13 May 2010

မြန်မာပြည်သူအပေါင်းတို့ နအဖစစ်အစိုးရကတော့ ပြည်တွင်းသုံး ကမ်းလွန်သဘာဝဓာတ်ငွေ့ ၂၄ လက်မပိုက်လိုင်း ရန်ကုန်မြို့သို့ သွယ်တန်းမှုပြီးစီးတဲ့ မီးတော့လာမယ်မထင်



မုတ္တမကမ်းလွန်မှ ပြည်တွင်းလိုအပ်ချက်အရ သွယ်တန်းလျက်ရှိသော အရှည် ၁၇၉ မိုင်ရှိ ပြည်တွင်းသုံး ၂၄ လက်မ ကမ်းလွန်သဘာဝ ဓာတ်ငွေ့ပိုက်လိုင်းသွယ်တန်းခြင်း လုပ်ငန်းများအားလုံးပြီးစီးနေပြီ ဖြစ်ကြောင်း အဆိုပါစီမံကိန်းမှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက်အရ သိရှိရသည်။


အဆိုပါ ဓာတ်ငွေ့ပိုက်လိုင်းမှ ရရှိသော သဘာဝဓာတ်ငွေ့များဖြင့် ပြည်တွင်း၌ သဘာဝဓာတ်ငွေ့ ပိုမိုသုံးစွဲနိုင်ရန် ရည်ရွယ်ထားကြောင်း၊ ရန်ကုန်မြို့၌ သဘာဝဓာတ်ငွေ့ဖြင့် လည်ပတ်နိုင်သည့် လျပ်စစ်တာဘိုင်ငါးလုံး ၀န်းကျင်အထိရှိကြောင်း၊ ယင်းဓာတ်အားပေး တာဘိုင်များကို သဘာဝဓာတ်ငွေ့များ အသုံးပြု၍ပြန်လည် လည်ပတ်နိုင်ရန် စီစဉ်လျက်ရှိကြောင်း ရန်ကုန်တိုင်းစက်မှုဇုန်များ လုပ်ငန်း ဆွေးနွေးပွဲတက်ရောက်ခဲ့သည့် တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။


''ပြည်တွင်းလိုအပ်ချက်အရ သွယ်တန်းတဲ့ ၂၄ လက်မ ကမ်းလွန် သဘာဝဓာတ်ငွေ့ပိုက်လိုင်းကို မုတ္တမကမ်းလွန်ကနေ ရန်ကုန်မြို့အထိ သွယ်တန်းပြီးစီးသွားပြီ ဖြစ်ပါတယ်။ ပိုက်လိုင်းသွယ်တန်းမှုမှာ ကမ်းလွန်ပိုင်း ၉၃ မိုင်အရှည်ရှိပြီး ကုန်းတွင်းပိုင်းကတော့ ၈၆ မိုင် အရှည်ရှိပါတယ်။ ခုဆိုရင်ပိုက်လိုင်းအားလုံး သွယ်တန်းပြီးစီးနေပြီဖြစ်ပါတယ်''ဟု ၄င်းကဆက်လက်ပြောကြားခဲ့သည်။




'အခု ရန်ကုန်မြို့တော်အတွင်း မှာရှိတဲ့ သဘာဝဓာတ်ငွေ့သုံး လျှပ်စစ်ဓာတ်အားထုတ်ရုံတွေဖြစ်တဲ့ အင်းစိန်၊ ရွာမ၊ အလုံ၊ သာကေတ၊ လှော်ကားတွေအတွက် ဧရာဝတီတိုင်း ရေနံတွင်းတစ်ခုကနေ သဘာဝ ဓာတ်ငွေ့ကို ၂၄ လက်မပိုက်လိုင်းနဲ့ မကြာမီမှာ စတင်လွှတ်တော့မှာပါ။ အဲဒါကြောင့်မို့လို့ ရန်ကုန်မြို့တော်အတွက် မဂ္ဂါဝပ် ၆၀၀ ကျော်ကို ပေးနိုင်တော့မှာပါ။ အခုလက်ရှိအချိန်မှာတော့ မဂ္ဂါဝပ် ၃၀၀ ကျော်ကိုပဲ ပေးနိုင်သေးပါတယ်''ဟု ရန်ကုန်မြို့တော် လျှပ်စစ်ဓာတ်အားပေးရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။



ရန်ကုန်တိုင်း စက်မှုဇုန်တာဝန်ရှိသူ တစ်ဦးကလည်း ''အခုဓာတ် ငွေ့ပိုက်လိုင်းတွေ အားလုံးပြီးစီးပါပြီ။ အဲဒါကြောင့် ရန်ကုန်မြို့တော် အတွင်းမှာရှိတဲ့ စက်မှုဇုန်လေးဇုန်ကို အခုလက်ရှိ မီးရရှိတဲ့ပုံစံထက်ပိုပြီး ရရှိမယ်လို့ သိရပါတယ်'' ဟုလည်း ပြောကြားခဲ့သည်။




ကုန်းတွင်းပိုင်းပိုက်လိုင်းများ အပြီးသတ်လုပ်ငန်းများကို ဧရာဝတီတိုင်း ဖျာပုံခရိုင် အမာမြို့နယ်အတွင်းရှိ ဒေါ်ညိမ်းကျေးရွာအနီးတွင် Pipe Line Centre ထားရှိကာ ဆောင်ရွက်သွားမည် ဖြစ်ကြောင်းလည်း သိရှိရသည်။




ရန်ကုန်တိုင်းအတွင်းတွင် ယခင်က လျှပ်စစ်ဓါတ်အား မဂ္ဂါဝပ် ၄၀၀ သုံးစွဲရာမှ ယခုအခါတွင် စက်ရုံများတိုးချဲ့တည်ဆောက်ခြင်း နှင့် အိမ်သုံးလျပ်စစ်ပစ္စည်းများပိုမို သုံးစွဲခြင်းတို့ကြောင့် လျပ်စစ်မဂ္ဂါဝပ် ၅၅၀ ကျော်မှ ၆၀၀ အထိ တိုးချဲ့ သုံးစွဲလာကြောင်းလည်း သိရှိရ ပါသည်။




ဤသတင်းကိုweeklyeleven.မှဖတ်ပြီးနအဖစစ်အစိုးရကသိပ်ပြီတိုင်းပြည်ကြီးကိုခေတ်မှီစေချင်တာလား

၂၀၁၀ရဲ့သူတို့ရွေးကောက်ပွဲမှာကြံ့ဖွတ်ပါတီအတွက်ပြည်သူတွေကိုခနတာမီးအားလျှပ်စစ်လေးလုပ်ပြပြီး

စည်းရုံးတော့မှာလား၊ရွေးကောက်ပွဲလည်းပြီးရောထုံးစံအတိုင်းမီးတွေဆယ်မီနစ်လောက်သာပြန်ပေး

တော့မယ်ထင်ပါရဲ့ဆိုတာစဉ်းစားစရာတခုဖြစ်နေလို့ဤသတင်းလေးအားပြန်လည်တင်ပြပေး

လိုက်ပါသည်။