08 August 2011

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အား ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တွေ့ဆုံရန်ရှိသည်ဟု ဦးဌေးဦးမှ ပြောကြား

သြဂုတ်လ ၅ ရက်နေ့တွင် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလုပ်ငန်းရှင်များ အသင်းချုပ်ရုံးတွင် ကျင်းပသော မြန်မာနိုင်ငံ ဆန်စပါးအသင်းနှင့် ဦးဌေးဦးတို့ တွေ့ဆုံမှု တွင် ပြည်ခိုင်ဖြိုး ပါတီအနေဖြင့် ဒေါ်အောင်ဆန်းစုကြည်နှင့် တွေ့ဆုံရန်ရှိသည်ဟု ဦးဌေးဦးမှ သတင်းထောက်များအား ပြောကြား ခဲ့သည်။

မြန်မာနိုင်ငံ ဆန်စပါးအသင်းနှင့် ဦးဌေးဦးတို့တွေ့ဆုံမှုအပြီး သတင်းထောက် များနှင့် တွေ့ဆုံ စဉ် ဒေါ်အောင်ဆန်းစုကြည်အား ပြည်ခိုင်ဖြိုးပါတီမှ တွေ့ဆုံရန်ရှိသည်ဟု ဦးဌေးဦးမှ ပြောကြားခဲ့ပြီး အသေးစိတ် အချက်အလက်များကိုတော့ ပြောကြားခဲ့ခြင်း မရှိကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည်အားတွေ့ဆုံရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ တရားဝင် ဖိတ်ကြားထားခြင်း မရှိသေးကြောင်း အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးမှ ပြောကြားသည်။

နေပြည်တော်တွင် ကျင်းပမည့် အမျိုးသားအဆင့် စီးပွားရေး အလုပ်ရုံဆွေးနွေးပွဲသို့ တက်ရောက် ရန် ဒေါ်အောင်ဆန်းစုကြည်အား ဖိတ်ကြား ထားကြောင်း ၎င်းက ဆက်လက်ပြောကြားသည်။

သတင်း... YC