လွှတ်တော်ကိုယ်စားလှယ်တွေကျမ်းသစ္စာကျိန်ဆိုတဲ့အခါ အခြေခံဥပဒေကို ထိမ်းသိမ်း ကာကွယ် စောင့်ရှောက်ပါမည်ဆိုတဲ့စကားရပ်နဲ့ကျိန်ဆိုရမှာကို အခြေခံဥပဒေကိုလေးစားလိုက်နာပါမည်ဆိုတဲ့ စကားရပ်နဲ့ပြင်ဆင်ပေးဖို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အစိုးရကိုတင်ပြထားတဲ့ကိစ္စနဲ့ ပတ်သက် လို့ နေပြည်တော်အခြေခံဥပဒေခုံရုံးကဒီစကားရပ်ကိုပြန်လည်ပြင်ဆင် ရေးသားဖို့ မလိုတဲ့အကြောင်း NLD ကို ဒီနေ့ ခေါ်ယူပြောဆိုလိုက်ပါတယ်။
အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဖိတ်ခေါ်ပြီး ရှင်းပြခဲ့တဲ့အတွက် NLD ပါတီ အတွင်းရေးမှူး ဦးဥာဏ်ဝင်း သွားရောက်ခဲ့တဲ့နောက်မှာ NLD ရဲ့တင်ပြချက်အဆင်မပြေသေးကြောင်း သိရတာပါ။
ဒါနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်း က RFA ကို အခုလိုပြောပါတယ်။
"ဆောင်ရွက်နေတာ အဆင်မပြေသေးဘူးပေါ့လေ။ Interpretation လိုင်းကိုတင်ပြတော့ ဒါကို မဆိုင်ဘူးဆိုတဲ့အကြောင်းသူက ရှင်းပြတာ။ အဲဒါပါပဲ။ ပြင်ပေးရန် အကြုံးမ၀င်ဘူးပေါ့။ ပြင်ပေးလို့ မရဘူးမဟုတ်ဘူး။ ဒီရုံးအနေနဲ့ ပြောတာပေါ့နော်။ အခြေခံ ဥပဒေ ခုံရုံးပါ။"
အခုပြောဆိုချက်ဟာ အခြေခံဥပဒေခုံရုံးရဲ့ သဘောထားတခုပဲဖြစ်သေးတဲ့ အတွက် သမတအပါအဝင် အစိုးရတဖွဲ့လုံးရဲ့ သဘောထားမဟုတ်သေးဘူးလို့ ဦးဥာဏ်ဝင်းကပြောပါတယ်။
အခုလို အခြေခံဥပဒေခုံရုံးကပြောဆိုလိုက်တာကြောင့် လာမယ့် ၂၃ ရက်နေ့ မှာ ပြန်လည်ကျင်းပမယ့် လွှတ်တော်အစည်းအဝေးတွေကို NLD ကိုယ်စားလှယ်တွေ တက်ရောက်နိုင်ဖို့ ဖြစ်နိုင်ချေမရှိသေးဘူး လို့လည်း ဦးဥာဏ်ဝင်းကပြောပါတယ်။
နိုင်ငံရေးပါတီတည်ထောင်လိုသူတွေအနေနဲ့ အခြေခံဥပဒေကိုထိမ်းသိမ်းကာကွယ်စောင့်ရှောက် ပါမည်လို့ ကတိပြုရတာကိုအခြေခံဥပဒေကိုလေးစားလိုက်နာပါမည်ဆိုတဲ့စကားရပ်နဲ့ ရွေးကောက်ပွဲကော်မရှင်ဥပဒေမှာ ပြင်
ဆင်ပေးခဲ့တဲ့အတွက် NLD အနေနဲ့ ပါတီမှတ်ပုံပြန်တင် ပြီး၊ ရွေးကောက်ပွဲဝင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်၊ လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ်ရွေးချယ်တင်မြှောက်ခံရတဲ့ အခါမှာလဲ ဒီစကားရပ်နဲ့ကျန်းကျိန်ရမှာဖြစ်တဲ့အတွက် အခြေခံဥပဒေပြင်ဆင်နိုင်ဖို့ ရည်ရွယ်ထားတဲ့ NLD အနေနဲ့ ဒီ ကာကွယ်စောင့်ရှောက် ပါမည်ဆိုတဲ့ စကားရပ်ကို ပြင်ဆင်ခွင့်တင်ပြထားတာဖြစ်ပါတယ်။
သတင်း... RFA
အခြေခံဥပဒေခုံရုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က
ဒါနဲ့ ပတ်သက်လို့ ဦးဥာဏ်ဝင်း က RFA ကို အခုလိုပြောပါတယ်။
"ဆောင်ရွက်နေတာ အဆင်မပြေသေးဘူးပေါ့လေ။ Interpretation လိုင်းကိုတင်ပြတော့ ဒါကို မဆိုင်ဘူးဆိုတဲ့အကြောင်းသူက ရှင်းပြတာ။ အဲဒါပါပဲ။ ပြင်ပေးရန် အကြုံးမ၀င်ဘူးပေါ့။ ပြင်ပေးလို့ မရဘူးမဟုတ်ဘူး။ ဒီရုံးအနေနဲ့ ပြောတာပေါ့နော်။ အခြေခံ ဥပဒေ ခုံရုံးပါ။"
အခုပြောဆိုချက်ဟာ အခြေခံဥပဒေခုံရုံးရဲ့ သဘောထားတခုပဲဖြစ်သေးတဲ့ အတွက် သမတအပါအဝင် အစိုးရတဖွဲ့လုံးရဲ့ သဘောထားမဟုတ်သေးဘူးလို့ ဦးဥာဏ်ဝင်းကပြောပါတယ်။
အခုလို အခြေခံဥပဒေခုံရုံးကပြောဆိုလိုက်
နိုင်ငံရေးပါတီတည်ထောင်လိုသူတွေ
ဆင်ပေးခဲ့တဲ့အတွက် NLD အနေနဲ့ ပါတီမှတ်ပုံပြန်တင် ပြီး၊ ရွေးကောက်ပွဲဝင်နိုင်ခဲ့ပါတယ်။
ဒါပေမယ့်၊ လွှတ်တော်ကိုယ်စားလှယ်တွေ အဖြစ်ရွေးချယ်တင်မြှောက်ခံရတဲ့ အခါမှာလဲ ဒီစကားရပ်နဲ့ကျန်းကျိန်ရမှာဖြစ်