11 May 2010

မြောက်ကိုရီးယား မှ လက်နက် တင်သွင်းမှု နှင့် ပတ်သက်၍ မြန်မာစစ်အစိုးရကို အမေရိကန် သတိပေး

ကုလသမဂ္ဂ နှင့် အမေရိကန် နိုင်ငံတို့ မှ ဒဏ်ခတ် အရေးယူထားသည့် ဆိုးသွမ်း နိုင်ငံများ စာရင်းဝင်
မြောက်ကိုရီးယား နိုင်ငံမှ လက်နက် များ တရား မ၀င် တင်သွင်းနေ သည့် မြန်မာ နိုင်ငံအား အာရှ နှင့်
ပိစိဖိတ် ရေးရာ ဒုလက်ထောက် နိုင်ငံခြားရေး ၀န်ကြီး က သူ ၏ နှစ်ရက်ကြာ မြန်မာ နိုင်ငံ ခရီးစဉ်
အတွင်းပြင်းထန် စွာ သတိပေးသွားသည် ။



ဝန်ကြီး ၏ မြန်မာ နိုင်ငံ ခရီးစဉ် အတွင်း မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်

အပါအ၀င်အမျိုးသား ဒီမို ကရေစီ အဖွဲ့ ချုပ် ခေါင်းဆောင်များ ဖြစ်သည့် ဦးတင်ဦး ၊ဦးဝင်းတင် ၊

ဦးအုန်း ကြိုင်၊ဦးညွန့် ဝေ၊သခင်စိုးမြင့် ၊ဦးဟံသာမြင့် ၊ ဦးဥာဏ်ဝင်း တို့  နှင့် တွေ့  ဆုံခဲ့သည်။



၎င်းတို့ ကိုယ်တိုင် မတရား ရေးဆွဲထားသည့် ရွေးကောက်ပွဲ ဥပဒေ ကိုပင် လိုက်နာမှု မရှိသည့် မြန်မာ

စစ်အစိုးရ၏ ရွေးကောက်ပွဲ ရလာဒ် အား အမေရိကန် နှင့် နိုင်ငံတကာ မှ လက်ခံ ခြင်းမပြု ရန် ကို လည်း

ဦးဝင်း တင် နှင့်ဝန်ကြီး တို့ ဆွေးနွေးခဲ့သည်။



ပြည်ထောင်စုဒီမိုရေစီပါတီ မှ ဦးဖြိုးမင်းသိမ်း နှင့် တွေ့ ဆုံရာတွင် ဦးဖြိုးမင်းသိမ်း က ကြံဖွံ့ 

ရွေးကောက်ပွဲ ၀င်ရန် ပါတီ ထောင်ခြင်း နှင့် ကြံ့ ဖွတ် ပါတီ ခေါင်းဆောင် အဖြစ် စစ်အစိုးရ ၀န်ကြီးချုပ် ဗိုလ်ချုပ်ကြီး တစ်ဖြစ်လဲဦးသိန်းစိန် ဦးဆောင် နေခြင်းသည် ၎င်း တို့ ကိုယ် တိုင်ရေး ဆွဲ ထားသည့်

ရွေးကောက်ပွဲ ဥပဒေ ကို ချိုးဖောက်ရာရောက်သည် ဟု ဆွေးနွေး ခဲ့သည် ဟု ပြည်ထောင် စု ဒီမို ကရေစီ

ပါတီ မှ ဦးဖြိုးမင်းသိန်း က Freedom NewsGroup သို့ ပြောသည်။



အမေရိကန် အစိုးရ ၏ ပြောင်းလဲလာသည့် မူဝါဒများ အပေါ် မြန်မာ အစိုးရ နှင့် ထိတွေ့ ဆက်ဆံရာဉ်

အမေရိကန်၏ တောင်းဆိုချက်များကို မလိုက်လျှောသည့် စစ်အုပ်စု အား စိတ်ပျက် မိသည် ဟု 0န်ကြီး

က သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားသွားသည်။



မြန်မာ စစ်အစိုးရ မှ ပြုလုပ်မည့် ရွေးကောက်ပွဲ သည် နိုင်ငံတကာ အသိုင်း အသိုင်းအ၀ိုင်း မှ ပိုမို လက်ခံ

ယုံကြည်နိုင် အောင် ခြေလှမ်း စမှ တရား ၀င်မှု ဖြစ်လိမ့်မည် ဟု သတင်းထောက် များ နှင့် တွေ့ ဆုံရာ တွင် ပြောကြားခဲ့သည်။



ရင်းမြစ်...freedomnewsgroup