ဂျပန်အစိုးရက မြန်မာနိုင်ငံအပေါ်တင်ရှိနေတဲ့ အကြွေးယန်းငွေ ဘီလျံ ၃၀၀ ကို ပယ်ဖျက်ပေးမဲ့အကြောင်း ဧပရယ်လ ၁၉ ရက်ထုတ် Asahi Shimbun သတင်းစာမှာ ရေးသားထားပါတယ်။ အဲဒီငွေပမာဏဟာ အမေရိကန်ဒေါ်လာ ၃ ဒဿမ ၇ ဘီလျံနဲ့ ညီမျှပါတယ်။ ဒီကိစ္စကို လာမဲ့စနေနေ့ တိုကျိုမှာ မြန်မာသမ္မတ ဥိးသိန်းစိန်နဲ့ ဂျပန်ဝန်ကြီးချုပ် Yoshihiko Noda တို့ တွေ့ဆုံတဲ့အခါ တရားဝင် ကြေငြာမယ်လို့ သိရပါတယ်။ အကြွေးတွေလျှော့ပေးပြီးတဲ့နောက်မှာ ဂျပန်အစိုးရရဲ့ အကူအညီပေးရေး အစီအစဉ်တွေကို ပြန်စမဲ့အကြောင်း လည်း Asahi Shimbun သတင်းမှာ ရေးသားထားပါတယ်။
သတင်း.... DVB TV News
သတင်း.... DVB TV News