03 March 2012

ဒေါ်အောင်ဆန်းစုကြည်၏ မန္တလေးခရီးစဉ် ပရိတ်သတ်ဦးရေ စံချိန်တင်များပြား..

ရန်ကုန် ၊ မတ် ၃ (The Voice Weekly)
ပရိတ်သတ် စံချိန်တင်များပြားသောဒေါ်အောင်ဆန်းစုကြည် ၏ မန္တလေးခရီးစဉ်

ကြားဖြတ်ရွေးကောက်ပွဲ အတွက် ပါတီစည်းရုံးရေးခရီး ခရီးများထွက်နေသော ဒေါ်အောင်ဆန်းစုကြည်သည် မတ်လ ၃ ရက်နေ့ နံနက်ပိုင်း ၉နာရီခန့် မန္တလေမြို့သို့ ရောက်ရှိလာခဲ့ပြီး လူထု ဟောပြောပွဲပြုလုပ်မည့် မြို့သစ်(အောင်ပင်လယ်) သို့သွားရောက်ရာတွင် လာရောက်ကြိုဆိုကြသူများ ဦးရေမှာ ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များတွင် စံချိန်တင်လောက်အောင် အလွန်များပြားခဲ့ကြောင်း ဒေါ်အောင်ဆန်းစုကြည်၏ စည်းရုံးရေးခရီးစဉ်များကို လိုက်ပါသတင်းရယူခဲ့သူ သတင်းမီဒီယာသမားများက ပြောကြားသည်။

ဒေါ်အောင်ဆန်းစုကြည်သည် တံတားဦးလေဆိပ်မှထွက်ခွာပြီး ရန်ကုန် - မန္တလေး အမြန်လမ်းမကြီး မှတဆင့် မန္တလေးမြို့အတွင်းသို့ ၀င်ရောက်ရာလမ်းတစ်လျှောက်ရှိ မန္တလေးမြို့ခံ များသာမက နိုင်ငံခြားသားများ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများနှင့် တိုင်းရင်းသားလူငယ်များပါ လာရောက်ကြိုဆိုကြပြီး ကားတန်းမှာ တံခွန်တိုင်အ၀ိုင်းမှ သိပ္ပံလမ်းအထိ ကားတန်းမှာ အလွန်ရှည်လျား များပြားနေကြောင်း The Voice Weekly သတင်းထောက်က ပြောကြားသည်။
(DVB) ရုပ်သံ..