15 November 2010

ယနေ့ တွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးသို့ ပုံမှန်အတိုင်း တက်ရောက်

မနက်ပိုင်းတွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးသို့ ပုံမှန်အတိုင်း တက် ရောက်နေပါသည်ဟု သတင်းရရှိသည်.။

ယခုတွင် နိုင်ငံခြား သံတမန် များနှင့် တွေ့ဆုံ နေပါသည်.။ယနေ့တွင် အင်တာနက် ကိုလည်းစတင် အသုံးပြုတော့မည်ဟု သိရှိရသည်.။

သံတမန် များနှင့် တွေဆုံပြီးလျှင် ပြည်သူလူထုကြီး အား မိန့်ခွန်းပြောကြားပါမည်ဟုလည်း သတင်းရရှိထားသောလည်း ပြည်သူလူထုကြီးနှင့် မိန့်ခွန်းပြောကြားခြင်း ကို မပြုလုပ် နိုင်ခဲ့ပါ.။

ယနေ့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အားဖျက်သိမ်းခြင်းနှင့် ပါတ်သက်၍ ဗဟိုဥပဒေအထောက်အကူပြုအဖွဲ့နှင့် တွေ့ဆုံ ဆွေးနွေးမှု ပြလုပ် နေကြောင်း သိရှိရသည်.။ထိုအမှု ရုံးချိန်း ချမှတ် ထားသည့် နေ့မှာ နိုဝင်ဘာလ (၁၈) ရက်နေ့ဟု သိရှိရသည်.။

သူမသည် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံး ခန်းပိုင်ရှင်များနှင့်လည်း အဖွဲ့ချုပ် ရုံးတွင် ယနေ့ တွေ့ဆုံ နုတ်ဆက် စကားပြောကြားခဲ့သည်ဟုသိရှိရသည်.။

ယနေ့ ညနေတွင် ပြည်နယ် နှင့် တိုင်း အဖွဲ့ချုပ် ခေါင်းဆောင် များနှင့် တွေ့ဆုံ နုတ်ဆက် စကားပြောကြားမည်ဟု သိရသည်.။

မနက်ဖြန် မနက်ပိုင်း တွင် သူမ၏ မွေးနေ့ အင်္ဂါနေ့ ဖြစ်သောကြောင့် ရွှေတိဂုံ ဘုရားသို့ သွားရောက် ဖူးမြော် မည်ဟု သတင်းရရှိသည်.။

မြတ်လေးငုံ..

၁၄. ၁၁.၂၀၁၀ နေ့ သည် နာရေးကူညီမှု အသင်း ၏ပျော်ရွှင်စွာဖြင့် အောင်ပွဲခံခဲ့သည့်နေ့










အောင်ပွဲခံသောနေ့


၁၄.၁၁.၂၀၁၀ (တနင်္ဂနွေ) နေ့ နံနက် (၉း၀၀) နာရီအချိန်တွင် နာရေးကူညီမှုအသင်း(ရန်ကုန်) ၏ အောင်ပွဲခံသော နေ့တစ်နေ့ပင် ဖြစ်တော့သည်။ အကြောင်းမှာ ၂၀.၁၁.၂၀၁၀ (စနေ) နေ့တွင် ကျင်းပမည်ဖြစ်သော နာရေးကူညီမှုအသင်း(ရန်ကုန်)၏ စုပေါင်းမဟာဘုံကထိန်ပွဲကို အသင်းသူ/ သားများစုပေါင်း ပါဝင်လှူဒါန်း၍ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်ရာ ဒိုးပတ်ဝိုင်းများ၊ ရှမ်းအိုးစည်ဝိုင်းများဖြင့် ၀ဋ်ကြွေးတော်ပြေဆရာတော်ကြီး၏ ကျောင်းတိုက်သို့ ပဒေသာပင်များ သယ်ဆောင် ပို့ဆောင်ကြမည်ဖြစ်သည်။ ထို့အတွက် ၁၄.၁၁.၂၀၁၀ (တနင်္ဂနွေ) နေ့ နံနက် (၉း၀၀) နာရီတွင် “အောင်သိဒ္ဓိ” ရှမ်းအိုးစည် သာသနာပြုအဖွဲ့မှ လာရောက်၍ ရှမ်းအိုးစည်အက၊ ဓါးသိုင်းအက များဖြင့် လာရောက်ကုသိုလ်ယူ ဖျော်ဖြေမှုတစ်ရပ်ကို ကထိန်ပွဲတော်အကြိုအဖြစ် လာရောက်ကပြ ဖျော်ဖြေသွားသည်။ ယင်းသို့ ဖျော်ဖြေရာတွင် အောင်ပွဲခံ ရှမ်းတီးလုံးများဖြင့် တက်ကြွ မြိုင်ဆိုင်စွာ ကပြခဲ့သည်။

ပေးပို့ ပေးသော ကိုကျော်သူ အား ကျေးဇူး တင်ရှိပါသည်.။

ကိုယ့်သမိုင်း..ကိုယ်ရေး။(အမေစုလာရောက်နှစ်သိမ့်ခဲ့သည့်ဘဘဦးလွင် ရဲ့ ဇနီးဈာပနအခမ်းအနား)ဓာတ်ပုံ မြင်ကွင်း











ကိုယ့်လမ်း … ကိုယ်သွား၊ ကိုယ့်အလုပ် … ကိုယ်လုပ်၊ ကိုယ့်သမိုင်း … ကိုယ်ရေး


နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ဆင်းရဲချမ်းသာ၊ လူမျိုးဘာသာ၊ မိတ်ဆွေရန်သူမရွေး တို့၏ နာရေးကိစ္စများကို အခမဲ့ ထမ်းဆောင်ပေးလျှက်ရှိရာ ၁၂.၁၁.၂၀၁၀ (သောကြာ) နေ့ ည (၉း၀၀) နာရီအချိန်၌ ဘဘ ဦးလွင်၏ ဇနီး ဒေါ်တင်တင်မလေး အသက် (၈၈) နှစ်သည် ဘ၀တစ်ပါးသို့ ပြောင်းလဲသွားပါ၍ ၁၄.၁၁.၂၀၁၀ (တနင်္ဂနွေ) နေ့ ညနေ (၃း၀၀) နာရီအချိန်တွင် ရန်ကုန်မြို့ အမှတ် ၁၅၊ ကမ္ဘောဇရိပ်သာ၊ ဗဟန်းမြို့နယ် နေအိမ်မှ ရေဝေးသုဿန်သို့ နာရေးကူညီမှုအသင်း(ရန်ကုန်)၏ ရှေ့ပြေးမော်တော်ယာဉ်၊ နာရေးကူညီမှုအသင်း(ရန်ကုန်) ၀တ်ရွတ်အဖွဲ့ မော်တော်ယာဉ်နှင့် နိဗ္ဗာန် မော်တော်ယာဉ်ကြီးတို့ဖြင့် စည်ကားသိုက်မြိုက်စွာ သယ်ဆောင်၍ မီးသဂြိုလ်ပေးခဲ့ပါသည်။

ယင်း ဈာပနအခမ်းအနားတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဘဘ ဦးတင်ဦး တို့သည်လည်း ဘဘ ဦးလွင်အား လာရောက်ဂါရ၀ပြု အားပေးစကားပြောကြားကာ ရေဝေးသုဿန်အထိ လိုက်ပါပို့ဆောင် ပေးခဲ့ပါသည်။

လမ်းတစ်လျှောက် အားပေးနှစ်သိမ့်ကြသော ပရိတ်သတ်ကြီးနှင့် ရေဝေးသုဿန်တွင် စောင့်ဆိုင်းနေသော လူထုပရိတ်သတ်ကြီး၏ အင်အားသည် ယခင့် ယခင် နာရေးပို့ဆောင်မှု လမ်းကြောင်းများနှင့်မတူ အလွန်စည်ကားလှသည်။

မည်သို့ပင်ဖြစ်စေ နာရေးကူညီမှုအသင်း(ရန်ကုန်)သည် ကိုယ့်လမ်း … ကိုယ်သွား ၊ ကိုယ့်အလုပ် … ကိုယ်လုပ် ၊ ကိုယ့်တာဝန် … ကိုယ်ကျေ ၊ ကိုယ့်သီလ … ကိုယ်လုံစွာဖြင့် ကိုယ့်သမိုင်း ကိုယ်ရေးခဲ့ပြီ ဖြစ်တော့သည်။


ပေးပို့ ပေးသော ကိုကျော်သူ အားကျေးဇူးတင်ရှိပါသည်.။

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကသူမ၏လုံခြုံရေးနဲ့ပါတ်သက်ပြီးအုပ်ချုပ်ရေးတာဝန် ယူထားတဲ့သူတွေမှာတာဝန်အရှိဆုံးပါလို့ပြောကြား...



ဒေါ်အောင်ဆန်း စုကြည်ဟာ နေအိမ် အကျယ်ချုပ်က လွတ်မြောက်လာပြီး ဒီကနေ့ တနေ့လုံး သံတမန်တွေနဲ့ တွေ့ရ၊ ပြည်သူလူထုကို စကားပြောရ၊ သတင်း မီဒီယာတွေရဲ့ အမေးကို ဖြေကြားရနဲ့ မအားလပ်တဲ့ ကြားထဲကပဲ ညနေပိုင်း မှာတော့ ဘီဘီစီ မြန်မာပိုင်းကို တယ်လီဖုံးနဲ့ သီးသန့် ဆက်သွယ် မေးမြန်းခွင့် ပေးခဲ့ ပါတယ်။ ဒါဟာ ဒေါ်အောင်ဆန်း စုကြည် အနေနဲ့ နေအိမ် အကျယ်ချုပ်က လွတ်မြောက် လာပြီး တဲ့နောက် ပြည်ပ သတင်း ဌါနတွေထဲက တယ်လီဖုံးနဲ့ ဆက်သွယ် မေးမြန်းတာကို ပထမဆုံး ဖြေကြားခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဖြေကြားရာမှာ သူ့အနေနဲ့ ဒီကနေ့ မနက်မှာ လွတ်မြောက်လာသူ တယောက်အနေနဲ့ နိုးထလာချိန်မှာ ဘယ်လို အတွေးတွေ တွေးမိသလဲဆိုတော့ အရင်နေ့ တွေတုန်းကဆိုရင် သူ့အနေနဲ့ အချိန်ဇယားနဲ့ လုပ်ခဲ့တာ ဖြစ်လို့ ဒီကနေ့မနက်မှာ ခါတိုင်း အချိန်ဇယားတွေနဲ့ မတူတော့တာကို တွေးမိတဲ့ အကြောင်း ဦးစွာ ပထမ ဖြေကြားပါတယ်။

လူတွေရဲ့ မျှော်လင့်ချက်ကို ဘယ်လို ဖြည့်ဆည်းပေးနိုင်မလဲ ဆိုတဲ့ မေးခွန်း ကိုတော့ ဒေါ်အောင်ဆန်း စုကြည်က မျှော်လင့်ချက် ဆိုတာ အလုပ်နဲ့ တွဲမှ မျှော်လင့်ချက်လို့ ခေါ်ရမယ် ဆိုတာ သူ့အနေနဲ့ အမြဲတမ်း ပြောခဲ့ဖူးတဲ့ အကြောင်း၊ အလုပ်နဲ့ တွဲမထားတဲ့ မျှော်လင့်ချက် ဟာ စိတ်ကူးယဉ် အိပ်မက်သာ ဖြစ်လို့ သူ့အနေနဲ့ကတော့ ဒီမျှော်လင့်ချက်တွေကို အလုပ်ဖြစ် အောင် လုပ်ရမှာ ဖြစ်တဲ့အကြောင်း ပြည်သူလူထု ကိုယ်တိုင်က ဒီမျှော်လင့်ချက်တွေကို အလုပ်နဲ့ တတ်နိုင်သမျှ တွဲပြီး လုပ်မှ ဖြစ်မယ် ဆိုတာ ပြည်သူ လူထုကို ပြောချင်တဲ့ အကြောင်း ဒေါ်အောင်ဆန်း စုကြည်က ဖြေပါတယ်။


စစ်အစိုးရက လုပ်သွားတဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်လို့ သူ့ရဲ့သဘောထားကို ဖြေကြားရာမှာတော့ NLD အနေနဲ့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကော်မီတီတခု ဖွဲ့ပြီး ရွေးကောက်ပွဲ ဖြစ်စဉ်တွေကို သုံးသပ်နေတဲ့ အကြောင်း အဲဒီကော်မီတီက ဘယ်လို အချက်အလက်တွေ စုဆောင်းထားသလဲဆိုတာ သူ့အနေနဲ့ ကြည့်ရှုရဦးမှာ ဖြစ်ပြီး အဲဒီ အချက်အလက်တွေ အပေါ် မူတည်ပြီးမှ ဒီရွေးကောက်ပွဲအပေါ် သူ့အနေနဲ့ တိကျတဲ့ သဘော ပြောနိုင်မှာ ဖြစ်တဲ့ အကြောင်း ဒါပေမယ့် ဒီရွေးကောက်ပွဲရဲ့ တရားမျှတမှုနဲ့ ပတ်သက်ပြီး မေးခွန်း ထုတ်စရာတွေ အများကြီး ရှိတယ် ဆိုတာကိုတော့ ပြောနိုင်ပါတယ်လို့ ဖြေပါတယ်။

စစ်အစိုးရဟာ နှစ်ပေါင်း ၂၂ နှစ်အတွင်း ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြု ပြဌါန်း သွားတဲ့ ကိစ္စ၊ ၂၀၁၀ ရွေးကောက်ပွဲ ကျင်းပသွားတဲ့ ကိစ္စတွေ ဒါတွေအားလုံး စစ်အစိုးရက အပိုင်အနိုင် လုပ်ထားပြီးတော့မှ လွတ်မြောက်လာတဲ့ လူတယောက်အဖို့ ၂၂ နှစ်လုံး ကိုယ့်ရဲ့ ကြိုးပမ်းထားမှုတွေဟာ အလဟဿ ဖြစ် ရာ မရောက်ဘူးလားလို့ မေးတဲ့ အခါမှာတော့ ဒေါ်အောင်ဆန်း စုကြည်က သူ့အနေနဲ့ ၂၂ နှစ်မကလို့ နှစ်ပေါင်း ၂၂၀ ပဲ ဖြစ်ဖြစ် ပြည်သူ လူထုရဲ့ ယုံကြည်မှု ပြည်သူလူထုရဲ့ စစ်မှန်တဲ့ စေတနာ အင်အား မပါလို့ကတော့ ဘယ်အရာကိုမှ ရေရှည် တည်ထောင်လို့ ရမှာ မဟုတ်ဘူးလို့ သူယုံကြည်တဲ့ အကြောင်း ပြောပါတယ်။

အခုအခါ NLD မရှိတော့တဲ့အတွက် လှုပ်ရှားမှုတွေ လုပ်ရာမှာ အကန့်အသတ်တွေ ရှိလာမယ်ဆိုရင် ဘယ်လို စုစည်းပြီးတော့ ဆက်လက် လှုပ်ရှားသွားနိုင်မလဲဆိုတဲ့ မေးခွန်းကိုတော့ ဒေါ်အောင်ဆန်း စုကြည်က NLD ရဲ့ ရပ်တည်ပိုင်ခွင့် မရှိတော့ဘူးဆိုတာ ဒီအချိန်မှာ ပြောလို့ မရတဲ့အကြောင်း ၊ မိမိတို့ရဲ့ အဓိကလုပ်ငန်းဟာ NLD ရှင်သန်ရေး အတွက် မဟုတ်ပဲ ပြည်သူလူထု ရှင်သန်ရေး အားသန်ရေးအတွက် ဖြစ်လို့ ပြည်သူက ထောက်ခံနေရင် NLD က အမြဲရှင်သန်နေမှာ ဖြစ်တယ်လို့ ဖြေပါတယ်။


ရွေးကောက်ပွဲအပေါ် မူတည်ပြီး သဘောထား ကွဲပြားသွားတယ်လို့ ယူဆရတဲ့ နိုင်ငံရေး အစုအဖွဲ့တွေ အားလုံးကိုလည်း သူ့အနေနဲ့အတူ လက်တွဲလုပ်ဖို့ လက်ကမ်း ကြိုဆိုတဲ့ အကြောင်းလည်း ဒေါ်အောင်ဆန်း စုကြည်က ပြောပါတယ်။

အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်အောင် မိမိတို့အနေနဲ့ နည်းလမ်း အမျိုးမျိုးးကို အသုံးပြုပြီး ဖြစ်အောင် လုပ်သွားရမှာကလည်း မိမိတို့ရဲ့ တာဝန် ဖြစ်သလို မဖြစ်စေချင်တဲ့သူတွေ စိတ်ပြောင်းအောင် လုပ်ရမှာကလည်း မိမိတို့ရဲ့ တာဝန် ဖြစ်ပါတယ်လို့လည်း ပြောပါတယ်။
ဒေါ်အောင်ဆန်း စုကြည်က သူ့ရဲ့လုံခြုံရေးနဲ့ ပတ်သက်ပြီး ထူးထူးခြားခြား စီစဉ်လုပ်ကိုင်ထားတာ မရှိတဲ့အကြောင်း သူ့ရဲ့လုံခြုံရေးနဲ့ နိုင်ငံသူ နိုင်ငံသားတိုင်းရဲ့ လုံခြုံရေးဟာ တကယ်တော့ အုပ်ချုပ်ရေး တာဝန်ယူထားတဲ့ သူတွေရဲ့ တာဝန်သာ ဖြစ်ပါတယ်လို့ ပြောဆို ဖြေကြားသွားပါတယ်။

သတင်း..ဘီဘီစီ

ကျမတို့ ခေါင်းဆောင် လူထုခေါင်းဆောင် ပြန်လည်လွတ်မြောက် လာပြီ ပြည်သူလူထု ကြီးအား အင်အားသစ်တွေ ပေးခဲ့သော မြင်ကွင်းပုံရိပ်..



ယနေ့ နေ့လည် တွင် ပြန်လည်လွတ်မြောက်လာပြီး ပထမဆုံး ပြည်သူလူထု ကြီးအား မိန့်ခွန်းပြောကြားနေသော
ဓာတ်ပုံ သတင်းကို အေပီ မှာကူးယူ ထားပါ.။

ကျမတို့ ခေါင်းဆောင်၊လူထုခေါင်းဆောင် ပြန်လည်လွတ်မြောက်လာခြင်း အပေါ် တိုင်းရင်းသား လူမျိုး များမှာလည်း အလွန်ပျော်ရွှင် ခဲ့တာကို တွေ့မြင်ခဲ့ရပါသည်.။ ကျောင်းသားလူငယ် ၊ သံဃာတော်များ၊သက်ကြီး ရွယ်အိုများကိုလည်း ဒီဓာတ်ပုံထဲတွင် အလွန်ပျော်ရွှင်နေတာကို တွေ့ရှိခဲ့ရပါသည်.။ ပြည်သူ လူထု ကြီးတရပ်လုံး၏အမျှော်လင့်ဆုံး အတောင်းတဆုံး ဖြစ်သော လူထု ခေါင်းဆောင်၏ စကားသံ ကိုကြားရသောကြောင့်မြန်မာပြည်သူ လူထု ကြီး အတွက် အားဆေး သောက်လိုက်ရသလို အင်အားတွေ ရရှိသွားခဲ့ပုံ များလည်းတွေ့ရှိရပါသည်.။

ပြည်သူလူထု တရပ်လုံးက လေးစားချစ်ခင်မှုကို ရရှိခဲ့သော ကျမတို့ခေါင်းဆောင် လူထုခေါင်းဆောင် တယောက် ဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ပြန်လည်လွတ်မြောက် လာခြင်းကို တိုင်းရင်းသား ခေါင်းဆောင်ကြီး များကလဲ ဝမ်းသာစွာဖြင့် ကြို ဆိုပါတယ် ဆိုတဲ့ စကားသံတွေလည်း ကြားခဲ့ရပါသည်.။


ယနေ့ မြန်မာ အာဏာပိုင် တွေရဲ့ သတင်းဌာန တစ်ခုဖြစ်သော မြန်မာ့အလင်း သတင်းစာထဲတွင် ဆောင်းပါးအနေနဲ့ ပါလာကတော့ လူထုခေါင်းဆောင် ပြန်လည်လွတ်မြောက်လာချိန် တွင် မည်သူမဆို နိုင်ငံရေးပါတီ အသစ်ကိုပြန်လည်လျှောက်ထားနိုင်သည့် သဘောကို စစ်အာဏာရှင် အစိုးရ တို့၏လက်ကိုင်တုတ် တယောက်က ရေးသားထားခဲ့ပါသည်.။

ကျမတို့ခေါင်းဆောင်၊လူထုခေါင်းဆောင် ၏ အသက်အန္တရယ် ကိုတော့ ပြည်သူလူထု ကြီး မှာအလွန်ပင်စိုးရိမ်
နေဆဲပါ.။ သူမ၏ လုံခြုံ ရေးသည်လည်း အင်မတန် အရေးကြီး ပါတယ်.။မြန်မာပြည်သူ လူထုကြီး က အလွန်ပင်
ချစ်မြတ်နိုးခဲ့သော သူမအား အမြဲတမ်း လွတ်လပ်ခွင့် မပေးချင်သော စစ်အစိုးရကတော့ ဘာတွေကြံစည်နေ
အုံးမလဲတော့ မသိရှိသေးပါ.။

မတရား ဖမ်းဆီးထိန်းသိမ်း ခံထားရသော မြန်မာနိုင်ငံ အတွင်းရှိ အကျဉ်းထောင် တွေထဲက နိုင်ငံရေး အကျဉ်းသား(၂၀၀၀)ကျော်လည်း အမြန်ဆုံး ပြန်လွတ် လာကြပါစေလို့ ဆုတောင်းလိုက်ပါတယ်.။


မြတ်လေးငုံ..

စစ်အာဏာပိုင် တွေ ကျမတို့ လူထုခေါင်းဆောင်ကို ကြောက်တာလဲ မပြောနဲ့လေ ကဲကြည့်ပါ တကယ်ကိုပြည်သူလူထု က မေတ္တာ၊စေတနာ၊ဂရုဏာတွေနဲ့ လာရောက်တွေ့ဆုံကြတဲ့မြင်ကွင်း













ဓာတ်ပုံ ..... news-eleven ဂျာနယ်မှပုံများနှင့် မေလ်း သို့ ပေးပို့ လာသော ပုံများကို ပြန်လည် မျှဝေ လိုက်ပါတယ်ရှင်.။

14 November 2010

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရဲ့ ပထမဦးဆုံး သတင်းစာရှင်းလင်းပွဲ.. (အသံဖိုင်)











ပေးပို့ပေးတဲ့ အကိုကြီးဦးစိန်အား ကျေးဇူးတင်ပါသည်..။

ဒေါ်အောင်ဆန်းစုကြည် ယနေ့ပြောကြားတဲ့ အသံဖိုင်(၁) (၂)











အပိုင်း(၁)






အပိုင်း(၂)

အသံဖိုင်များအတွက် ဦးစိန်အား ကျေးဇူးတင်ပါသည်...။
မြန်မာပြည်က လာတဲ့စာ...
မနက်ပိုင်း ၁၁ လောက် အမေစု ရုံးကိုရောက်လာတယ်..။ ၁၂း၁၀ လောက် စပြီး မိန့်ခွန်းပြောပါတယ် ....။ ကားလမ်းကို တော့အဲဒီအချိန်မှာ ပိတ်ထားလိုက်ပြီ (ယာဉ်ထိန်းရဲတွေက) ၁နာရီထိုးဖို့ ၁၀ မိနစ်လောက်ထိ စကားပြောတယ်..။

ရှေ့ဆက်သွားဖို့ ပြည်သူတွေဆီက အသံကြားချင်ပါတယ် လို့ပြောတယ်။ ပြည်သူတွေ သဘောထားကိုသိချင်တယ် ...။ စာရေးပါ စာပို့ပါ တစ်ယောက်ချင်းမတွေ့နိုင်တဲ့အတွက်အများ ဆန္ဒကို သိချင်တယ်။.. ဒေါ်စုဘက်ကလဲ ဘာလုပ်မယ်ဆိုတာ ပြည်သူတွေကိုချပြပါ့မယ် ...။ ပြည်သူတွေကလဲ လက်ခံသဘောတူမယ် ဆိုရင်ဆက်လုပ်မယ် လက်မခံရင်လဲ ဒေါ်စုဘက်က လက်ခံအောင်ရှင်းပြမယ်...။

အမျိုးသားရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်...။ ဒီမိုကရေစီ အင်အားစုတွေအားလုံးနဲ့ ပူးပေါင်းလုပ်ကိုင်သွားမယ်...။ ပြည်သူလူထုကြီး တစ်ရပ်လုံးက ကျမတို့ကို ၀န်းရံပေးဖို့လိုပါတယ်...။ တစ်ယောက်ထဲ လုပ်နေလို့မရဘူး အားလုံး ပူးပေါင်းပြီးလုပ်ကြမယ်...။ ကျမကိုယ်တိုင်လဲ ပြည်သူနဲ့အတူ ပါဝင်ပြီးလုပ်မယ်...။ ရှေ့ကို အလုပ်တွေ အများကြီးလုပ်ရအုံးမယ်..။ ကျမပြည်သူတွေအပေါ် တာဝန်မကျေ မှာစိုးတယ်..။ ပြည်သူတွေ နဲနဲတော့ အနာခံရမယ် တတ်နိုင်သလောက် ပြည်သူတွေအနာခံရတာ နည်းတဲ့နည်းလမ်းကို ရွေးချယ်သွားမယ်..။ လိုချင်တာကို ရအောင်လုပ်ရမယ် အလုပ်လုပ်ကြရမယ်..။ ကျမကိုယ်ကျမ ကိုယ့်လိပ်ပြာ ခုံရုံးမှာအစစ်ခံရဲတယ်..။ ပြည်သူလူထုကြီးလဲနေ့စဉ် ကိုယ့်လိပ်ပြာခုံရုံးမှာ အစစ်ခံရဲရမယ်...။ ပြည်သူတွေရဲ့အသံကို ကြားချင်ပါတယ်။ ပြည်သူတွေဘာဖြစ်ချင်လဲ ဆိုတာ သိချင်ပါတယ်..။ ဒီမိုကရေစီလမ်းကို အတူတူဖောက်ကြမယ်..။ အတူတူလျှောက်ကြမယ် ကျမတစ်ယောက်ထဲမလျှောက်ဘူး အားလုံးအတူသွားကြမယ်.... လူထုကတော့ အခုထိသွားတဲ့လူလည်း သွားနေတယ် ပြန်တဲ့ လူလည်းပြန်နေတယ်... ဟုပြောဆိုသွားပါတယ်..။


လမ်းကတော့ ပိတ်လိုက်ပွင့်လိုက်ပဲ သတင်းစာရှင်းလင်းပွဲလုပ်နေတယ် ပြီးရင်ဘဘဦးလွင်ဇနီး နာရေးတစ်ခု သွားမယ်ပြောတယ်..။ အခုလောက်ဆို ပြန်ပြီထင်တယ် လူထုအင်အားများတယ် နယ်က ပါတီဝင်တွေ တော်တော်များများ တွေ့ရတယ် .. သံရုံးကလူတွေ တော်တော်များများလာတယ် သြစတေးလျ အမေရိကန် အစ္စရေး နောက်တစ်ခြားသံရုံးက လူတွေလဲ လာကြတယ်..။ ဂျာနယ်တွေ တော်တော်များများ လဲလာကြတယ်..။ သတင်းစာရှင်းလင်းပွဲကို ပြည်တွင်း ဂျာနယ်တွေကကော ပြည်ပ ကကော သံရုံးအဖွဲ့အစည်းတွကကော တက်ကြတယ်)

KSL
ပေးပို့ပါတယ်..။

ယနေ့ နေ့လည် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ၏ မိန့်ခွန်း

ယနေ့ပြောကြားသော ဒေါ်အောင်ဆန်းစုကြည်၏ မိန့်ခွန်း

“ သတ္တိဆိုတာ စိတ်ဓာတ်ခိုင်ခိုင်မာမာနဲ့ ကိုယ်လိုချင်တဲ့ ကိစ္စကို မှန်မှန်ကန်ကန်နဲ့ လုပ်တာဟာ သတ္တိပဲ။ လုပ်ရဲရမယ် ”

“ ကျမတို့ပြောနေတာလဲ နိုင်ငံရေးဘဲ။ အားလုံးနိုင်ငံရေးဘဲ။ ကျမတို့ပြည်သူတွေ နိုင်ငံရေးကို နားလည်အောင်လုပ်ပါ။ အရှေ့က လုပ်နေတဲ့သူကို အနောက်က လူက ထိန်းနိုင်ရမယ်။

ဒါဟာ ဒီမိုကရေစီဘဲ။ ကျမတို့ ပြည်သူတွေ ထိန်းသိမ်းတာကို ခံပါမယ်။ တခြားသူ ထိန်းသိမ်းတာကို မခံနိုင်ဘူး။ ကျမ ထိန်းသိမ်းခံရတဲ့ချိန်မှာ လုံခြုံရေးသမားတွေ အများကြီး တွေ့ရပါတယ်။

ကျေးဇူးတင်ထိုက်သူကို ကျေးဇူးတင်ပါတယ်။ ကျမအပေါ် ကောင်းကောင်းဆက်ဆံတဲ့ သူတွေကိုပါ။ ကျေးဇူးကို သိတတ်တဲ့သူက နည်းတယ်။ ကျေးဇူးသိတတ်တဲ့သူ ရှားတယ် ဆိုတာကို ကျမကတော့ လက်မခံချင်ဘူး။ ကျေးဇူးသိတယ်ဆိုတာ ဘာလဲ။ တယောက်နဲ့တယောက် သည်းခံရမယ်။ အရှေ့က လူက နောက်ကလူကို သိတတ်ရမယ်။ နောက်ကလည်း ရှေ့ကလူကို သိတတ်ရမယ်။ ဒါဟာ ကျမရဲ့ အခင်းအကျင်းဘဲ။”


“ ပြည်သူကြားမှာ အားလုံးကြားမှာ အမျိုးသား ရင်ကြားစေ့ရေးကို ဆက်လုပ်သွားမယ်။ ဘယ်သူဘဲဖြစ်ဖြစ် အဆင်ပြေအောင် လုပ်ချင်ရင် ရတယ်။ စကားပြောချင်လည်း ရတယ်။

ကျမတို့ဘက်က ပြည်သူ့အင်အားတွေ လိုပါတယ်။ အခု ပြည်သူတွေ ကျမတို့ဘက်မှာရှိတယ်ဆိုတာ သိရတယ်။

ပြည်သူရဲ့ယုံကြည်မှု၊ ပြည်သူရဲ့ ထောက်ခံမှုကို ရယူသွားမယ်။ အခု ဘာလုပ်နိုင်တယ် ဆိုတာကို မပြောနိုင်တာ ခွင့်လွှတ်ပါ။ အပြင်ထွက်ထွက်လာခြင်း ဘာလုပ်မယ်၊ ညာလုပ်မယ်ဆိုတာကို ပြောတာက နားမလည်ဘဲ ပြောတယ် ဖြစ်မှာစိုးလို့ပါ။ ကျမတို့အားလုံး အနာခံရပါတယ်။

လုပ်ဖော်ကိုင်ဘက်တွေလည်း အနာခံခဲ့ရပါတယ်။ အနာခံရမယ်ဆိုရင် သည်းခံပြီး အနာခံကြပါလို့ ကျမပြောချင်တယ်။ လိုတော့လိုချင်တယ် အနာတော့ မခံချင်ဘူးဆိုတာတော့ မဖြစ်ဘူး။

အမှားအမှန်ကို ကိုးစားပြီး သိရမယ်။ အမှန်ဘက်က ရပ်တည်ရမယ်။ အမှားအမှန်က တစ်ချိန်လုံး အတည်ယူလို့မရဘူး။ အချိန်အတိုင်း ပြောင်းလဲမှု ရှိတယ်။

မှန်မှန်ကန်ကန်နဲ့ဖြစ်လာတဲ့ အင်အားကို ဘယ်သူကမှ ဖြိုလို့မရဘူး။”


“ ကျမကို ထိန်းသိမ်းခဲ့တဲ့လူတွေအပေါ်မှာလည်း ဘာအာဃာတမှာ မရှိဘူး ”

“ကျမတို့ မြန်မာတွေဟာ ကောက်ရိုးမီးလိုပဲလို့ ပြောတာကို ကျမတော့ မကြိုက်ဘူး’’

“ကျမတို့ ပြည်သူတွေက လက်ဖြန့်ပြီး တောင်းချင်စိတ် မရှိဘူးလို့ ကျမ ယုံတယ်’’

“ကျမကို ထိန်းသိမ်းတဲ့လူတွေကို မမုန်းဘူး။ ပုဂ္ဂိုလ်ရေးအရ ဘယ်သူကိုမုန်းတီးတာ မရှိဘူး။”

“ကျမ တရားဥပဒေစိုးမိုးရေးကို ယုံကြည်တယ်။ တောင်းပန်တာကို ကျမက တန်ဖိုးထားတယ်။ ကျေးဇူးတင်ထိုက်တာကို ကျမ ကျေးဇူးတင်တယ်။”

“လူ့အခွင့်အရေးကြေညာစာတမ်းမှာ လူတိုင်းလူတိုင်းအတွက်နဲ့ စထားတယ်။ ဒါကို လေးစားရမယ်။ လူတိုင်းလူတိုင်း တာဝန်ကျေပွန်ရမယ်။ တာဝန်သိရမယ်။ ဒါမှ ကျမတို့ နိုင်ငံတိုးတက်မယ်။ ကျမတို့နိုင်ငံတိုးတက်တယ်၊ မတိုးတက်တာ ပြည်သူသိတယ်။ မတိုးတက်တာ ဘယ်သူ့ကြောင့်လို့ ပြောနေလို့ အပိုဘဲ။ ကျမတို့ကို လုပ်ပိုင်ခွင့်ပေးပါလို့ဘဲ ပြောမယ်။

ကျမတို့ပြည်သူက လက်ဖြန့်ပြီးတောင်းမှာ မဟုတ်ဘူးလို့ ကျမ သိတယ်။ ကိုယ့်လုပ်ပိုင်ခွင့်ကို တောင်းဆိုတာဖြစ်တယ်။”

“ကျမ အမျိုးသားရင်ကြားစေ့ရေးကို ကျမ အမြဲ ယုံကြည်ပါတယ်။ ကျမတို့ဟာ ပြည်သူရဲ့ အင်အားကို အားကိုးပြီးတော့ အလုပ်လုပ်နေတာလို့ အကြိမ်ကြိမ်အခါခါ ပြောခဲ့ပြီးပါပြီ။

ပြည်သူရဲ့ အင်အားကို စနစ်တကျသုံးမှပဲ ထိရောက်မှာပါ။ ပြည်သူတွေကို ထပ်ပြီး မှာပါရစေ။ ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ လုပ်ရဲမှ လုပ်နိုင်မှ ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’

“ကျမရဲ့ လုံခြုံရေးကို တာဝန်ယူတဲ့ သူတွေက ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံကြတယ်။ အဲဒီအတွက် ကျေးဖူးတင်တယ်။ ကျမကို ကောင်းကောင်းမွန်မွန် ဆက်ဆံသလိုပဲ ပြည်သူအားလုံးအပေါ်မှာ ကောင်းကောင်းမွန်မွန် ဆက်ဆံရင် ဘယ်လောက် ကောင်းလိုက်မလဲလို့ ကျမ တွေးမိပါတယ်။

ဒါပေမဲ့ ကျမကို အကျယ်ချုပ် ချသလိုတော့ ပြည်သူကို မချစေချင်ဘူး။ ပြည်သူကို အကျယ်ချုပ် မချပါနဲ့။ ကောင်းကောင်းမွန်မွန် ဆက်ဆံစေချင်ပါတယ်’’

“မကောင်းတာကို မပြောစေချင်ရင် မလုပ်ပါနဲ့။ ကောင်းတာတွေကို ကျမတို့က တန်ဖိုးထားပါတယ်၊ ကျေးဇူးလည်း တင်ပါတယ်။ ကောင်းတာတွေချည်း လုပ်နေရင် တသက်လုံး ကျမ ကျေးဇူးတင်လို့ ဆုံးမှာ မဟုတ်တော့ပါဘူး’’

“ပြည်သူတွေဟာ လုပ်စရာရှိတာ လုပ်ရမယ်၊ လူတိုင်း ကိုယ့်တာဝန် ကိုယ်ကျေရမယ်’’


ကျမ လုပ်ဖော်ကိုင်ဘက်တွေ၊ ထောင်ထဲက ဒီမိုကရေစီ လုပ်ဖော်ကိုင်ဘက်တွေကို ဂုဏ်ပြုချင်တယ်။ မြန်မြန်လွတ်လာပါစေလို့။

“ လူတွေရဲ့စိတ်ထဲမှာ ဘာတွေဖြစ်နေသလဲဆိုတာ မသိသေးဘူး။ နားထောင်ရဦးမယ်။ လူထုအသံကို နားထောင်ချင်တယ်။ တယောက်တည်း ထပြီးပြောနေတာ အဆင်မပြေဘူး။ တယောက်တည်းက ပြောနေတာကို ကျန်တဲ့လူတွေက နားထောင်နေရတာက ဒီမိုကရေစီ မကျဘူး။"

ပြည်သူ့လုပ်အားနဲ့ .. တွဲပြီးအလုပ်လုပ်ချင်တယ်။ ကျမတယောက်ထဲ အလုပ်မလုပ်ချင်ဘူး။ တယောက်ထဲ လုပ်တာ ဒီမိုကရေစီ မဟုတ်ဘူး။ ကြင်နာမှုရှိတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေရှိနေတယ်။



သောင်းပေါင်းများစွာ သောပြည်သူလူထုကြီးအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် စကားပြောကြားနေပါပြီ.။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရုံးရှေ့တွင် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေပါပြီး အသံ နားထောင်ချင်ပါက http://www.livestation.com/channels/66-democratic-voice-of-burma-burmese နားထောင် နိုင်ပါသည်.။

ပြည်သူလူထုကြီးမှ သူမ အားပြောချင်သော စကားများကို စာဖြင်ရေးသား ပေးပို့ နိုင်ပါသည်ဟုလည်း ပြောနေပါ သည်.။ပြည်သူ အသံ ကို သူမ အရမ်း နားထောင် ချင်ပါသည်ဟု လည်းပြောနေပါသည်.။ပြည်သူ များ သူမ အား ရင်ဖွင့် ပြောဆိုနိုင်ပါသည်ဟု ပြောကြားနေပါသည်။ပြည်သူ လူထု ကြီးကို ညီညီညွတ်ညွတ် နှင့် လိုချင်သော ပန်းတိုင်သို့ ရောက် ရှိအောင် ကြိုးစား သွားရမည် ဖြစ်ကြောင်း ပြောကြား သွားပါသည်ဟု သိရှိရပါသည်.။

ပြည်သူ တွေရဲ့ စကားသံ ကြားမှ သူရှေ့ကို ဆက်လုပ်နိုင်ပါမည်ဟု လည်းပြောကြားနေပါသည်.။ပြည်သူများ စည်းကမ်းရှိကြပါ လို့ ပြောကြားနေပါသည်.။လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ပြောကြားနေသော မိန့်ခွန်း တချိုပါ.။

ပြည်သူလူထု ကြီးအား မိနစ် (၄၀) ကျော်ကျော်ကြားပြောကြားခဲ့ပါသည်.။သူမ မိန့်ခွန်းပြောကြား အပြီးတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပါတော့မည်ဟု သတင်းရရှိပါသည်.။

လူထုခေါင်းဆောင်နဲ့ မြန်မာပြည်သူ တွေအတွက် ကူညီပေးနေသော ကိုကျော်သူ







ပေးပို့ ပေးသော သူငယ်ချင်း အား ကျေးဇူးတင်ရှိပါသည်..။

ယနေ့ တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ၏လုပ်ဆောင်မည့်အစီအစဉ်


ဓာတ်ပုံ....AP

ယနေ့နေ့ခင်း ၁၁ နာရီမှာ သံတမန်တွေနဲ့ တွေ့မယ်လို့သိရှိရပါသည်.။။ နေခင်း၁၂ နောက်ပိုင်းမှာ လူထုကြီး နဲ့ တွေ့ပြီးသူမ စကားပြောမယ်လို့သိရပါသည်။ နောက် နေ့လည် ၁ နာရီ ခွဲလောက်မှာ သတင်းထောက်များနှင့် သတင်းစာ ရှင်းလင်းပွဲ လုပ်မည့်အစီစဉ်ရှိပါသည် ။ နေခင်း (၂)နာရီ တွင် အဖွဲ့ချုပ် အတွင်းရေးမှူးဟောင်းဦးလွင်၏အမျိုးသမီးဒေါ်တင်တင်မလေး၏ဈာပနာကိုသွားရောက်ပါမည်လို့သိရှိရပါသည်.။

လူထုခေါငိးဆောင် ကျမတို့ခေါင်းဆောင် ၏ လုံခြုံ ရေးအတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုက္ကဋ္ဌ ဦးတင်ဦး မှ စီစဉ်းထား တယ်လို့လည်း သိရှိရပါသည်.။စစ်အစိုးရ ဘက်မှတော့ သူမ၏လုံခြုံ ရေး ကို ဘာမှ ပြုလုပ်ပေးတာမရှိပါဘူး၊အားလုံးကို ရုပ်သိမ်းပြီးထွက်သွားပါပြီးလို့သိရှိရပါသည်.။

မနေ့က သူမ၏ကျန်းမာရေးအခြေအနေလဲ ကောင်းမွန် ကြောင်း ကိုသူမ၏ ဆရာဝန် ဒေါက်တာတင်မျိုးဝင်းက ပြောကြားခဲ့ပါသည်.။

ယနေ့ နေလည်(၁၂)နာရီ အချိန် တွင်လူထုခေါင်းဆောင်ရဲ့စကားကိုစောင့်မျှော်နေမယ့် လူထုကြီး ကိုကြည့် လိုက် မယ်ဆိုရင်ဖြင့် ဘယ်လောက် တားဆီးမည့် အမိန့်တွေ ထုတ်ထားပါစေ၊ ပြည်သူလူထုကြီးက မကြောက် တရားကို အစဉ်ကိုင်စွဲ ကျတော့ မည်ဆိုတာ ကိုတော့ တွေ့မြင် ရပါတော့မည်.။


ယနေ့ တွင်တွေရတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည် ၏ဓာတ်ပုံမှတ်တမ်းများ


Daw Suu

TBS သတင်းဌာန ကလွှင့်တဲ့ ရုပ်သံ သတင်းနှင့် တချို့ သတင်းဌာန များ ၏ မြင်ကွင်းရုပ်သံပါ



ကျမတို့ ခေါင်းဆောင် ယနေ့ ပြန်လည်လွတ်မြောက် လာပြီး ပထမဦးဆုံး ပြည်သူ လူထုကြီးအား နုတ်ဆက် စကား
Daw Aung San Suu Kyi by thargyi74



AUNG SAN SUU KYI RELEASED from DVBTV English on Vimeo.





လင့်တွေပေးပို့ ပေးသော ကိုအောင်နိုင် အားကျေးဇူးတင်ရှိပါသည်.။