
အာဏာရှင် ကဒါဖီဘက်ကို မလိုက်ဘဲ ပြည်သူတွေနဲ့  တပ်မတော်က ပူးပေါင်းလိုက်တာမို့  ပြည်သူ့ တပ်မတော်အဖြစ် ဂုဏ်ယူဝင့်ကြွားစရာ တန်ဖိုးရှိ သမိုင်းတွင်စေပါတယ်။

မြန်မာပြည်မှာလည်း ၁၉၈၈ ခုနှစ် ရှစ်လေးလုံးပြည်သူ့ အရေးတော်ပုံကြီးအတွင်းက ရဟန်းရှင်လူပြည်သူအပေါင်းနဲ့  လက်တွဲခဲ့ကြတဲ့ ပြည်သူ့ တပ်မတော်သားတွေ ရှိခဲ့ကြပါတယ်။
ယခုဖေါ်ပြပါ သီချင်းကို အာဏာရူး သန်းရွှေတို့  လက်ထက်မှာ လုံးဝ မကြားရပါဖူး။ အာဏာရူး သန်းရွှေတို့ ကလည်း ဒီသီချင်းကို မလွှင့်ရဲပါဖူး။
ဒို့  တပ်မတော်ဆိုတဲ့ သီချင်းလေးကို တပ်မတော်သားတွေ နားထောင်စေချင်ပါတယ်။ ပြည်သူတွေအတွက် ကာကွယ်မနော်၊ ပြည်သူ့ အကျိုးဆောင် တပ်မတော်တဲ့ဗျာ။
ဒို့ တပ်မတော် - ပြည်သူ့ အကျိုးဆောင် တပ်မတော် ဖြစ်ဖို့  အချိန်ကျနေပါပြီ။
အာဏာရူး သန်းရွှေတို့  အကျိုးဆောင် မဖြစ်စေဘဲ ပြည်သူ့ အကျိုးဆောင် တပ်မတော် ဖြစ်ကြပါစေ။