21 July 2011

မြန်မာနိုင်ငံမှရေကြောင်းအင်ဂျင်နီယာ လက်မှတ်တု ပွားများနေခြင်းကြောင့် အစစ်များအခက်တွေ့နိုင်..


ရေကြောင်းအင်ဂျင်နီယာ လက်မှတ်တုပြဿနာ ပိုမိုကြီးထွားလာနေသောကြောင့် ရေရှည်တွင် လက် မှတ်စစ် ကိုင်ဆောင်ထားသူများ အခက်အခဲတွေ့လာနိုင်ကြောင်း မြန်မာနိုင်ငံရေကြောင်း အင်ဂျင်နီယာ အသင်း ဥက္ကဋ္ဌဦးရဲမြင့်ဖေက ပြောသည်။ ”ဒါက အပြင်မှာ တကယ့်ကိုကြုံနေကြပြီ။

လက်မှတ်တုတွေ ကိုတွေ့ရင် အသင်းဒါမှမဟုတ် သက်ဆိုင်ရာကို အသိပေးပါ”ဟု ၄င်းကအသင်း၏ ၂၅နှစ်ပြည့်အထိမ်း အမှတ်ပွဲတွင် ပြောကြားခဲ့သည်။ ”လက်မှတ်တုများကို ကိုင်ဆောင်ထားကြသူ များမှာ တွေ့ရာကြုံရာ နယ်ပယ်များ၌ လုပ်ခလစာနည်းနည်းဖြင့် ဝင်ရောက်လုပ်ကိုင်နိုင်ကြသော်လည်း လက်မှတ်စစ် ကိုင် ဆောင်ထားသူများမှာ ဝင်ရောက်မလုပ်ကိုင်နိုင်ကြကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းမှ အထင်သေး မခံကြရရန်အတွက် လက်မှတ်တု ကိုင်ဆောင်ထားသူများကို ဖော်ထုတ်သင့်ကြောင်း ၄င်းက ထပ်လောင်း ဆိုသည်။

လက်ရှိတွင် မျိုးဆက်သစ်ရေကြောင်း အင်ဂျင်နီယာများ၏ အလုပ်အကိုင်ရရှိမှုနှုန်းမှာ အားရ စရာ မရှိဖြစ်နေကြောင်း၊ အဓိကပြဿနာမှာ လက်တွေ့လုပ်ကိုင်နိုင်သည့် စွမ်းရည်နည်း ပါးခြင်းေ ကြာင့် ဖြစ်ကြောင်း ဦးရဲမြင့်ဖေက ပြောသည်။ လက်မှတ်တုကိစ္စကလည်း ရှိနေတယ်။ လက်တွေ့ လုပ်နိုင်တဲ့ စွမ်းရည် လည်း နည်းနေတယ်။ ကြာလာရင် ဒီပြဿနာတွေက ရေကြောင်းအင်ဂျင်နီယာထုကြီးအပေါ် ရိုက်ခတ်လာနိုင်တယ်။ လက်မှတ်တုကို ရှင်းနေတဲ့အချိန် အတွင်းမှာ လက်တွေ့လုပ်နိုင်တာကိုပါ တိုးတက်အောင်လုပ်နိုင်ရင် အကုန်လုံးအဆင်ပြေသွားနိုင်တယ်” ဟု ၄င်းက ဆိုသည်။

လက်တွေ့ပိုင်းဆိုင်ရာ တိုးတက်အောင် မလုပ်ဆောင်နိုင်ပါက နောင်လာမည့် ၅ နှစ်မှ ၁ဝ နှစ် အတွင်း ပြည်ပအလုပ်အကိုင်ရရှိမှုအခက်အခဲကို မျိုးဆက်သစ်ရေကြောင်း အင်ဂျင်နီယာများ ကြုံ လာနိုင်ကြောင်း ရေကြောင်း အင်ဂျင်နီယာကြီးများက သုံးသပ်ကြ သည်။ပိုမိုကြီးထွား လာနေသော ကြောင့် ရေ ရှည် တွင် လက် မှတ်စစ် ကိုင်ဆောင်ထားသူများ အခက် အခဲတွေ့ လာနိုင်ေ ကြာင်း မြန်မာနိုင် ငံရေကြောင်း အင်ဂျင်နီယာ အသင်း ဥက္ကဋ္ဌဦးရဲမြင့်ဖေက ပြောသည်။

”ဒါက အပြင်မှာ တကယ့်ကိုကြုံနေကြပြီ။ လက်မှတ်တုတွေ ကိုတွေ့ရင် အသင်းဒါမှမဟုတ် သက်ဆိုင်ရာကို အသိပေးပါ”ဟု ၄င်းကအသင်း၏၂၅နှစ်ပြည့်အထိမ်း အမှတ်ပွဲတွင် ပြောကြားခဲ့သည်။ ”လက်မှတ်တုများကို ကိုင်ဆောင်ထားကြသူများမှာ တွေ့ရာကြုံရာ နယ်ပယ်များ၌ လုပ်ခလစာနည်းနည်းဖြင့် ဝင်ရောက် လုပ် ကိုင်နိုင်ကြသော် လည်း လက်မှတ်စစ် ကိုင် ဆောင်ထားသူများမှာ ဝင်ရောက် မလုပ် ကိုင်နိုင်ကြ ကြောင်း၊ နိုင်ငံတကာအသိုင်းအဝိုင်းမှ အထင်သေး မခံကြရရန်အတွက် လက်မှတ်တု ကိုင်ဆောင် ထားသူများ ကို ဖော်ထုတ်သင့်ကြောင်း ၄င်းက ထပ်လောင်း ဆိုသည်။

လက်ရှိတွင် မျိုးဆက်သစ်ရေကြောင်း အင်ဂျင်နီယာများ၏ အလုပ်အကိုင်ရရှိမှုနှုန်းမှာ အားရ စရာ မရှိဖြစ်နေကြောင်း၊ အဓိကပြဿနာမှာ လက်တွေ့လုပ်ကိုင်နိုင်သည့် စွမ်းရည် နည်းပါးခြင်းေ ကြာင့် ဖြစ်ေ ကြာင်း ဦးရဲမြင့်ဖေ က ပြောသည်။ လက်မှတ်တုကိစ္စကလည်း ရှိနေတယ်။ လက်တွေ့လုပ်နိုင်တဲ့ စွမ်းရည်လည်း နည်းနေတယ်။ ကြာလာရင် ဒီပြဿနာတွေက ရေကြောင်းအင်ဂျင်နီယာထုကြီးအပေါ် ရိုက်ခတ်လာနိုင်တယ်။ လက်မှတ်တုကို ရှင်းနေတဲ့အချိန် အတွင်းမှာ လက်တွေ့လုပ်နိုင်တာကိုပါ တိုးတက်အောင်လုပ်နိုင်ရင် အကုန်လုံးအဆင်ပြေသွားနိုင်တယ်” ဟု ၄င်းက ဆိုသည်။

လက်တွေ့ပိုင်းဆိုင်ရာ တိုးတက်အောင် မလုပ်ဆောင်နိုင်ပါက နောင်လာမည့် ၅ နှစ်မှ ၁ဝ နှစ် အတွင်း ပြည်ပအလုပ်အကိုင်ရရှိမှုအခက်အခဲကို မျိုးဆက်သစ်ရေကြောင်း အင်ဂျင်နီယာများ ကြုံ လာနိုင်ကြောင်း ရေကြောင်း အင်ဂျင်နီယာကြီးများက သုံးသပ်ကြသည့်သတင်းအား popular myanmar ဂျာနယ် တွင်ဖော်ပြပါရှိသည်.။