07 February 2011

ရန်ကုန်မြို့လယ်တွင် အဆောက်အအုံအစွန်း ပြိုကျ၍ လူတစ်ဦး သေဆုံး

ရန်ကုန်မြို့မှ သက်တမ်းလွန် အဆောက်အဦးတစ်ခု... (ပုံ Google Search)
သန်းဌေး
01/14/2011 - 18:32
အခင်းဖြစ်ပွားရာအနီးမှာပင်  အဆောက်အအုံပြိုကျ၍   ဆယ်လအတွင်း သေဆုံးသူ  နှစ်ဦးရှိသွားပြီဖြစ်သည်။

ရန်ကုန်မြို့လယ် ၂၉ လမ်းရှိ ဘုံ ဘေဘားမားစာပုံနှိပ်တိုက်ဘေး ကပ်လျက်ရှိ အဆောက်အအုံအ စွန်းပြိုကျသွားသောကြောင့် လက် ဖက်ရည်ထိုင်သောက်နေသူ အမျိုး သမီးကြီးတစ်ဦး သေဆုံးသွား ကြောင်း သတင်းရရှိသည်။

    ဇန်န၀ါရီ ၉ ရက် နံနက် ၁၁ နာရီ ၁၅ မိနစ်တွင် ပန်းဘဲတန်းမြို့ နယ် အမှတ် (၆)ရပ်ကွက်၊ ၂၉ လမ်း အနော်ရထာလမ်းနှင့် ကုန် သည်လမ်းကြား ဘုံဘေဘားမား စာပုံနှိပ်တိုက်နှင့်ကပ်လျက် ၂၀၁၀ မတ်လက ပြိုကျခဲ့သောအဆောက် အအုံနေရာအနီးရှိ အဆောက်အ အုံအစွန်းပြိုကျရာ လက်ဖက်ရည် ထိုင်သောက်နေသူ ဒေါ်ငြိမ်း(၅၀ နှစ်)ပေါ်သို့ အုတ်နံရံတုံးများပြိုကျ ပြီး အုတ်ကျိုးများကြောင့် ဦးခေါင်း ခွံကွဲ၊ ညာခြေသလုံးကျိုးကာ သေ ဆုံးသွားခြင်းဖြစ်သည်။

    ““မနေ့ မနက်ကတည်းက တစ်နေကုန် မိုးရွာထားတော့ အဲဒီ့နံရံက ရေအိနေပြီး ပြိုကျတာ ဖြစ်နိုင်တယ်။ ၀ုန်းဆိုအသံလည်း ကြားရော ကျွန်တော်တို့လည်း အိမ်ထဲက ပြေးထွက်ကြည့်တော့ အမျိုးသမီးကြီးတစ်ဦးရဲ့ ခေါင်း ပေါ် အုတ်ကျိုးတုံးကြီးပိပြီး သေနေတာတွေ့ရတယ်””ဟု အခင်းဖြစ်သည်ကိုမြင်တွေ့ခဲ့ရသော အခင်းဖြစ်နေရာ မျက်စောင်းထိုး
ရှိ ၂၉လမ်းထဲမှ ရွှေပန်းထိမ်ဆိုင်တစ်ဆိုင်မှ အမျိုးသားတစ်ဦးက ပြောသည်။
    ယခုပြိုကျသော အဆောက် အအုံစွန်းသည် ၂၀၁၀ ပြည့်နှစ် မတ်လ ၁၄ ရက်(တနင်္ဂနွေ)ညနေ ၄ နာရီ ၄၅မိနစ်က ပြိုကျခဲ့သော လမ်း ၃၀ နှင့် ၂၉ လမ်းကြား ကုန် သည်လမ်းပေါ်ရှိ အဆောက်အ အုံနှင့်ကပ်လျက် တစ်ဆက်တည်း ရှိနေသော အဆောက်အအုံဖြစ် ကြောင်းတွေ့ရှိရသည်။ မတ်လ ၁၄ ရက်က အဆောက်အအုံ ဟောင်းပြိုကျခဲ့မှုတွင်လည်း ဆယ့်ငါးနှစ်အရွယ် မိန်းကလေးငယ် တစ်ဦးသေဆုံးခဲ့သည်။
    ““ဟိုတုန်းက ပြိုကျတာလည်း တနင်္ဂနွေ၊ အခုလည်း တနင်္ဂနွေ နေ့တွေမို့ တော်သေးတယ်၊ လူ ရှင်းနေလို့။ တခြားရက်တွေဆို လူ တွေ တော်တော်များများထိမှာ။ လက်ဖက်ရည်ဆိုင်ထိုင်သောက် နေကြတာ၊ ခုံတွေစီလို့။ အမြဲတမ်းရှိနေကျပဲ””ဟု ဖြစ်စဉ်ကို တွေ့ရှိခဲ့ သော ၂၉ လမ်းအတွင်းနေထိုင်သူ လူငယ်တစ်ဦးကပြောသည်။

    သေဆုံးသွားသော ဒေါ်ငြိမ်း (၅၀ နှစ်)မှာ ရန်ကုန်မြို့ တစ်ဖက် ကမ်းရှိ ဒလမြို့နယ် တပင်ရွှေထီး ရပ်ကွက် ၅ လမ်းနေသူဖြစ်ပြီး၊ အိန္ဒိယနွယ်ဖွားဖြစ်ကာ အ၀တ် လျှော်သောအလုပ် လုပ်ကိုင်သူ ဖြစ်ကြောင်း သေဆုံးသူနှင့် ရင်းနှီးသူတစ်ဦးကပြောသည်။

    ယခုသေဆုံးသူအား ရန်ကုန် ဆေးရုံကြီးသို့ ပို့ဆောင်ပြီး၊ သေမှု သေခင်းအမှတ် ၂/၁၁ ဖြင့် ဆက် လက်အရေးယူ ဆောင်ရွက်လျက် ရှိကြောင်း သတင်းရရှိသည်။

ရင်းမြစ်... 7 Day News