08 February 2010

သျှမ်းပြည်နယ်နေ့  အထိမ်းအမှတ် အခမ်းအနား ကျင်းပ။


(၆၃) နှစ်မြောက် သျှမ်းပြည်နယ်နေ့  အခမ်းအနားကို တိုကျို Itabashi မြို့ နယ် OyamaGreen Hall မှာ ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားများ စာပေနှင့် ယဉ်ကျေးမှု အဖွဲ့  မှ ဦးစီးကျင်းပ ပြုလုပ်ပြီး ဂျပန်နိုင်ငံရောက် ရောက် ပြည်ထောင်စုဘွား တိုင်းရင်းသား ညီအကိုများနှင့် ဂျပန်လူမျိုးများပါ တက်ရာက်ပါဝင်ဆင်နွဲခဲ့ကြပါသည်။

သျှမ်းပြည်နယ်နေ့  အခမ်းအနားကို သျှမ်းစာပေနှင့်ယဉ်ကျေးမှုအဖွဲ့ (ဂျပန်)မှ ဦးစီးကျင်းပပြုလုပ်လာခဲ့သည်မှာ ယခုနှစ်ဆိုလျှင် (၁၇) နှစ်မြောက်ဖြစ်သည်ဟု သိရပါသည်။ သျှမ်းအမျိုးသား အလံတော် ကို အလေးပြုပြီး သျှမ်းအမျိုးသား သီချင်းကို စုပေါင်းသီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပါသည် ။

ဂျပန်နိုင်ငံရောက် သျှမ်းတိုင်းရင်းသားများ၏ နာယကကြီး စိုင်းဆမ်မုဒ် မှ ယနေ့ ကျင်းပပြုလုပ်သည့် ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး နှုတ်ခွန်းဆက် အမှာစကားပြောကြားသွားပါသည်။

ယနေ့ ကျင်းပပြုလုပ်သည့် အခမ်းအနားသည် သျှမ်းရိုးရာအစားအစာများ နှင့် ယဉ်ကျေးမူ အနုပညာတို့ ကို ပြည်ထောင်စုဘွား တိုင်းရင်းသားညီအကိုများနှင့် ဂျပန်လူမျိုးများတို အား အဓိက ထားပြီး မိတ်ဆက်ပေးသည့် အစီအစဉ်ဖြစ်ပါသည်။

ရိုးရာယဉ်ကျေးမူ ဖျော်ဖြေရေးအစီအစဉ်မှာ အိုးစည်ဗုံမောင်း နှင့် တိုးနယားအက၊ ကိန္နနရီ ကိန္နနယာ မောင်နှံအက ၊ သျှမ်းရိုးရာသီချင်းများ အကများ၊သျှမ်းပြည်နယ်ရှိ လူမျိုးပေါင်းစုံတို့ ၏ ဖက်ရှင်ဝတ်စုံ အလှများဖြင့် စုံလင်စွာဖျော်ဖြေသွားသည်ကိုတွေ့ ရပါသည်။ ဤ အခမ်းအနားကို တက်ရောက်ကြသည့် ဂျပန်လူမျိုးများတို့ သည် သျှမ်းရိုရာ အစားအစာများ၏ အရသာကို အထူး နှစ်သက် စားသုံး နေသည်ကိုလည်းတွေ့ ရပါသည်။

မြန်မာနိုင်ငံသားများနှင့် ဂျပန်လူမျိုးများအပါဝင် (၃၀၀)ဦးခန့် တက်ရောက် အားပေးခဲ့ကြပြီး အခမ်းအနားကို ညနေ ၆း၀၀ နာရီ မှ ၉း၀၀ အထိ ကျင်းပပြုလုပ်ခဲ့ကြပါသည်။


သတင်းမှတ်တမ်း။ PNS-Japan
မှတ်တမ်းဓါတ်ပုံ ။ Lian Khan Sum(CNC-Japan)