02 July 2011

CRPP အနေနဲ့ လူငယ် သွေးသစ်တွေကို ကော်မတီမှာ တာဝန်ပေးဖို့ ဆုံးဖြတ်

ပြည်သူ့လွတ်တော် ကိုယ်စားပြု ကော်မတီ CRPP အနေနဲ့ လူငယ် သွေးသစ်တွေကို ကော်မတီမှာ တာဝန်ပေးဖို့ ဆုံးဖြတ်လိုက်ပါတယ်။ ဒီကနေ့ မွန်းလွဲပိုင်းက NLD ပါတီ ဌာနချုပ်မှာ ပြုလုပ်တဲ့ CRPP အစည်းအဝေးမှာ အခုလို ဆုံးဖြတ်လိုက်တာပါ။

CRPP အစည်းအဝေးကို NLD ပါတီ ဒုတိယ ဥက္ကဌ ဦးတင်ဦး၊ အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည် အပြင် ဗဟို အလုပ် အမူဆောင် ဦးဝင်းတင်၊ ဦးသန်းထွန်း ဦးလှဖေ တို့နဲ့ CPPP အတွင်းရေးမှူး ဦးအေးသာအောင်၊ ဦးကျင်ရှင်းထန် နဲ့ ဦးစိုးဝင်းတို့ တက်ရောက်ကြပါတယ်။ အစည်းအဝေးမှာ ဆွေးနွေးချက်တွေနဲ့ ပတ်သက်ပြီး NLD ပြန်ကြားရေးတာဝန်ခံ ဦးအုန်းကြိုင်က အခုလိုပြောပါတယ်။ "အထွေထွေ နိုင်ငံရေး အခြအနေကို သုံးသပ်တယ်။ ပြီးတော့ CRPP အဖွဲ့မှာ အသက်အရွယ် ကြီးရင့်တာ၊ တချို့ကလည်း ကျမ်းမာရေးချို့တဲ့တာတွေကြောင့် လစ်လပ်သွားတဲ့ နေရာတွေမှာ သက်ဆိုင်ရာ ပါတီတွေအလိုက် သင့်တော်တဲ့ ပုဂ္ဂိုလ်များကို အစားထိုး အားဖြည့်သွားဖို့ သူတို့ ဆုံးဖြတ်တယ်လို့ သိရပါတယ်။ " အစည်းအဝေးမှာ NLD ပါတီ အပေါ် ပြည်ထဲရေး ၀န်ကြီး ဌာနက သတိပေးချက်နဲ့ ပတ်သက်ပြီး ဆွေးနွေး ပြောဆိုမှုတွေ ရှိပါတယ်။ ဒါပေမဲ့ ဒီအကြောင်း အသေးစိတ်ကို ထုတ်ဖေါ်ပြောဆိုခြင်း မရှိပါဘူး။

သတင်းရင်းမြစ်..RFA