11 February 2010

ကမ္ဘာ့ အသက်အကြီးဆုံး ဘလော့ခ်ဂါ




အသက် ၉၆ နှစ်ရှိ အိန္ဒိယ လူမျိုး Florida ပြည်နယ်မှာ နေထိုင်သူ Randall Butisingh လက်ရှိ ကမ္ဘာ အသက်အကြီးဆုံးဘလော့ကာ အဖြစ်သတ်မှတ်ခြင်းကိုခံလိုက်ရပါပြီ။ Butisingh ဟာ ဗြိတိန်နိုင်ငံ Guyana မှာ ၁၉၁၂ ဒီဇင်ဘာတစ်ရက်နေ့က မွေးဖွားခဲ့တာဖြစ်ပါတယ်။ Butisingh အသက်အကြီးဆုံး ဘလော့ခ်ဂါ ပုဒ်ကိုတော့ အသက် ၉၇ နှစ်ရှိပြီးဖြစ်တဲ့ စပိန်လူမျိုး ဘွားဘွား Maria Amelia Lopez Solino ဟာ ကျန်ခဲ့ မေလ မှာ ကွယ်လွန်ခဲ့လို့ အခု ဖိုးဖိုး Butisingh က အသက် ၉၆နှစ်နဲ့ လက်ရှိ ကမ္ဘာအသက် အကြီးဆုံး ဘလော့ဂါအဖြစ်ခံယူသွားခဲ့ပါပြီ။

ကမ္ဘာအသက်အကြီးဆုံး ဘလော့ဂါအဖြစ် မှတ်တမ်းတင်ရှိခဲ့တာကတော့ Ruth Hamilton ၁ဝ၉ နှစ်နဲ့ Olive Riley ၁ဝ၈ နှစ်တို့ဘဲဖြစ်ပါတယ်။ Butisingh ကတော့ အခုထိ ဘလော့ခ် ပိုစ့်တွေကကို ကိုယ်တိုင်စာရိုက်ပြီး တင်နေပါတယ်။ ကွယ်လွန်သွားတဲ့ ဘွားဘွား Maria ကတော့ ပါးစပ်နဲ့သူရဲ့ မြေးကို ရွက်ပြပြီး စာရိုက်ခိုင်းခဲ့တာဖြစ်ပါတယ်။ ဖိုးဖိုး Butisingh က ကျွန်တော်ဟာ အလတ်ကြီးရှိပါသေးတယ် ဒါတောင် တော်တော်ဖျားခဲ့တာ ကျွန်တော် အရာတော်တော် များများကို ကိုယ်တိုင် လုပ်နိုင်ပါသေးတယ်။ ရေချိုးနိုင်တယ် အဝတ်အစား သူများလာဝတ်ပေးစရာမလိုဘူး၊ ကိုယ်မနက်စာ အတွက် ကိုယ်တိုင်ပြင်နိုင်ပါတယ်။ ပြီးတော့ တောင်ဝှေး မပါဘဲ ကိုယ်တိုင်လှမ်းလျှောက်နိုင်သေးတယ်။ အကိုက်အခဲပြောက်ဆေး တော့ သောက်ရတာပေါ့။ သွေးတိုးလည်းမရှိဘူး ပုံမှန် ၁၄ဝ/၇ဝ ဘဲလို့ ပြောကြားခဲ့ပါတယ်။ Buxton မှာ ကြီးပြင်ခဲ့ပြီး ပညာကို အဲ့ဒီမှာသင်ယူခဲ့ပါတယ်။ ၁၉၂၇ အသက် ၁၅ နှစ်အရွယ်မှာ စာမေးပွဲအောင်ပြီး အဲ့မှာဘဲ ကျောင်းဆရာ ၄၅ နှစ်ဝင်လုပ်ခဲ့ပြီး ၁၉၇၂ မှာအနားယူခဲ့ပါတယ်။ Hamilton မှာ မြေး ၁၉ ယောက်နဲ့ မြစ် ၁၈ ယောက်ရှိပါတယ်။ အသက် ၈ဝ အရွယ်မှာ အာရေဗျ စာကိုသင်ယူခဲ့သလို ကိုးရီးယားစကားလဲ ကောင်းမွန်စွားပြောနိုင်တဲ့သူဖြစ်ပါတယ်။



ဒါကတော့ မေလက ကွယ်လွန်သွားတဲ့ အသက် ၉၇ ဘလော့ဂါ Maria Amelia Lopez Solino