03 December 2011

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန် အနေဖြင့်မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့် ပညာရေကဏ္ဍများတွင် ပါဝင်ကူညီမည်ဖြစ်ကြောင်း ပြောဆို


ယနေ့၊(ဒီဇင်ဘာ ၂ ရက်နေ့) နေ့လည် ၂နာရီ ၃၀ မိနစ်အချိန်တွင် ရန်ကုန်မြို့၊ အမေရိကန်သံရုံးတွင်ပြုလုပ်ကျင်းပခဲ့သော သတင်စာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် မြန်မာနိုင်ငံ၏ ကျန်းမာရေးနှင့်ပညာရေးကဏ္ဍများအား ကူညီထောက်ပံ့ပေးသွား မည် ဖြစ်ကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်ရွေးကောက်ပွဲဝင်ခြင်းမှာ မြန်မာ့နိုင်ငံရေးနှင့် ငြိမ်းချမ်းရေး အတွက် ဖြစ်သည်ကို ယုံကြည်ကြောင်း ၊ မြန်မာ့နိုင်ငံရေးတွင် ပြုပြင်ပြောင်းလဲရေး တိုးတက်မှုကို မြင်တွေ့ရပါက စီးပွားရေးပိတ်ဆို့မှုကိုလည်း ရုတ်သိမ်းပေးမည်ဟု ပြောကြားခဲ့သည်။

`ကျမတို့ ဆောင်ရွက်သွားမှာကတော့ နိုင်ငံတစ်ဝန်းလုံး အထူးသဖြင့် တိုင်းရင်းသားလူမျိုးစုများ နေထိုင်ရာဒေသတွေမှာ အသေးစားချေးငွေ၊ ကျန်းမာရေးစောင့်ရှောက်မှုနဲ့ တခြားအရေးကြီးတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနေသော အရပ်သားလူ့ဘောင်အဖွဲ့များကို တိုးမြှင့် ထောက်ပံ့သွားပါ့မယ်။ ဒုတိယက အာဆီယံနဲ့ အရှေ့-အနောက်စင်တာတို့ တွဲပြီး အင်္ဂလိပ်စာ ထိရောက်စွာ သင်ကြားရေး အစီအစဉ်နဲ့ ပြန်လည်ဖလှယ်ရေး အစီအစဉ်သစ်များကို ဆောင်ရွက်သွားပါ့မယ်။ တတိယကတော့ ပြည်တွင်း မိတ်ဖွဲ့အဖွဲ့အစည်းတွေနဲ့ မြန်မာနိုင်ငံသားများ တိုးတက်အောင် လက်တွေ့ဆောင်ရွက်နေသူများနဲ့ ပူးပေါင်း ဆောင်ရွက်သွားပါမယ်။ စတုတ္ထအနေနဲ့ ကျန်းမာရေး၊ အုပ်ချုပ်ရေးနဲ့ တခြားကိစ္စရပ်များမှာ ပညာရေးဆိုင်ရာ ဖလှယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ဆောင်ရွက်နေကြတဲ့ အမေရိကန်တက္ကသိုလ်တွေ ဖောင်ဒေးရှင်းတွေကို ကျမတို့ ပံ့ပိုးပေး သွားမယ်`ဟု ယနေ့ပြုလုပ်သော သတင်းစာရှင်းလင်းပွဲတွင် အမေရိကန်နိုင်ငံခြားရေး ၀န်ကြီးက ပြောကြားခဲ့သည်။

ထို့ပြင် နိုင်ငံရေးအကျဉ်းသားများအားလုံး လွှတ်ပေးဖို့ကို လည်း မြန်မာအစိုးရခေါင်းဆောင် တို့နှင့်တွေကဆုံစဉ် ပြောဆိုခဲ့ကြောင်း၊ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်ရွေးကောက် ပွဲ ၀င်ခြင်းမှာလည်း တိုင်းပြည်အတွက်၊ ဒီမိုကရေစီအတွက် ၀င်ခြင်းဖြစ်သည်ဟု ပြောကြားခဲ့ခြင်းကို ယုံကြည်ကြောင်း ၊ မြန်မာ့နိုင်ငံရေးပြောင်းလဲလာမည်ကိုလည်း မျှော်လင့်ကြောင်း၊ မြန်မာ့နိုင်ငံရေးတွင် လုံလောက်သော တိုးတက်မှုကို မြင်တွေ့ရပါက စီးပွားရေးပိတ်ဆို့မှုကိုလည်း ရုတ်သိမ်းပေးမည်ဟု ပြောဆိုခဲ့ကြောင်း သိရှိရသည်။

"နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးရေး၊ တိုင်းရင်းသား လူမျိုးစုဒေသများ နိုင်ငံရေး၊ လူမှုရေးနယ်များ နေရာချဲ့ပေးရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိရေး၊ နိုင်ငံပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်လက်လျှောက်လှမ်းသွားရာကနေ ဆွေးနွေးသွားကြပါမယ်။ ဒီနေ့မနက်မှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ပါတယ်။ နိုင်ငံရေးပါတီ ပြန်လည်မှတ်ပုံတင်
မယ်ဆိုတာလည်း သိခဲ့ရပါတယ်။ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေးအကျဉ်းသား တစ်ထောင်ကျော် ကျန်ရှိနေပါသေးတယ်။

နိုင်ငံပြုပြင်ပြောင်းလဲရေး အတွက် အစိုးရအနေဲ့ ဆုံးဖြတ်ပေးမှာကတော့ ယုံကြည်ချက်ကြောင့် အကျဉ်းချခံနေရတဲ့ နိုင်ငံရေး အကျဉ်းသားတွေအားလုံး လွှတ်ပေးရေးသာဖြစ်လိမ့်မယ်လို့ သဘောတူညီခဲ့ကြပါတယ်`ဟု အမေရိကန်နိုင်ငံခြားရေး ၀န်ကြီး ဟီလာရီကလင်တန်က ပြောကြားခဲ့သည်။

ထို့ပြင် ဟီလာရီကလင်တန်က နိုင်ငံရေးနဲ့ လူမှုရေးကိစ္စတွေ တစ်စုံတရာ ဖွံ့ဖြိုးတိုးတက်လာသော်လည်း အထူးသဖြင့် ရန်ကုန်မြို့တွင် တိုးတက်မှုတစ်စုံတစ်ရာ ရရှိလာခဲ့သည်ကို တွေ့မြင်ရသော်လည်း ကျန်ဒေသတွေ အထူးသဖြင့် တိုင်းရင်းသား လူမျိုးစုတွေ အများဆုံး နေထိုင်ကြတဲ့ဒေသတွေများတွင် အကြမ်းဖက်မှုတွေ၊ ဆင်းရဲနွမ်းပါးမှု၊ အဓမ္မ နှိပ်စက်ခြင်းတွေကို ခံစားနေရသည်ကိုတွေ့ရကြောင်း ကိုလည်း သုံးသပ်ပြောဆိုခဲ့သည်။

`ဗုဒ္ဓဘာသာ၊ အစ္စလာမ်၊ ခရစ်ယာန် တခြားဘာသာကို ကိုးကွယ်နေကြတဲ့သူတွေ၊ ကိုယ်တိုင် သီးခြားဘာသာစကားနဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေရှိကြတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံ တစ်ရာကျော် ရှိကြတဲ့ နိုင်ငံလည်းဖြစ်တယ်။သူတို့အားလုံးဟာ ကမ္ဘာလုံးဆိုင်ရာ အခွင့်အရေးတွေ ရှိသင့်သလိုသူတို့ဟာ လည်း နိုင်ငံရဲ့အနာဂတ်ရေးမှာလည်း ပါဝင်ဆုံးဖြတ်ခွင့် ရှိသင့်ပါတယ်။ နိုင်ငံရဲ့သဘာဝ သယံ ဇာတ ကြွယ်ဝမှုကို နိုင်ငံသားတိုင်းခံစားခွင့် ရှိသင့်တဲ့ အရပ်သားလူ့ဘောင်ခေါင်းဆောင်တွေနဲ့ ကျမတို့တွေ သဘောတူညီမှုရှိခဲ့ကြပါတယ်`ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုသည်။

အမေရိကန်ပြည်ထောင်စုအနေဖြင့် မြန်မာအစိုးရပိုင်းခေါင်းဆောင်များမှ ပြုပြင်ပြောင်းလဲရေးလမ်းကြောင်း
အတိုင်းဆက်လျက်လျှောက်လှမ်းပါက အတူလျှောက်လှမ်းမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ သတင်းစာရှင်းလင်းပွဲကို နေ့လည် ၂နာရီ ၃၀ မိနစ်အချိန်တွင် စတင်ခဲ့ပြီး ၂နာရီ မိနစ် ၅၀ ခန့်အချိန်တွင် ပြီးဆုံးသွားခဲ့သည်။ အဆိုပါသတင်းစာရှင်းလင်းပွဲ သို့ နိုင်ငံခြားသတင်းထောက် များနှင့်အတူ ပြည်တွင်းသတင်းထောက်များလည်း တက်ရောက်ခဲ့ကြသည်။

သတင်းများပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်။

ဟီလာရီကလင်တန်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ မှ နှစ်ဦးနှစ်ဖက် သဘောထား အမြင်များ

02 December 2011

မြန်မာ့ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Hillary Clinton တို့တွေ့ဆုံသော ဓာတ်ပုံမှတ်တမ်း





















ဓာတ်ပုံ...AP

မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုအပေါ် ပုံအောယုံကြည်စွန့်စားရန် ဒေါ်အောင်ဆန်းစုကြည် အဆင်သင့်ရှိ

(Reuters သတင်းမှ 30 Nov 2011 ရက်စွဲပါ “Myanmar’s Suu Kyi ready to gamble on Political reform” သတင်းဆောင်းပါးကို yangonchronicle မှဘာသာပြန်ဆိုသည်)

မြန်မာဒီမိုကရေစီလှုပ်ရှားမှုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် လက်ရှိအစိုးရ၏ ဥခွံပေါက်စ ပြုပြင်ပြောင်းလဲမှုများကို အမှန် တကယ်ပာု ပုံအောယုံကြည်ရန် အဆင်သင့်ဖြစ်နေပြီး ဒီမိုကရေစီ အသွင်ကူးပြောင်းရေး အတွက် အခွင့်အလမ်းကို ဖမ်းဆုပ်လျက်ရှိကြောင်း ဗုဒ္ဓပာူးနေ့တွင် ပြောကြား လိုက်သည်။

မြန်မာနိုင်ငံ ရန်ကုန်မြို့နေအိမ်မှ ပြုလုပ်သော ရှားရှားပါးပါး လူထုရုပ်မြင်ဗီဒီယိုဆွေးနွေးပွဲ video conference တွင် ပြုံးရွှင်ကြည်လင်နေသော ဒေါ်အောင်ဆန်စုကြည်က “သူမအား ၁၅ နှစ်ခန့် ဖမ်းဆီးထိန်းသိမ်းခဲ့သော နိုင်ငံမှ တာဝန်ရှိသူအချို့သည် အပြောင်းအလဲလုပ်ရန် လိုအပ်ကြောင်း နားလည် သိရှိ သွားကြပြီပာု သူမအနေဖြင့် ယူဆကြောင်း” ပြောကြားခဲ့သည်။ မြန်မာအစိုးရ၏ လတ်တလော ပြုပြင်ပြောင်းလဲမှုများကို သူမက “ဒီအရာတွေ တကယ် မှန်ကန်လေးနက်တယ်လို့ ကျွန်မတို့ မျှော်လင့်ထားတာပါ” “ဒီအပေါ်မှာ ယုံကြည်ပြီး စွန့်စားဖို့ ကျွန်မတို့ ပြင်ဆင်ရလိမ့်မယ်လို့ ထင်ပါတယ်။ အရာ ခပ်သိမ်း အာမခံ နိုင်တဲ့အရာဆိုတာ မရှိပါဘူး” ပာု သုံးသပ်ပြောကြား သည်။

နှစ်ပေါင်း ၅၀ အတွင်း မြန်မာနိုင်ငံရောက် ပထမဆုံး အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပီာလာရီကလင်တန် နေပြည်တော်သို့ ခြေချသည့်နေ့တွင် ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။ ဝန်ကြီး ကလင်တန်အနေဖြင့် အရှေ့တောင်အာရှမှ မိုက်မဲစွာ တံခါးပိတ်ထားခဲ့ သော မြန်မာနိုင်ငံမှ ခေါင်းဆောင်သစ်များက ပိုမို ပြုပြင်ပြောင်းလဲရေးကို မောင်းခတ် ကြေညာအောင် တွန်းအားပေးလိမ့်မည်ပာု မျှော်လင့်ရသည်။

ဒေါ်အောင်ဆန်းစုကြည်က လာမည့် လွှတ်တော်ကြားဖြတ်ရွေးကောက်ပွဲများတွင် သူမဝင်ရောက် ယှဉ်ပြိုင်မည်ပာု အတည်ပြုပြောကြားသည်။ သူမ၏ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီသည် မနှစ်က လွှတ်တော် ရွေးကောက်ပွဲ များကို သပိတ်မှောက်ခဲ့သော်လည်း ယခုအခါ လွှတ်တော်ထဲသို့ ဝင်ရန်၊ နိုင်ငံတစ်ဝှမ်း ရုံးခွဲများဖွင့်ရန် သတင်းစာစောင် စတင်ထုတ်ဝေရန် မျှော်လင့်ထားသည်ပာု သူမကဆိုသည်။ ပြီးခဲ့သည့် လအနည်းငယ်အတွင်း ထွက်ပေါ်လာတဲ့ အခွင့်အလမ်းတွေအပေါ်မှာ ကျွန်မတို့ အကောင်းဆုံး လုပ်ဆောင်ဖို့ ကြိုးစားခဲ့ပါတယ် ပာု သူမက ဆက်လက်ပြောကြား၍ သူမ၏နိုင်ငံတွင် ဒီမိုကရေစီပေါ်ထွန်းလာတော့မည်ပာု သတိထားအကောင်းမြင်လျက်ရှိကြောင်း ထုတ်ဖော်ပြောဆိုသည်။ “မြန်မာပြည်သူအများစုက ဒီမိုကရေစီစနစ်ကို အေးချမ်းစွာ အလိုက်သင့် ကူးပြောင်းဖို့ ဆန္ဒရှိကြတယ်လို့ ကျွန်မ စိတ်ချ ယုံကြည်ထားပါတယ်” ပာု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

ဝါရှင်တန်ရှိ အမေရိကန် နိုင်ငံခြားရေးရာကောင်စီတွင် တက်ရောက်နားထောင်ကြသော ပရိသတ်နှင့် အချိန် ကြာကြာ မေးကြ၊ ဖြေကြရာတွင် ဒေါ်အောင်ဆန်းစုကြည်က သွက်လက်ချောမွေ့သော အင်္ဂလိပ်ဘာသာစကားဖြင့် ပြောဆို ခဲ့သည်။ ထိုသို့ သူမက မှတ်ချက်ပေးပြောဆိုရာတွင် သူမ၏ မျက်နှာကို ရုပ်မြင်ပိတ်ကားပေါ်တွင် ပြသထားပြီး အင်တာနက် Singnal တခါတရံ အားနည်းသွားခြင်းကြောင့် သူမ၏ စကားလုံးများ ပြတ်တောက်မှုရှိခဲ့သည်။

“ကျေးဇူးအများကြီးတင်ပါတယ်။ နောက်တစ်ကြိမ်ဆိုရင် ညသန်းခေါင်အချိန်မှာ ဆွေးနွေးကြတာပေါ့” ပာု မြန်မာ နိုင်ငံနှင့် အမေရိကန်ပြည်ထောင်စု အကြား အချိန်ကွာပာမှုကို သူမက ရယ်စရာပြောဆိုကာ နှုတ်ဆက်ပါသည်။

အပြောင်းအလဲလုပ်ဖို့လိုသည်ကို အချို့တာဝန်ရှိသူများ သိရှိကြ

မနှစ်က ရွေးကောက်ပွဲများအပြီး လွှတ်တော်ခေါ်ယူ၍ အရပ်ဖက်အစိုးရသစ် အာဏာလွှဲပြောင်းယူချိန်တွင် မြန်မာနိုင်ငံ၌ ရာစုနှစ်ဝက် စစ်ဖက်က တိုက်ရိုက် အုပ်ချုပ်မှု အဆုံးသတ်သွားခဲ့သည်။

မနှစ်က နာမည်ပျက်ရွေးကောက်ပွဲများအပြီးတွင် တပ်မတော်အစိုးရ၏ အာရုံပြောင်းလှည့်စားမှုရ လာဒ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်တစ်ဦးတည်း လွတ်မြောက်ခဲ့သော်လည်း ထို့နောက် လအနည်းငယ်အတွင်း အာဏာလွှဲပြောင်းယူ လိုက်သော အစိုးရသစ်က မီဒီယာများကို ကြီးကြီးမားမား လွတ်လပ်ခွင့် ပေးထားသည့်အပြင် နိုင်ငံရေးအကျဉ်းသား အချို့ကိုလည်း မကြာမီက လွှတ်ပေးလိုက်ပြီဖြစ်သည်။

“အစိုးရအဖွဲ့ထဲက တစ်ချို့ကတော့ မြန်မာနိုင်ငံ ဒီလမ်းအတိုင်း သွားလို့မရတော့ဘူးဆိုတာကို သိနေကြပါပြီ။ သူတို့က ပြုပြင်ပြောင်းလဲရေး လုပ်ကြလိမ့်မယ်လို့ ကျွန်မယူဆပါတယ်” ပာု ဒေါ်အောင်ဆန်းစုကြည် က ပြောကြားသည်။

မြန်မာနိုင်ငံ၌ တရားဥပဒေ မှန်ကန်မျှတ စနစ်ကျစွာ စိုးမိုးမှု Rule of Law ဖြစ်ပေါ်လာရေးသည် နိုင်ငံရေး အကျဉ်းသားများအားလုံး ချက်ခြင်း လွှတ်ပေးခြင်းထက် ပို၍ပင်အရေးကြီးပြီး အကယ်၍ စစ်မှန်သော ဥပဒေစိုးမိုးမှုမရှိပါက ယနေ့လွတ်လာသော နိုင်ငံရေးအကျဉ်းသားများ မနက်ဖြန်တွင် ပြန်လည် ဖမ်းဆီးခံရနိုင်သည်ပာု ဒေါ်အောင်ဆန်းစုကြည်က ထုတ်ဖော်ပြောဆိုသည်။ သူမက ဆက်လက်၍ “မြန်မာနိုင်ငံတွင် စီးပွားရေး ပြုပြင်ပြောင်းလဲနေ သကဲ့သို့ တိုင်းရင်းသားပဋိပက္ခ ပြီးဆုံးရေး သည်လည်း အလားတူ အရေးကြီးကြောင်း” ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် အမေရိကန်-မြန်မာ ထိတွေ့ဆက်ဆံမှုကို သဘောကျကြောင်း၊ ကလင်တန်၏ ခရီးစဉ်ကြောင့် ဆက်ဆံ ရေး ပိုကောင်းလာအောင် လမ်းပွင့်သွားမည်ပာု မျှော်လင့်ကြောင်း၊ သို့သော် မြန်မာ နိုင်ငံမှ ဖြစ်ရပ်များကို နိုင်ငံတကာအသိုင်းအဝိုင်းက စောင့်ကြည့်နေမည် ပာု ရှင်းလင်းစွာ အသိပေးရန် လိုအပ်ကြောင်း မှတ်ချက်ပေး ပြောဆိုသည်။ “တကယ်လို့ နိုင်ငံရေးလုပ်တဲ့သူတွေ ကို နောက်တစ်ကြိမ် ထပ်ပြီး ဖမ်းဆီးပြီဆိုရင် တော့ တစ်ကမ္ဘာလုံးက ပြတ်ပြတ်သားသား ကျယ်ကျယ်လောင်လောင် ဝိုင်းဝန်းအောင်ပာစ် သတိပေးဖို့လိုလိမ့်မယ်လို့ ကျွန်မထင်ပါတယ်” ပာု သူမက ထုတ်ဖော် ပြောဆိုသည်။ စီးပွားရေး ဦးဆောင်ပုဂ္ဂိုလ်များ အနေဖြင့်လည်း သူတို့၏ ရင်းနှီးမြှုပ်နှံမှုများကို အကာအကွယ်ပေးသော တရားဝင် ရာသီဥတု ဝန်းကျင် ကိုသာ မျှော်လင့်ကြကြောင်း ရှင်းလင်းစွာအသိပေးကြပါ ပာု သူမကတိုက်တွန်းသည်။

ကွယ်လွန်သူ မြန်မာ့လွတ်လပ်ရေး သူရဲကောင်း ဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သူဒေါ်အောင်ဆန်းစုကြည် သည် မြန်မာ့တပ်မတော်၏ ၄၉ နှစ်ကြာ သက်ဦးဆံပိုင် အုပ်ချုပ်ရေးကာလအတွင်း ခိုင်မာ တည်ကြည်စွာ ဆန့်ကျင်ခဲ့သူ ဖြစ်သော်လည်း ဗိုလ်ချုပ်ပောာင်းများ နေရာအပြည့် ယူထားသော ယခု အရပ်ဖက် အစိုးရသစ်နှင့် တွေ့ဆုံဆွေးနွေးရန် လိုလားကြောင်းကို ပြသခဲ့သည်။ တိုင်းပြည်အတွက် ဘာအကောင်းဆုံးလဲ ဆိုသည်ကို လုပ်ပေးချင်သူများ လက်ရှိမြန်မာ့တပ်မတော်နှင့် လက်ရှိ အစိုးရထဲတွင် ရှိနေပြီပာု သူမက ယုံကြည်ထားကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။

“ဒီ ပြုပြင်ပြောင်းလဲရေးကို သူတို့(တာဝန်ရှိသူ အာဏာပိုင်များ) အားလုံးက ထောက်ခံဖို့ မဖြစ်နိုင်သလို အစိုးရ နဲ့ ပူးပေါင်း ဆောင်ရွက်တာကိုလည်း ဒီမိုကရေစီ လှုပ်ရှားမှု ရေစီးထဲက လူတိုင်းက သဘောကျဖို့၊ မဖြစ်နိုင်ပါဘူး။ ဒီလို သဘောကွဲလွဲမှုမျိုးက ရှိပြီးသား ဖြစ်ရမှာပါ။ အဲ့ဒါပာာ နိုင်ငံရေးပါပဲ” ပာု သူမ က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်က သူမအနေဖြင့် တာဝန်ယူနိုင်မှုပာူသော အရာကို ယုံကြည်ထားသော်လည်း အနာ ကျက်အောင် အထောက်အကူပြုမည့် အမျိုးအစားကိုသာ ရွေးချယ်လိုသည်ပာု ပြောကြားသည်။ ဘာကြောင့်များ ဒါလောက် တည်ငြိမ်လန်းဆန်းနေသလဲပာု မေးမြန်းသောအခါ သူမက “ကျွန်မတို့ အတိတ်ကို မဖြစ်မနေ ရင်ဆိုင်ရမှာပါ။ မေ့ပျောက်ပစ်လို့ မရနိုင်ပါဘူး။ ဒါပေမယ့်လည်း အတိတ်ရဲ့ ခါးသီးမှုတွေကိုတော့ သတိရနေဖို့မလိုအပ်ပါဘူး” ပာု ဖြေကြား သည်။

ဒေါ်အောင်ဆန်းစုကြည်က သူမနှင့် အမေရိကန်ပြည်ထောင်စု၏ ရင်းနှီးသော ဆက်ဆံရေးကို မြန်မာအစိုးရက လုံးဝကြည်လင်သွားပြီဖြစ်ပြီး မြန်မာ နိုင်ငံကို သူမ ဒုက္ခပေးလိုခြင်းမရှိခဲ့ကြောင်း နားလည်သဘောပေါက် သွားပြီပာု ထင်မြင်ယူဆထားသည်။

နိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးခြင်းအပါအဝင် အမေရိကန် ကွန်ဂရက်လွှတ်တော်က သတ်မှတ်ထားသော အခြေအနေများ ဖြစ်ပေါ်လာ ချိန်တွင် မြန်မာနိုင်ငံအပေါ် အရေးယူထားသော Sanctions များကို ဝါရှင်တန်က ရုတ်သိမ်းပေးသင့်သည်ပာု သူမက အကြံပြုပြောကြားသည်။

မြန်မာ့ ဒီမိုကရေစီ တန်ဘိုးများကို အိမ်နီးခြင်း အိန္ဒိယနိုင်ငံက ပိုမိုမြှင့်တင်ပေးခြင်းကို သူမအနေဖြင့် မြင်တွေ့ လိုပြီး၊ တရုတ်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံ ရေးကိုလည်း ထိန်းသိမ်းနိုင်ဖို့ သူမအနေဖြင့် မျှော်လင့်သည်ပာု ဒေါ်အောင်ဆန်းစုကြည်က အိမ်နီးခြင်း နှစ်နိုင်ငံအကြောင်း ထည့်သွင်းပြောဆို သည်။ သူမကဆက်လက်၍ မြန်မာနိုင်ငံမြောက်ဖျားတွင် တရုတ်နိုင်ငံက ငွေကြေးစိုက်ထုတ် တည်ဆောက်နေသော ဒေါ်လာ ၃.၆ ဘီလျံတန် တမံစီမံကိန်းကို ရပ်ဆိုင်း ထားရန် သမ္မတဦးသိန်းစိန်က မကြာသေးမှီက ဆုံးဖြတ်ခဲ့ခြင်း၏ အရေးကြီးဆုံးအရာမှာ ဤနိုင်ငံတွင် မိခင်မြစ်တစ်စင်း အဖြစ်တင်စားကြသော ဧရာဝတီ မြစ်၏ အောက်ပိုင်းဒေသများကို ဆိုးကျိုး သက်ရောက်နိုင်ခြင်းကို မကျေနပ်ကြသော မြန်မာပြည်သူတို့၏ သဘောထားကို သမ္မတကြီးက လေးစားစွာ နားထောင်ခြင်းပင်ဖြစ်သည်ပာု သုံးသပ်ပြောကြားသွားခဲ့သည်။

နားလည်မှုစွမ်းအားဖြည့်၍ PLHIVကို အားလုံးနှင့်အတူတူပဲဟု မြင်သင့်ကြောင်း World AIDS Day အခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်မှ ပြောကြား



PLHIV ( HIV နှင့်အတူနေထိုင်သူများ)ကို နားလည်မှုစွမ်းအားတွေကိုဖြည့်၍ သီးခြားမမြင်ပဲ အားလုံးနှင့်အတူတူပဲဟု၍သာ မြင်သင့်ကြောင်း ဒေါ်အောင်ဆန်းစုကြည် က ၂၀၁၁ ခုနှစ် ဒီဇင်ဘာလ ၁ ရက်နေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရုံး၌ ပြုလုပ်သော World AIDS Day အခမ်းအနားတွင် ပြောကြားခဲ့သည်။

̏ အဓိကကတော့ ကိုယ်ခံစွမ်းအားကျခြင်းလို့ ဆိုတယ်။ ငါ့မှာဒီရောဂါရှိလို့ဆိုပြီးတော့ အားနည်းတဲ့စိတ်တွေမရှိပါနဲ့။ ဒါဟာ အပြစ်ကြီးလဲမဟုတ်ဘူး။ ကိုယ့်မှာဒီရောဂါရှိပါတယ်ဆိုပြီးတော့ သူများတွေကို အားငယ်နေစရာလဲ မလိုဘူး။ နားလည်တဲ့ လူတွေအားလုံးဟာ ဒီရောဂါရဲ့အခြေအနေကို သဘောပေါက်တယ်။ ဘယ်လိုမြင်ရမလဲဆိုတာကို သိတယ်။ နားမလည်တဲ့ သူတွေက သူတို့ကိုယ်တိုင် စွမ်းအားနည်းနေတဲ့သူတွေပဲ။ အဲတော့ ကျမတို့အားလုံးဟာ နားလည်မှုစွမ်းအားတွေကိုဖြည့်ပြီး အားလုံးဟာအတူတူပဲဆိုပြီးတော့ လက်တွဲပြီးဆောင်ရွက်သွားရမယ်။ အမှန်ပြောရရင် အမေ့အနေနဲ့ ဘာမှထူးထူးခြားခြား မမြင်ပါဘူး။ အားလုံးဟာ အတူတူပဲလို့ပဲမြင်တယ် ̋ ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောခဲ့သည်။

လူတိုင်းသည် အသက်အရွယ်တစ်ခုသို့ရောက်လာပါက ရောဂါတစ်ခုမဟုတ်တစ်ခုရှိတတ်ကြောင်း လူသားဆိုသည်မှာ ပြီးပြည့်စုံခြင်း မရှိကြောင်း အဓိကအရေးကြီးသည်မှာ စိတ်ဓာတ်ပင်ဖြစ်ကြောင်း စိတ်ဓာတ်မှန်ကန်ပါက အရာအားလုံးကို ကျော်ဖြတ်နိုင်မည်ဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ဆက်လက် အားပေးစကားပြောကြားခဲ့သည်။

̏လူတိုင်းလူတိုင်းဟာ အသက်အရွယ်ရောက်လာလို့ရှိရင်ရောဂါလေးတွေဟာ ရှိတတ်တာပဲ။ အမေတို့လဲရှိတာပဲ လူတိုင်း လူတိုင်းမှာ ဟိုဟာလေးချို့ယွင်းတာ ဒီဟာလေးချို့ယွင်းတာ ပေါ့နော်။ အဲတော့ ရောဂါဝေဒနာဆိုတာ ချို့ယွင်းချက် တစ်ခုပဲ။ လူသားများဆိုတာ ပြီးပြည့်စုံတယ်လို့မရှိပါဘူး။ အပြစ်အနာကင်းရှင်းတယ်လို့မရှိပါဘူး။ အရေးကြီးတာက စိတ်ဓာတ်ပဲ စိတ်ဓာတ်ကမှန်ကန်လို့ရှိရင် တခြားဟာတွေအားလုံးကို ကျော်ဖြတ်နိုင်တယ်။ အဲတော့ စိတ်ဓာတ်မှာ ဝေဒနာရှင်တွေရဲ့စိတ်ဓာတ်နဲ့ ဝေဒနာရှင်တွေအပေါ်မှာ ဂရုဏာသက်တဲ့သူတွေ နားလည်မှုရှိတဲ့သူတွေရဲ့ စိတ်ဓာတ် ဒီနှစ်ခုနဲ့ ပေါင်းပြီးတော့ ဆက်သွားမယ်ဆိုလို့ရှိရင် ဘာမှအားငယ်စရာမရှိဘူး ̋ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

အဓိကအားဖြင့် PLHIV ကလေးငယ်များကို ဝိုင်းဝန်း၍ ပံ့ပိုးစေချင်ကြောင်း ထိုကလေးငယ်များတွင် မျှော်လင့်ချက်များ ရှိကြောင်း ထိုမျှော်လင့်ချက်များအားလုံးကို ဖြည့်စည်းနိုင်ရန် ၎င်းနှင့်အတူ ဝိုင်းဝန်းရုန်းကန်ရမည်ဖြစ်ကြောင်း ဆက်လက် ပြောကြားသည်။

အရင်နှစ်တွေကဆိုရင် ကျမတို့တွေဟာ အနှေက်အယှက်တွေ အမျိုးမျိုးကိုခံခဲ့ရတယ်။ လူနာတွေကို နှင်ထုတ်တာတွေ ဘာတွေပေါ့။ အဲဒီ့မှာဘာတွေ့ရလဲဆိုရင် ကျမတို့အခက်အခဲတွေ့လာတိုင်း အမြဲတမ်းဝိုင်းဝန်းဖြေရှင်းပေးနေတဲ့ ကျမတို့ မြန်မာနိုင်ငံတွေထဲမှာ ရှိနေတဲ့ ပြည်သူပြည်သားတွေက အမြဲတမ်းဝိုင်းဝန်းဖြေရှင်းပေးနေတာကို တွေ့ရတယ် ̋ ဟု PLHIV (HIV နှင့် အတူနေထိုင်သူများ) ဂေဟာကို ဦးဆောင်ဖွင့်လှစ်ခဲ့သူ မဖြူဖြူသင်းကပြောသည်။

၂၀၁၁ ခုနှစ်တွင် လူငယ်များအနေနှင့် လူမှုရေးလုပ်ငန်းများတွင် ပါဝင်ပတ်သတ်မှုအခြေအနေသည် ၂၀၁၀ အရှေ့ပိုင်းနှစ် များထက်စာလျှင် ထူးထူးခြားခြား တိုးတက်လာသည်ဟု မြင်ကြောင်း မဖြူဖြူသင်းကပြောသည်။

ဒီနေ့ World AIDS Day အခမ်းးအနားကို လာရောက်ရတဲ့အတွက် ဝမ်းသာပါတယ်။ အခုလိုမျိုးပွဲလေးတွေလုပ်ပေးတော့ တစ်ခြားဝေဒနာရှင်တွေနဲ့ တွေ့ရတဲ့အခါ တစ်ယောက်နဲ့ တစ်ယောက် မိသားစုဝင်တွေလိုဖြစ်ရတယ်လေ။ အဲဒါကြောင့် ဒီလိုပွဲမျိုးလေးတွေ များများ လုပ်ပေးပါလို့ ပြောချင်ပါတယ် ̋ ဟု World AIDS Day အခမ်းအနားသို့ တက်ရောက် လာ သောPLHIV (HIV နှင့် အတူနေထိုင်သူ) တစ်ဦးကပြောသည်။

ယနေ့အခမ်းအနားသို့ ရုပ်ရှင်သရုပ်ဆောင်နှင့်အဆိုတော်ချစ်သုဝေ၊ အဆိုတော် စံလင်း၊ လင်းလင်း၊ ကိုရဲလွင်၊ ထက်ထက် စတဲ့အနုပညာရှင်များအပါအ၀င် အနုပညာရှင် ရဦးခန့်တက်ရောက်လာခဲ့ပြီး အခမ်းအနားတွင် သီဆိုဖျော်ဖြေသွားကြောင်း သိရှိရသည်။

သတင်းများ ပြန်လည်ဝေမျှ ပေးသော မြစ်မခ မီဒီယာအားကျေးဇူးတင်ရှိပါသည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နှင့် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်







ဓာတ်ပုံ......AP

01 December 2011

ဝန်ကြီးကလင်တန်နဲ့ သမ္မတဦးသိန်းစိန် ဒီဇင်ဘာ ၁ရက် နံနက် ၁၀နာရီ ၇မိနစ်က သမ္မတရုံးတွင် တွေ့ဆုံစဉ်သတင်းဓာတ်ပုံ


ဝန်ကြီးကလင်တန်နဲ့ သမ္မတဦးသိန်းစိန် ဒီဇင်ဘာ ၁ရက် နံနက် ၁၀နာရီ ၇မိနစ်က သမ္မတရုံးတွင် တွေ့ဆုံစဉ်။











ဦးဝဏ္ဍမောင်လွင် နဲ့ တွေ့ဆုံစဉ်


photo .... AFP

အာရှကို အမေရိကန် ပြန်လည်အာရုံစိုက်ကြောင်း တရုတ်အပေါ် သတိပေးလိုက်သည့် ဟီလာရီ၏ မြန်မာပြည်ခရီးစဉ်

(The Vancouver Sun သတင်းစာမှ၊ 28 Nov 2011 ရက်စွဲပါ Clinton's visit to Burma warns China of U.S refoucs on Asia ကို yangonchronicle မှဆီလျော်အောင် ဘာသာ ပြန်ဆိုသည်)

ရာစုနှစ် ထက်ဝက်တာကာလအတွင်း မြန်မာနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဖြစ်လာမည့် ဟီလာရီကလင်တန်၏ မြန်မာပြည်ခရီးစဉ်သည် ဝါရှင်တန်အနေဖြင့် အာရှဒေသနှင့် ပြန်လည်ချိတ်ဆက်မှုများပြုလုပ်လျက်ရှိသည်ဟူသော သတင်း စကားများအနက် နောက်ဆုံး တစ်ခုဟုဆိုရပေမည်။ အထူးသဖြင့် ယင်းသတင်းစကားသည် တရုတ်နိုင်ငံကို အဓိကဦးတည်ထားခြင်း သာဖြစ်သည်။ ဝါရှင်တန် အနေဖြင့် အရှေ့အလယ်ပိုင်းဒေသအပေါ် ဆယ်စုနှစ်ကြာမျှ စိတ်စွဲလမ်းမှုများဖြစ်ခဲ့ပြီးနောက် ယခုကဲ့သို့ အာရှဒေသကို အာရုံ စိုက်လာခြင်းကို အာရှ အစိုးရများက ကြိုဆိုကြသည့် အရိပ်လက္ခဏာများလည်းထွက်ပေါ်လာသည်။

အမှန်အတိုင်းဆိုပါက အိုဘားမားအုပ်ချုပ်ရေးအဖွဲ့က ဆိုထားသော 'အာရှကိုမဏ္ဍိုင်ပြုခြင်း' ဟူသည်မှာ အာရှမြို့ကြီးပြကြီး များတွင် တရုတ်နိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးကြီးထွားလာမှုကြောင့် ဖြစ်ပေါ်လျက်ရှိသည့် စိုးရိမ်ပူပန်မှုများအတွက် တုံ့ပြန်မှုတစ်ခုပင်ဖြစ်သည်။ သို့သော် တရုတ် သြဇာအာဏာ၏ ဦးတည်ချက်များနှင့်ပတ်သက်၍ ရှင်းလင်းပြတ်သားသော အချက်ပြမှုများနည်းပါးနေသည်ကိုတွေ့ရသည်။

အိုဘားမားသည် နိုဝင်ဘာလဆန်းပိုင်းလောက်က ဟိုနိုလူလူတွင် အာရှပစိဖိတ်စီးပွားရေးဖိုရမ်(အေပက်) ကျင်းပပြီး အာရှဒေသအပေါ်ဖိုးကပ်စ် (Focus) လုပ်မှုကို အစပျိုးခဲ့သည်။ ထို့နောက် ကာလကြာရှည်စွာအချိန်ဆွဲခဲ့သော သြစတြေးလျ နိုင်ငံ အလည်အပတ်ခရီးစဉ်ကို စတင်ခဲ့သည်။ သြစတြေးလျ ပါလီမန်၌ မိန့်ခွန်းပြောဆိုရာ၌ ထူးခြားထင်ရှားသော ကြေညာချက်တစ်ရပ်ကိုပါ ထုတ်ပြန်ခဲ့သည်။ ယင်းမှာ Darwin ဆိပ်ကမ်းတွင် အမေရိကန် မရိန်း တပ်သား ၂၅၀၀ အပါအဝင် သင်္ဘောများနှင့် လေယာဉ်များ စခန်းချထားမည့်ကိစ္စပင်ဖြစ်သည်။

ယခုကဲ့သို့ အမေရိကန်တပ်များ အာရှဒေသတွင်တိုးချဲ့ချထားမည့်ကိစ္စသည် ဗီယက်နမ်စစ်ပွဲပြီးဆုံးသွားပြီးနောက် ပထမဆုံးအကြိမ်ဖြစ်သည်။ ထိုသို့ တိုးချဲ့မှုကြောင့် အမေရိကန်တပ်ဖွဲ့များနှင့် ဒေသတွင်း ပိုမိုနီးကပ်သွားစေသော်လည်း ဒေသတွင်းလုံခြုံရေးကို အဓိကခြိမ်းခြောက်လာမည့်အရေးကိစ္စများနှင့် များစွာ နီးစပ်မှုရှိမည်မဟုတ်ပေ။ လတ်တလော အာရှဒေသလုံခြုံရေးအတွက် ခြိမ်းခြောက်မှုသဖွယ်ဖြစ်လာသည့် ကိစ္စမှာ တောင်တရုတ်ပင်လယ်ပြင်တစ်ခုလုံး ပိုင်ဆိုင်ရန် တရုတ်နိုင်ငံကတောင်းဆိုထားမှုနှင့် ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့အပေါ် ဦးတည်သည့် တရုတ်နိုင်ငံပိုင်မီဒီယာများက ရေးသားသော စစ်မက်ရေးရာ ခြိမ်းခြောက်မှုများပင်ဖြစ်သည်။

အိုဘားမားသည် သြစတြေးလျမှတစ်ဆင့် အရှေ့အာရှထိပ်သီးဆွေးနွေးပွဲတက်ရောက်ရန် အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီသို့သွားရောက်သည်။ အဆိုပါ ထိပ်သီး ဆွေးနွေးပွဲ၌ အိုဘားမားက တောင်တရုတ်ပင်လယ် အရေးကိစ္စများနှင့် တရုတ်နိုင်ငံ၏ မလေးရှား၊ ဘရူနိုင်းအပါအဝင် ဖိလစ်ပိုင်၊ ဗီယက်နမ်တို့အပေါ် တရုတ်နိုင်ငံ၏ ရန်ပြုလိုသည့် သဘောထား ကိစ္စများကို ထုတ်ဖော်ပြောဆိုပြီး ဝန်ကြီးချုပ် ဝမ်ကျားပေါင် အမျက်ဒေါသထွက်အောင်ပြုလုပ်ခဲ့သည်။

ထို့နောက် အိုဘားမားက အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်အား နိုဝင်ဘာလ ၃၀ ရက်နေ့တွင် မြန်မာနိုင်ငံသို့ စေလွှတ်မည်ဖြစ် ကြောင်း ကြေညာချက်ထုတ်ပြန်သည်။ စစ်အုပ်ချုပ်မှု စနစ်အောက်သို့ ဆယ်စုနှစ်များစွာ ကျရောက်ခဲ့သော မြန်မာနိုင်ငံ သည် ဒေသတွင်းနိုင်ငံများအကြား နှစ်ရှည် လများ အရောင်အသွေးမှေးမှိန်ခဲ့ရာမှ ယခုအခါ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များကြောင့် အရောင်အသွေးရွှန်းလဲ့တောက်ပလာပြီဖြစ်သည်။ ထို့အတူ တရုတ်နိုင်ငံ၏ စီးပွားရေးတတ်စွမ်းမှုမှ အကျိုးအမြတ်များရရှိခဲ့သည့် နိုင်ငံများအနေဖြင့် မမျှော်လင့်ထားသည့် စိုးရိမ်ပူပန်မှုများ ဖြစ်ပေါ်လာသလို အမေရိကန်ပြည်ထောင်စု၏အကာအကွယ်ပေးမှုရယူနိုင်မည့် နည်းလမ်းများလည်းရှာရမလိုလည်း ဖြစ်လာသည်။

မြန်မာနိုင်ငံကို ၁၉၆၂ ခုနှစ်ကတည်းကစတင်အုပ်ချုပ်လာသော စစ်ဗိုလ်ချုပ်ကြီးများနှင့်ပတ်သက်၍ သံသယ ဖြစ်မှုများကတော့ ဆက်လက် ကျန်ရှိ နေဆဲဖြစ်သည်။ သို့သော် စစ်အုပ်ချုပ်ရေးစနစ်မှ အရပ်ဘက်အုပ်ချုပ်ရေးစနစ်သို့ အာဏာလွှဲပြောင်းခဲ့ပြီး ဒီမိုကရေစီပြောင်းလဲကျင့်သုံးနေသည့် အသွင် ကူးပြောင်းရေးကာလအတွင်း အဆက်မပြတ် ဖြစ်ပေါ်လာသော အရိပ်လက္ခဏာများအရ မြန်မာပြည် ၏အပြောင်းအလဲများမှာ အစစ်အမှန်ဖြစ်ဖွယ်ရှိနေသည်။

မြန်မာနိုင်ငံတွင်ဖြစ်ပေါ်လျက်ရှိသော အရေးကိစ္စများအနက် လွန်စွာထူးခြားခဲ့သည့်ဖြစ်ရပ်တစ်ခုမှာ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့က တရုတ် ကျောထောက် နောက်ခံဖြင့် တည်ဆောက်လျက်ရှိသော မြစ်ဆုံရေ အားလျှပ်စစ် စီမံကိန်းကို အများပြည်သူသဘောထားဆန္ဒနှင့်ဆန့်ကျင်ပြီး သဘာဝ ပတ်ဝန်းကျင် ထိခိုက်နိုင်သောကြောင့် ရပ်တန့်မည်ဟု ကြေညာခဲ့ခြင်းပင်ဖြစ်သည်။ နောက်ထပ်ထူးခြားချက်တစ်ခုမှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ၉ နိုင်ငံက ၂၀၁၄ ခုနှစ် အလှည့်ကျ ဥက္ကဋ္ဌ ရာထူးရယူမည့်ကိစ္စကို သဘောတူညီလိုက်ခြင်းပင်ဖြစ်သည်။ အဆိုပါသတင်းသည် နှစ်ပေါင်းများစွာ စစ်ဗိုလ်ချုပ်ကြီးများ၏ ဖိနှိပ်မှု ခံခဲ့ရသော ဒေါ်အောင်ဆန်းစုကြည်က လတ်တလောဖွံ့ဖြိုးတိုးတက်မှုများကို အသိအမှတ်ပြုပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အဆိုပါ ဖြစ်ရပ် များသည် မြန်မာနိုင်ငံသို့ သွားရောက်လည်ပတ်ရန် ဟီလာရီကလင်တန်ဆုံးဖြတ်ရာ၌ လွန်စွာအခရာကျသည့် အချက်များဖြစ်သည်မှာ သံသယဖြစ်စရာ လိုမည်မဟုတ်ပေ။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ရောက်ရှိ သတင်းဓာတ်ပုံ


ပြည်တွင်း၊ပြည်ပသတင်းသမားများအာလက်ဝှေ့နုတ်ဆက်စဉ်




နေပြည်တော်လေဆိပ်တွင်ဟီလာရီကိုခရီးဦးကြိုဆိုသည့်မြန်မာအစိုးရအဖွဲ့ဝင်များ




နေပြည်တော် ဟိုတယ်ဇုံသစ်ရှိ သင်္ဂဟ ဟိုတယ်ရှေ့တွင်လွှင့်ထူထားသော မြန်မာ-အမေရိကန် နှစ်နိုင်ငံအလံ



ဟီလာရီလိုက်ပါစီနင်းမည့်မော်တော်ယာဉ်တန်း



မြန်မာလုံခြုံရေးအရာရှိများနှင့်အမေရိကန်လုံခြုံရေးအရာရှိ(မ)တို့လုံခြုံရေးကိစ္စဆွေးနွေးနေစဉ်



ဟီလာရီခရီးစဉ်အတွက်လုံခြုံရေးတာဝန်ယူထာသည့်မြန်မာအဖွဲ့ဝင်များ။




မြန်မာအစိုးရအဖွဲ့ဝင်များကိုရင်းရင်းနှီးနှီးနှုက်ဆက်နေသည့်ဟီလာရီ




ဖေါက်ခွဲရေးပစ္စည်းများရှာဖွေရာတွင်အနံ့ခံရှောဖွေပေးသည်ခွေးနှင့်
ဟီလာရီခရီးစဉ်အတွက်လုံခြုံရေးတာဝန်ယူထားသူများ



အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် နေပြည်တော် ( အေလာ လေဆိပ် )သို့ ညနေ ငါးနာရီ နှစ်ဆယ့်ရှစ်မိနစ်တွင်ရောက်ရှိကြောင်းသိရသည်။


အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်သည် နေပြည်တော် ဟိုတယ်ဇုံသစ်ရှိ သင်္ဂဟ ဟိုတယ်တွင် တည်းခိုကြောင်း သိရသည်။

အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဟီလာရီကလင်တန်၏ဒီဇင်ဘာ တစ်ရက်နေ့ခရီးစဉ်မနက် ၉း၀၀ နာရီတွင် သမ္မတကြီးဦးသိန်းစိန်နှင့်တွေ့ဆုံမည်။

မနက် ၁၀း၀၀ နာရီခန့်တွင် နိုင်ငံခြားရေးဝန်ကြီးဦးဝဏ္ဍမောင်လွင်နှင့်တွေ့ဆုံမည်။(နေ့လည်စာကို ဦးဝဏမောင်လွင်နှင့်အတူစားမည်)။

နေ့လည်စာစားပြီးမွန်းလွဲပိုင်းတွင်ပြည်သူ့လွတ်တော်ဥက္ကဌသူရဦးရွှေမန်းနှင့်တွေ့ဆုံမည်။

ညနေ ၄း၀၀ နာရီတွင်ရန်ကုန်သို့လာမည်။လေဆိပ်မှရွှေတိဂုံဘုရားသိုတန်းသွားမည်။

ဘုရားမှအပြန် Chatrium Hotel ၌ တည်းခိုအနားယူမည်။ဒီဇင်ဘာ ၂ ရက်နေ့ တွင် ဒေါ်အောင်ဆန်းစုကြည်အား နေအိမ်တွင် သွားရောက်တွေ့ဆုံမည်ဟုသိရသည်။

သတင်း၊ဓာတ်ပုံ...။Messenger News Journal

မန္တလေးမြို့၊ ဘာသာပေါင်းစုံ ကရုဏာရှင်များအဖွဲ့ ကချင်ဒေသရှိ သွေးရင်းညီနောင်သားချင်း တိုင်းရင်းသားလူမျိုးများအတွက် စာနာထောက်ထားမှု မေတ္တာပြဆုတောင်းခြင်း


မန္တလေးမြို့၊ ဘာသာပေါင်းစုံ ကရုဏာရှင်များအဖွဲ့
ကချင်ဒေသရှိ သွေးရင်းညီနောင်သားချင်း တိုင်းရင်းသားလူမျိုးများအတွက် စာနာထောက်ထားမှု မေတ္တာပြဆုတောင်းခြင်း
(၃၀၊ နိုဝင်ဘာ၊ ၂၀၁၁)

ပုံ ၁

အဆိုပါ အခမ်းအနားကို မန္တလေးမြို့၊ ၈၂ လမ်း၊ ၂၅ လမ်းနှင့် ၂၆ လမ်းကြားရှိ ရွှေနှလုံးတော် ကာသီဒြယ် ခရစ်ယာန်ဘုရားရှိခိုးကျောင်းတွင် (၃၀၊ ၁၁၊ ၂၀၁၁) နေ့လည် ၂ နာရီမှ ၄ နာရီကျော်ခန့်အထိ ကျင်းပခဲ့ပါသည်။

အခမ်းအနားအစီအစဉ်များ

၁။ အခမ်းအနား ဖွင့်လှစ်ကြောင်း ကြေညာခြင်း
၂။ ဆုတောင်းပွဲပြုလုပ်ရခြင်းအကြောင်းတင်ပြခြင်း - ဆရာတော်အရှင်ဦးစိန္တိတ (အာရှအလင်းရောင်ဆရာတော်)
၃။ အစ္စလာမ်မစ်သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၎။ ဘဟာအီဘာသာ သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၅။ ဗုဒ္ဓဘာသာ သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၆။ ဟိန္ဒူသာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၇။ ခရစ်ယာန်သာသနာမှ ဆုတောင်းမေတ္တာပို့သခြင်း
၈။ အလှူငွေ လှူဒါန်းမည့်လုပ်ငန်းအစီအစဉ်တင်ပြခြင်း
၉။ အလှူငွေ ကောက်ခံခြင်း
၁၀။ အခမ်းအနားပြီးဆုံးကြောင်း ကြေညာခြင်း

မှတ်ချက်။
အခမ်းအနားပြီးဆုံးပါက သက်ဆိုင်ရာလူမှုအဖွဲ့အစည်းအသီးသီးမှ အမှုဆောင်လူကြီးများ အစည်းအဝေးကျင်းပခြင်း အစီအစဉ် ဆက်လက်ပြုလုပ်ပါမည်။

တက်ရောက်သော အဖွဲ့အစည်းများ

အာရှအလင်းရောင်ဖောင်ဒေးရှင်း(ပြင်ဦးလွင်)၊ ဗြဟ္မစိုရ်လူမှုကူညီရေးအသင်း၊ YMCA၊ ဘဟာအီဘာသာမှ တာဝန်ရှိသူများ၊ မန္တလေးကရုဏာ၊ ပုလဲပရဟိတ၊ မဟာမြိုင် လူမှုကူညီရေးအသင်း၊ ဇနသုခ ရေသန့်အလှူတော်၊ ကရင်နှစ်ခြင်းခရစ်ယာန်၊ ကချင်နှစ်ခြင်းခရစ်ယာန်၊ ယေဇူးရွှေနှလုံးတော်၊ ရခိုင်သဟာရ၊ မက်သဒစ်အသင်းတော်(အထက်မြန်မာပြည်)၊ YSCM၊ ချမ်းမြမေတ္တာလူမှုကူညီရေး၊ အစ္စလာမ်ဘာသာမှ တာဝန်ရှိသူများ၊ လောကပါလလူမှုရေး၊ ရတနာမွန်သွေးလှူရှင်အသင်း၊ ဗိသုကာလူမှုရေး၊ စိတ္တသုခလူမှုကူညီရေး၊ ဟိန္ဒူဘာသာမှ တာဝန်ရှိသူများ၊ ကလေးချစ်သူများကွန်ယက်၊ လွတ်လပ်သောသူငယ်ချင်းများအင်အားစု၊ ရတနာ့မေတ္တာ၊ မြင့်မြတ်ဧရာဝတီ

အစရှိသည့် မန္တလေးမြို့ခံ ဘာသာသာသနာပေါင်းစုံမှ တာဝန်ရှိသူများ၊ လူမှုကူညီရေးအသင်းပေါင်းစုံမှ တာဝန်ရှိသူများ၊ အလှူရှင်များ၊ သတင်းထောက်များ အဆိုပါ အခမ်းအနားသို့ တက်ရောက်ခဲ့ပါသည်။
(အခမ်းအနားသို့ တက်ရောက်ခဲ့ပြီး ယခုစာရင်းတွင် ဖော်ပြရန်ကျန်ရှိသော ဘာသာရေး၊ လူမှုရေးအဖွဲ့အစည်းများလည်း ရှိနိုင်ပါသည်။)

စစ်ဒုက္ခသည်များထံ သွားရောက်လှူဒါန်းမည်

၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာ ဒုတိယပတ်အတွင်း စစ်မက်ဖြစ်ပွားလျက်ရှိသော ကချင်ဒေသရှိ စစ်ဘေးဒဏ်သင့်ဒုက္ခသည်များကို မန္တလေးမြို့၊ ဘာသာပေါင်းစုံကရုဏာရှင်များအဖွဲ့က အကူအညီများသွားရောက် ပေးအပ်လှူဒါန်းမည်ဖြစ်ကြောင်းသတင်းရရှိပါသည်။

စစ်ဒုက္ခသည်များအတွက် တတ်အားသမျှ ပါဝင်လှူဒါန်းကြရန် နှိုးဆော်လိုက်ရပါသည်။


သတင်းပြန်လည်ဝေမျှပေးသော ကိုညိုကြီး အားကျေးဇူးတင်ရှိပါသည်.။

30 November 2011

ဒီဇင်ဘာ ၁ ရက်နေ့ အဖွဲ့ချုပ်ရုံးမှာ ကျင်းပမယ့် ကမ္ဘာ့ အိတ်ခ်ျအိုင်ဗွီနေ့ အခမ်းအနား

မြန်မာ့ နိုင်ငံရေး အပြောင်းအလဲ နဲ့ တံခါးပွင့်စ ပြုလာတဲ့ မြန်မာ နိုင်ငံ

တက္ကသိုလ်ဝင်တန်းအတွက် အမေ့အိမ်

တက္ကသိုလ်ဝင်တန်းအတွက် အမေ့အိမ်

၂၀၁၂ ပညာသင်နှစ်တွင်( ၁၀ ) တန်းဖြေဆိုကြမည့်ကျောင်းသားများနှင့် မိဘများ ၀မ်းမြောက်ကြစေရန်

ဝါရင့်ဆရာကြီးများ ဖြစ်ကြသော ဦးစိန်ထွန်းကျော်( English) ဦးအေးသောင်း(English) ဦးဝင်းမင်း(Math)
ဦးမြင့်အောင်(Math) တို့ဦးဆောင်သော စေတနာဆရာ၊ ဆရာမ အယောက် (၂၀) ကျော်တို့က ယခုနှစ် (၁၀)တန်း ဖြေဆိုကြမည့် လှိုင်သာယာရှိ ကျောင်းသား၊ ကျောင်းသူ များအား ပညာဒါန ပြုသည့်အနေဖြင့် အမေ့အိမ် ပညာဒါနကျောင်း (လှိုင်သာယာ) တွင် လာမည့် ဒီဇင်္ဘာလ ပထမပတ်မှ စတင်၍ အခမဲ့သင်ကြား ပို့ချ ပေးပါတော့မည်။ သင်ရိုးစာအုပ်များ Assignment များ Exercise Bookများကို ဆရာများမှ အခမဲ့ လှုဒါန်းပေးမည့်အပြင် Guide များပါထားရှိပေးပြီး စာဖတ်ဝိုင်းများ၊ စာဖြေ၀ိုင်းများဖြင့် စံနစ်တကျ လေ့ကျင့်သင်ကြားပေးမည့် အစီအစဉ်ဖြစ်ပါသည်။ ကျောင်းအပ်လက်ခံနေပါပြီ။

တက္ကသိုလ်ဝင်တန်း ဖြေဆိုကြမည့် ကျောင်းသူ၊ ကျောင်းသားများအတွက် စာအုပ်နှင့် စာရေး ကရိယာများလည်း လှူဒါန်းနိုင်ပါသည်။

လေးစားစွာဖြင့်
ကိုငယ်( ၀၉ ၅၁၆၂၀၆၀)
အမေ့အိမ်ပညာရေးကော်မတီ
လှိုင်သာယာ

ကလင်တန်ခရီးစဉ်အတွင်း အစိုးရလုံခြုံသမားများကို ကလင်တန်လုံခြုံရေးအဖွဲ့က မှန်ပြောင်းရှည်သုံးခွင့် မပြု

ဟီလာရီကလင်တန် (Hilary Clinton) ၏ မြန်မာနိုင်ငံခရီးစဉ်အတွင်း လုံခြုံရေးအရ အန္တရာယ်ရှိနိုင်သည့်ပစ္စည်းများကို မြန်မာအစိုးရ လုံခြုံရေးများ အသုံးမပြုရန် တားမြစ်ထားကြောင်း မြန်မာနိုင်ငံသို့ရောက်ရှိနေသည့် ဟီလာရီ ကလင်တန်၏ လုံခြုံရေးအဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။

“အဓိကတော့ အဝေးကြည့်မှန်ပြောင်းရှည်တွေနဲ့ မကြည့်ဖို့ ညှိထားတယ်။ ကျွန်တော်တို့ဘက်ကိုလည်း ဘယ်လိုပစ္စည်းတွေတော့ အသုံးပြုခွင့် ပြုတယ်ဆိုပြီး အပြန်အလှန်ညှိနှိုင်းထားကြတယ်” ဟု ၎င်းက ဆက်လက်ပြောကြားသည်။

မြန်မာနိုင်ငံသို့ နှစ် ၅၀ အတွင်း ပထမဦးဆုံးလာရောက်မည့် အမေရိကန်ပြည်ထောင်စု၏ အဆင့်အမြင့်ဆုံး အစိုးရအရာရှိဖြစ်သူ နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်သည် နိုဝင်ဘာ ၃၀ရက်နေ့တွင် မြန်မာနိုင်ငံသို့ ရောက်ရှိမည်ဖြစ်ကြောင်း သိရသည်။

အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် အရှေ့အာရှထိပ်သီးညီလာခံသို့ တက်ရောက်နေစဉ် အမေရိကန်သမ္မတ ဘရက်အိုဘားမား(Barack Obama) က နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်ကို မြန်မာနိုင်ငံသို့ စေလွှတ်မည်ဟု ထုတ်ဖော်ပြောကြားထားသည်။

ရန်ကုန်ရှိ ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့လည်း ကလင်တန်၏ လုံခြုံရေးသမား ၄ယောက် ရောက်ရှိနေပြီး ခြံဝင်းအတွင်းအပြင်ကို အသေးစိတ်စစ်ဆေးနေကြကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်လုံခြုံရေးတာဝန်ခံ တစ်ဦးက ပြောကြားသည်။

ပထမဆုံးအကြိမ်လာရောက်သော ကလင်တန်သည် မြန်မာနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှု၊ လူ့အခွင့်အရေး အခြေအနေနှင့် အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးစသည့် တိုးတက်မှုဖြစ်ပေါ်ရရှိရေးအတွက် အမေရိကန်ပြည်ထောင်စုက ကူညီပံ့ပိုးနိုင်ရေးအတွက် အချက်အလက်များကို နိုင်ငံခြားရေးဝန်ကြီး ကလင်တန်က မြန်မာနိုင်ငံတွင် စူးစမ်းရှာဖွေသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်း.....yangonchronicle

သမ၀ါယမအသင်းအဆောက်အဦးကို အသင်းသူအသင်းသားများ၏ သဘောဆန္ဒမပါဘဲ ဥက္ကဌမှ မြေများ ရောင်းချခဲ့ကြောင်းသိရ

ရန်ကုန်တိုင်းဒေသကြီး စမ်းချောင်းမြို့နယ်မှ ကျွန်းတော(လယ်) ရပ်ကွက်ရှိ ကျွန်းတောကွက်သစ် ရောင်းဝယ်ရေး သမ၀ါယမအသင်းအဆောက်အဦးကို အသင်းသူ အသင်းသားများ၏ သဘောတူ ဆန္ဒမပါရှိဘဲ အဆိုပါ သမ၀ါယမအသင်း ဥက္ကဌ မှမြေများရောင်းချခဲ့ခြင်းကြောင့် အာဏာပိုင်များထံသို့ တိုင်ကြားခဲ့သော်လည်း တစ်စုံတစ်ရာမျှ အရေးယူဆောင်ရွက်ပေးခြင်း မရှိသေးကြောင်း သိရှိရသည်။

အဆိုပါ ကျွန်းတောကွက်သစ် ရောင်းဝယ်ရေး သမ၀ါယမအသင်း၏ မြေသည် ပေ ၆၀၊ ၆၄ ပေရှိပြီး ပေသုံးဆယ်ခန့်ကို ရောင်းချခဲ့ခြင်း ၊ ရရှိလာသော ငွေများကိုလည်း အသင်းသူ ၊ အသင်းသားများအား အသိပေးခြင်းမျိုးလည်း မရှိကြောင်း သိရှိရသည်။

“ကျွန်းတောကွက်သစ် သမ၀ါယမအသင်းက ဒီရပ်ကွက်က အသင်းသူ အသင်းသားတွေနဲ့လည်းဆိုင်တယ်ဗျ အဲ့ဒါကို အစည်းအဝေးလဲခေါ်ယူခြင်းမရှိဘူး နောက် ဒီလိုမြေကွက်ရောင်းဖို့ကိစ္စလည်း မတိုင်ပင်ဘူးဗျာ ငွေစာရင်းရှင်းတမ်းတောင်မှ နှစ်ကြိမ်ခေါ်စစ်ဆေးခြင်းခံရတယ်ဗျာ ဒီမြေတစ်ဝက်ရောင်းချလိုက်လို့ ရလာတဲ့ငွေကိုလည်း အသင်းသူ ၊ အသင်းသားတွေအတွက်လည်း ဘာမှ အကျိုးမရဘူး ကျွန်တော်တို့က ရချင်လို့ပြောတာမဟုတ်ဘူး အသင်းတစ်သင်းဖြစ်လာပြီဆိုရင် ဘာလုပ်လုပ် အသင်းသားတွေရဲ့ သဘောဆန္ဒကို မေးရမယ်လေ “ဟုကျွန်းတောကွက်သစ် ရောင်းဝယ်ရေး သမ၀ါယမအသင်းဝင် တစ်ဦးက ပြောသည်။

ကျွန်းတော(လယ်)ရပ်ကွက်ရှိ အသင်းသူ ၊ အသင်းသားအချို့သည် ကျွန်းတောကွက်သစ် ရောင်းဝယ်ရေး အဆောက်အဦးကို ရောင်းချခြင်းမပြုစေဘဲ စမ်းချောင်းမြို့နယ်ခန်းမ တစ်ခုအဖြစ်ပြုလုပ်စေကြောင်း နှင့် စီးပွားရေး လုပ်ငန်းတစ်ခုခုဖြင့် တိုးတက်အောင်မြင်စေလိုခြင်းသာ ဆန္ဒရှိကြောင်း အသင်းသူ ၊ အသင်းသား အချို့ထံမှ သိရှိရသည်။

“ကျွန်တော်တို့ရဲ့ သဘောဆန္ဒက ဒီမြေကိုမရောင်းစေချင်ဘူး ပြီးတော့ ကျွန်တော်တို့က မြေရောင်းလို့ရတဲ့ ပိုက်ဆံလိုချင်လို့ ပြောတာ မဟုတ်ဘူး ကျွန်တော်တို့ အသင်းသားတွေကလည်း တစ်လနေ တစ်နှစ်နေမှ ၅၀၀ ကျပ်လောက်ဘဲ ရတာပါ ဒီအဆောက်အဦးကလည်း ယိုယွင်းပျက်စီးနေတဲ့ အဆောက်အဦးလဲ မဟုတ် အကောင်းကြီးရှိသေးတယ် အဲ့ဒါကို ပြန်ပြင်ဆောက်ပြီးတော့ပေါ့ ခန်းမတစ်ခုဖြစ်စေချင်တယ် တခြားမြို့နယ် တွေမှာ အလုံဆိုရင် အလုံခန်းမရှိတယ် ၊ စမ်းချောင်းကိုလည်း စမ်းချောင်းခန်းမ သဘောမျိုးရှိစေချင်တာပါ အဓိကကတော့ ကျွန်တော်တို့ သမ၀ါယမအသင်းကို တိုးတက်အောင်မြင်အောင် လုပ်စေချင်တယ် အဲ့ဒါဆိုရင် အသင်းသူ ၊ အသင်းသားတွေအတွက် နစ်နာမှု ဘာမှ မရှိဘူး” ဟု ကျွန်းတော(လယ်) ရပ်ကွက်နေ အသင်းသား တစ်ဦးက ပြောသည်။

ထိုကဲ့သို့ အသင်းသားများ၏ သဘောဆန္ဒမပါရှိဘဲ မြေရောင်းချခြင်းနှင့် ပတ်သက်ပြီးမေးမြန်းရာတွင် ရန်ကုန်တိုင်းဒေသကြီးမှ သမ၀ါယမစီမံရေးရာဌာနမှ တစ်စုံတစ်ရာမျှ မသိရှိဘဲ အထက်အမိန့်အရ ပြုလုပ်ရခြင်းသာ ဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။

“ အန်တီတို့က အထက်အမိန့်အရလုပ်ရတာ ဒီကိစ္စကလည်း အသင်းသားတွေ သဘောတူလက်ခံလို့ ကန်ထရိုက်ဆောက်ဖို့ဖြစ်လာတာ အထက်ကဘယ်သူလဲဆိုတာတော့ ပြောဖို့မလိုဘူးလေ “ဟု ရန်ကုန်တိုင်းဒေသကြီး သမ၀ါယမစီမံရေးရာဌာနမှ ဒေါ်ဌေးဌေးထွန်းက ပြောသည်။

သမ၀ါယမအသင်းဥပဒေ ၉/၉၂ ပြဌာန်းချက်တွင် အသင်းသည် အသင်းသား၊ အသင်းဝင်များနှင့် အကျိုးတူစီးပွားဘက် လုပ်ကိုင်သူများ၏ အကျိုးစီးပွားအတွက် အချင်းချင်းအလုပ်အား ၊ ပစ္စည်းတို့ပူးပေါင်း၍ အများ၏ ဆန္ဒဖြင့် စီမံခန့်ခွဲလုပ်ဆောင်သည့် အဖွဲ့အစည်းဖြစ်ရမည်ဟုပါရှိသည်။

ကျွန်းတောကွက်သစ် သမ၀ါယမအသင်းနေရာတွင် ကန်ထရိုက်တိုက်ဆောက်ခြင်းကို ကန့်ကွက်သူ အသင်းသူ ၊ အသင်းသား ၁၀၀ ကျော်ရှိပြီး အဆိုပါအသင်းကို ကျွန်တော(လယ် )ရပ်ကွက် ၊ ကျွန်းတော(တောင်)ရပ်ကွက် နှင့် ကျွန်းတော(မြောက်) ရပ်ကွက် သုံးခုနှင့်သာ သက်ဆိုင်ကြောင်းကိုလည်း သိရသည်။

သတင်းများအား ပြန်လည်ဝေမျှပေးသော မြစ်မခ မီဒီယာအား ကျေးဇူးတင်ရှိပါသည်။