10 February 2010

မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ် ရဲ့ ကြေညာချက်


မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေးစည်းညီညွတ်ရေး အဖွဲ့ချုပ်
အလုပ်သမားသပိတ်တိုက်ပွဲများ ပူးပေါင်းဆင်နွှဲကြ

စာအမှတ်။ ။ ၁/၂၀၁၀ (WFSLB)
ရက်စွဲ ။ ။ ၉ - ၁ - ၂၀၁၀

(၁) ယနေ့ တိုင်းပြည်၏ ဘက်ပေါင်းစုံ စီးပွားရေးအကြပ်အတည်းကြောင့် ပြည်သူလူထုတရပ်လုံး ဆင်းရဲဒုက္ခပေါင်းစုံကို ခါးစည်း
ခံနေကြရပါသည်။ ထိုဆင်းရဲဒုက္ခကြောင့် ယခု လှိုင်သာယာ စက်မှုဇုံရှိ တိုင်ရီ ဘိနပ်စက်ရုံနှင့် အိုပယ်ဝမ်းတူး အထည်
ချုပ်စက်ရုံမှ အလုပ် သမားများသည် လစာငွေကို တသောင်းထပ်ဆောင်းပေးရန်၊ လက်ရှိ အလုပ်လုပ်နေရသည့်
နံက် (၇)နာရီခွဲမှ ည ၁၁ နာရီခွဲ အလုပ် ချိန်ကို လျှော့ပေးရန်၊ အလုပ်သမားများ စားသောက်နေထိုင်သည့်နေရာ
များကို သန့်ရှင်းရေး လုပ်ပေးရန်တို့ကို တင်ပြ တောင်းဆိုနေကြပါသည်။

(၂) တိုင်ရီ နှင့် အိုပယ် အထည်ချုပ်စက်ရုံများရှိ အလုပ်သမားများ၏ တောင်းဆိုချက်များသည် စက်ရုံ အလုပ်ရုံတိုင်းရှိ အလုပ်
သမားများ လက်တွေ့ခံစားနေကြရသော အခြေအနေမှန်များပင် ဖြစ်ပါသည်။

(၃) မိမိတို့၏အလုပ်သမားများ အပါအ၀င် ပြည်သူတရပ်လုံး ရင်ဆိုင်ခံစားနေကြရသော ဆင်းရဲဒုက္ခများကို တိုင်ရီ နှင့် အိုပယ်
အလုပ်သမားများက မိမိတို့ကိုယ်စား တောင်းဆို တိုက်ပွဲဝင်နေကြခြင်းပင်ဖြစ်သည်။ ထိုသို့ တောင်းဆိုနေမှုများကို နအဖ စစ်အ
စိုးရမှ စက်ရုံတရုံနှစ်ရုံအတွင်း နေရာကွက်ကွက်ကလေးမှာ အကြမ်းဖက် နှိမ်နင်းရန် ပြင်ဆင်နေပါသည်။

(၄) ထို့ကြောင့် မြန်မာနိုင်ငံ စက်ရုံ၊ အလုပ်ရုံ အသီးသီးရှိ အလုပ်သမားများအနေဖြင့် တိုင်ရီနှင့် အိုပယ်စက်ရုံအလုပ်သမားများ၏
အလုပ်သမားအခွင့်အရေးနှင့် စားဝတ်နေရေး တောင်းဆိုချက်များကို ထောက်ခံပြီး၊ မိမိတို့ ဘ၀တူ အလုပ်သမားများ ဖိနှိပ်
ခံရမည့်အရေးမှ ကာကွယ်ရေးအတွက် အောက်ပါအချက်များဖြင့် ပူးပေါင်းပါဝင် တိုက်ပွဲဝင်ကြရန် မြန်မာနိုင်ငံ အလုပ်သမား
အပေါင်းတို့အား နှိုးဆော်လိုက်ရပါသည်။

(၁) လုပ်ခတိုးမြှင့်ရရှိရေး တို့အရေး
(၂) အလုပ်ချိန်လျော့ချပေးရေး တို့အရေး
(၃) အလုပ်သမားလူမှုဖူလုံမှုရရှိရေး တို့အရေး


အဖိနှိပ်ခံ အလုပ်သမား လယ်သမားအပေါင်းတို့ သွေးစည်းညီညွတ်ကြ
မြန်မာနိုင်ငံ အလုပ်သမား လယ်သမား သွေးစည်းညီညွတ်ရေးအဖွဲ့ချုပ်

ဆက်သွယ်ရန်။ ။ wfslb2009@gmail.com