17 July 2012

လစ်လပ်နေတဲ့ ဒုတိယသမ္မတနေရာအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က အမည် စာရင်းတင်သွင်းမှု အပြောင်းအလဲရှိလာနိုင်

လစ်လပ်နေတဲ့ ဒုတိယသမ္မတနေရာအတွက် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့က အမည် စာရင်းတင်သွင်းမှု အပြောင်းအလဲရှိလာနိုင်ကြောင်း လွှတ်တော်ကိုယ်စားလှယ်တွေရဲ့ ပြောဆိုချက်ကို ကိုးကားပြီး လွှတ်တော်မှာ သတင်းယူနေတဲ့ ဒီဗွီဘီ သတင်းထောက်ကပြောပါတယ်။ ဒုတိယသမ္မတအဖြစ် အမည်စာရင်း တင်သွင်း ခံထားရတဲ့ ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေမှာ့ မိသားစုကိစ္စတွေ ရှိနေတာကြောင့် အပြောင်း အလဲရှိနိုင်ပြီး ဒီကိစ္စအတွက် ဒုတိယသမ္မတစိစစ်ရေးအဖွဲ့ကပြန်စိစစ်နေတယ်လို့ဆိုပါတယ်။ ပြီးခဲ့တဲ့ သတင်းပတ် တွေတုန်းက ဒုတိယသမ္မအဖြစ် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကို အမည်စာရင်းတင်သွင်းဖို့ လျှာထား ကြောင်း တပ်မတော်သားလွှတ်တော် ကိုယ်စားလှယ်တွေက လူသိရှင်ကြား ထုတ်ဖော်ပြောဆိုခဲ့တာပါ။ အဲ့ဒီနောက် ပိုင်းမှာတော့ ဦးမြင့်ဆွေရဲ့ မိသားစုဝင်တစ်ချို့  နိုင်ငံခြားသားအဖြစ် ခံယူထားတယ်ဆိုတဲ့ အချက်အလက်တွေ တွေ့ရတဲ့အတွက် အပြောင်းအလဲဖြစ်နိုင်တယ်ဆိုတဲ့သတင်းတွေ ထွက်ပေါ်လာတာ ဖြစ်ပါတယ်။
သတင်း....  DVB