17 April 2010

ယနေ့တွင်မန္တလေးသင်္ကြန်အတက်နေ့ နံနက်ခင်းက မိုးသက်လေပြင်းငယ်တစ်ခု တိုက်ခတ်ခဲ့သောကြောင့် မဏ္ဍပ်အချို့ ပြိုလဲခဲ့



မန္တလေးမြို့တွင် ဧပြီလ ၁၆ရက်၊ သင်္ကြန်အတက်နေ့၊ နံနက် ၆နာရီကျော်ခန့်က လေတိုက်နှုန်း တစ်နာရီလျင် ၁၂မိုင်ခန့်ရှိသော မိုးသက်လေပြင်းငယ်တစ်ခုတိုက်ခတ်ခဲ့သည်။ လေပြင်းတိုက်ခတ်ချိန် ၁၅မိနစ်ခန့် မိုးရွာသွန်းချိန် မိနစ်၃၀ခန့်ကြာမြင့်သော အဆိုပါလေပြင်း ကျရောက်မှုကြောင့် သစ်ပင်အချို့နှင့် ကျုံးအရှေ့ဘက်ရှိရေကစားမဏ္ဍပ်အချို့ ပြိုလဲပျက်စီးခဲ့ကြောင်း တွေ့ရှိရသည်။



မိုးသက်လေပြင်းကျရောက်မှုကို မျက်မြင်တွေ့ကြုံခဲ့ရသော ရေကစားမဏ္ဍပ်တစ်ခုမှ တာဝန်ယူစောင့်ရှောက်နေသူတစ်ဦးကလည်း ''ဝေလီဝေလင်းအချိန်လောက်မှာ လေနဲ့မိုးတွဲလာတာမို့ မဏ္ဍပ်မှာစောင့်အိပ်တဲ့သူတွေကို လိုက်နှိုးနေရင်း လေကတဖြည်းဖြည်းပြင်းလာတယ်။ ပတ်ဝန်းကျင်တစ်ခုလုံးလည်း မှောင်ကျသွားတာ ဘာမှကိုမမြင်ရတော့ဘူး။ အဲဒီအချိန်မှာပဲ မဏ္ဍပ်ကလည်း ပြိုကျသွားပြီး အနီးအနားက သစ်ပင်တွေလည်း လဲသွားတယ်။ မဏ္ဍပ်ကပြိုလဲသွားတာမို့ မိုးလေငြိမ်သွားတဲ့အချိန်မှာ တီးဝိုင်းပစ္စည်းတွေကို ဆွဲထုတ်ပြီးသိမ်းဆည်းလိုက်ရတယ်''ဟု ဆိုပါသည်။ထိုကဲ့သို့ဖြစ်ပွားမှုကြောင့် ကျုံးအရှေ့လမ်းပေါ်ရှိ မဏ္ဍပ် ၆ခုခန့်ပျက်စီးမှုများရှိခဲ့သော်လည်း အချို့မဏ္ဍပ်များမှာ အချိန်မီပြုပြင်ကာ သင်္ကြန်ပွဲတော်ကို အရှိန်မပျက် ဆင်နွှဲပျော်ရွှင်ခဲ့ကြကြောင်း တွေ့ရှိရသည်။




သတင်းရင်းမြစ်...Eleven Media Group.

ယနေ့ ရန်ကုန်ရေဝေးသုသာန် ၌(၁၉) လောင်းပြိုင်အသုဘကိုမီးသဂြိုလ်ပြီးစီးပါကြောင်း

ရန်ကုန်ုမြို့တော်တွင် ယခုနှစ်လို အကျည်းတန် အရုပ်ဆိုးစေသော သင်္ကြန်ကို ယခုနှစ်၌ သာတွေ့မြင်ခဲ့
ရပါသည်.။
ဗုံးပေါက်ကွဲမှု ကြောင့် အသက်သေးဆုံးခဲ့ကြသော ယောင်္ကျားမိန်းမ လူကြီးလူငယ် များ
အတွက်ကျမမြတ်လေးငုံမှအလွန်ကြေကွဲမိပါသည်။ထို့ကြောင့်မိသားစုနှင့်ထပ်တူထပ်မျှကြေကွဲ
ဝမ်းနည်းမိပါကြောင်းလဲပြောကြားပါသည်.။


ယနေ့တွင် မြန်မာနှစ်သစ်ကူးအတာ သင်္ကြန်သည်လည်းပြီးဆုံးခဲ့ပါသည်.။မြန်မာနှစ်သစ်တွင်
မကောင်းဆိုးဝါးများဖြစ်ကြသောအာဏာရူးတသိုက်၏မြန်မာပြည်သူများအားမတရားအနိုင်ကျင့်
ဖမ်းဆီးနှိပ်စက်ခြင်းများကင်း
ဝေးကြပါစေရှင်.။

မကောင်းဆိုးဝါး အာဏာရူး များ၏ရက်စက်တဲ့ လုပ်ရပ် များကတော့ အန်မခန်းအောင်ပါဘဲ.။
ယခုလဲ ပြည်သူ
လူထုများအား မတရားတဲ့ ရွေးကောက်ပွဲကို ပြုလုပ်ပါအုံးမည်.။

မြန်မာနှစ်သစ်ကူးအတွက် မြန်မာပြည်သူတွေ အတွက် အလွန်ကြေကွဲမှုများနဲ့ဖြတ်သန်းခဲ့ပါမည်.။
ကွန်လွန်သွား
ကြသောသားသမီးများ၊ဇနီး၊ယောင်္ကျားများ.၊ဆေးရုံတွင်လည်းအရေးပေါ်ဆေးကုသမှု ခံယူနေကြသောလူနာများအားလုံးအတွက်အထူးဝမ်းနည်းစိတ်မကောင်းဖြစ်မိပါကြောင်းပြောကြား
လိုက်ပါသည်။



နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော
ပြည်သူများ ကောင်းရာမွန်ရာ ဘုံဘ၀သို့ ရောက်ရှိကြပါစေ။ ဤကဲ့သို့  ကြေကွဲဖွယ်
ဖြစ်ရပ်ဆိုးများ မည်သည့်ဘ၀တစ်လျှောက်တွင်မှ ထပ်မံ မကြုံတွေ့  မခံစားကြရပါစေလို့

မြတ်လေးငုံ မှဆုတောင်းမေတ္တာပို့သလိုက်ပါတယ်ရှင်။

သွေးနီစွန်းသော သင်္ကြန်နေ့  (၂၀၁၀) အတွက် ဆုတောင်းမေတ္တာပို့ ပေးကြပါရန် မြန်မာပြည်သူပြည်သားအပေါင်းအား အလေးအနက် နူးညွှတ်စွာ ပန်ကြားအပ်ပါတယ်။



၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ရေပက်လောင်းကာ ပျော်ရွှင်ကြည်နူးကြသော ပြည်သူအပေါင်းတို့  သွေးမြေကျခဲ့ရသည့် ဗုံးပေါက်ကွဲမှုကြောင့် မြန်မာ့ရိုးရာ အတာသင်္ကြန်ယဉ်ကျေးမှုအစဉ်အလာသမိုင်းကြောင်းအား အကျဉ်းတန်စေခဲ့ရုံသာမက အသက်ဆုံးရှုံးခဲ့ရသူများအတွက် ကြေကွဲဝမ်းနည်းဖွယ်နေ့ တစ်နေ့  ဖြစ်ခဲ့ရပါတယ်။

အပြစ်မဲ့ပြည်သူတို့ ၏ အသက်သွေးဆုံးရှုံးစေခဲ့သော ဤနေ့ အား မြန်မာရိုးရာသင်္ကြန် အစဉ်အလာသမိုင်းတွင် သွေးနီစွန်းသော သင်္ကြန်နေ့  (၂၀၁၀) အဖြစ် နှစ်စဉ်နှစ်တိုင်း အောက်မေ့ဖွယ် ဖြစ်စေရန် မှတ်တမ်းထားအပ်ပါတယ်။

မနက်ဖြန်ကျရောက်မည့် မြန်မာနှစ်သစ်ကူး နှစ်ဆန်းတစ်ရက်နေ့ မှ စ၍ (၃) ရက်တိုင်တိုင် ဘုရားကျောင်းကန်စေတီပုထိုးများတွင်လည်းကောင်း၊ မိမိတို့  ကိုးကွယ်ရာဘာသာများအလိုက် ဆုတောင်းမှုပြုရာ နေရာဌာနများတွင်လည်းကောင်း၊ မိမိတို့  နေအိမ်များတွင်လည်းကောင်း မြန်မာပြည်သူပြည်သားအပေါင်းတို့ မှ အပြစ်မဲ့စွာ သေဆုံးသွားကြရသူများနှင့် ထိခိုက်ဒဏ်ရာရသူများအတွက် မေတ္တ၁ပို့ ဆုတောင်းပေးကြပါရန် အလေးအနက် နူးညွတ်စွာ ပန်ကြားအပ်ပါတယ်။ မိမိတို့ မိသားစုများ ဆွေမျိုးသင်္ဂဟများ မိတ်ဆွေအပေါင်းအသင်းများ နီးစပ်ရာ သိကွမ်းသူများအား ယခုဆုတောင်းမှုအား စုပေါင်း ပြုလုပ်ပေးကြပါရန်ကိုလည်း လက်ဆင့်ကမ်း အသိပေး မေတ္တာရပ်ခံပေးကြပါရန် တိုက်တွန်းအပ်ပါတယ်။

- ၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် အသက်ဆုံးရှုံးခဲ့ကြရသော ပြည်သူများ ကောင်းရာမွန်ရာ ဘုံဘ၀သို့ ရောက်ရှိကြပါစေ။ ဤကဲ့သို့  ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများ မည်သည့်ဘ၀တစ်လျှောက်တွင်မှ ထပ်မံ မကြုံတွေ့  မခံစားကြရပါစေသား။

- ၂၀၁၀ ခုနှစ်၊ သင်္ကြန်အကြတ်နေ့  (ဧပြီလ ၁၅ ရက်နေ့ ) တွင် ရန်ကုန်မြို့  ကန်တော်ကြီးပန်းခြံအတွင်း ကျင်းပသော နှစ်သစ်ကူးအတာသင်္ကြန်ပွဲတော်အတွင်း ဗုံးပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူများ အသက်ဘေးအန္တရာယ်မှ ကင်းဝေးကြပါစေ။ ဤကဲ့သို့  ကြေကွဲဖွယ် ဖြစ်ရပ်ဆိုးများ မည်သည့် အချိန်အခါတွင်မှ ထပ်မံ မကြုံတွေ့  မခံစားကြရပါစေသား။

- မြန်မာပြည်သူလူထုအပေါင်းတို့  ဘေးအန္တရာယ်အသွယ်သွယ်မှ အစဉ်အမြဲ ကင်းဝေးကြပါစေသား။

အသက်ဆုံးရှုံးခဲ့ကြရသောသူများ၏ မိသားစုများနှင့်အတူ ထပ်တူထပ်မျှ အထူးကြေကွဲဝမ်းနည်းရပါကြောင်း လေးနက်စွာ ပြောကြားလိုပါတယ်။

16 April 2010

ဗုံးပေါက်ကွဲမှုကြောင့်သေဆုံးသူများ၏ရုပ်အလောင်းများကို သင်္ဂြိုလ်နိုင်ရန်အတွက်ဧပြီလ ၁၆ ရက်နံနက်၈နာရီမှစ၍ဆေးရုံကြီးရေခဲတိုက်မှတစ်ဆင့်ရေဝေးသုဿာန်သိုပို့ဆောင်


ဧပြီလ ၁၅ ရက် သင်္ကြန်အကြတ်နေ့ မွန်းလွဲ ၃နာရီအချိန်ခန့်တွင် ကန်တော်ကြီး ပတ်လမ်းရှိ X2O မဏ္ဍပ်အရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် သေဆုံးသူများ၏ ရုပ်အလောင်းများကို သင်္ဂြိုလ်နိုင်ရန်အတွက် ဧပြီလ ၁၆ ရက် နံနက် ၈ နာရီမှစ၍ ရန်ကုန်ပြည်သူ့ဆေးရုံကြီး ရေခဲတိုက်မှတစ်ဆင့် ရေဝေးသုဿာန်သို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။



''အဲဒီနေ့က ကျွန်မတို့ အိမ်ရှေ့မှာ သာကူကျိုတယ်၊ မုန့်လုံးရေပေါ်လုံးပြီး အလှူဒါနလုပ်တယ်။ ၂နာရီခွဲလောက်မှာ အလှူကပြီးတယ်။ ကျွန်မရဲ့ အမျိုးသားက သူ့ဦးလေးရယ်၊ တူရယ် စုစုပေါင်း သုံးယောက်က စတိတ်ရှိုးသွားကြည့်မယ်ဆိုပြီး ကန်တော်ကြီးပတ်လမ်းကိုသွားတယ်။ လေးနာရီလောက်မှာ အိမ်ကို ဦးလေးနဲ့ တူရယ်ပဲ ပြန်ရောက်လာတယ်။ ကျွန်မရဲ့အမျိုးသားကပါမလာတော့ဘူး။ အဲဒီတော့ ကျွန်မတို့က ချက်ချင်း ဆေးရုံတွေမှာ လိုက်ရှာတယ်။ သင်္ကြန်အတက်နေ့ နံနက်ပိုင်းမှာ ရန်ကုန်ဆေးရုံကြီး ရေခဲတိုက်ကိုသွားရှာတော့ တွေ့ရတယ်။ သူဆုံးသွားတော့ ကျွန်မနဲ့အတူအသက် ၁၀နှစ်အရွယ်ရှိတဲ့ သမီးလေးတစ်ယောက်ပဲ ရှိတော့တယ်''ဟု ဗဟန်းမြို့နယ် ကြားတောရလမ်းရှိ သေဆုံးသူ၏ အမျိုးသမီးက ပြောပါသည်။ အဆိုပါ သေဆုံးသူအမျိုးသားမှာ အသက် ၃၅ နှစ်ဝန်းကျင်ရှိကြောင်းသိရသည်။



ထို့အပြင် ကန်တော်ကြီးပတ်လမ်းရှိ X2O မဏ္ဍပ်အရှေ့တွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်ကြောင့် ဒဏ်ရာရရှိသူများကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးရှိ အခန်း ၅-၆၊ ၃-၄၊ ၁၅-၁၆၊ ၁၃-၁၄၊ ၉-၁၀ တို့၌ ကုသပေးလျက်ရှိကြောင်းနှင့် ဒဏ်ရာရသူများ၏ မိသားစုဝင်များအနက် တစ်ဦးစီကို ၀င်ရောက်ခွင့်ပြုထားကြောင်း သိရှိရပါသည်။



''ကျွန်မရဲ့သားက မနေ့က သူငယ်ချင်းတွေနဲ့ လျောက်လည်ကြတယ်။ အပြန်မှာ သူပါမလာဘူး။ ပျောက်နေတဲ့အတွက် ဆေးရုံကြီးကို လာကြည့်တာပါ။ ဒဏ်ရာရလူစာရင်းတွေကိုကပ်ထားပြီး၊ လူနာတစ်ယောက်ကို တစ်ဦးသာဝင်ကြည့်ခွင့်ပေးပါတယ်။ ကျွန်မရဲ့ သားကို ဆေးရုံကြီးရဲ့ အခန်း ၅-၆မှာ တွေ့ပါတယ်။ ဒီအခန်းမှာ ယောက်ျားလေးက ၄၇ယောက်၊ မိန်းကလေးက ၁၆ ယောက် ရှိတယ်လို့ စာရင်းကပ်ထားတာကို တွေ့ရတယ်''ဟု ဒဏ်ရာရရှိသူတစ်ဦး၏ မိခင်က ပြန်လည်ပြောကြားပါသည်။




ရင်းမြစ်....weeklyeleven


.........................................................................................................



သင်္ကြန်အကြတ်နေ့က ဗုံးပေါက်ကွဲခဲ့သော x2o ရေကစားမဏ္ဍပ် အပါအဝင် ကန်တော်ကြီးပတ်လမ်း

ရေပြန်ကစားနေကြပါသည်.။








သင်္ကြန်နောက်ဆုံးနေ့တွင် ရေပြန်ကစားနေကြောင်း တွေ့ရှိရသည်။ သို့သော် အဆိုပါ မဏ္ဍပ်များတွင် ဗုံးပေါက်ကွဲမှု မဖြစ်ပွားမီသင်္ကြန်ရက်များကကဲ့သို့ ရေကစားသူများပြားမှုမရှိကြောင်းလည်းတွေ့ရသည်။ ထို့အပြင် အချို့မဏ္ဍပ်များမှာမူ လုံးဝပိတ်သိမ်းထားပြီး ရေကစားခြင်းမပြုတော့ကြောင်း တွေ့ရသည်။



''ကျွန်တော်က X2O မဏ္ဍပ်မှာ ရက်အားလုံးရေကစားဖို့လက်မှတ်ဝယ်ထားတာပါ။ မနေ့က ဖြစ်ရပ်ကြောင့် ဒီနေ့ရေကစားမဏ္ဍပ်ဖွင့်မဖွင့် မသေချာသလို ကျွန်တော်ကိုယ်တိုင်ကလည်း ကစားချင်စိတ်မရှိတော့ဘူး။ ဒါပေမယ့် တစ်နှစ်မှတစ်ခါ ပျော်ရတဲ့ သင်္ကြန်ဆိုတော့လဲ ပျော်ချင်ပါးချင်တဲ့စိတ်က ရှိသေးတာပေါ့။ ဒါပေမယ့် ကိုယ့်အသက်အန္တရာယ်ထက်တော့ အရေးကြီးတာဘာမှမရှိပါဘူးဗျာ။ အခု သူငယ်ချင်းတွေနဲ့ မဏ္ဍပ်မှာ မထိုင်တော့ဘဲ လျောက်လည်ဖို့ထွက်လာရင်းနဲ့ မဏ္ဍပ်ပြန်ဖွင့်နေတယ်ဆိုတာကြားလို့ လာကြည့်တာပါ''ဟု X2O ရေကစားမဏ္ဍပ်တွင် All Days လက်မှတ်ဝယ်ထားသူတစ်ဦးက ပြောကြားသည်။



''ကျွန်တော်တို့ထင်တာက ကန်တော်ကြီးပတ်လမ်းမှာရှိတဲ့ မဏ္ဍပ်အားလုံးနီးပါး ရေကစားမှာမဟုတ်ဘူးလို့ထင်ထားတာ။ ဒီဘက်ရောက်တော့ မဏ္ဍပ်တွေ တချို့ဖွင့်နေတယ်ပြောလို့ ၀င်ကြည့်တာပါ။ မဏ္ဍပ် နှစ်ခု၊ သုံးခုလောက်ကတော့ ရေကစားတာရပ်ပြီး စက်တွေသိမ်းနေတာတွေ့ရတယ်။ ဖွင့်တဲ့ တချို့မဏ္ဍပ်တွေကျတော့လဲ ရေကစားတဲ့သူ မပြောပလောက်တဲ့ အရေအတွက်ပဲရှိတာတွေ့ရတယ်။ ဒီလမ်းထဲရေပက်ခံလာတဲ့ ကားလဲ သိသိသာသာကို မရှိသလောက်နည်းသွားတယ်''ဟု သင်္ကြန်အတက်နေ့(ဧပြီလ ၁၆ ရက်နေ့) ကန်တော်ကြီးပတ်လမ်းအတွင်း ၀င်ရောက်လည်ပတ်သူတစ်ဦးက ရှင်းပြခဲ့သည်။



ယခုနှစ်သင်္ကြန်ကာလတွင် ယခင်နှစ်များကကဲ့သို့ အင်းယားလမ်းအတွင်း မဏ္ဍပ်ဆောက်လုပ်ခြင်းကို ခွင့်မပြုခဲ့ဘဲ ရန်ကုန်တစ်မြို့လုံးတွင် မဏ္ဍပ်အကြီးဆောက်လုပ်ခွင့် ၄၆ ခု ခွင့်ပြုခဲ့ရာတွင် ကန်တော်ကြီးပတ်လမ်းတွင် ရေကစားမဏ္ဍပ် အကြီး ၁၆ ခုဖြင့် အများဆုံးဖြစ်ကြောင်း သိရသည်။ ကန်တော်ကြီးပတ်လမ်းအတွင်းရှိ မဏ္ဍပ်အကြီးများမှာ ပေ ၆၀ နှင့် ပေ ၁၀၀ ကြားရှိသော ရေကစားမဏ္ဍပ်များဖြစ်ကြောင်း သိရသည်။



သင်္ကြန်နောက်ဆုံးနေ့တွင် ရန်ကုန်မြို့ရှိကမ္ဘာအေးစေတီလမ်း၊ ပြည်လမ်းနှင့် မြို့တွင်းဧရိယာများရှိ ရေကစားမဏ္ဍပ်များတွင် ပုံမှန်အတိုင်း ရေကစားနေကြသော်လည်း ရန်ကုန်မြို့ရှိ လမ်းမကြီးများပေါ်တွင်မူ ရေပက်ခံထွက်သည့်ကားများ သိသိသာသာ နည်းပါးသွားကြောင်း တွေ့ရှိရပါသည်။



ရင်းမြစ်....weeklyeleven


သင်္ကြန်တွင်း တစ်နိုင်တစ်ပိုင် စီးပွားရှာမည့်သူများ ဒုက္ခတွေရပြန်ပြီ.


မြန်မာတို့၏ နှစ်သစ်ကူးကာလ သင်္ကြန်ပွဲတော်ကို မည်ကဲ့သို့ ဖြတ်သန်းမည်ဆိုသည့် စိတ်ကူးနှင့် ကြိုတင်ပြင်ဆင်မှုများ မြန်မာနိုင်ငံသားတိုင်းတွင် ရှိနေနိုင်မည်ဖြစ်သည်။




အချို့က တရားစခန်းဝင်မည်၊ အချို့ကအိမ်တွင် အေးအေးဆေးဆေး အနားယူမည်၊ ရေပက်ခံထွက်မည်၊ မဏ္ဍပ်ထိုင်မည်၊ ခရီးသွားကြမည် စသည် စသည်ဖြင့် အစီအစဉ်အမျိုးမျိုးအလိုက် ပြင်ဆင်မှုအမျိုးမျိုး ရှိနေကြမည်သာဖြစ်သည်။ သင်္ကြန်တွင်း ကာလပျော်ရန် အားခဲသူတွေ၊ နိုင်ငံခြားခရီးသွားမည့်သူတွေ စသည်နှင့် ကွဲပြားစွာပင် တစ်နှစ်တာကာလ အတွက် အပိုငွေများများဖြင့် အမြတ်ကျန်နိုင်မည့်အရေး မျော်တွေးကာ ပျော်ရွှင်မှုနှင့် ပင်ပန်းမှုတို့ပေါင်းစပ် ပြင်ဆင်နေကြသူတွေလည်း တစ်ပုံ တစ်ပင်ဖြစ်သည်။




သင်္ကြန်တွင်းကာလ ဈေးရောင်းကြရာတွင် စားသောက်ကုန် ရောင်းချမည့်သူများမှာ အများဆုံးဖြစ်ပြီး သင်္ကြန်မတိုင်မီကာလကတည်း က မိမိတို့ရောင်းချမည့်အမျိုးအစားပေါ် မူတည်၍ကုန်ကြမ်းစုဆောင်းခြင်း၊ နေရာရွေးချယ်ခြင်းများ ပြုလုပ်နေပြီ ဖြစ်သည်။




'' ကျွန်တော်တို့က သင်္ကြန်ဆိုရင် နှစ်တိုင်းဈေးရောင်းနေကျပါ။ ကျန်တဲ့အချိန်တွေထက် အဲဒီအချိန် မှာ ရောင်းရတာ ပိုပြီးအမြတ်ကျန် တယ်။ လူပိုပြီး ပင်ပန်းပေမယ့် ရက်ပိုင်းအတွင်း အမြတ်များများကျန်တာကို ပိုပြီးအားထားနေရတော့ ဒီလိုဈေးရောင်းခွင့်ရတဲ့ သင်္ကြန်ရောက်တာကိုပဲ ပျော်နေရတာပါ''ဟု မြောက်ဥက္ကလာပ မြို့နယ်မှ သင်္ကြန်တွင်းဈေးရောင်းရန် ပြင်ဆင်နေသူတစ်ဦးက ဆိုပါသည်။




သင်္ကြန်တွင်း ဈေးရောင်းကြသူ များတွင် ဈေးရောင်းခြင်းကို ပုံမှန် လုပ်ကိုင်နေကြသူများအပြင် သင်္ကြန်ကာလအတွင်းသာ ဈေးရောင်းခြင်းကို တစ်ပွဲတိုးလုပ်ငန်းအဖြစ်လုပ်ကိုင်ကြ သူများလည်းရှိကြောင်း သိရသည်။




သင်္ကြန်တွင်းမှာ သူများတွေလို စိတ်လွတ်ကိုယ်လွတ် မပျော်ရပေမယ့် သူများတွေပျော်တာ ကြည့်ရင်း ကိုယ်ရမယ့်အမြတ်လေး တွက်ရင်း ပျော်ရတာပဲ။ ကလေးတွေ ဆိုရင်လည်း ဈေးရောင်းရင်း မဏ္ဍပ်တွေလျောက်ကြည့်ရတယ်လေ



''ကျွန်တော်တို့က တခြားအချိန်တွေမှာဆို ရပ်ကွက်ထဲမှာ ရေလိုက် ဖြည့်တယ်။ တခြားအလုပ်တွေမှာ လုပ်ကြတယ်။ ဒါပေမယ့် သင်္ကြန် ရောက်ရင်တော့ တစ်အိမ်သားလုံး စုပေါင်းပြီး ဈေးရောင်းဖို့ကိုပဲ အားခဲရတယ်။ ဒါက တစ်နှစ်မှ တစ်ခါဆို သလို ရတဲ့ငွေကလည်း ကျွန်တော်တို့အတွက် အပိုငွေအဖြစ် များများကျန်တယ်လေ''ဟု ဒဂုံမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဆိုပါသည်။








သင်္ကြန်တွင်းကာလ ဈေးရောင်းရန် ပြင်ဆင်မှုများ ပြုလုပ်ကြရာတွင် ငွေကြေးအရင်းအနှီးကို အဓိကပြင်ဆင်ကြရကြောင်း သိရသည်။



ဈေးရောင်းခြင်းကို ပုံမှန်လုပ်ကိုင်နေသူများ အနေဖြင့် သင်္ကြန်တွင်းကာလ အရင်းအနှီးမှာ လိုအပ် ချက်နည်းသော်လည်း သင်္ကြန်ကာလအတွင်း၌သာ တစ်ပွဲတိုးဈေးရောင်းကြသည့်သူများအတွက်မူ အဓိက ပြင်ဆင်ရကြောင်း သိရသည်။



'' ပုံမှန်ဈေးရောင်းနေတဲ့သူတွေ အဖို့ကတော့ သင်္ကြန်တွင်းဈေးရောင်း ဖို့ ပစ္စည်းတွေလည်းရှိပြီးသား အရင်းအနှီးကလည်း လည်ပတ်နေတာဆိုတော့ နည်းနည်းပါးပါးလိုတာကချေး ငှားလိုက်ရုံပဲ။ ကျွန်တော်တို့လို တစ်ပွဲတိုးဈေးရောင်းမယ့်သူတွေကတော့ အရင်းအနှီးရဖို့က တော်တော်ကြိုးစား ရတယ်။ တချို့က အရင်လတွေကတည်းက ပိုက်ဆံကြိုစုတာမျိုးလုပ်နိုင်ပေမယ့် မစုနိုင်တာမျိုးတွေလည်း ရှိတယ်လေ။ ဒါပေမယ့် ငွေတတ်နိုင်တဲ့သူတချို့က အရင်းအနှီးထုတ်ပေးပြီး အမြတ်ထက်ဝက်စီ ယူတာမျိုး လည်းရှိတယ်။ ကိုယ့်ငွေနဲ့ ရင်းတာလောက်မမြတ်ပေမယ့် သင်္ကြန်တွင်း ငွေရရင်ကို လုပ်ကြရမှာပဲလေ''ဟု ဗဟန်းမြို့နယ်မှ သင်္ကြန်တွင်း ဈေးရောင်းရန် ပြင်ဆင်နေသူတစ်ဦးက ဆိုပါသည်။




သင်္ကြန်တွင်းကာလ ဈေးရောင်းကြရတွင် တစ်နိုင်တစ်ပိုင် လှည့်လည်ရောင်းချသူများအပြင် စားသောက်ဆိုင်အချို့မှာလည်း ဖွင့်လှစ်ရောင်းချခြင်း၊ လူစည်ကားရာ အနားယူသည့်နေရာများတွင် နာမည်ရစားသောက်ဆိုင်အချို့မှ လာရောက်ရောင်းချခြင်းနှင့် မူလလမ်းဘေးဈေး ရောင်းသူများကလည်း အဆင်ပြေရာနေရာများတွင် ဆိုင်ဖွင့်ကာ ရောင်းချကြသည်။




''ဈေးရောင်းတဲ့သူကတော့ အမျိုးမျိုးပါပဲ။ ကျွန်တော်တို့လို တစ်ပွဲတိုးရောင်းရတဲ့သူတွေကတော့ လှည့်ရောင်းကြရတာများတယ်။ အရင်နှစ် တွေကတော့ အင်းလျားလမ်းဘက်ရောက်ရင် ဈေးရောင်းကောင်းတာ သေချာနေပြီ။ စည်နိုင်တဲ့နေရာတွေ ကို မိသားစုတွေလူခွဲပြီး ရောင်းဖို့တော့စဉ်းစားထားတယ်''ဟု မြောက်ဥက္ကလာပမြို့နယ်မှ သင်္ကြန်တွင်း ဈေးရောင်းရန် ပြင်ဆင်နေသူတစ်ဦး က ဆိုပါသည်။




သင်္ကြန်ကာလကို အချို့က ကုသိုလ်ရေးဖြင့် အေးဆေးစွာ ဖြတ်သန်းကြသည်။ ငွေကြေးအကုန်ကျခံပြီး ပျော်ရွှင်မှုရှာကာ ဖြတ်သန်းကြသူ တွေများကဲ့သို့ ငွေကြေးရှာဖွေခြင်း ဖြင့် သင်္ကြန်ကာလကို ဖြတ်သန်းကြ သူတွေကလည်း ''သင်္ကြန်တွင်းမှာ သူများတွေလို စိတ်လွတ်ကိုယ်လွတ် မပျော်ရပေမယ့် သူများတွေပျော်တာ ကြည့်ရင်း ကိုယ်ရမယ့်အမြတ်လေး တွက်ရင်း ပျော်ရတာပဲ။ ကလေးတွေ ဆိုရင်လည်း ဈေးရောင်းရင်း မဏ္ဍပ်တွေလျောက်ကြည့်ရတယ်လေ။ ကိုယ့် ဘာသာဆို သူတို့ကိုတကူးတက လိုက်မပြနိုင်ဘဲကိုး''ဟု ဆိုကြသည်။




မည်သို့ပင်ဖြစ်စေ မြန်မာတို့၏ ရင်တွင်းမှ မတူညီသော ခံစားမျော်လင့်မှုများကို သင်္ကြန်ပွဲတော်က တစ်နှစ်တစ်ခါ မှန်မှန်သယ်ဆောင်လာမြဲပင်ဖြစ်သည်။



၂၀၁၀ ပြည့်နှစ် လားရှိုးမြို့ မဟာသင်္ကြန်ပွဲတော် စည်ကားစွာကျင်းပမည်

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့တွင် ၂၀၁၀ ပြည့်နှစ် မဟာသင်္ကြန်ပွဲတော်ကို စည်ကားစွာ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။


လားရှိုးမြို့ မဟာသင်္ကြန်ပွဲတော်ဖွင့်ပွဲ အခမ်းအနားကို ဧပြီလ ၁၃ ရက်နေ့ သင်္ကြန်အကြိုနေ့ ညနေတွင် ရန်တိုင်းအောင်မြို့ဦးစေတီတော် အနီးရှိ ဗဟိုမဏ္ဍပ်တွင် ကျင်းပမည်ဖြစ်ပြီး သင်္ကြန်ကာလအတွင်း ယိမ်းအကအဖွဲ့ ၁၉ဖွဲ့မှ ယိမ်းအကများဖြင့် ပါဝင်ယှဉ်ပြိုင်ကြမည်ဖြစ်ကြောင်း သိရသည်။



လားရှိုးမြို့၊ မဟာသင်္ကြန်ပွဲတော်တွင် ရေကစားမဏ္ဍပ်ကြီးပေါင်း ၂၀ ကျော် ပါဝင်ရေကစားကြမည်ဖြစ်ပြီး မဏ္ဍာပ်များအား မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုလမ်းမကြီးနှင့် ဘူတာလမ်း၊ လေယာဉ်ကွင်းလမ်း တို့တွင် ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။



လားရှိုးမြို့၊ မဟာသင်္ကြန်ပွဲတော်သို့ နှစ်စဉ်နှစ်တိုင်း နိုင်ငံကျော်ရုပ်ရှင်သရုပ်ဆောင်များ၊ အဆိုတော်များ လာရောက်ဖျော်ဖြေလေ့ရှိကြရာ ယခုနှစ်တွင် အကယ်ဒမီနေအောင်၊ ဘိုဘိုဟန်၊ ကံ့ကော်တောမျိုးအောင်၊ ဗစ်တာခင်ညို၊ ပလေးဘွိုင်းသန်းနိုင်၊ မျိုးမြင့်လေး၊ ဂျေညီညီ၊ ထွန်းထွန်း (Example)၊ သြရသ၊ မေခလာ၊ ရတနာ၊ ဆုရွှန်းလဲ့၊ လင်းဇာနည်ဇော်၊ ဂျေညီမလေး၊ ချစ်စနိုးဦး၊ ဖူးစုံ၊ နီနီခင်ဇော်၊ မို့မို့လွင်၊ စိမ့်နေခြည်၊ သီရိ(Cartoon)၊ ဂူးဂူး ၊ BlueBerry အဖွဲ့၊ တွင်ကယ်လ်နှင့်Dancer အဖွဲ့တို့ လာရောက်ဖျော်ဖြေကြမည်ဖြစ်ပြီး ရန်ကုန်မြို့မှ နာမည်ကျော်တီးဝိုင်း Aurora တေးဂီတအဖွဲ့မှလည်း ဘဏ္ဍာအခွန်မဏ္ဍာပ်တွင် ဖျော်ဖြေမည်ဖြစ်ကြောင်း၊ လားရှိုးမြို့ မဟာသင်္ကြန် ကျင်းပရေးကော်မတီမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။

မြန်မာပြည်သူတွေကိုမမှန်သတင်းလွှင့်ပေးနေတဲ့ နအဖ စစ်အစိုးရပိုင်သတင်းဌာနတစ်ခုဖြစ်တဲ့ MRTV ကကြေငြာသွားတဲ့ ဗုံးပေါက်ကွဲမှု.(ရုပ်သံ.သတင်း)


အတိုက်ခံနိုင်ငံရေးအဖွဲ့စည်းတွေတော့ မျက်ခုံးလှုပ်ပေတော့ လာတော့မည်။သတင်းစာရှင်းလင်းပွဲကြီးကို နအဖအာဏာပိုင်အာဏာရူးတွေ ပြောပါတော့မယ်.။အသေချာဆုံးအဖြေကတော့ သူတို့စနက် ဆိုတာကို လုံးဝမပြောတော့ဘဲ အတိုက်ခံ နိုင်ငံရေး အဖွဲ့စည်း တွေကဆိုပြီ ပြည်သူတွေကို မတရားလိုက်
ဖမ်းပါတော့မယ်။ မတရားထွက်ဆိုခိုင်းပါတော့မယ်။ သူတို့ရဲ့လုပ်ရိုးလုပ်စဉ် တစ်ခုအဖြစ်နဲ့ ဒီသတင်း
မကြာမှီ လာမည် မျှော်ကြပေတော့ ပြည်သူအပေါင်းတို့...။

15 April 2010

ယနေ့နေ့လည်တွင် ကန်တော်ကြီးကန်ပါတ်လမ်း ရေကစားမဏ္ဍပ် တစ်ခုတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွား သည့်မြင်ကွင်းပုံရိပ်များ

အခင်းဖြစ်ပွားပြီး ရေကစားမဏ္ဍပ် တစ်ခုဖြစ်သောX2o မဏ္ဍပ်မြင်ကွင်းပုံရိပ်
















ယနေ့သင်္ကြန် အကြတ်နေ့ နေလည် ၃နာရီ ၁၀မိနစ်အချိန်တွင် ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်ကြီးဥယာဉ်ကန်ပါတ်လမ်း ရှိ ရေကစားမဏ္ဍပ် တစ်ခုဖြစ်သောX2o မဏ္ဍပ်တွင် ဗုံးပေါက်ကွဲ မှုတစ်ခုဖြစ်ပွားခဲပါသည်.။

ယနေ့ပေါက်ကွဲသောဗုံးပေါက်ကွဲသံဟာအလွန်ကျယ်လောင်သောအသံဖြစ်သည့်ဟုလည်းကြားသိခဲ့ရ
ပါသည်.။ယခုအချိန်ထိအသေအပြောက်သတင်းကိုသေချာ မသိရှိသေးပါ.။

ခန့်မှန်းခြေအားဖြင့် သေဆုံးသူ (ရ)ဦးခန့်သိရပြီ၊ဒဏ်ရာရသူများကတော့ တော်တော်များကြောင်းသိ
ရပါသည်.။မြန်မာပြည်သူများအနေဖြင့်စိတ်အေးချမ်းသာစွာဖြင့်ရေကစားမဏ္ဍပ်များတွင်မကစားတော့
ပါ.။

ရန်ကုန်ဆေးရုံကြီး အရေးပေါ်ရှေ့မှာ အိမ်ပြန်မရောက်သေးသော သားသမီးများအား စိတ်ပူနေသော
မိဘများ ဒဏ်ရာရထားသော လူနာများ၏ လူနာရှင်များ ပြည့်နှက်နေပြီး အတွင်းကို လူနာရှင် အနည်း
ငယ်သာ ပေးဝင်ပါတယ်။ အထဲနဲ့အပြင် လူနာနှင့် လူနာရှင် အဆက်အသွယ်လုပ်ဖို့ အင်မတန် ခက်ခဲ
နေပါတယ်။ စကားပြောနိုင်သောလူနာများသာလူနာရှင်ကိုအော်ခေါ်ပေးပြီးဝင်ခွင့်ပြုပါတယ်ဟုနောက်
ဆုံးသတင်းရရှိပါသည်.။်

ဒီသတင်းကြားသိရချိန်တွင်မြန်မာပြည်သူများအားတော်တော်လေးကိုစိတ်မကောင်းဖြစ်ခဲ့ရပါသည်.။
နအဖ လက်ထက်တွင် ပေါက်ကွဲမှုများဖြစ်ပွားတိုင်း ပြည်ပအားကိုးပုစိန်ရိုးဆိုပြီး ပြည်ပ မှအတိုက်အခံ
များကို ပြောဆိုလေ့ရှိပါသည်.။

မြန်မာပြည်သူများတွင် ပေါက်စရာဗုံးမပြောနဲ့ ကစားစရာဗုံးတောင်ကိုင်ခွင့် မပြုထားသော နအဖ
စစ်အုပ်စု များက သူတို့၏လုပ်ကြံဇာတ်လမ်းများကို ပြုလုပ်ရာတွင်ပြည်သူများအနေဖြင့် အမြဲတမ်း စတေးခံရပါသည်.။ယခုလိုပေါက်ကွဲမှုမျိုးကိုလဲနအဖမှတမင်ဖန်းတီးထားခဲ့ခြင်းသာဖြစ်ပါသည်.။

သတင်းထပ်မံရရှိပါက ဖော်ပြပေးပြီ ဓာတ်ပုံ များနှင်တ့ကွ တင်ပြပေးသွားပါမည်.။

အခင်းမဖြစ်ပွားမှီ အချိန်က ကန်တော်ကြီးကန်ပတ်လမ်းရှိ ရေကစားမဏ္ဍပ် ၏ မြင်ကွင်းပုံရိပ်ဖြစ်ပါတယ်.။






ဤအပေါ်မှဓာတ်ပုံများအား ဘလော့ဂါညီလင်းဆက်ထံမှ ပြန်လည်ဖော်ပြထားခြင်းဖြစ်ပါသည်.။

.............................................................................................................................................

ပေါက်ကွဲမှုအပြီးတွင် နအဖ စစ်အစိုးရရဲ့ ယာဉ်ထိန်းရဲများပြာယာခတ်နေသောပုံရိပ်တချို့မြင်ကွင်း
















..............................................................................................................။

နာဂစ်ဒေသ ရေရရှိရေး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကူညီ


ပါတီကို ပြန်လည် မှတ်ပုံမတင်တော့တဲ့အတွက် ပါတီ ဖျက်သိမ်းခံရပြီး နိုင်ငံရေး လှုပ်ရှားမှုတွေ မလုပ်နိုင်တော့ရင် လူမှုရေး လုပ်ငန်းတွေ ဆက်ပြီး လုပ်သွားမယ်လို့ ပြောထားတဲ့ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသဘက်မှာ ရေသန့်ရရှိရေး အပါအ၀င် လူမှုရေး လုပ်ငန်းတွေကို အခုကတည်းက လုပ်ပေးနေပါတယ်။ အဖွဲချုပ် ရဲ့ လူမှုရေး လုပ်ငန်းတွေအကြောင်း စုံစမ်းမေးမြန်းပြီး ဒေါ်ခင်မျိုးသက်က တင်ပြပေးထားပါတယ်။



၂၀၀၈ ခုနှစ်က နာဂစ်ဒဏ် ခံခဲ့ရတဲ့ ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသတွေမှာ ပြီးခဲ့တဲ့နှစ် နွေရာသီအတွင်း ရေပြဿနာနဲ့ ကြုံခဲ့ရသလို ဒီနှစ်အတွက်လည်း သောက်ရေသန့် ပြဿနာနဲ့ ကြုံရနိုင်တာမို့ ရေရရှိရေး ကြိုးပမ်းကြဖို့ TCG အဖွဲ့က ပြီးခဲ့တဲ့လ အစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ ပွန်ဂျာခေါ် နာဂစ်ဒေသ လေ့လာမှုတွေအရ မြစ်ဝကျွန်းပေါ်ဒေသက ရေကန်အားလုံးရဲ့ ၄၃% ဟာ ရေငန်ဝင်ပြီး သောက်သုံးဖို့ မသင့်လျော်တဲ့အပြင် မိုးရေသိုလှောင်တဲ့ ဓလေ့ကလည်း ပြတ်သလောက် ဖြစ်သွားတယ်လို့ ဆိုပါတယ်။ ဒါကြောင့် ကန်ရေကို အဓိက မှီခိုနေရတဲ့ ဒေသခံတွေရဲ့ ၇၀% ကျော်ကျော်အတွက် ရေရှည်ပြဿနာတွေနဲ့ ကြုံနေရတာ ဖြစ်ပါတယ်။




အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က နာဂစ်ဒေသ ကူညီရေးအဖွဲ့ ဖွဲ့ပြီး ရေတွင်း ရေကန်တွေ တူးဖော် သန့်စင်ပေးခဲ့တဲ့အပြင် အခု မကြာသေးခင်ကပဲ သောက်ရေသန့် ဖူလုံစေဖို့အတွက် တူးပေးနေတဲ့ ရေတွင်းတွေထဲက နောက်ထပ် ၂ တွင်းကို ဒေသခံတွေလက်ထဲ အပ်နှဲခဲ့တယ်လို့ ကူညီရေးအဖွဲ့က ဒေါက်တာ ဒေါ်မေ၀င်းမြင့်က ပြောပါတယ်။




“ဘိုကလေးမြို့နယ် အထက်ဖူးညိုနဲ့ ကလီကြီးဆိုတဲ့ရွာမှာ သွားပြီး လှူခဲ့တာပါ။ အခုတူးနေတာက ဘိုကလေးမြို့နယ်ပဲ ကဒုံကနိဆိုတဲ့၊ သူကတော့ မြို့နီးပါးလောက် ကြီးပါတယ်။ အဲဒီမှာရှိတဲ့ ငွေအားနဲ့ နောက်တနေရာ၊ နှစ်နေရာမှာ တူးတယ်။ မော်ကျွန်းဘက်မှာလည်း အခု တူးနေတယ်။ ဟို၂ ခုကတော့ အပ်ပြီးသွားပြီ၊ ပြီးခဲ့တဲ့အပတ်က။ တတွင်းကျတော့ နည်းနည်း သံဓာတ်ပါတယ်၊ နောက်တနေရာကျတော့ တတွင်းကို pH7 အတိုင်းပဲ ရပါတယ်။




“အခု ကဒုံကနိမှာ တူးတဲ့ တွင်းကတော့ ဟိုတလောတုန်းက ရေသန့် ထွက်ပြီးတော့မှ၊ ရေချိုထွက်ပြီးတော့မှ တွင်းပြိုသွားလို့ အခု ပြန်တူးနေရတယ်။ မော်ကျွန်းဘက်မှာ တူးတဲ့ တွင်းအခြေအနေကတော့ မပြောနိုင်သေးဘူးပေါ့။ ကျမတို့ဆီက ဦးအုန်းကြိုင်နဲ့ ဦးကြည်ဝင်းနဲ့ သွားကြပြီ။ ကျမတို့ နောက်ထပ် အသစ်တူးနေတဲ့တွင်းပေါ့၊ အဲဒီတွင်းတွေ အခြေအနေကို သူတို့ သွားကြည့်တာပါ။”




ဒီဒေသတွေမှာ ကန်ရေကို အဓိကထား သုံးကြပေမဲ့ ရာသီဥတု ပူပြင်းတဲ့အတွက် ခန်းပြီး ရေလုံလုံလောက်လောက် မရဘူးလို့လည်း ပြောပါတယ်။




“အဲဒီမှာ ကန်တွေတွေ့တယ်။ သူတို့က မိုးရေကို အဓိကထားပြီး လှောင်တာပေါ့။ ဒါပေမဲ့ ကန်တွေက ခန်းနေပြီ။ သုံးတဲ့လူက များပြီးတော့ ကန်ကသေးလို့။ ကန်တကန်ကတော့ အောက်ခြေမှာ ပက်ကြားအက်နေတယ်။ အဲဒီ ပက်ကြားအက်တဲ့ ကြားထဲက လက်ယက်တွင်းလို ပုံစံမျိုးနဲ့ အောက်ခြေမှာ လေးငါးနေရာလောက် တူးပြီး သုံးနေတာ တွေ့ရတယ်။ ဆိုတော့ မလုံလောက်ဘူးဆိုတဲ့ သဘောပေါ့။ အဲဒီ ကဒုံကနိဆိုတာ၊ ပင်လယ်အ၀ဘက်မှာ။ ရေငန်တွေများပြီး ရေချိုမရှိတာ တွေ့ရတယ်။ အဲတော့ ဒီလို ကန်ရေနဲ့တော့ လောက်မှာ မဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွာက လူဦးရေက တိုးတက်လာတယ်၊ ပြီးတော့ နွေကျတော့ ခန်းသွားတော့ စက်တွင်းပဲ ပိုသင့်တော်တယ်လို့ ကျမ ထင်တယ်။”




ကုလသမဂ္ဂ ယူနီဆက်ဖ်နဲ့ တခြားအဖွဲ့တွေက ဒေသတွင်းမှာ ရေကန်ပေါင်း ၃,၈၀၀ ကျော်နဲ့ စက်တွင်းပေါင်း ၃,၀၀၀ ကျော် တူးပေးခဲ့တယ်လို့ စာရင်း ထုတ်ပြန်ခဲ့ပါတယ်။ အဖွဲ့အစည်း အသီးသီးက ဒီလို ကူညီမှုတွေ ရှိနေပေမဲ့ နာဂစ်ဒဏ်ခံရတဲ့ ဒေသတချို့မှာ အခုထိ သောက်သုံးရေ ဖူလုံမှု မရှိသေးပါဘူး။ အဖွဲ့ချုပ် အဖွဲ့ကတော့ ရေတွင်းတူးသလို တွဲလျက် ရေကန်တွေပါ ဆောက်လုပ်ပေးခဲ့တယ်လို့ ပြောပါတယ်။




“တခြားသူတွေ လှူတာတော့ မသိဘူး၊ ကျမတို့ဆီက လှူတာတော့ စက်တွင်းတတွင်း တူးပြီးရင် ဘေးနားမှာ ရေကန်အကြီးကြီး၊ ဘေးနားမှာ လူတရပ်နီးပါးလောက် ရှိတဲ့ ကန်ပတ်လည်ပေါ့၊ အဲဒါကြီးကို တူးဖော်ပြီးမှ တခါတည်း ကန်ပါလှူလိုက်တာ ကျမတို့က။ သုံးတဲ့လူတွေကို တိုက်ရိုက်ပေးမခပ်ဘဲ ရေပိုသန့်အောင် စက်တွင်းထဲက ကန်ထဲကို တခါထည့်တယ်၊ ကန်ကမှ အောက်က ကော့ခ်လေးနဲ့ ထုတ်ပြီးတော့မှ ရွာသားတွေက ခပ်ကြတာပေါ့။ အဲတော့ ရေလည်း အလေအလွင့် မရှိဘူး၊ ပိုလည်း သန့်တာပေါ့။




“တခြားလူတွေ ပုံစံတော့ မသိဘူးပေါ့။ တခြားနေရာမှာ တခြား NGO တွေလည်း အများကြီး လှူနေတာ ရှိပါတယ်။ ဒါပေမဲ့ ကျမတို့ မြင်တာတော့ သူတို့ အခက်အခဲတွေ လာလာတင်ပြနေတာ ရှိတော့ သိပ်မလုံလောက်ဘူးလို့ပဲ သုံးသပ်လို့ ရပါတယ်။ ကမ်းနဖူးမဟုတ်ဘဲ ဟိုး အတွင်းဘက်တွေမှာတော့ အများကြီး ထပ်လုပ်ဖို့ လိုသေးတယ်လို့ ကျမအနေနဲ့ မြင်ပါတယ်။”




နာဂစ်ဒေသ ကူညီရေးအဖွဲ့က ဒေါက်တာ ဒေါ်မေ၀င်းမြင့် ပြောသွားတာ ဖြစ်ပါတယ်။




သတင်းရင်းမြစ် VOA

မြန်မာပြည် ရဲ့ ပိတောက်မြေမှ ခမောက်ဝေတဲ့လှုပ်ရှားမှု.....

သင်္ကြန်အကျနေ့က ရန်ကုန်က မဏ္ဍပ်တွေမှာ ပြည်တွင်းကတော်လှန်ရေးရဲဘော်များ လိုက်လံကပ်ဆင်ခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပိုစတာပါ..


ယနေ့ မြန်မာ့နှစ်သစ်ကူး သင်္ကြန်အကျနေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့
ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော်ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ တို့မှ ရန်ကုန်မြို့နှင့် နယ်မြို့များမှာ ဒေါ်အောင်ဆန်းစုကြည် ပိုစတာကပ်ခြင်း၊ ခမောက်ဝေခြင်း၊ စီဒီအခွေများ ဖြန့်ဝေခြင်းများကို ပူပေါင်း လုပ်ဆောင်ခဲ့ကြကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံနှင့် မြန်မာနိုင်ငံသာသနာတော်ကာကွယ်ရေးတပ်ဦး တာဝန်ခံဆရာတော် အရှင်ဓမ္မရာဇာမှ ဆက်သွယ် ပြောကြားလာပါတယ်။

ဒီနေ့ဦးဇင်းတို့.. သင်္ကြန်အကျနေ့မှာ မနက်၁၀နာရီခွဲလောက်က မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့ကိုယ်စားလှယ်အဖွဲ့၊ မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦး၊ အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှုအဖွဲ့ တို့ပူပေါင်းပြီး ခမောက်ဝေတဲ့လှုပ်ရှားမှုနဲ့ စီဒီအခွေဝေတာတွေကို ပြည်နယ်နဲ့ တိုင်းတွေက မြို့နယ် ၁၅ခုလောက်မှာ တချိန်တည်း တပြိုင်တည်း အောင်မြင်စွာ ပြုလုပ်ခဲ့ပါတယ်။ ပြုလုပ်ခဲ့တဲ့ တိုင်းနဲ့ပြည်နယ်က မြို့နယ်တွေကတော့ ....

ရန်ကုန်တိုင်းမှာ. ရွှေပြည်သာ၊ မင်္ဂလာဒုံ၊ လသာ၊ ကျောက်တံတား၊ ကြည့်မြင်တိုင်..
မန္တလေးတိုင်းမှာ.. မန္တလေးဈေးချိုနဲ့ ချမ်းအေးသာဇံမြို့နယ်...
မကွေးတိုင်းမှာ... မကွေးမြို့ပေါ်၊ ပခုက္ကူ၊ နတ်မောက်၊ ရေနံချောင်း၊ ချောက်....
ကရင်ပြည်နယ်မှာ... ဖားအံ၊ ကော့ကရိတ်....
ကချင်ပြည်နယ်မှာ... မြစ်ကြီးနား၊ ဗန်းမော်....

ဧရာဝတီတိုင်းကတော့ ... ဘိုကလေးမြို့နယ်မှာ လုပ်ဖြစ်ပါတယ်။... အင်မတန်မှ အောင်မြင်ပြီး အားတက်စရာပါပဲ... အခုနယ်မြို့တွေနဲ့ စကားပြောပြီးပါပြီ... အားလုံးချောချောမွေ့မွေ့ပါပဲ... အဓိကရည်ရွယ်ချက်ကတော့ ပြည်သူတွေအားလုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာ ပြချင်လို့ လုပ်ဆောင်တာပါ.... ထူးခြားတာတွေကတော့ ပြည်သူတွေ လှိုက်လှိုက်လှဲလှဲ ယူကြတာပါပဲ.... ကြည့်မြင်တိုင်မှာ ဝေတုန်းကတချို့နိုင်ငံရေးအမြင်နဲ့ မယူရဲတဲ့သူတွေ ရှိပေမယ့် အနားမှာရှိနေတဲ့ ဒါကာ၊ဒါကာမလေးတွေက လှိုက်လှိုက်လှဲလှဲ လာတောင်းယူကြတော့ ဘေးကသူတွေပါ တောင်းယူကြတယ်။ အားလုံးနိုင်ငံရေး စိတ်ဓာတ်နိုးကြားကုန်တယ်လေ..

မြို့ထဲမှာဝေတုန်းက ခမောက်ဝေနေတဲ့ အချိန်မှာ ရဲကားတစ်စီး ရောက်လာပြီးရပ်ကြည့်သေးတယ်.. နောက်ပြန်သွားတယ်..။ ဦးဇင်းတို့က သူတို့တွေကြားအောင် ဝေတဲ့အချိန်မှာ ပြညသူတွေ အရိပ်ရအောင် ဝေနေတာပါဆိုပြီး ခမောက်ကို ပေါ်ပေါ်တင်တင် ပြောပြီးဝေတယ်လေ..။ ခမောက်နဲ့အတူ စီဒီအခွေလည်း ဖြန့်ပါတယ်။ စီဒီက အမျိုးသားလွတ်မြောက်ရေးလှုပ်ရှားမှုအဖွဲ့ ကဒါကာတွေ လုပ်တာပါ.. ဘယ်ဟာမှန်တယ်... မှားတယ်ဆိုတာ သိရအောင်ရယ် နောက်အားလုံးလက်ခံနိုင်တဲ့ အချက်အလက်တွေ စီဒီထဲမှာ အကုန်ပါတယ်လေ။ နောက်မကွေးတိုင်း နတ်မောက်မှာ ခမောက်ဝေတာ ဗိုလ်ချုပ်အောင်ဆန်းအိမ်နားမှာပါ.. အခုပြတိုက်လုပ်ထားတဲ့ နေရာမှာပါ. အာဏာပိုင်တွေ တအံ့တသြနဲ့ လာကြည့်ပြီး နောက်ဓာတ်ပုံရိုက်သွားတယ်လို့ သိရတယ်။ တခြားဘာမှတော့ နှောင့်ယှက်တယ်လို့ မကြားရပါဘူး....

ပိုစတာတွေကတော့

၁။...၂၀၁၀ရွေးကောက်ပွဲအလိုမရှိ....

၂။...လူထုတိုက်ပွဲဖော်ဆောင်ကြ

၃။...ပြည်သူ့အစိုးရဖွဲ့စည်းရေးဒို့အရေး

၎။...အမျိုးသားလွတ်မြောက်ရေး လှုပ်ရှားမှု အောင်ရမည်ဆိုတဲ့ ဒေါ်အောင်ဆန်းစုကြည်ပုံပါတဲ့ ၂ပေပတ်လည် ပိုစတာတွေပါ.. အခုတစ်ရာကျော်ကို မနက် လေးနာရီလောက်ထဲက စပြီး ဦးဇင်းတို့ မဏ္ဍပ်ပေါင်း(၄၀)ကျော်မှာ လိုက်ကပ်ပါတယ်... ။


ဦးဇင်းတို့ ပြည်နယ်နဲ့တိုင်း တစ်ချိန်တည်း တပြိုင်တည်းလုပ်တာပါ... နယ်သတင်းတွေ စောင့်နေရလို့ နောက်ကျသွားတာပါ.. ဦးဇင်းတို့ ခမောက်လှူတာ တစ်ကြိမ်တစ်ခါမှ မလုပ်ဘူးပါဘူး အခုမှ စလုပ်တာပါ... ဦးဇင်းတို့လုပ်နေတာ ခုနှစ်ရက်သားသမီးတွေ အတွက်လုပ်နေတာပါ။ အဓိကကခမောက်ကို လှူဒါန်းရတာကတော့ ပြည်သူတွေ အားလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အတူရှိနေပြီး တသွေးတည်းတသားတည်း ဖြစ်တယ်ဆိုတာကို ပြပြီး စိန်ခေါ်လိုက်ခြင်းဖြစ်ပါတယ်...။


ဦးဇင်းတို့ နအဖကိုဆက်ပြီး တောင်းဆိုတိုက်ပွဲဝင်နေမှာပါ။ ၂၀၀၈ခုနှစ်နောက်ပိုင်းကစပြီး ဆန့်ကျင်လာတာပါ.. ၂၀၀၈အခြေခံဥပဒေကို မပြင်သရွေ့ စစ်အာဏာရှင်တွေကို စိန်ခေါ်ပြီး ပြည်သူတွေဘက်က ဆက်လက်ရပ်တည်ပြီး တိုက်ပွဲဝင်မှာ ဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာသံဃာ့ကိုယ်စားလှယ်အဖွဲ့၊ ပြန်ကြားရေးတာဝန်ခံနှင့် မြန်မာနိုင်ငံသာသနာတော် ကာကွယ်ရေးတပ်ဦး တာဝန်ခံဆရာတော် အရှင်ဓမ္မရာဇာမှပြောကြားသွားပါတယ်။

ဒီနေ့နေ့လည် ရန်ကုန်မှာ လှုပ်ရှားမှုလုပ်ပြီးချိန်မှာပဲ ဆက်သွယ်လာတာပါ.... နယ်မြို့အခြေအနေတွေ စောင့်နေရတဲ့အတွက် သတင်းနောက်ကျနေခြင်းဖြစ်ပါတယ်...။ ရန်ကုန်မှာဝေတဲ့ ပိုစတာပုံကိုတော့ ဖော်ပြလိုက်ပါတယ်။ အခြားလက်ခံရရှိထားတဲ ဓာတ်ပုံများကိုတော့ ခွင့်ပြုချက်ရယူပြီးဖော်ပြပါမည်။

သတင်း... ဒီမိုဝေယံ


Monks on the front line in Burma....

In this edition: hopes of democracy in Burma dashed as Aung San Suu Kyi is barred from taking part in elections - we bring you a special report on the monks still fighting for freedom...

14 April 2010

သင်္ကြန်မဏ္ဍပ်ကြီးများသိန်းသုံးဆယ်စပေါ်တင်ရမည် သတ်မှတ်စည်းကမ်းများ ဖောက်ဖျက်ပါက အာမခံငွေများအားလုံးသိမ်းဆည်သွားမည်.။



မြန်မာ့အတာသင်္ကြန် လည်ပတ် သူများ မြန်မာ့ယဉ်ကျေးမှု နှင့် လျှော်ညီစွာ ၀တ်ရမည် ဟု စစ်အစိုးရကအမိန့် ထုတ်ပြန်ထားသော် လည်း မည်သည့် လူငယ်မှ လိုက်နာမှု မရှိ




တပ်မှုးတပ်သားပြောစကား အပိုင်း(၃) ဗိုလ်ချုပ်ကြီးဟောင်း သူရဦးတင်ဦး... ..

VOA ကထုတ်လွှင့်တဲ့ အသံဖိုင်ပါ......