15 July 2012

ဇူလိုင်လအတွင်း ပြည်ထောင်စုဝန်ကြီးငါးဦး အပြောင်းအလဲဖြစ်ဖွယ်ရှိ


ဇူလိုင်လအတွင်း ပြည်ထောင်စုဝန်ကြီးငါးဦးကို ဝန်ကြီးဌာန အပြောင်းအလဲ လုပ်နိုင်ဖွယ်ရှိကြောင်း ပြည်ထောင်စုအစိုးရအဖွဲ့မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရသည်။
“ဒီရက်ပိုင်းအတွင်းမှာ ဝန်ကြီးငါးဦးကို အပြောင်းအလဲလုပ်ဖွယ် ရှိပါတယ်။ ပြည်ထောင်စုလွှတ်တော် ခေါ်ယူမယ့်အချိန်ကျမှာသာ လစ်လပ် ဒုတိယနေရာနဲ့ ဝန်ကြီးဌာနအပြောင်းအလဲပိုလုပ်မယ့် ကိစ္စတွေကို လုပ်ဆောင်မယ်လို့ထင်ပါတယ်။”ပာု အထက်ပါပုဂ္ဂိုလ်က ဆက်လက်ဆိုသည်။
၂၀၁၂ ဇူလိုင်လ ၉ ရက်နေ့တွင် နိုင်ငံတော်သမ္မတရုံးမှ ဦးသန့်ရှင်းအား သမ္မတရုံးဝန်ကြီးဌာန(၁) ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးချန်မောင်အား ရထားပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဦးပာန်စိန်အား ပို့ဆောင်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် လည်းကောင်း၊ ဦးဝင်းသန်းအား ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း၊ ဒေါက်တာမျိုးမြင့်အား ပညာရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းလဲတာဝန်ပေးအပ်ခဲ့ကြောင်း နိုင်ငံပိုင်သတင်းစာများတွင် ထုတ်ပြန်ကြေညာခဲ့သည်။
“ဝန်ကြီးဌာနတွေက အပြောင်းအလဲလုပ်ဆောင်သင့်နေပါပြီ။ မြန်မာနိုင်ငံမှာ လက်ရှိဖွဲ့စည်းထားတဲ့ ဝန်ကြီးဌာနအချို့ပာာ မလိုအပ်ပဲ ဖွဲ့စည်း ထားတဲ့ ဝန်ကြီးဌာနတွေလည်း ရှိပါတယ်။ ဥပမာ ပြန်ကြားရေးဝန်ကြီးဌာနဆို နိုင်ငံတကာမှာ ဘယ်နိုင်ငံမှမရှိဘူး။ ဒါပာာ မလိုအပ်ပဲဖွဲ့စည်းထားတာပါ။ ဒီကိစ္စတွေကိုလည်း သေသေချာချာစိစစ်ကိုင်တွယ်ဖို့လိုပါတယ်”ပာု မြန်မာ့အရေးလေ့လာနေသူတစ်ဦးက ဆိုသည်။
ထို့ပြင် မြန်မာနိုင်ငံအတွင်းရှိ အခြေခံပြည်သူလူထုအား နိုင်ငံတကာနည်းတူ လူမှုရေးအထောက်အပံ့များ ပေးအပ်နိုင်ရန် ဝန်ကြီးဌာနပေါင်းစုံမှ နိုင်ငံတော်အဆင့် အဆင့်မြင့်ကော်မတီတစ်ရပ်ဖွဲ့စည်းဆောင်ရွက်သွားမည်ဖြစ်ပြီး ယင်းကော်မတီဖွဲ့စည်းနိုင်ရန် ပြည်တွင်း၊ ပြည်ပပညာရှင်များနှင့် ပူးပေါင်းညှိနှိုင်းဆွေးနွေး၍  ပူးပေါင်းဆောင်ရွက်မှုရလဒ်ကို နိုင်ငံတော်သမ္မတရုံးသို့ တင်ပြသွားမည်ဖြစ်ကြောင်း လူမှုဖူလုံရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။

သတင်း.....  Transparency Myanmar