ ရောက်အောင်လာပြီး အလှူခံကြရပါ တယ်။ ဒါကို န.အ.ဖ က နိုင်ငံတော် သိက္ခာ ကျအောင်လုပ်တာပါဆိုပြီး။ အဲဒီလူတွေကို မလှူ ရဘူး၊ လှူရင် ပြင်းပြင်းထန်ထန် အရေးယူမယ် လို့ ဆိုပြန်ပါတယ်။

အတည်ပြုဘို့ ခက်ခဲတဲ့ သတင်းတွေအနေနဲ့ ကျမတို့ ကယ်ဆယ်ရေး လိုက်သွားတုန်းက ဒေ သခံပြည်သူတွေရဲ့ ပြောပြပုံအရဆိုရင်တော့ စစ် သားတွေဟာ ရွှံ့နွံတွေကြားထဲက ရွှေတိုရွှေစ တွေကို လိုက်စုတာ ၁ဝ ကျပ်သားလောက်အထိ ရသွားကြယုံမက ဒုက္ခသည်တွေဆီက ရွှေတိုရွှေစတွေဘာတွေတွေ့ရင် အတင်း ဓားပြတိုက်တယ်လို့ ဆိုကြပါတယ်။

ဒီအချိန်မှာဘဲ န.အ.ဖ က ကြေညာပြန်ပါတယ်။ ရပ်ကွက်က ထောက်ခံချက်ပေးရင် တအိမ်ထောင်ကို သွပ် ၅ ချပ် ရောင်းပေးမယ် ဆိုတာပါပဲ။ ရပ်ကွက်ထောက်ခံချက်ရဘို့ ဥက္ကဋ္ဌ ကို အရင်အလှူငွေထည့်ကြရပါတယ်။ ဒါပေမဲ့လည်း တချို့လူတွေ ၆ လသာကျော်သွား ရော သွပ် ၅ ချပ် မရကြပါဘူး။ သွပ်မရမချင်း အိမ်မမိုးဘဲမနေနိုင်ကြတော့ အပြင်ကဝယ်ပြီး အိမ်မိုးကြရပါတယ်။ တကယ်က အိမ် ဆောက်ပစ္စည်းတွေကို နိုင်ငံခြားကတင်သွင်းကြတဲ့ ကုမ္ပဏီတွေဟာ စစ်အစိုးရနဲ့ မပတ်သက်တဲ့လူဆိုတာ မရှိကြပါဘူး။ နောက်ဆုံး တော့ နာဂစ်ရဲ့ အကျိုးအမြတ်က စစ်အုပ်စုအတွက်ဖြစ်သွားရပါတယ်။

ကျမတို့လည်း ရသမျှသတင်းတွေစုပြီး ကြီးကြီးဆီကို ပို့ပေးပါတယ်။ ကြီးကြီးတို့ဆီကို တခြားကလဲ သတင်းတွေဝင်ပါတယ်။ ဒီတော့ ကိုဇာဂနာတို့ အနုပညာရှင်အုပ်စုက တောင်ဒဂုံမှာ ဆန်ဝေမယ်ဆိုတော့ ဆန်တွေကို တခါထဲအပြီး အထုပ်တွေနဲ့ထုပ်ပြီး လာသမျှလူကို တယောက်တထုပ် ပေးပါတယ်။ အဲဒီ ကားပေါ်မှာပါတာက မင်းသားကျော်ရဲအောင်နဲ့ ဝေဠုကျော်ပါ။ ဒီတခါတော့ စွမ်းအားရှင်တို့က ပညာတမျိုးပေးပြန်ပါတယ်။ ကားပေါ်တက်ပြီး ဆန်ထုတ်တွေကို တက်လုတာပါ။ ဗလတောင့်တဲ့ မင်းသား ၂ ယောက်က တက်လုတဲ့လူ တွေကို လက်သီးစာဖိကျွေးလိုက်မှပဲ စည်းကမ်းတကျ တန်းဝင်စီကြပါတော့တယ်။

ကျမတို့ ကယ်ဆယ်ရေးတွေ လုပ်နေတယ်ဆိုတော့ မင်္ဂလာဈေးထဲက မိတ်ဆွေတယောက်က ဆက်သွယ်ပါတယ်။ သူတို့မင်္ဂလာဈေးက ချုပ်ပြီးသား အထည်တွေလှူချင်ပါတယ်တဲ့။ ဒါနဲ့ အလှူရှင်နည်းသေးတဲ့ နေရာကို စုံစမ်းပြီး သူနဲ့ကျမသွားလှူပါတယ်။ အဲဒီရပ်ကွက်က အရှေ့ဒဂုံက ၁၁ ရပ်ကွက်ပါ။ ကျမမိတ်ဆွေက ရ.ရ.က ရုံးကိုဝင်သွားပြီး အဝတ်လှူချင်ကြောင်းပြောတော့ ဥက္ကဋ္ဌက "အခုသူ့ကို ပေးခဲ့ ပါ။ သူ စိစစ်လိုက်ဦးမယ်၊ မနက်ဖြန်ကြမှ ဝေကြတာပေါ့" လို့ ပြောတော့ ကျမတို့ အင်္ကျီတွေထားခဲ့ကြပါတယ်။ နောက်တနေ့ တခါထပ် သွားတော့ မနေ့က ညနေမှာ သူတို့ဝေလိုက်ကြတယ်တဲ့၊ ဒီမှာဓါတ်ပုံတောင် ရိုက်ထားတယ်ဆိုပြီး ပြပါတယ်။ ကျမတို့လဲ မကျေနပ်ပေ မယ့် မထူးတော့တာမို့ ပြန်လာပါတယ်။ အပြန်လမ်းမှာ တဲအိမ်လေးတအိမ်တွေ့တော့ ကျမ ဝင်မေးလိုက်ပါတယ်။ မနေ့က အင်္ကျီဝေတာ ရသလားဆိုတော့ အိမ်ရှင်ပြန်ဖြေပုံက "ရပါတယ်အမရယ် ဒါပေမဲ့ ဝတ်လို့ကို မရတဲ့ ဘေထုတ်အစုတ်အပြဲတွေပါ" ဆိုပြီး အင်္ကျီကို ထုတ်ပြပါတယ်။ ကျမက မကျေနပ်ပေမဲ့ ကျမမိတ်ဆွေက ကျမအတွက်စိုးရိမ်လို့ သူက "ဘာမှပြောမနေပါနဲ့၊ ဒီလိုပစ္စည်းဆိုတာ အပူတွေပါ၊ သူယူဝံ့လို့ယူတာ ယူပါစေ" တဲ့။ ဒါနဲ့ကျမလည်း စိတ်လျှော့လိုက်ပါတယ်။

တာမွေမြို့နယ် ဗျိုင်းရေအိုးစင်လမ်းထဲမှာနေတဲ့ ရပ်ကွက်ဥက္ကဋ္ဌက သူရတဲ့ခွဲတမ်းထဲက ခေါက်ဆွဲ ၂ ပါကင်၊ ဘီစကွက် ၁ ပါကင်နဲ့ ခြင် ထောင် ၃ လုံး၊ စောင် ၃ ထည်ကို သူ့ရဲ့ခယ်မဆိုင်မှာတင်ရောင်းပါတယ်။ သတင်းရလို့ ကျမတို့သွားမေးတော့ ပစ္စည်းတွေကိုဖွက်ထား လိုက်ပါတယ်။ ဝယ်စားထားတဲ့ လူတွေဆီက ခေါက်ဆွဲခြောက်အိပ်ကိုယူပြီး ကိုဇာဂနာဆီကို ပို့ပေးလိုက်ပါတယ်။ ဒီ ဒုက္ခသည် ရိက္ခာ တွေကို မ.ရ.က ဥက္ကဋ္ဌက ခွဲတမ်းချပြီး ရပ်ကွက်ဥက္ကဋ္ဌတွေကို ဝေပေးတာပါ။

နိုင်ငံတကာက သိသွားတော့ ခွဲဝေယူတဲ့ကိစ္စတွေကို မလုပ်တော့ဘဲ ပစ္စည်းတွေကို ဂိုထောင်တွေထဲထည့်ပြီး ပိတ်ထားလိုက်ပါတယ်။ ဒုက္ခသည်တွေကိုလည်း မဝေခြမ်းပါဘူး။ နောက်ဆုံးတော့ ဂိုထောင်တွေထဲမှာ ဆွေးမြေ့ပျက်စီးကုန်တယ်ဆိုတာကို သူတို့စစ်တပ်ထဲ ကပဲ သတင်းထွက်လာပါတယ်။

ကုမ္ပဏီတွေက ဆောက်တဲ့အိမ်တွေဟာ တလုံးကို ကျပ် ၆ သိန်းတန်တာမို့လို့ တကယ်ဘဝပျက်သွားတဲ့ လူတွေမဝယ်နိုင်ပါဘူး။ နောက် ဆုံးတော့ ကြံဖွံ့တို့ စွမ်းအားရှင်တို့ကပဲ ရသွားတာမို့လို့ နဂိုမြေပိုင်ရှင်တွေခင်မျာ နာဂစ်အပြီးမှာ အိမ်တွင်မကဘဲ မြေပါပျောက်ဆုံးသွား ကြရတာမို့ မိအေး ၂ ခါမကနာကြရပါတယ်။

အခုတော့ ဗမာပြည်သူတွေဟာ မုန်တိုင်းရဲ့ရှေ့ပြေး ကောင်းကင်ပြင်ကြီး နီရဲလာပြီဆိုမှဖြင့် ကိုယ့်ဘေး ကိုယ်ရင်ဆိုင်ကြရမှာမို့လို့ ကောင်းကင်ကြီးမနီအောင် ဆုတောင်းနေကြရပါပြီ။

ခင်ငြိမ်းသစ် ..။(နေ့သစ်မှပြန်လည်ဖော်ပြပေးပါသည်..။)


12 November 2009

ချင်းလူမျိုးစု ခရစ်ယာန်များအပေါ် နအဖ၏ ဖိနှိပ်မှု ဖြစ်ရပ်များ..။

စစ်ကိုင်း တိုင်း ကလေးမြို့နယ် နည်းပညာ တက္ကသိုလ် (ကလေး) အနီး ရှိ ရပ် ဝေး ကျောင်းသား များ အဓိက ခြေချ ရာ ထိုမာ ကျေး ရွာ အုပ် စု သာယာဝတီ ရွာ ရှိ ခရစ်ယာန် ဘာသာဝင် နည်းပညာ ကျောင်းသား များ ၏ အ ဆောင် တစ်ခု ဆောက် လုပ် ရန် စုဆောင်း ထား သော အိမ် ဆောက် ပစ်စည်း များ သို လှောင် ရာ မိုးကာ တဲ တစ် ခု ကို ကျောင်း ပိတ် ချိန်ကို အခွင့် ကောင်း ယူ ပြီး လူ ရမ်းကား တစု မှ သော့ ဖောက် ၀င် ရောက် ဖျက်ဆီး သွား ကြောင်း နိုဝင်ဘာလ ၁၀ ရက် နေ့ တွင် ထို နေရာ သို့ ရောက် ရှိ ခဲ့ သူ ကျောင်းသား တစ်ဦး ထံ မှ သိ ရှိ ရ ပါ သည်။ ယင်း အဆောင် သည် အဆောင် နေ ကျောင်းသား များ ဘုရား ၀တ် ပြု ခြင်း များ ပြု လုပ် နိုင် ရန် နှင့် ရပ်ဝေး မှ လာ သော ဆင်းရဲ ခက်ခဲ သည့် ကျောင်းသား များ စရိတ်သက်သာ စွာ ဖြင့် နေထိုင် ကျောင်းတက် နိုင် ရန် ရည် ရွယ် ထား ခြင်း ဖြစ် သည်။

ယင်း အ ဆောင် ကို ဆောက် လုပ် နိုင် ရန်အတွက် ကျောင်းသူ ကျောင်းသား များ က သူတို့ ၏ မုန့် ဖိုး ထဲ မှ ခွဲ ထုတ် စုဆောင်း ခဲ့ ကြ သည် မှာ ၉ နှစ် ကျော် ကြာ ပြီ ဖြစ် သည်။ ၂၀၀၅ ခုနှစ် တွင် မြေ ကွက် များ ၀ယ် ယူ နိုင် ပြီ ဖြစ် ရာ ယင်း နေရာ တွင် အုတ်မြစ် ကို လည်း စနစ် တကျ ချ နိုင် ခဲ့ သည်။ သို့ သော် ၂၀၀၆ နှင့် ၂၀၀၇ ခုနစ် များ ၌ အခက် အခဲ အ မျိုးမျိုး ကြောင့် ဆက်လက် မ ဆောက် လုပ် နိုင် တော့ ပေ။ ယင်း သို့ ဖြင့် ၂၀၀၈ ခုနစ် နိုဝင်ဘာလ ၂၇ နေ. ၌ အုတ်မြစ် ပေါ် ၌တိုင် ထောင် ကာ ဆက်လက် ဆောက် လုပ် ခဲ့ ရာ ကလေး မယက ဥက္ကဌ ဥိး ကိုကိုလတ် ဦးဆောင် ၍ မ တရား တားမြစ် လာ သဖြင့် ဆောက် လက် စ ကို လက် စ မ သတ် တော့ ပဲ ချက်ချင်း ရပ် နား ခဲ့ ကြ သည်။ ယင်းကဲ့ ရပ် နား ခဲ့ သော် လည်း စစ် အစိုးရ အလိုကျ ပြုမူ လုပ် ဆောင် ကြ သည့် ကြံ့ဖွံ့ နှင့် စွမ်းအားရှင်လူမိုက် များ က ကျောင်းသား များ လုပ် အားဖြင့် ထောင် ထား သော တိုင် အား လုံး ကို ဥပဒေ မဲ့ လူစု လူဝေး အားကူး ၍ အာဏာ ပိုင် များ ၏ မြောက် ပေး မှု ဖြင့် ဆွဲံလှဲ ပြီး တိုင်ထောင် ရန် ချ ထားသော သံ ဖိနပ် အုတ် ခုံ များ ကို လည်း ထုခွဲ ဖျက်ဆီး ခဲ့ ကြ သည်။ ထိုပြင် အိမ် ဆောက် ရန် နှစ် ရှည် လရှည် စု ဆောင်း ထား သော သစ် သား များ ကို သာယာဝတီ ဥက္ကဌ အိမ် သို့ နွား လှည်း ဖြင့် မတရား သဖြင့် သိမ်း ဆည်း သယ် ဆောင် သွား ကြ သည်။ အဆိုပါ အဖြစ် အပျက် နှင့် ပတ်သက် ၍ ကလေးမြို့ ဒကစ မှုး ထံ တိုင် ကြား ခဲ့သော်လည်း ယနေ့ တိုင် အောင် တရား မျှတ သည့် ဖြေရှင်း ချက် တစုံတခု မှ ထွက် မ လာ ခဲ့ ပေ။ ယင်း ကဲ့သို ဖျက်ဆီး ခံ ရ မှု နှင့် ပတ်သက် ၍ မျက်မြင် ကျောင်းသား တစ် ဦး က ဖျက်ဆိး ခဲံ့ သည့် ပစ္စည်းတန်ဖိုး မှာ ကျပ် သိန်း ပေါင်း ၂၀ ကျော် ရှိ ကြောင်းပြော ကြား ခဲ့ ပါ သည်။

သို့ဖြစ်၍ ဖျက်ဆီး သိမ်းဆည်း မထား ပဲကျန် နေ ခဲ့ သည့် သစ်သား စ များ ကို ထိန်းသိမ်း သိုလှောင် ရန် မိုးကာ တဲ တစ်ခု ကို June 6 နေ့ တွင် ကျောင်းသား များ က ဆောက် လုပ် ခဲ့ ရာ ဦး ကိုကိုလတ် မှ ထပ် မံ တားဆိး လာ ပြန် သဖြင့် တဲ ကို အ ပြီး တိုင် မ ဆောက် ရ ပဲ ရပ် နား ခဲ့ ရ ပြန် ပါ သည်။ မိုးကာ တဲ ဆောက်လုပ် ခြင်း နဲ့ ပတ်သက် ၍ တာဝန် ရှိ သူ ကျောင်းသား တချို့ ကို ကျောင်း အုပ် ကြိး ကို ဖိအား ပေး ခြိမ်းခြောက် စေ ခဲ့ သည် မှ ကြံ့ ဖွံ့၊ စွမ်းအားရှင် စ သည့် စစ် အစိုးရ တုတ် ကိုင် များ နှင့် ကျောင်း သား များ ပြဿနာ မည် ကို စိုး၇ိမ် လာ သဖြင့် ဖျက်ဆီး ခြင်း များ မပြု ပဲ နေ ခဲ့ ရာ မှ ယခု လ အ တွင်း ဤ ကဲ့သို့ ပြု မူ လာ ခဲ့ ကြ ခြင်း ဖြစ် သည်။ ယခု တကြိမ် ဖျက်ဆီး မှု နဲ့ ပတ် သက် ပြီး ယင်း နေရာ သို့ ရောက် ရှိ သူ ကျောင်းသား တစ် ဦး က " တိုင် နှစ် ခု ကို ဓား နှင့် ပြတ် အောင် ခုတ် ထား တာ တွေ့ ရ တယ်။ တခြား တိုင် တွေ လည်း ခုတ် ထား တာ တွေ့ ရ တယ်။ ပြတ် အောင် တော့ မ ခုတ် ဘူး။ အပေါ် မှာ မိုး ထား တဲ့ မိုးကာ တွေ အ ကုန် ဆွဲ ဖြဲ ခံ ရ တယ်။ " ဟု ဆက်လက် ပြော ကြား ခဲ့ ပါ သည်။

"ရွာ သား တွေ မေး ကြည့် မယ် လုပ် တော့ မေး လို့ သိပ် မ ရ ဘူး။ ကျောင်းသား တွေ နဲ့ ပြသ နာ တက် မှာ ကြောက် တယ် ထင် တာ ပဲ။ ဘယ် သူ တွေ ဖျက်ဆီး တာ ၊ ဘယ် ချိန် မှာ ဖျက် တာ တို့ မ သိ ရ ဘူး ဗျ။ " ဟု ဖြစ် ပျက် ပုံ ကို ဆက်လက် ရှင်း ပြခဲ့ ပါ သည်။

၂၀၀၈ ခုနှစ် နိုဝင်ဘာလ တွင် မြို့နယ် နှင့် ကျေးရွာ အာဏာပိုင် များ ပူးပေါင်း ဖျက်ဆိး သော အိမ် ဆောက် ပစ်စည်း တန်းဖိုး ကျပ် သိန်း ပေါင်း ၂၀ ကျော် နှင် စာ လျှင် ယခု ပျက်ဆီး မှု ပမာဏ မှာ မ ပြောပ လောက် ကြောင်း အဆိုပါ ကျောင်းသား ထံ မှ သိရှိ ရ ပါ သည်။

ယင်း အဖြစ် အပျက် များ ကို သုံးသပ် ကြည့် မည် ဆို ပါ က ဗိုလ် ချုပ် သာအေး၊ ဗိုလ် မှုးချူပ် ဟုန်းငိုင်း နှင့် ဗိုလ် မှုး ချုပ် ၀င်းမြင့် တို့ ၏ November လ ပထမ ပတ် တွင် သွား ရောက် ခဲ့ ကြ သည့် အ နှစ် နှစ် ဆယ် အတွင်း ပထမ ဆုံး အကြိမ် ဘာသာရေး ခေါင်း ဆောင် များ နှင့် တွေ့ ဆုံ ၍် ချင်းတောင် ဒေသ၏ ထောက်ခံ မှု ရ ရှိရေးအတွက ရွေး ကောက် ပွဲ အကြို စည်းရုံးရေး ခရိး စဉ် အတွင်း ဗိုလ် ချုပ် သာအေး မှ ဘာသာရေး ခေါင်ဆောင် များ အပေါ် ပြောဆို ဟော ကြား ခဲ့ သည့် သမ္မာ ကျမ်း စာ ထဲ မှ ခရစ်ယာန် ယုံကြည် မှု နှင် ဆိုင် သော ဘုန်းကြီး စာ ချ တရား များ သည် အ ပေါ်ရံ သက်သက် သာ ဖြစ် ကြောင်း ချင်းတောင် ခြေ ရှိ Technological University of Kalay ကျောင်း ရှိရာ သာယာဝတီရွာ မှ ကြံ့ဖွံ့ နှင့် စွမ်းအားရှင်လူမိုက် များ ၏ ဥပဒေမဲ့ ရမ်းကား သည့် အ ဖြစ် အပျက် များ က သက် သေ ပြ ခဲ့ ပြီ ဖြစ် သည်။



မေးလ်မှပေးပို့ လာသောကြောင့် ပြန်လည်မျှဝေ လိုက်ပါသည်..။

မြတ်လေးငုံ..။

ဒေါ်အောင်ဆန်းစုကြည်နှင့် အကျိုးဆောင် ရှေ့နေကြီးဦးဥာဏ်ဝင်း(၁)နာရီခန့်တွေ့ဆုံခွင့်ရ။...။


ယနေ့ မနက်(၁၀)နာရီမှ (၁၁)နာရီအထိ (၁)နာရီခန့် တွေ့ဆုံဆွေးနွေးခွင့်ရခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ အကျိုးဆောင်ရှေ့နေဖြစ်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

" ဒီနေ့မနက်(၁၀)နာရီကနေ(၁၁)နာရီအထိ (၁)နာရီကြာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင်ရခဲ့ပါတယ်။ အန်ကယ်တစ်ဦးထဲပါ။ ကိစ္စ(၂)ခု အတွက်ဆွေးနွေးခွင့် ရခဲ့ပါတယ်။ တစ်ခုကအဖွဲ့ချုပ်တွင်း ကိစ္စ နောက်တစ်ခုက နေအိမ်ပြင်ဆင်ခွင့် ကျတဲ့ ကိစ္စပါ။ နေအိမ်ပြင်ဆင်ခွင့် ပါမစ်ကျတဲ့ အတွက် ဒေါ်စုနဲ့ ဗိသုကာတွေ လုပ်ငန်းညှိနှိုင်းဖို့ ဆွေးနွေးဖြစ်ပါတယ်။ ဒီနေ့သွားတဲ့ အဖွဲ့ချုပ် ကိစ္စအတွက် လောလောဆယ် ပြောပြလို့ မရသေးပါဘူး။ လုပ်ခိုင်းတာတွေ လုပ်ပေးပြီးရင် ပြောပြနိုင်ပါမယ်။

နောက်တစ်ခုက ဒီနေ့မနက်အစောပိုင်းက ဂျပန်သံရုံး အတွင်းဝန် အန်ကယ်ကို လာရောက်တွေ့ဆုံပါတယ်။ တိုကျိုမဲခေါင် အစည်းအဝေးမှာ ဂျပန်နိုင်ငံ ဝန်ကြီးချုပ်မစ္စတာဟတိုယာမက ဝန်ကြီးချုပ်ဗိုလ်ချုပ်သိန်းစိန်ကို ပြောကြားလိုက်တဲ့ အချက်တွေကို လာရောက် ပြောပြပါတယ်။ အန်ကယ် ဒေါ်အောင်ဆန်းစုကြည် ကိုပြန်ပြောပြလိုက်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ကျန်းမာရေး ကောင်းမွန်ပါတယ်။ ပြီးခဲ့တဲ့(၅)ရက်နေ့ ကြာသာပတေးနေ့က ဒေါက်တာတင်မျိုးဝင်းလည်း ကျန်းမာရေး စစ်ဆေးခွင့်ရခဲ့ပါတယ်။ "ဟုအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပြောခွင့်ရ ပုဂ္ဂိုလ်ဖြစ်တဲ့ ရှေ့နေကြီးဦးဥာဏ်ဝင်း ကပြောဆိုပါတယ်။....

စစ်အစိုးရမှ ဒေါ်အောင်ဆန်းစုကြည်အား ရှေ့နေကြီးဦးဥာဏ်ဝင်းနှင့် တစ်ဦးချင်းတွေ့ဆုံခွင့် ပေးခဲ့သည်မှာ ယခုအကြိမ် ဒုတိယအကြိမ်မြောက် တွေ့ဆုံခွင့် ပေးခြင်းဖြစ်ပါတယ်။ ပထမအကြိမ် တွေ့ဆုံပြီးချိန်၌ ဒေါ်အောင်ဆန်းစုကြည်မှ SANCTION နှင့်ပတ်သတ်တဲ့ကြေငြာချက် ထွက်ပေါ်ခဲ့ပြီး စစ်အစိုးရနှင့် ဒေါ်အောင်ဆန်းစုကြည် အကြားတွေ့ဆုံ ဆွေးနွေးမှုများ ပြုလုပ်ခဲ့ပြီး ဆက်တိုက်ဆိုသလို အမေရိကန် အဆင့်မြင့် ကိုယ်စားလှယ်များ လာရောက် တွေ့ဆုံဆွေးနွေးမှုများ ဖြစ်ပေါ်လာပါတယ်။..။

သတင်း ပေးပို့ လာသူ...ဒီမိုဝေယံ..။

၈၉-နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ် အဖြစ်ဝါရင့်နိုင်ငံရေး လုပ်ဖော်ကိုင်ဖက်များ၏ မေတ္တာရပ်ခံ ပန်ကြားလွှာ..။

waryint statement1

Photobucket
ပေးပို့ ပေးသူ ..ကိုလူချော..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မှ (၈၉)နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ အထိမ်းအမှတ်.ကျင်းပ (ဓာတ်ပုံ မှတ်တမ်း)..။



ဓာတ်ပုံ ပေးပို့ ပေးသူ ကိုနစ်နေမန်း..။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ၏ (၈၉) နှစ်မြောက်အမျိုးသားအောင်ပွဲနေ့ကြေငြာချက်..။

Photobucket

Photobucket

Photobucket

ပေးပို့ ပေးသူ UPG..။

တန်ဆောင်တိုင်လပြည့် နေ့  သစ်သီးဝလံကပ်တာ ဗိုလ်ချူပ်အောင်ဆန်းပုံပါတာနဲ့  ဘာလို့ဒီလောက် ကြောက်ရသလား နအဖရယ်။

ဒီဓါတ်ပုံတွေကတန်ဆောင်တိုင်လပြည့် နေ့ ကသန်လျင်ကျိုက်ခေါက်ဘုရားမှာကျောင်းသားတွေ
ဖွဲစည်းထားတဲအင်္ဂါအသင်းကသစ်သီးဆွမ်းတင်ထားတဲ့ပုံဖော်ထားတဲ့သစ်သီးတွေပါ။
အဲဒီမှာဗိုလ်ချုပ်အောင်ဆန်းပုံကိုဖရဲသီးမှာထွင်းပြီးသစ်သီးစင်မှာတင်ထားလို့
အင်္ဂါအသင်း တာဝန်ရှိသူတွေကိုသက်ဆိုင်ရာကနှစ်ရက်ခေါ်စစ်ပါတယ်။
စရဖ နဲ့  SB ခရက အဖွဲ့ တွေကပါ။



ဓာတ်ပုံ ပေး ပို့လာသူ ..ကိုလူချော..။