ရခိုင်ပြည်နယ်၊ သံတွဲတွင် လှုပ်ရှားမှုကိုဖြစ်စေနိုင်သည်ဟုယူဆ၍ တရားစွဲဆိုထားကြောင်း ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် ကျောင်သား(၃)ဦးအား
သံတွဲအကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်း သတင်းရရှိသည်။
သံတွဲမှ ညီမင်းခန့်၊ ခိုင်ဇော်ဆန်း၊ နိုင်ရဲဦး၊ ဂွမြို့နယ်မှ သန့်စင်ဖြိုး ကျောင်းသား(၄)ဦးအား ဇူလိုင်လ(၂၀)ရက်နေ့က ဖမ်းဆီးသွားပြီး (၂၆)ရက်နေ့
ရုံးထုတ်ရာတွင် သန့်စင်ဖြိုးမှာ အာမခံချက်ဖြင့် ပြန်လွတ်လာပြီး လက်ရှိတွင် ကျန်(၃)ဦးမှာ ပြစ်မှုဆိုင်ရာကျင့်ထုံး ဥပဒေပုဒ်မ ၅၀၅(ခ)ဖြင့် သံတွဲထောင်တွင်
ဖမ်းဆီးထားကြောင်း သိရသည်။
အဆိုပါကျောင်းသား(၄)ဦးအား ဇွန်လ(၁၂)ရက်နေ့က ပထမတစ်ကြိမ်ဖမ်းဆီးခဲ့ပြီး ညနေ(၆)နာရီခန့်တွင် ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။
“ ညီမင်းခန့်တို့က (၁၁)ရက်နေ့တွင် သပြုချိုင်ကို ကားအငှားလိုက်သွားတာ၊ ဖမ်းဆီးခံရတာမှာပါတဲ့ သူငယ်ချင်းတွေလည်း
လိုက်သွားတာ၊ ပြန်လာတော့ ညနေ(၆)နာရီကျော်တာနဲ့ အိမ်ကိုသူပြန်မလာနိုင်တော့ဘဲ ပဒဲကိုကသူငယ်ချင်းအိမ်မှာ အိပ်တာ၊ (၁၂)ရက်နေ့က
အဲ့ဒီအိမ်မှာလာခေါ်သွားတာ၊ (၁၃)ရက်နေ့ ညနေ(၁၂)နာရီမှာ ရဲတွေကိုယ်တိုင် လာပို့သွားပါတယ်။ ” ဟု ညီမင်းခန့် မိခင်ကပြောသည်။
ဇွန်လ(၂၀)ရက်နေ့ ညနေ(၆)နာရီတွင် ဒုရဲအုပ်စိုးလွင်မှ ပြန်လာပို့မည်ဟု ခေါ်သွားကာ ယခုထက်ထိ ဖမ်းဆီးခံနေရကြောင်း သူကဆက်ပြောသည်။ ညီမင်းခန့်၊
ခိုင်ဇော်ဆန်း၊ နိုင်ရဲဦး၊ သန့်စင်ဖြို့တို့ကိုလည်း အဆိုပါနေ့က ဖမ်းဆီးခံခဲ့ရပြီး သန့်စင်ဖြိုးမှာ ပြန်လည်လွတ်မြောက်လာသော်လည်း ကျန်သုံးဦးမှာ
ဆက်လက်ဖမ်းဆီးခံနေရဆဲဖြစ်သည်။
ပုဒ်မ ၅၀၅(ခ)မှာ နိုင်ငံတော် အစိုးရ(သို့) နိုင်ငံတော်ငြိမ်ဝမ်ပိပြားရေးကို ထိခိုက်သည့်ပြစ်မှုကို တစ်ဦးတစ်ယောက်သောသူက အများပြည်သူကိုသော်လည်းကောင်း၊
လူတစ်စုကို သော် လည်းကောင်း၊ ကြောက်ခြင်း၊ ထိတ်လန့်ခြင်း အကြံရှိလျှင် သို့မဟုတ် ထိုသို့ဖြစ်စေလျှင် ဤပြစ်မှုမြောက်သည်ဟု သိရသည်။
ညီမင်းခန့်နှင့် ဖမ်းဆီးခံနေရသော ကျောင်းသားများသည် သပြုချိုင် ဆိပ်ကမ်းတွင် ဘင်္ဂလီမူဆလင်များ ထုတ်ဝေထားသော စာရွက်တစ်ရွက်ကို ဈေးဆိုင်မှ အမျိုးသမီးတစ်ဦးအား
သွားရောက်ပြသခြင်းကို တရားလိုဘက်မှ လှုပ်ရှားမှုကိုဖြစ်စေနိုင်သည်ဟု ယူဆ၍ တရားစွဲဆိုထားကြောင်း သိရသည်။
တရားလိုမှာ မြို့နယ်ရဲတပ်ဖွဲ့မှူး ဦးသောင်းလေးဖြစ်ပြီး သူ၏ဇနီးမှာ အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်ကြောင်း စုံစမ်းသိရှိရသည်။
ဖမ်းဆီးခံရသူ လေးဦးအား ပထမတစ်ကြိမ်ဖမ်းဆီးခံရပြီး ၇ ရက်မြောက်နေ့တွင် ဒုတိယတစ်ကြိမ် ထပ်မံဖမ်းဆီးခံရခြင်းဖြစ်ရာ ယခုလက်ရှိတွင် တရာလိုဖြစ်သူ ဦးသောင်းလေး၏ ဇနီး မူဆလင်ဘာသာဝင် အမျိုးသမီးက ငွေကြေးပေးကာ တဘက်သတ် ပြစ်မှု မြောက်အောင် ဖန်တီးနေခြင်းဟု သံတွဲမြို့ ဗုဒ္ဓဘာသာဝင်အများစုက ဝေဖန်ပြောဆို နေကြောင်းသိရသည်။
အာမခံဖြင့် လွတ်မြောက်လာသူ သန့်စင်ဖြိုးမှာ အသက် ၁၉ နှစ် ဂျီတီအိုင်ကျောင်းသားဖြစ်ပြီး ညီမင်းခန့်( အသက်- ၂၀) မှာ သံတွဲမြို့ ဗောထိကုန်းရပ်ကွက်မှ ဦးဘသိန်၏ သားဖြစ်ပြီး ၎င်းမှာ မြန်မာစာ စစ်တွေ အဝေးသင် ပထမနှစ်၊ နိုင်ရဲဦးမှာ သံတွဲ၊ သရက်ပင်ကွင်းရွာ ဦးအောင်ထွန်းကြည်၏ သားဖြစ်ပြီး စစ်တွေ အဝေးသင် သမိုင်ပထမနှစ် နှင့် ခိုင်ဇော်ဆန်း ( အသက်- ၁၇နှစ်)မှာ ၁၀ တန်းကျောင်းသားဖြစ်ပြီး သံတွဲကြေးနန်းရုံးမှ ဦးမင်းဇော်၏ သားဖြစ်ကြောင်းသိရသည်။
အဆိုပါဖမ်းဆီးခံနေရသူ ကျောင်းသား(၃) ဦးအား လာမည့်သြဂစ်လ ၉ ရက်နေ့တွင် ထပ်မံရုံးချိန်းထားကြောင်း သတင်းရရှိသည်။
သတင်း...Arakan Times