18 July 2011

ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်း၏ သား သောင်းကျန်း

ပြီးခဲ့သည့် ဇူလိုင် ပထမရက်သတ္တပတ်က ရန်ကုန်မြို့ရှိ MRTV 4 ရုပ်သံလွှင့် ဝင်းတွင် ပြည်ထောင်စု ဝန်ကြီးဖြစ်သူ ဦးကျော်ဆန်း၏ သားသည် MRTV-4 ဝန်ထမ်းနှစ်ဦးအား ထိုးနှက်ခဲ့ကြောင်း ယင်းရုံးမှဝန်ထမ်းတစ်ဦးကဆိုသည်။

ဦးကျော်ဆန်း၏သားက မိဘအရှိန်အဝါကို အသုံးပြု၍ ယင်းဝန်ထမ်းနှစ်ဦးအား ရုံးကြမ်းပြင်တွင် ဒူးထောက်ထိုင်ခိုင်းကာ ၎င်းက အပေါ်မှစီးမိုး၍ ထိုးနှက်ခြင်းဖြစ်ကြောင်း သိရသည်။

MRTV-4 မှ ဝန်ထမ်းတစ်ဦးက “တစ်ယောက်ကလည်း ထိုးတာများလာတော့ ပြန်ခံထိုးတယ်။ ဒါပေမယ့် ထိုးတဲ့သူက ဘာမှမဖြစ်သွားဘူး”ဟု ဆိုသည်။

ဦးကျော်ဆန်းသည် စစ်အစိုးရတာဝန်ယူချိန်တွင် ပြန်ကြားရေးဝန်ကြီးဝန်ကြီးနှင့် စစ်အစိုးရ ၏ ပြောရေး ဆိုခွင့်ရှိသူအဖြစ် တာဝန်ယူခဲ့ကာ နိုင်ငံ တော် သတင်းစာရှင်းလင်းပွဲများအား စီစဉ်သူ အဖြစ် လည်း ဆောင်ရွက်ခဲ့သည်။ အစိုးရသစ်တွင်လည်း ပြန်ကြားရေးဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီး ဌာနဝန်ကြီးများ အဖြစ်တာဝန်ပေးခြင်းခံရသူဖြစ်သည်။

ရန်ကုန်ခရော်နီကယ် အယ်ဒီတာအဖွဲ့ အစိုးရသစ်အပေါ်သုံးသပ်ချက်တွင်လည်း ဦးကျော်ဆန်း သည် ပြည်ခိုင်ဖြိုး ပါတီအား တစ်ပါတီ အာဏာ ရှင်စနစ်သို့ အမြင်ရှိစေမည့် ဝါဒဖြန့်မှု များအား နိုင်ငံ ပိုင်သတင်းစာများမှနေ၍ ဖော်ပြထားသည့်အတွက် ရရှိထားသည့် ဝန်ကြီးဌာနများနှင့် ကိုက်ညီမှု မရှိဆုံးသော ဝန်ကြီးအဖြစ် သုံးသပ်ထားသူဖြစ်သည်။

တနင်္သာရီတိုင်းဝန်ကြီးချုပ် အဖြစ်တာဝန်ယူထားသူ ဦးခင်ဇော်သည်လည်း ပြည်ထောင်စုအစိုးရခန့် အရာရှိကြီးအား ပါးရိုက်ခဲ့သည့် ဖြစ်ရပ် တစ်ခုလည်း ပြုလုပ်ခဲ့ဖူးသည်။

ကျော်စွာ..Transparency Myanmar