ဟိုတယ်နှင့် ခရီးသွားလာရေး လုပ်ငန်းဝန်ကြီးဌာန မှလက်ရှိ ငှားရမ်းထားသော 
ဟိုတယ် ၇လုံးကို ပြည်တွင်း ပြည်ပလုပ် ငန်းရှင်များ လုပ်ကိုင်နိုင်ရန် အတွက်
 တင်ဒါခေါ်ယူကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။
ဟိုတယ်လုပ်ငန်းများလုပ်ကိုင်နိုင်ရန် အတွတ်တင်ဒါ တင်ငှားရမ်းရန် ရှိသည့် 
ဟိုတယ်များတွင် ကျိုက်ထို၊ ရန်ကုန်၊ မန္တလေး၊ ကလော၊ ပင်းတယ၊ ကော့သောင်း၊ 
လက်ခုပ်ကုန်း ယှဉ် ဟိုတယ်များပါဝင်ပြီး ဟိုတယ်နှင့် ခရီးသွားလာရေး 
လုပ်ငန်းဝန်ကြီးဌာန သတ်မှတ်ပေးသည့် ရင်းနှီးမြုပ်နှံမှု တန်ဖိုးအတိုင်း 
ဆောင်ရွက်ရမည်ဟု ဖော်ပြပါရှိသည်။
ထပ်မံငှားရမ်းရန် 
တင်ဒါခေါ်ထားသည့် စာရင်းတွင်လုပ်ငန်းရှင်များအတွက် လေလံဈေးများ ကြီးမြင့် 
လွန်းနေသည် ဟုနာမည်ကြီးသည့်  ကျိုက်ထီးရိုး စေတီ အနီးရှိ နာမည်ကျော်  
ကျိုက်ထိုဟိုတယ် နှင့် ကလောမြို့ရှိ ကလော ဟိုတယ်တို့ ပါဝင်ကြောင်း 
ခရီးသွားလုပ်ငန်းရှင် တစ်ဦးကပြောကြားသည်။
သတင်း..... The Voice
