17 July 2012

ကုလဝန်ထမ်းများလွတ်မြောက်ရေး UNHCR တောင်းဆိုမှု မြန်မာငြင်းပယ်


ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သည့် ရိုပာင်ဂျာအကြမ်းဖက်မှုပဋိပက္ခများတွင် ဖမ်းဆီးခံခဲ့ရသည့် ကုလသမဂ္ဂဝန်ထမ်းများ ပြန်လွှတ်ပေးရန် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မပာာမင်းကြီး(Antonio Guteries)၏ တောင်းဆိုမှုအား မြန်မာနိုင်ငံဘက်မှ ငြင်းပယ်လိုက်ကြောင်း ဂျီနီဗာအခြေစိုက် ကုလသမဂ္ဂရုံး၏ ထုတ်ပြန်ကြောင်း ပြည်တွင်းသတင်းမီဒီယာများတွင် ဖော်ပြပါရှိသည်။
ရခိုင်ပြည်နယ်အတွင်း ဇွန်လကအတွင်းက ဖြစ်ပွားခဲ့သည့် ပဋိပက္ခများနှင့်ပတ်သက်၍ မသင်္ကာမှုဖြင့် UNHCR မှ ဝန်ထမ်းသုံးဦးအပါအဝင် UN မှ ဝန်ထမ်း ၁၀ဦးကို မြန်မာနိုင်ငံ၏ သက်ဆိုင်ရာတာဝန်ရှိသူများက ထိန်းသိမ်းခဲ့ပြီး ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မပာာမင်းကြီးရုံး UNHCR မှ ဝန်ထမ်း ဒေါ်ချိုလေးမာခါတုန်နှင့် ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့မှ ဝန်ထမ်းနှစ်ဦးတို့ကို ပုဒ်မ ၁၅၃၊ ၁၄၇ ဆူပူမှုဖြစ်စေရန် လှုံဆော်မှု၊ ပုဒ်မ ၅၀၅ နိုင်ငံတော် အကြည်ညိုပျက်စေမှုတို့ဖြင့် ပြီးခဲ့သည့် ဇူလိုင် ၉ ရက်နေ့တွင် မောင်တောတရားရုံးတွင် ရုံးတင်စစ်ဆေးခဲ့ကြောင်း သိရသည်။
ထို့ပြင် မောင်တောမြို့အကြမ်းဖက်မှုတွင် ဦးဆောင်ပါဝင်သည်ပာု သံသယဖြစ်ခံရသည့် ဒေါက်တာထွန်းအောင်ကို ဆူပူမှုဖြစ်စေရန် လှုံဆော်မှု ပုဒ်မ ၁၄၇၊ နိုင်ငံတော်အကြည်ညိုပျက်စေမှု ၅၀၅(ခ)၊ လိမ်လည်မှု ပုဒ်မ ၄၂၀၊ ၄၆၈၊ ပုဒ်မ၆(၁)၊ ပုဒ်မ ၁၅၃ တို့ဖြင့် စစ်တွေခရိုင်တရားရုံးတွင် စစ်ဆေးခဲ့ ကြောင်း UNHCR မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ထို့ပြင် ပြီးခဲ့သည့် ဇူလိုင် ၁၁ ရက်နေ့တါင် နေပြည်တော်၌ နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ကုလသမဂ္ဂဒုက္ခသည်များဆိုင်ရာ မပာာမင်းကြီး Mr.Antonnio Guterrs ဦးဆောင်သောကိုယ်စားလှယ်အဖွဲ့တို့တွေ့ဆုံခဲ့ရာတွင် ပြည်တွင်းသို့ တိုင်းရင်းသားမဟုတ်ဘဲ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို လက်ခံရန် မည်သို့မျှမဖြစ်နိုင်ကြောင်းနှင့် နောက်ဆုံးဖြေရှင်းမည့်နည်းလမ်းမှာ ခိုးဝင်လာသည့် ရိုဟင်ဂျာများကို UNHCR သို့ အပ်နှံပြီး ဒုက္ခသည်စခန်း အဖြစ် ထားရှိ၍ UNHCR က ကျွေးမွေးစောင့်ရှောက်ပေးရန် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ တောင်းဆိုမှုအပေါ် UNHCR က ငြင်းဆိုခဲ့ကြောင်း သိရ သည်။
ရခိုင်ပြည်နယ်အတွင်း ဘင်္ဂါလီရိုပာင်ဂျာများနှင့် ရခိုင်တိုင်းရင်းသားတို့၏ ပဋိပက္ခများမှ အခြေခံ၍ လူပေါင်း ၈၀ထက်မနည်း သေဆုံးခဲ့ပြီး နေအိမ် ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။

သတင်း...  yangonchronicle