04 March 2011

နအဖ သန်းရွှေတို့ ရဲ့  ယုတ်မာမှုကြောင့် မတရားထောင်သွင်းအကျဉ်းချခံနေကြရသူတွေထဲက နိုင်ငံရေးအကျဉ်းသူတစ်ဦး ဖြစ်တဲ့ မနီလာသိန်း၏ မွေးနေ့ အချိန်အခါ။















ယနေ့  မတ်လ (၄) ရက်နေ့ ဟာ တိုင်းပြည်နဲ့  လူမျိုးအတွက် စွန့် လွှတ်အနစ်နာခံရင်း အမိမြန်မာပြည် စစ်မှန်သော ဒီမိုကရေစီရရှိရေး လူတိုင်းခံစားပိုင်းခွင့်ရှိသော လူ့ အခွင့်အရေး ရရှိရေး ပြည်သူပြည်သားအားလုံး အာဏာရှင်လက်အောက်ဘ၀ ဖိနှိပ်ချူပ်ချယ်ခံနေရမှုမှ လွတ်မြောက်ရေးတို့ အတွက် တော်လှန်တိုက်ပွဲဝင်နေကြတဲ့ (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ မှ မနီလာသိန်းရဲ့  (၃၉) နှစ်မြောက် အချိန်ကာလဖြစ်ပါတယ်။

သို့ သော်လည်းဘဲ မနီလာသိန်းဟာ နအဖအာဏာရူးတွေရဲ့  မတရားဖမ်းဆီးအကျဉ်းချထားမှုကို သရက်အကျဉ်းထောင်မှာ နှစ် (၆၅) နှစ်တိုင်အောင် သတ်မှတ်ခံထားရသူဖြစ်တဲ့အတွက် ပျော်ရွှင်စရာမွေးနေ့ ပွဲကို မိသားစုနဲ့ အတူ လွတ်လပ်စွာ ကျင်းပခွင့် မရရှိရှာပါဖူး။ မနီလာသိန်းရဲ့  ကြင်ယာဖြစ်သူ ကိုဂျင်မီဟာလည်း (၈၈) မျိုးဆက်ကျောင်းသားများအဖွဲ့ မှ ဖြစ်ပြီး ကိုမင်းကိုနိုင်တို့ ကဲ့သို့  နှစ်ပေါင်းများစွာ မတရားအကျဉ်းချခံနေရပါတယ်။ ဒီထက်ပိုဆိုးတာကတော့ မိဘနှစ်ပါးဖြစ်သူ ကိုဂျင်မီရော မနီလာသိန်းရော သူတို့ ရဲ့  ရင်သွေးငယ်လေးနဲ့  မွေးပြီင်္းကာစ လပိုင်းအရွယ်ကတည်းက ဝေးကွာနေရတာဖြစ်ပါတယ်။















မိခင်ဖြစ်သူ မနီလာသိန်းနဲ့  ဖခင်ဖြစ်သူ ကိုဂျင်မီတို့ အနေနဲ့  တိုင်းပြည်နဲ့ လူမျိုး လွတ်မြောက်ရေးအတွက် ဦးစားပေး အနစ်နာခံ ဆောင်ရွက်မှုကြောင့် မိမိရဲ့  ရင်သွေးငယ်နဲ့  ဝေးကွာနေရတဲ့ ခံစားမှုကို ကိုယ်ချင်းစာ ခံစားပေးကြည့်ကြမယ်ဆိုရင် လူသားချင်း ကိုယ်ချင်းစာတတ်သူ မိဘချင်းကိုယ်ချင်းစာတတ်သူတွေအဖို့  ရင်နင့် အောင် ခံစားမိကြမယ်ဆိုရင် ကာယကံရှင်တွေ ဖြစ်ကြတဲ့ မိဘဖြစ်သူ ကိုဂျင်မီနဲ့  မခင်နီလာသိန်း၊ သမီးငယ်လေးတို့ ဆိုရင် ဘယ်လောက်တောင် ခံစားကြရမယ်ဆိုတာ ပြောဖွယ်ရာ မရှိတော့ပါဖူး။

မနီလာသိန်းရဲ့  မိခင်တစ်ဦးအနေနဲ့  ဝေးကွာနေရတဲ့  သမီးငယ်လေးအတွက် ရင်တွင်းက ခံစားမှုတွေကို ဖေါ်ထုတ်ထားတဲ့ စကားတွေကို အခြေခံပြီး ရင်းနှီးသူ သူငယ်ချင်းတစ်ဦးဖြစ်တဲ့ ဘလော့ဂါ မမြတ်လေးငုံမှ ပြန်လည်သီဖွဲ့ ပေးထားတဲ့ “ချစ်သမီးရေ .. “ အမှာစကားလေးကို ထပ်မံဖေါ်ပြပေးလိုက်ရပါတယ်။

မနီလာသိန်းရဲ့  (၃၉) နှစ်မြောက် မွေးနေ့ အချိန်အခါသမယဖြစ်တဲ့ ယနေ့  မတ်လ (၄) ရက်နေ့ မှာ မွေးနေ့ ဆုတောင်းပေးလိုတာကတော့ ဖခင်ဖြစ်သူ ကိုဂျင်မီ၊ မိခင်ဖြစ်သူ မနီလာသိန်းနဲ့  သမီးလေးတို့  မိသားစု မကြာခင်သောအချိန်မှာ ပြန်လည်ဆုံဆည်းကြပြီး ပျော်ရွှင်ဖွယ်ရာ မိသားစုဘ၀ကို ထာဝရ လက်ချင်းတွဲလို့  စိတ်ချမ်းသာမှုအပြည့်ရရှိကြပါစေလို့  ဆုတောင်းပေးလိုက်ပါတယ်ခင်ဗျာ။

ချစ်သမီးရေ……

ပြည်သူတွေရဲ့ အလျံငြီးငြီး လောင်နေတဲ့ မီးက…….သောက၊

မလောက်ငှတဲ့ ၀င်ငွေနဲ့ နေ့စဉ် အသုံးစရိတ်ကြား

ကျောင်းနေရွယ် ကလေးငယ်တွေ….. စာသင်ကျောင်း ကို ကျောခိုင်းပြီး လုပ်ငန်းခွင်မှာ မနိုင်ဝန် တွေ ထမ်းနေကြရတယ်။

စစ်တပ်ထဲမှာ အသက်မပြည့် သူတွေကို မိုင်းနင်းခိုင်းဖို့ ၊ ရင်နဲ့ ရင်းပြီး အသေခံ ခိုင်းဖို့၊ သူတို့ရဲ့ အာဏာ တည်မြဲဖို့ ဆန္ဒ မပါဘဲ အတင်းဆွဲ ခေါ်နေတယ်။

အမျိုးသမီး မှန်ရင် စစ်တပ်ရဲ့ လိင်ပိုင်းဆိုင်ရာ စော်ကား တာ ကို အချိန်မရွေး ခံရ နှိုင်တယ်။

မှားတာ ကို မှားတယ် လို့ ထောက်ပြသူ၊ ပြင်ဖို့ လိုတာကို ပြင်သင့်တယ်လို့ ဆိုသူတွေဟာ သူတို့ရဲ့ ရန်သူ၊ ပြင်းပြင်းထန်ထန် နိုပ်ကွက် ပစ်လိုက်တတ်တယ်။

သမီးရေ……ပြည်သူတွေ ဘ၀ လုံခြုံ ဖို့ အရမ်းလိုအပ်တယ်၊

ဒါကြောင့်… မေမေတို့ ရှေ့တန်းက တိုက်နေတယ်၊

သမီးရေ….နီလာနဲ့ဂျင်မီ ရဲ့ သမီးအဖြစ် ပြည်သူ့ အချစ်ကို ခံယူနော်။

သမီးရေ…….မျိုးဆက်သစ် ပီသ ပါစေ၊

သမီးရေ…….မေမေတို့ ခေတ်မှာ မညံခဲ့ဘူး၊ သမီးတို့ ခေတ်ရောက်ရင် တော်အောင် ကျိုးစားနော်၊ ဒါမှ မျိုးဆက်သစ်။
သမီးရေ…..သမီးလိုဘဲ မိဘ ရဲ့ ရင်ငွေ့ မှာ ခိုလှုံ ခွင့် မရ တဲ့ ကလေးတွေ သန်းနဲ့ချီပြီး ရှိတယ်၊

သမီးကမှ အရိပ် အမိုး ရှိသေးတယ်၊ တချို့ ဆိုရင် အရိပ် အမိုး မဲ့ နေကြတယ်၊ ဒီလို ကလေးတွေကို သူတို့ တွေကဘဲ ပြည်ပ နှိုင်ငံတွေ ကို ရောင်းစား လိုက်ကြတယ်၊ သန်းနဲ့ချီတဲ့ ကလေးတွေ အတွက် အရိပ် အမိုး မဖြစ်ရင်တောင်မှ အမိုး မိုးဖို့ ဒေါက်တိုင် ဖြစ်ရင် မေမေ့ တို့ အတွက် သမီးဂုဏ်ယူနော်။

(အမေ နီလာသိန်း)။