28 June 2011

မန္တလေးတက္ကသိုလ်ကျောင်းအတွင်း Daimond Sky ဆိုတဲ့ KTV

ကျမတို့​ မန္တ​လေး​မြို့​ ၇၈ လမ်း​နဲ့​ သိပ္ပံလမ်း​ထောင့်​ မန္တ​လေး​တက္ကသိုလ်​ကျောင်း​ ဧရိယာအတွင်း​မှာ Daimond Sky ဆိုတဲ့​ KTV ကို ​ဗြောင်ကျကျ ဖွင့်​ထား​ပါတယ်။

ဒီဆိုင်က မိန်း​က​လေး​တွေလည်း​ ထား​တော့​ ​ဘေး​ပတ်ဝန်း​ကျင်က အ​ဆောင်​နေတဲ့​ ​ကျောင်း​သူ​တွေအတွက် အများ​ကြီး​ အ​နှောင့်​အယှက်ဖြစ်ရပါတယ်။ ​ကျောင်း​သား​တွေကလည်း​ ညဆိုရင် အဲဒီဆိုင်မှာပဲ အချိန်ကုန်​နေကြပါတယ်။ ရန်ပွဲကလည်း​ ညတိုင်း​နီး​ပါး​ဖြစ်ပြီး​ ပတ်ဝန်း​ကျင်ကို အ​နှောင့်​အယှက်ဖြစ်ရပါတယ်။ ​နေ့​ခင်း​ဆိုရင် အဲဒီဆိုင်က အခန်း​တွေကို အချိန်ပိုင်း​နဲ့​ငှား​တဲ့​အတွက် စုံတွဲ​တွေအတွက် လွတ်လပ်စွာ ချိန်း​တွေ့လို့​ ရပြီး​ အခန်း​ထဲမှာဆိုရင် ကွန်ဒုံ​တွေ၊​ အပြာကား​တွေ ကြည့်​နိုင်​အောင် စီစဉ်​ပေး​ထား​ပါတယ်။ အဆိုး​ဆုံး​က​တော့​ ​ကျောင်း​သား​တွေအတွက် လွတ်လပ်စွာ မူး​ယစ်​ဆေး​ဝါး​သုံး​လို့​ရတဲ့​ ​နေရာကြီး​ ဖြစ်​နေပါတယ်။

မန္တ​လေး​တက္ကသိုလ်​ကျောင်း​ ဧရိယာမှာ ဘီယာဆိုင်၊​ အရက်ဆိုင်​တောင် ဖွင့်​ခွင့်​မ​ပေး​တာ ဒီလိုဆိုင်ကို ဘာလို့​ဖွင့်​ခွင့်​ရ​နေတာလဲဆိုတာ တိုင်း​ဝန်ကြီး​ချုပ် ဦး​ရဲမြင့်​နဲ့​ ပညာ​ရေး​ဝန်ကြီး​ကို ​မေး​ပေး​ပါရှင့်​။ ကျမတို့​ ​ကျောင်း​သူ ​ကျောင်း​သား​တွေအတွက် ပျက်စီး​အောင် ဖျက်ဆီး​နေတဲ့​ အဲဒီ KTV ဆိုင်ကို အမြန်ဆုံး​ပိတ်​ပေး​ပါလို့​ သမ္မတ ဦး​သိန်း​စိန်ကို တင်ပြလိုက်ပါတယ်။

တတိယနှစ် ရတနာပုံ ​ကျောင်း​သူတဦး

သတင်း .DVB