10 August 2011

မြန်မာလူနာနှစ်ဦး ထိုင်းဘုရင်မွေးနေ့ ၈ုဏ်ပြုအစီအစဉ်အရ အခမဲ့ဆေးကုသခွင့်ရ

ကမ္ဘာ့နန်းသက် အရှည်ဆုံး ထိုင်းဘုရင်၏ သက်တော် ၈၄ နှစ်မြောက်မွေးနေ့ကို ဂုဏ်ပြုသော အားဖြင့် မြန်မာနိုင်ငံမှ နှလုံးရောဂါ ဝေဒနာသည်နှစ်ဦး ထိုင်းနိုင်ငံရှိ ဖရားထိုင်းဆေးရုံကြီး တွင် ဝေဒနာ ပျောက်ကင်းသည်အထိ ဆေးဝါး ကုသခွင့်ရရှိခဲ့ကြောင်း ယင်းဆေးရုံ ကြီး၏မြန်မာပြည် ကိုယ်စားလှယ် ထံမှ သိရသည်။

ယင်းဝေဒနာသည် နှစ်ဦးမှာ မှော်ဘီမြို့နယ်မှ သက်တော် ၅၁ နှစ်အရွယ်ရှိ ရဟန်းတစ်ပါးဖြစ်သူ အရှင်ဦးတေဇနှင့် ဒဂုံမြို့သစ် တောင်ပိုင်းမြို့နယ်မှ အသက် ၄၇ နှစ်အရွယ်ရှိ ဒေါ်ကြည်ကြည်စိုး တို့ဖြစ်ကြပြီး နှစ်ဦးစလုံးမှာ နှလုံး အဆို့ရှင်နှစ်ခုစလုံး အစားထိုးလဲ လှယ်ရမည့် လူနာများဖြစ်ကြ ကြောင်း ၄င်းကိုယ်စားလှယ်က ပြောကြားသည်။ အဆိုပါ နှလုံးခွဲစိတ်ကုသမှုကို ထိုင်းနိုင်ငံတွင် ပြုလုပ်မည်ဆိုပါက ခွဲစိတ်ကုသမှုချည်းသက်သက်၏ ကုန်ကျစရိတ်မှာ ထိုင်းဘတ်ငွေ ၅ သိန်းရှိပြီး မြန်မာငွေနှင့်တွက်ပါက သိန်း ၁၅ဝ နီးပါးရှိကြောင်း သိရ သည်။ ယခုအခမဲ့ကုသခွင့်ရရှိခဲ့သူ နှစ် ဦးကို ကျန်းမာရေးဝန်ကြီးဌာနမှ စိစစ်ရွေးချယ်ပေးခဲ့ခြင်းဖြစ်ပြီး အသက် ၁၈ နှစ်မှ ၆ဝ နှစ်ကြား၊ HIV ပိုးနှင့် ဆီးချိုသွေးချိုရောဂါ ကင်းရှင်းပြီး အမှန်တကယ်နွမ်းပါးသူ များဖြစ်ကြကြောင်း အတည်ပြုနိုင် မှသာလျှင် အခမဲ့ ခွဲစိတ်ကုသခံ ယူခွင့်ပြုခဲ့ခြင်းဖြစ် သည်ဟု ရန် ကုန်တိုင်းဒေသကြီး၊ ကျန်းမာရေး ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ဆိုသည်။ ခွဲစိတ်ကုသမှုကို သြဂုတ်လပထမ ပတ်အတွင်း စတင်မည်ဖြစ်ပြီး လူ နာများနှင့်အတူ လူနာရှင်တစ်ဦးကို ပါ စရိတ်ငြိမ်း ပို့ဆောင်ပေးထား ကြောင်း ဖရားထိုင်းဆေးရုံကိုယ် စားလှယ်ကဆိုသည်။

ထိုင်းဘုရင်၏ မွေးနေ့သည် ဒီဇင်ဘာလ ၅ ရက်တွင် ကျရောက် မည်ဖြစ်ပြီး ကမ္ဘာတစ်ဝန်းလုံးမှ နှလုံး ရောဂါသီးသန့်ဖြစ်ပွားနေ သည့် ဝေဒနာသည် ၈၄ ဦးကို ထိုင်းနိုင်ငံသို့ ခေါ်ယူ၍ အခမဲ့ ကုသပေးခြင်းဖြစ်ကြောင်း၊ ယင်း လူနာ ၈၄ ဦးတွင် ထိုင်းလူမျိုး ၄၂ ဦးပါဝင်ပြီး မြန်မာ၊ လာအို၊ ကမ္ဘောဒီးယား၊ အရှေ့တီမော၊ ဟေတီ၊ ဘင်္ဂလား ဒေ့ရှ်၊ သီရိ လင်္ကာ၊ နီပေါ၊ ဘူတန်၊ အီသီ ယိုးပီးယားနှင့် ယူဂန်ဒါနိုင်ငံတို့မှ လူနာ ၄၂ ဦးပါဝင်ကြောင်း မြန်မာနိုင်ငံ ဆိုင်ရာ ထိုင်းနိုင်ငံသံရုံး ၏သတင်းထုတ်ပြန်ချက်အရသိရ သည့်သတင်းအား popularmyanmar ဂျာနယ်တွင်ဖော်ပြပါရှိပါသည်။