01 March 2012

ဒေါ်အောင်ဆန်းစုကြည် ရှမ်းပြည်နယ် သို့ရောက်ရှိပြီး အောင်ပန်းမြို့သို့ ဆက်လက်ထွက်ခွာ

ဒေါ်အောင်ဆန်းစုကြည် သည် ရှမ်းပြည်နယ် ဟဲဟိုးလေဆိပ်သို့ နံနက်၈ နာရီ ၂၀ ၀န်းကျင် ဆိုက်ရောက်လာပြီး ယခုအခါ အောင်ပန်းမြို့သို့ ထွက်ခွာသွားနေပြီဖြစ်သည်။ အောင်ပန်းမြို့ ဟိုင်ဒရိုကွင်းတွင် နံနက် ၁၀ နာရီတွင် လူထုအားဟောပြောပွဲ စတင်မည်ဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်က သွားရောက်တွေ့ဆုံရန် စီစဉ်ထားသည့် စာရေးဆရာကြီး ဒဂုံတာရာက အောင်ပန်းဟိုင်ဒရိုကွင်းတွင် ဒေါ်အောင်ဆန်းစုကြည်အား လာရောက်စောင့်ဆိုင်းနေသည်ဟု သတင်းရရှိသည်။

သတင်း.... Yangon Press International