27 February 2012

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သုံးခွမြို့ပရိတ်သတ်အားပြောကြားသော မိန့်ခွန်းအပြည့်အစုံ

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် သုံးခွမြို့သို့ ရန်ကုန်မှ နေ့လည် ၂ နာရီခွဲအချိန်တွင် စတင်ထွက်ခွာလာခဲ့ရာ လမ်းတစ်လျှောက် တွင် နေရာတိုင်းလိုလိုမှ သောင်းသောင်းဖျဖျကြိုဆိုခဲ့ကြသည်။ သုံးခွမြို့သို့ ညနေ ၆ နာရီခန့် အချိန်တွင် ရောက်ရှိခဲ့ပါသည်။ မူလက သုံးခွမြို့၏ ဘုရင့်နောင်အား ကစားကွင်းနေရာတွင် ဟောပြောရန် စီစဉ်ထားခဲ့သော်လည်း နေရာအဆင်မပြေခဲ့၍ ယင်းနေရာအနီးတွင်ရှိသော လယ်ကွင်းအတွင်းတွင် ဟောပြောခဲ့ရပါသည်။ မည်သည့်နေရာတွင် ဟောပြောရသည်ဖြစ်စေ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် ဟောပြော ခွင့်ရသည်နှင့် ရောက်အောင်သွားခဲ့ပြီး ယင်းဒေသရှိ ဒေသခံပြည်သူတို့ကလည်း မြို့လုံးကျွတ် လာရောက် အားပေးကြသည်။ ယခုလ ၂၆ ရက် ညနေချမ်းအချိန်တွင် ဒေါ်အောင်ဆန်းစုကြည်သုံးခွမြို့နယ် ပြည်သူ လူထုအား ဟောပြောခဲ့သည့် မိန့်ခွန်းကို အတိအကျနီးပါး ဖော်ပြလိုက်ပါသည်။ သို့ရာတွင် ပရိသတ်မှ အားပါးတရဆူညံစွာ အော်ဟစ်အားပေးခြင်း၊ အမေစုအား အနီး ကပ်စကားပြောဆိုအားပေးမှုတစ်ခုအား ပြန်လည်ဖြေကြားပေးခြင်းတို့ မိန့်ခွန်းအတွင်းပါဝင်လာခဲ့သော်လည်း အချိန်နှင့် စာမျက်နှာ အခက်အခဲကြောင့် ပရိသတ်အော်ဟစ်သံ၊ အားပေး ထောက်ခံသံနှင့် ပြန်လည်ဖြေကြားခြင်း အနည်းငယ်ကိုသာ ချန်လှပ်၍ မိန့်ခွန်း၏ဆိုလိုရင်းကို အဓိကထားဖော်ပြလိုက်ပါသည်။

---

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၄



ကြားရလား . . .။ ဒီလောက် အော်နေတဲ့အထဲက ကြားရတယ်ဆို ဒီစပီကာတွေတော်တော်ကောင်း လို့ပဲ။ ကျွန်မတို့အခုဆိုလို့ရှိရင် သုံးခွ မြို့ကိုဖြတ်ပြီးလာတာ တော်တော်ကို လမ်းရှည်ပါတယ်။ လမ်းရှည်ပေမယ့် လည်း ဇွဲနဲ့ကို ကျွန်မတို့ဘေးကနေ လိုက်လာတဲ့ပြည်သူလူထုကို အများ ကြီးကျွန်မတို့ ကျေးဇူးတင်ပါတယ်။ ဘေးကလိုက်တယ်ဆိုတာ အကောင်းဆုံးပဲ။ ဘေးကလိုက်တယ် ဆိုတာတန်းတူညီမျှမှုကို ပြောတာ ပေါ့နော်။ ရှေ့ကသွားတာလည်း မဟုတ်ဘူး။ အနောက်ကလိုက်တာ လည်းမဟုတ်ဘူး။ အတူတူ တွဲပြီး တော့ဘေးကလိုက်လာတယ်ဆိုတာ ကျွန်မတို့နိုင်ငံအတွက် အင်မတန်မှ ကောင်းတဲ့လက်္ခဏာဖြစ်ပါတယ်။

ကျွန်မတို့ဟာ ဒီနေ့သုံးခွကိုလာ တာ တမင် ဒီညနေပိုင်းလေကို ရွေး တာပါ။ ပြည်သူတွေအနေနဲ့ အပူ သက်သာအောင်လို့ဆိုပြီးတော့ အိမ်ပြန်တော့ နည်းနည်းနောက်ကျ မယ်နော်။ ဒါပေမယ့် အဲဒါကိုအဆင် မပြေတာရှိရင်တော့ တောင်းပန်ပါ တယ်။ ပြောရမယ်ဆိုလို့ရှိရင် ကျွန် မ တို့ဒီခရီးကို လှမ်းခဲ့တာကြာလှပါ ပြီ။ ကြာလှပြီဆိုတော့ အခုနည်းနည်း လေးနောက်ကျတာတော့အ ကြောင်းမဟုတ်တော့ပါဘူးလို့ ကျွန်မထင်တယ်။ ကျွန်မဒီလမ်းမှာ မြင်တွေ့ရတဲ့ အတွေ့အကြုံလေး တချို့ကိုပြောပြချင်ပါတယ်။ ဒီနေ ရာမှာဆို ကလေးတွေကပေါ့နော် ကျွန်မကို ကျန်းမာ၊ ချမ်းသာကြပါစေ ဆိုတော့ ကျွန်မက ကလေးလေးတွေ ကိုပြောတယ်။ သားတို့လည်း ကျန်း မာ၊ ချမ်းသာကြပါစေ။ စာမေးပွဲ အောင်ကြပါစေဆိုတော့ တစ် ယောက်ကပြောတယ် စာကျက်ဖို့ မလိုတော့ဘူးဆိုတော့ အဲလိုလည်း မဟုတ်ဘူးနော်။ စာမေးပွဲအောင် တယ်ဆိုတာ ကိုယ်စာကျက်မှ အောင်မှာ အဲတော့ ဘာမဆိုကိုယ်လုပ် မှ ဖြစ်မြောက်မှာဆိုတာကို ကျွန် မတို့ ပြည်သူတွေအားလုံး နားလည် စေချင်ပါတယ်။ ကိုယ်လုပ်မှဖြစ် မြောက်မယ်ဆိုတော့ အားလုံးက တက်ပြီးတော့အစိုးရလုပ်နိုင်လား ဆိုတော့ မလုပ်နိုင်ပါဘူး။ ဒါကြောင့် မို့လို့ ကျွန်မတို့ရွေးကောက်ပွဲတွေ လုပ်တာပဲ။ အဲတော့ ပြည်သူတွေ အနေနဲ့ ကိုယ်လိုချင်တဲ့အစိုးရမျိုးကို ကိုယ်တင်မြှောက်နိုင်အောင်လို့ ရွေး ကောက်ပွဲလုပ်တယ်ဆိုတာ ဒါ ကြောင့် လုပ်တာဖြစ်ပါတယ်။ ဒါ ကြောင့် ကျွန်မတို့အခု ဒီကြားဖြတ် ရွေးကောက်ပွဲအတွက် မဲဆွယ်ဖို့ ကျွန်မတို့လာကြတယ်။ ကြားဖြတ် ရွေးကောက်ပွဲဟာ တကယ်တော့ နေရာ ၄၈ နေရာပဲရှိပါတယ်။ ဒီ နေရာ ၄၈ နေရာအတွက်ကို ဘာ ဖြစ်လို့ဒီလောက်တောင်မှ ကျွန်မတို့ကနေပြီးတော့ တစ်ခါ တည်း ဇွဲ၊ လုံ့လ၊ ၀ီရိယစိုက်ပြီးတော့ ဒီ မဲတွေရအောင်ကြိုးစားနေလည်း ဆိုတော့ အကြောင်းကနှစ်ကြောင်း ရှိပါတယ်။ တစ်ကြောင်းကတော့ ကျွန်မတို့ မြန်မာတွေအများသိတဲ့ အပြောလိုပေါ့နော်။ အဆိုရှိတာ သိတယ်မလား။ ကေသရာဇာခြင်္သေ့ မင်းဆိုတာ သားကောင်ကိုအကြီး ကြီးပဲဖြစ်စေ၊ အငယ်လေးပဲဖြစ်စေ တူသော လုံ့လ ၀ိရိယ နဲ့လိုက်တယ် ဆိုတာ ဒီအတိုင်းပဲ ကျွန်မတို့ဟာ ရွေးကောက်ပွဲဝင်မယ်လို့ ဆုံးဖြတ် ချက်ချပြီးမှ ရွေးကောက်ပွဲအကြီး ကြီးပဲဖြစ်ဖြစ် သေးသေးလေးပဲဖြစ် ဖြစ် ကျွန်မတို့နိုင်အောင်လို့ ၀င်တာ ဖြစ်ပါတယ်။ ဒါပေမယ့်ကျွန်မတို့ နိုင်ဖို့ဆိုတာ ပြည်သူလူထုကလုပ်ပေး မှရတာ။ ခေါင်းထဲမှာစွဲစွဲမြဲမြဲထား ပါ။ ဒီရွေးကောက်ပွဲမှာ မဲထည့်တဲ့ ဒီမဲထည့်တဲ့ နေ့တစ်နေ့ဟာ ငါတို့ ဟာ ဒီနိုင်ငံရဲ့ အစိုးရကို စိုးမိုးနိုင်တဲ့ နေ့ပဲလို့ အဲလိုစိတ်ထဲမှာထားပါ။ ဒါ ကြောင့်မို့လို့ အဲဒီမဲတစ်ပြားကို မှား ပြီးတော့လည်းမပေးပါနဲ့။ ကြောက် လို့ပေးတာမျိုးလည်းမဖြစ်ပါစေနဲ့။ ချော့ပြီးတော့ ပေးပြီးတော့ ယူတာ မျိုးလည်းမဖြစ်ပါစေနဲ့။ ကိုယ့်ရဲ့ ဦးနှောက်နဲ့ရော၊ ကိုယ့်ရဲ့ နှလုံး နဲ့ရော နှစ်ခုစလုံးနဲ့စဉ်းစားပါ။ ဦး နှောက်နဲ့စဉ်းစားပါဆိုတာ ဘယ်အဖွဲ့ ကိုထောက်ခံမလဲ။ ဘာဖြစ်လို့ ထောက်ခံမလဲဆိုတာစဉ်းစား။ ဒီလို ပြောခြင်းအားဖြင့် ကျွန်မတို့ရဲ့ ကိုယ် စားလှယ်တွေကို တန်ဖိုးမထားတာ မဟုတ်ပါဘူး။ ကျွန်မတို့ သုံးခွမြို့ နယ်အတွက်ဆိုရင် ဒေါ်စုစုလွင်ကို ရွေးချယ်ထားပါတယ်။ ရွေးချယ်ရတဲ့ အကြောင်းကိုလည်း ကျွန်မတို့ရှင်းပြ ချင်ပါတယ်။ ဒေါ်စုစုလွင်ရဲ့အဖေ ဦးလွင်က ၁၉၉၀ ခုနှစ်တုန်းက ဒီ သုံးခွကပဲအရွေးခံခဲ့တယ်။ ဦးလွင် ဆိုတာဟာ အရင်တုန်းက ဗမာ့ လွတ်လပ်ရေးတပ်မတော်ခေတ် ကတည်းက တပ်မတော်ထဲကို ၀င် ခဲ့တဲ့ တကယ့်မျိုးချစ်စိတ်ဓာတ်နဲ့ ပြည့်စုံတဲ့ တပ်မတော်သားကောင်း တစ်ယောက်ဖြစ်ပါတယ်။ ဖေဖေတို့ ခေတ်ကတည်းပေါ့နော်။ အသက် ငယ်ငယ်လေးနဲ့ အသက်ပြည့်တာ နဲ့ပဲ ဒီ အဲဒီတုန်းက ဗမာ့လွတ်လပ် ရေးတပ်မတော်ထဲကို ၀င်ပြီးတော့ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင် ကြတယ်။ တစ်သက်လုံးသိက်္ခာရှိရှိ၊ သစ်္စာရှိရှိနဲ့ နိုင်ငံ့ရဲ့တာဝန်ကိုထမ်း ဆောင်ခဲ့တယ်။ အဲဒါကြောင့်မို့လို့ ကျွန်မတို့ကနေပြီးတော့ ကျွန်မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ထူ ထောင်ကတည်းက ဦးလွင်ဟာ ကျွန်မတို့ရဲ့ ဗဟိုအလုပ်အမှုဆောင် အဖွဲ့မှာ ပါခဲ့တယ်။ အဲတော့ သုံးခွ မှာ ယှဉ်ပြိုင်ခဲ့တယ်။ အဲဒီတုန်းက တော့ကျွန်မကတော့ အကျယ်ချုပ် အထဲမှာကျနေတဲ့အခါကျတော့ ရွေး ကောက်ပွဲအခြေအနေကိုမသိခဲ့ပါ ဘူး။ ဒါပေနဲ့ ပြည်သူတွေကနေပြီး တော့ သောင်းသောင်းဖျဖျနဲ့ အား ပေးခဲ့တယ်ဆိုတာကိုတော့ ကျွန်မ သိပါတယ်။ ဒီတော့ တချို့က ဒီ ၁၉၉၀ ရွေးကောက်ပွဲတုန်းက မဲပေး ခဲ့ပြီးတော့ ဘာရလဒ်မှမရခဲ့ဘူး။ မရှိခဲ့ဘူးလို့ ထင်ပါလိမ့်မယ်။ အဲဒါ မဟုတ်ပါဘူး။ ကံ ကံ၏ အကျိုးပဲ။ လုပ်သမျှဟာ တစ်နေ့ တစ်ချိန် တစ် ခါမှာ အရာထင်တာပဲ။ ၁၉၉၀ ခုနှစ် ရွေးကောက်ပွဲတုန်းက ဦးလွင်ကို မဲ ပေးခဲ့တဲ့ ပြည်သူပြည်သားများဆိုလို့ ရှိရင် အခုဦးလွင်ရဲ့သမီးဒေါ်စုစုလွင် ကို မဲပေးပိုင်ခွင့်ရမှာဖြစ်ပါတယ်။

၁၉၉၀ ခုနှစ်တုန်းက မဲပေးပိုင် ခွင့်မရှိခဲ့တဲ့ မဲဆန်္ဒရှင်လူငယ်တွေဆို လို့ရှိရင်လည်း ဒေါ်စုစုလွင်ကို မဲပေး ပါလို့ ကျွန်မကနေပြီးတော့ မေတ်္တာ ရပ်ခံပါတယ်။ ဘာဖြစ်လို့ကျွန်မတို့ က ဒေါ်စုစုလွင်ကို ကိုယ်စားလှယ် ကောင်းအဖြစ် ရွေးထားသလဲဆို တော့ ဒေါ်စုစုလွင်ဟာ ပညာရေး ဘက်မှာ ကျွမ်းကျင်လို့ပါ။ ကျွန်မ တို့ရဲ့ နိုင်ငံမှာ ပညာရေးအဆင့် မြှင့်ဖို့ အင်မတန်လိုအပ်ပါတယ်ဆိုတာကို ကျွန်မထူးထူထွေထွေပြောဖို့ မလို ပါဘူး။ လူငယ်တွေ . . . လမ်း မှာဆိုလို့ရှိရင်လည်း ကျွန်မကလေး လေးတွေ အများကြီးတွေ့ခဲ့ပါ တယ်။ စာမကျက်ဘဲနဲ့ စာမေးပွဲအောင် မယ်လို့ ထင်တဲ့ကလေးလေးတွေ။ အဲတော့ ဒီကလေးလေးတွေ အများ ကြီးကို ကျွန်မတို့ပြုစုပျိုးထောင်ရ မယ်။ ပညာတတ်အောင်လုပ်ရ မယ်။ အဲဒီလိုလုပ်နိုင်အောင်လို့ ဆို လို့ရှိရင် ပညာရေးနဲ့ပတ်သက်လို့ ကျွမ်းကျင်တဲ့ ကိုယ်စားလှယ်တွေ ကျွန်မတို့လိုတယ်။ အဲဒါကြောင့်မို့ လို့ ကျွန်မတို့ဟာ ဒေါ်စုစုလွင်ကို အစဉ် အလာကောင်းတဲ့ တပ်မတော်သား ကောင်းကြီးတစ်ဦးဖြစ်ခဲ့တဲ့ အမျိုး သားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ အင်မတန် မှ သစ်္စာရှိတဲ့ အဖွဲ့ဝင်တစ် ယောက်ဖြစ်ခဲ့တဲ့ ဦးလွင်ရဲ့သမီး တစ်ယောက်ဖြစ်လို့ရွေးခဲ့တာ မဟုတ်ပါဘူး။ ပညာရေးနဲ့ပတ် သက်လို့ အင်မတန်ကျွမ်းကျင်ပြီး တော့ ကျွန်မတို့နိုင်ငံက လူငယ်တွေ ရဲ့ အနာဂတ်အတွက် ကောင်းတဲ့ အကြံဉဏ်တွေ၊ ကောင်းတဲ့လုပ် ငန်းတွေကို ဖော်ဆောင်ပေးနိုင်တဲ့ ပုဂ်္ဂိုလ်တစ်ဦးဖြစ်လို့ ကျွန်မတို့ဟာ ကိုယ်စားလှယ်အဖြစ်နဲ့ ရွေးတာဖြစ် ပါတယ်။ ဒီတော့စောစောကကျွန်မ ပြောသွားပါတယ်။ မဲပေးတယ် ဆိုတာဟာ ပုဂ်္ဂိုလ်တစ်ဦးတစ် ယောက်အတွက်ပဲ ပေးတာမဟုတ် ဘူး။ တကယ်အရေးကြီးတာက တော့ အဖွဲ့အစည်းတစ်ခုအတွက် ပေးရပါတယ်။ ဒီလိုဘာဖြစ်လို့ ကျွန်မပြောရတာလည်းဆိုတော့ နိုင်ငံရဲ့ အဖွဲ့အစည်းတွေဆိုတာဟာ မူရှိရတယ်၊ အစဉ်အလာရှိရတယ်၊ ဘယ်လိုအလုပ်တွေလုပ်ခဲ့လည်းဆို တဲ့သမိုင်းလည်းရှိရတယ်။ အဲဒီတော့ ကျွန်မတို့ရဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေနဲ့ ကျွန်မတို့မူတွေကို ပြည်သူတွေက သုံးသပ်တာလည်း ခံရဲတယ်။ ကျွန်မတို့ရဲ့ အစဉ်အလာ ကိုသုံးသပ်တာလည်း ကျွန်မတို့ခံရဲ တယ်။ ကျွန်မတို့ရဲ့ သမိုင်းကိုသုံးသပ် လေ့လာတာလည်း ကျွန်မတို့ခံရဲ တယ်။ ကျွန်မတို့အဖွဲ့ချုပ်ရဲ့ သမိုင်း အစဉ်အလာနဲ့မူတွေကို သုံးသပ်ပါ။ လေ့လာပါ။ ကျွန်မတို့ဟာ အနှစ် ၂၀ ကျော် မှန်မှန်ကန်ကန်နဲ့ ဒီမိုကရေစီ ရရှိရေးအတွက် အကြမ်းမဖတ်တဲ့ လမ်းကို ကျွန်မတို့လျှောက်ခဲ့ပါတယ်။ကျွန်မတို့ဟာ ဘယ်တုန်းကမှ အမှား အယွင်းမရှိခဲ့ဘူးလို့ ကျွန်မ မဆို

လိုပါဘူး။ အမှားအယွင်းမရှိတဲ့အဖွဲ့ ဆိုလို့မရှိပါဘူး။ ကျွန်မတို့လည်း မှား တာတွေ၊ အားနည်းတာတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမယ့် အကြမ်းမ ဖက်တဲ့ နည်းတဲ့ ဒီမိုကရေစီကို ရအောင်ယူမယ်ဆိုတဲ့မူကို ကျွန်မ တို့ ဘယ်တုန်းကမှ သစ်္စာမဖောက်ခဲ့ပါ ဘူး။ ပြည်သူရဲ့တာဝန်ကို ထမ်း ဆောင်ပါမယ်ဆိုတဲ့နေရာမှာ ကျွန် မ တို့တာဝန်တွေကို ကျေပွန်အောင် ၁၀၀ ရာခိုင်နှုန်း ထမ်းဆောင်နိုင်ခဲ့ ခြင်း မရှိသော်ငြားလည်း ထမ်း ဆောင်ဖို့ ကျွန်မတို့အမြဲတမ်းကြိုး စားခဲ့ပါတယ်။ ဒီအမျိုးမျိုးပေါ့နော် ကန့်သတ်ချက်တွေကြားထဲက ကျွန် မတို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဟာ ဒီမိုကရေစီ ပါတီတစ်ခုရဲ့ တာ ၀န်တွေကို ကျေပြွန်အောင်ထမ်း ဆောင်နိုင်ဖို့ ကျွန်မတို့ကြိုးစားခဲ့ပါ တယ်။

အခုဆိုလို့ရှိရင် သုံးခွမြို့နယ်မှာ မဲဝင်ပြီးတော့အရွေးခံမယ့် ပါတီ ၄ ပါတီရှိတယ်လို့ ကျွန်မသိရပါတယ်။ အဲဒီတော့အရေးကြီးတာက မဲမှား ပြီးမပေးနဲ့နော်။ ကျွန်မတို့ရဲ့ အမျိုး သားဒီမိုကရေအဖွဲ့ချုပ်ရဲ့ သင်္ကေတ က ခွပ်ဒေါင်းနဲ့ကြယ်။ ခွပ်ဒေါင်းနဲ့ ကြယ်။ မဲသွားပေးတဲ့နေ့မှာ သေသေ ချာချာ ခွပ်ဒေါင်းနဲ့ ကြယ်ဘေးမှာ အမှတ်ခြစ်ပါ။ အမှတ်ကိုလည်း တိတိကျကျခြစ်ပါ။ နည်းနည်းလေး လွန်သွားရင်၊ နည်းနည်းလေးလို သွားရင် တော်ကြာပယ်မဲဖြစ်သွား ဦးမယ်။ နှမြောစရာကြီး။ မဲပေး တယ်ဆိုတာနှစ် တိုင်းတောင်ပေးရ တာမဟုတ်ဘူး။ လေးငါးနှစ်မှ တစ်ခါပေးရတာ။ အခုကြားဖြတ်ရွေး ကောက်ပွဲရှိတယ် ဆိုတာကလည်း လစ်လပ်တဲ့နေရာ တွေရှိလို့သာ။ ဒါကြောင့်ကြားဖြတ် ရွေးကောက် ပွဲမှာ မဲပေးနိုင်တာ။ မဲပေးနိုင်တဲ့ အခွင့်အရေးကိုအလေးထားပါ။ ပေါ့ပေါ့လေးမထင်ပါနဲ့။ ကျွန်မလေ . .. ကျွန်မပြောပြမယ်။ အခုကျွန် မက အသက် ၆၇ နှစ် နီးပါပြီ။ တစ် ခါမှ တစ်သက်လုံး လွတ်လွတ်လပ်လပ်မဲပေးခဲ့ရတယ် ဆိုတဲ့ အခွင့်အရေးမရခဲ့ပါဘူး။ အခု ဒီရွေးကောက်ပွဲမှာမှ ကျွန်မရမှာပါ။ ကျွန်မဘာဖြစ်လို့ ဒီလိုဖြစ်ရလည်းဆို တော့ ကျွန်မက မဲပေးတဲ့အရွယ် ပေါ့နော်။ ၁၈ နှစ်မပြည့်ခင်မှာ ဒီ နိုင်ငံဟာ စစ်အာဏာရှင်အုပ်ချုပ်မှု လက်အောက်ကိုရောက်သွားတယ်။ အဲတော့ ကျွန်မမှာမဲပေးပိုင်ခွင့်မရှိ ဘူး။ ၁၉၉၀ ခုနှစ်မှာ ပထမဦးဆုံး အကြိမ် နှစ်ပေါင်းများစွာမှာ ပထမန ဦးဆုံးအကြိမ် လွတ်လပ်တဲ့ဒီမိုကရေ စီရွေးကောက်ပွဲတွေလုပ်တယ်ဆိုတဲ့ အခါကျတော့ ကျွန်မအကျယ်ချုပ် ခံခဲ့ရပြီ။ ဒါပေမယ့်ကျွန်မမဲပေးပါ တယ်။ ဒါပေမယ့် လွတ်လွတ်လပ် လပ်မပေးရဘူး။ ကြိုတင်မဲပဲ ကျွန်မ မှာပေးပိုင်ခွင့်ရှိတယ်။ ၂၀၁၀ ရွေး ကောက်ပွဲတုန်းကတော့ ကျွန်မတို့ ဒီ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သပိတ်မှောက်လို့ မဲမပေးခဲ့ပါဘူး။ ဒီတော့အခု ဒီကြားဖြတ်ရွေးကောက် ပွဲမှာ ကျွန်မမဲပေးတဲ့အခါမှာ ဒီ ကျွန် မ တစ်သက်လုံးမှာ ပထမဦးဆုံး အကြိမ်လွတ်လွတ်လပ်လပ်မဲပေး ပိုင်ခွင့်ရတာဖြစ်ပါတယ်။ ဒါကြောင့် လွတ်လွတ်လပ်လပ်မဲပေးနိုင်တဲ့ အခွင့်အရေးဟာ ဘယ်လောက် တန်ဖိုးရှိသလဲဆိုတာ နားလည်စေ ချင်ပါတယ်။ ကျွန်မတို့ နိုင်ငံသူ၊ နိုင်ငံသားအာလုံးနားလည်စေချင် ပါတယ်။ အဲဒီလို ရှားရှားပါးပါး ရတဲ့ အခွင့်အရေးကို အလဟဿမဖြစ် သွားအောင်လို့ ကျွန်မတို့အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ကိုယ်စား လှယ် ဒေါ်စုစုလွင်ကိုမဲပေးပါလို့ ကျွန်မပြောချင်ပါတယ်။

ကျွန်မတို့ လမ်းမှာအမျိုးမျိုးပြည် သူကနေပြီးတော့ ကျွန်မတို့ကို အားပေးကြတယ်။ ပြည်သူကနေ ပြီးတော့ မျှော်လင့်ချက်တွေကို ဖွင့်ဟ ပြီးတော့ပြောကြတယ်။ တချို့က အောင်မြင်အောင်လုပ်ပေးပါ။ ကျွန် တော်တို့ဘ၀တွေ ချမ်းသာအောင် လုပ်ပေးပါ။ တချို့ကလည်း အမေရှိ ရင် ထမင်းမငတ်တော့ပါဘူးလို့ ပြောတာလည်းရှိသေးတယ်။ ဒါပေ မယ့် ကျွန်မပြောမယ်။ အမေရှိရင် ထမင်းမငတ်ဘူးဆိုတာ အိမ်တစ် အိမ်မှာစဉ်းစားကြည့် အမေရှိလို့ရှိ ရင် ထမင်းချက်ပေးမယ့်လူရှိတယ်။ ဒါပေမယ့် ဆန်ဝယ်ဖို့ရှာမယ့်လူ ကလည်း ၀ိုင်းပြီးရှိရမယ်။ မီးဝိုင်းပြီး တော့မွှေးပေးမယ့်လူတွေကလည်း ရှိရမယ်။ အမေတစ်ယောက်တည်း ကိုခိုင်းလို့မဖြစ်ဘူး။ ဟုတ်တယ် နော်။ အမေရှိရင် ထမင်းမငတ်ဘူး ဆိုရင် အမေ့အတွက် ထင်းလည်း ရှာပေးရမယ်။ ဆန်လည်း ရှာပေး ရမယ်။ ၀ိုင်းပြီးတော့ ကိုယ်က . . .။ အဲဒါမှ ထမင်းချက်ပေးလို့ရမှာ ပေါ့။ ကျွန်မတို့သတိပေးမယ်နော်။ သိပ်ပြီးတော့ကတိတွေပေးတဲ့အ ဖွဲ့တွေဆိုရင် ယုံကိုမယုံနဲ့။ နောက် ပြီးတော့ လာချော့ပြီးတော့မဲ တောင်းတာပေါ့နော်။ ဘာလေးလုပ် ပေးမယ်။ ညာလေးလုပ်ပေးမယ်နဲ့ . . . ကျွန်မတို့ ကတော့လုပ် ပေးချင်တာတွေအများကြီးပဲ။ ဒါတွေအားလုံးလုပ်ပေးဖို့ဆိုရင် ကျွန်မတို့မှာ အခွင့်အရေးလည်း အခွင့်အလမ်းတွေလည်း ထပ်ပြီး တော့ရှာရမယ်။

အဲဒီလို ဟိုဟာပေး မယ်။ဒီဟာပေး မယ်ဆိုရင်ယူလိုက်။ မဲကတော့ ဒေါ်စုစုလွင်ကိုပဲ ၀ိုင်းပေး။ ကျွန်မ တို့ သူများတွေရဲ့ စေတနာကိုမပိတ်ပင် ချင်ဘူး။ ပေးချင် ပေးပါစေပေါ့။ ဘာဖြစ်လည်း ကိုယ်ကလည်း ကိုယ့် ရဲ့စေတနာနဲ့ကိုယ့်ရဲ့ဦးနှောက်ရဲ့ ပြောဆိုချက်အရ ဒေါ်စုစုလွင်ကိုပဲ မဲ ပေးကြပါလို့။ နောက်တစ်ခုရှိသေး တယ်။ ဒါကတော့ ချော့ပြီးတော့ တောင်းတာတော့ သိပ်မဆိုးဘူး ပေါ့။ ခြောက်ပြီးတော့တောင်းတာ တော့ တော်တော်ဆိုးတယ်။ အဲ တော့ ခြောက်ပြီးတော့မဲတောင်းလို့ ရှိရင်လည်း လုံးဝမကြောက်ပါနဲ့။ မဲပေးတဲ့အခါကျ ဘယ်ပုံးထဲကို ကိုယ်ထည့်တယ်ဆိုတာ ဘယ်သူမှ တကယ်တော့မသိနိုင်ပါဘူး။ အဲဒီ တော့ခြောက်လို့ရှိရင်လည်း ကြောက်ချင်ယောင်ဆောင်ရင် လည်း ဆောင်လိုက်။ မဲပေးတာ ဒေါ်စုစုလွင်ကိုပဲပေးပါ။ ကျွန်မတို့က ပြည်သူတွေကို သိပ်ပြီးတော့မလိုအပ် ပဲနဲ့ မပင်ပန်းစေချင်ပါဘူး။ အဲဒါ ကြောင့်မို့လို့သိပ်ပြီး ခြောက်နေတယ် ဆိုလည်း ကြောက်ချင်ယောင် ဆောင်လိုက်။ အဲတော့လည်းပြီးသွား တာပေါ့။ အဲဒီနေ့ကျတော့ မဲပေးတဲ့နေ့ ကျတော့ မှန်မှန်ကန် ကန် မဲသွင်းဖို့ပဲအရေးကြီးတာဖြစ်ပါ တယ်။ ကျွန်မတို့လမ်းမှာသွားရင် ကလေးလေးတွေကိုအများကြီးမြင် လာတယ်။ ပိုပိုပြီး များလာသလား တောင်မသိဘူး။ ဒီတော့ကျွန်မတို့ နိုင်ငံရဲ့အနာဂတ်အတွက် ဘယ်

လောက်အများကြီးလုပ်ဖို့ရှိသလဲဆိုတာ ကျွန်မလူတွေစဉ်းစားစေချင် တယ်။ လူငယ်တွေပေါ့။ လူငယ်တွေ အများကြီးပဲ။ ကျွန်မစိတ်ထဲမှာ တစ်ခါတလေစိတ်ပူတယ်။ လူငယ် တွေဟာ ဒီလိုဟောပြောပွဲမရောက် ရင် တော်ကြာအရက်ဆိုင်များ ရောက်နေမလားမသိဘူး။

ဟုတ်လား၊ မဟုတ်ဘူးလား။ အဲတော့ အဲဒါတွေဟာ လူငယ်တွေ အတွက် လုပ်သင့်လုပ်ထိုက် လုပ်စ ရာကောင်းတဲ့အလုပ်တွေမရှိလို့ပဲ။ ဒါတွေဟာ ကျွန်မတို့ဟာဖန်တီးပေး ရမှာတွေ အများကြီးပဲ။ ကျွန်မတို့ ဟာ ဖန်တီးရှင်တွေလည်းမဟုတ် ဘူး. . . တကယ်တော့။ မိုးပေါ်က ကျလာပြီးတော့ ဖြစ်စေလို့ ပြောလို့ ရတာမဟုတ်ဘူး။ ကျွန်မတို့က အားလုံးတစ်ဆင့်ချင်း တစ်ဆင့်ချင်း ကြိုးစားသွားမှ ဖြစ်မှာပါ။ အခုကျွန် မတို့ဒီကလူအုပ်ကြီးဆိုရင်တောင်မှ ဒါဟာကျွန်မတို့နိုင်ငံရဲ့ လူဦးရေနဲ့ စာရင် အင်မတန်မှ နည်းတယ်။ ဒီ လူအုပ်အားလုံးရဲ့မျက်နှာတွေ တောင်မှ ကျွန်မမမြင်နိုင်ဘူး။ လူတွေက များလွန်းလို့ တကယ်လို့ကျွန်မတို့ တစ်နိုင်ငံလုံးမှာဆိုလို့ရှိရင် ဘယ် လောက်များလည်းဆိုတာ စဉ်းစား ကြည့်ပါ။ အဲတော့ အဲဒီလောက် များတဲ့လူတွေရဲ့ ကောင်းကျိုးအ တွက် ကြိုးစားဖို့ဆိုတာ အားလုံးရဲ့ ထောက်ခံမှုကိုလိုတယ်။ အားလုံးရဲ့ ၀ိုင်းဝန်းကူညီမှုကိုလိုတယ်။ အားလုံးက အသီးသီးကိုယ့်မှာ တာဝန်ရှိတယ်ဆိုတာကို နားလည် ဖို့လိုတယ်။ လူငယ်တွေမှာလည်း တာဝန်ရှိတယ်နော်။ ကိုယ့်ဘ၀ကို ကိုယ်ထူထောင်ရမှာ။ ကိုယ့်ဘ၀ကို ကိုယ်လျှောက်လှမ်းသွားရမှာ။ ဟိုလူ့ကြောင့် ဒီလူ့ကြောင့်မဖြစ် မြောက်တာလို့ပြောပေမယ့် နောက်ဆုံးကျတော့ ခံရတာ ကိုယ်ပဲ ခံရမှာ။ အဲတော့အားလုံးမှာ လူကြီး တွေမှာလည်း တာဝန်ရှိတယ်။ လူကြီးတွေကကိုယ်မွေးခဲ့တဲ့ လူငယ် တွေ၊ ကလေးတွေ၊ ကိုယ်ပြုစုပျိုး ထောင်ရမယ့် သူတွေအပေါ်မှာ လည်း တာဝန်ရှိတယ်။ လူကြီး၊ လူငယ်၊ လူလတ်မရွေးအားလုံးဟာ ငါတို့ဟာ တာဝန်ကိုထမ်းဆောင်နေ တဲ့လူတွေဆိုတဲ့ စိတ်ဓာတ်ဖြစ်ရ မယ်။ အဲဒီလိုစိတ်ဓာတ်ရှိမှ အောင် မြင်နိုင်မှာပါ။ အဲဒီထဲမှာ ၀န်ထမ်း တွေလည်းပါတယ်ပေါ့နော်။ ၀န် ထမ်းတွေကလည်း တို့ဟာပြည်သူ့ အတွက် တာဝန်ထမ်းဆောင်နေ တယ် ဆိုတဲ့စိတ်ဓာတ်ရှိစေချင်တယ်။ အဲဒီလိုဝန်ထမ်းတွေရှိမှ ကျွန်မတို့ နိုင်ငံ တိုးတက်မယ်။ ဒီတော့ . . . အမေစုရှိတိုင်း ထမင်းမရှိဘူး။ အမေစုကို ထမင်းချက်ရအောင် ၀ိုင်းပြီးတော့ရှာပေးရမှာ။ ကျွန်မတို့ ဟာ ညီညီညွတ်ညွတ်နဲ့လျှောက် သွားမယ်ဆိုလို့ရှိရင် ဘယ်လိုအခက် အခဲမျိုးကိုမဆိုကျော်လွှားနိုင်တယ်။ အခု ဒီကွင်းမှာလာသလိုပေါ့နော်။ တကယ်လို့ လမ်းမှာလာတာ ပင် ပန်းပါတယ်။ ဖုန်တွေကလည်း တ သောသောနဲ့ နေကလည်းပူလို့ ဒါပေမယ့်အားလုံးဟာ ညီညွတ်တဲ့ စိတ်ဓာတ်ရှိတဲ့အခါကျတော့ ပျော် ပျော်ရွှင်ရွှင်နဲ့ ပြေးလား လွှားလား နဲ့ အားလုံးဟာလမ်းမှာလာခဲ့ကြတယ်။ တချို့များအော်လိုက်ကြတာ လည် ပင်းကိုကွဲမလားမသိဘူး။ မနက်ဖြန် ကျလို့ရှိရင် လည်ပင်းနာနေလို့ရှိရင် ဒေါ်စုစုလွင်တာဝန်ထားလိုက်။ ဒီမြို့နယ်ရဲ့ ကိုယ်စားလှယ်လောင်း ဆိုတော့ လည်ပင်းနာတဲ့သူတွေ အားလုံးဒေါ်စုစုလွင်တာဝန်လို့ပဲ ထားလိုက်ကြ။ ဒေါ်စုစုလွင်ကို မဲပေး ကြပါဆိုတာ။ ဒီတော့ အခုလိုအ ချိန်မှာ ကျွန်မပြောခွင့်ရတာဟာ အင်မတန်မှရှားပါတယ်။ အများ အားဖြင့် ကျွန်မပြောတဲ့အချိန်ဆိုရင် မွန်းတည့်ပြီးတော့ နေအင်မတန်မှ ပူပြင်းနေတဲ့အချိန်တွေဖြစ်တယ်။ အခုဒီနေ့တော့ သုံးခွကိုရောက်လာ တဲ့အချိန်မှာ သုံးခွညနေဟာလည်း စောင်းနေပြီဆိုတော့ အေးအေးဆေး ဆေးရှိတယ်။ ဒါကြောင့်မို့ ပြည်ငသူ အနေနဲ့လည်း ဆက်ပြီးတော့ အပူ ဒဏ်တွေကနေလွတ်မြောက်ပြီး တော့ အေးဆေးနိုင်မယ်ဆိုတဲ့ လက်္ခဏာဖြစ်တယ်လို့ ကျွန်မမျှော် လင့်ပါတယ် . . .။

................

................

ကျွန်မတို့ဟာပြည်သူလူထုအား ပေးမှုမရှိဘဲနဲ့ ဘာမှလုပ်လို့မရပါ ဘူး။ နိုင်ငံရေးပါတီဆိုပြီးတော့ နိုင် ငံ ရေးလုပ်နေတဲ့ ပုဂ်္ဂိုလ်ဆိုပြီးတော့ ပြည်သူရဲ့ထောက်ခံမှုမလိုဘူးဆိုလို့ ရှိရင် ဒီလူကတော့တစ်ခုခုလွဲနေပြီ။ ကျွန်မတို့ဟာ ပြည်သူတွေရဲ့ထောက် ခံမှုကိုလိုပါတယ်။ လိုလို့လည်း ကျွန် မတို့ တောင်းခံတာဖြစ်ပါတယ်။ တောင်းခံတဲ့အတိုင်းပဲပေးကြပါလို့ မေတ်္တာပ်ခံပါတယ်။

အခု ကျွန်မနိဂုံးချုပ်စကားလေး ပြောပါရစေ။ ဒီနိဂုံးချုပ်စကားလေး ဟာဘာလည်းဆိုတော့ လမ်းတစ် လမ်းလုံးမှာဆိုရင် ကျန်းမာချမ်းသာ ကြပါစေဆိုပြီးတော့ ကျွန်မကို ဆု မွန်ကောင်းတောင်းပေးကြပါတယ်။ ကျွန်မကလည်း ပြည်သူတွေကို ကျန်းမာစေချင်တယ်။ ချမ်းသာစေ ချင်တယ်။ ပြည်သူတွေရဲ့ ကောင်း ကျိုးလိုရာဆန္ဒတွေအားလုံးပြည့်စေ ချင်တယ်။ ဒီလိုဖြစ်ဖို့ဆိုတာ ကျွန်မ တို့အများကြီးအလုပ်လုပ်ရမယ်။ ကျွန်မတို့ အလုပ်လုပ်ရမှာမကြောက် ပါဘူး။ အလုပ်လုပ်ရမှာဆိုတာ က ကြောက်စရာလည်းမဟုတ်ဘူး။ ကျွန်မတို့ယုံကြည်ချက်အပြည့်နဲ့ ပြည်သူကတာဝန်ကိုအပ်နှင်းတယ် ဆိုလို့ရှိရင် အတတ်နိုင်ဆုံး လုပ်ပေး ပါမယ်။ ဒါကြောင့် ကျွန်မတို့ ပြည် သူတွေ ကျန်းမာပါစေ၊ ချမ်းသာပါစေ လို့ပေးတဲ့ ကျွန်မရဲ့ဆုတွေ အမြန် ဆုံးပြည့်နိုင်ပါစေလို့ ဆုတောင်းပေး လိုက်ပါတယ် .. . ။

ကျေးဇူးတင်ပါတယ်။


သတင်း... The Express Times