03 March 2011

“အမေ့အိမ်” ပညာဒါန အခမဲ့စာသင်ကျောင်း။



















မိဘမဲ့ကလေးများ ကျောင်းမတက်နိုင်သည့် ကလေးများ ငွေကြေးချို့ တဲ့မှုကြောင့် ကျောင်း မနေနိုင်သည့် ကလေးများအတွက် အထူးရည်စူးကာ ရန်ကုန်တိုင်း လှိုင်သာယာမြို့ နယ် (၁၄) ရက်ကွက် မေခလမ်း အမှတ် (၅၄၈) မှာ ဖွင့်လှစ်လိုက်တဲ့ “အမေ့အိမ်” ပညာဒါန အခမဲ့စာသင်ကျောင်းအတွက် စုပေါင်းလှုဒါန်းမှုများကို အားလုံးသာဓုခေါ်နိုင်ရန် မျှဝေပေးလိုက်ပါတယ်။

ယခုအခါ မတ်လ (၇) ရက်နေ့ တွင် ဖွင့်လှစ်မည့် နွေရာသီ Summer Course အတွက် ကျောင်းသားများ လက်ခံနေကြောင်း သိရှိရပါတယ်။ လက်ရှိမှာ ကျောင်းသားစုစုပေါင်း အယောက် (၁၃၀) ဦး စာရင်းပေးသွင်းထားပြီး ဖြစ်ပါတယ်။

လောလောဆယ်တွင် “အမေ့အိမ်” ပညာဒါန အခမဲ့စာသင်ကျောင်း၏ ကြမ်းခင်းအား သဲဖြင့် ယာယီခင်းထားသော်လည်း လာမည့် မိုးရာသီတွင် မိုးရွာသွန်းမှုကြောင့် စိုစွတ်နိုင်သည့်အတွက် ကွန်ကရစ်ကြမ်းခင်းအတွက် အလှုရှင်များအား ဖိတ်ခေါ်လျက် ရှိပါကြောင်း သိရှိရပါသည်။
























“အမေ့အိမ်” ပညာဒါန အခမဲ့စာသင်ကျောင်းအား ဆက်သွယ်လိုသူများအတွက် ဖုန်းနံပါတ်မှာ ၀၉၅၁၆၂၀၆၀ ဖြစ်ပါသည်။