10 May 2010

ယနေ့ တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူးဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ပ်ဘဲလ် တွေဆုံမည်

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ဒေါ်အောင်ဆန်းစုကြည်သည် ရန်ကုန်မြို့တွင် ရောက်ရှိနေသော အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး ကာ့တ်ကမ့်ပ်ဘဲလ်နှင့် စိမ်းလဲ့ကန်သာ ဧည့်ဂေဟာတွင် ယနေ့ နေ့လယ် ၁ နာရီ၌ တွေ့ဆုံမည်ဟု သိရသည်။

အရှေ့ အာရှနှင့် ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး မစ္စတာ ကာ့တ်ကမ်းဘဲလ်သည် တခြားသော အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ခေါင်းဆောင်များနှင့်လည်း အမေရိကန်သံရုံး တာဝန်ခံ၏အိမ်တွင် နံနက် ၁၁ နာရီ၌ တွေ့ဆုံမည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီ၏ပြောခွင့်ရ ပုဂ္ဂိုလ် ဦးဉာဏ်ဝင်းက ဧရာဝတီကို ပြောသည်။

မစ္စတာ ကမ်းဘဲလ်သည် ပြန်ကြားရေး ၀န်ကြီး ဦးကျော်ဆန်း အပါအ၀င် အစိုးရ အရာရှိများနှင့်လည်း ယမန်နေ့က တွေ့ဆုံခဲ့ကြောင်း သိရသည်။