မိမော်ကဖတဆိုးကလေးပါ။သူမအပျိုဖော်ဝင်စမှာသူ့ဖခင်အဆုတ်နာ(တီဘီ)ရောဂါနဲ့ကွန်လွန်ခဲ့ပါတယ်။
မိခင်ခမျာမှာလည်း ပညာမရှိရှာ ၊ခင်ပွန်ရှိစဉ်ကလည်း မစုဆောင်းနိုင်ခဲ့တာကြောင့်မိခင်နဲ့သမီး နေ့စဉ်ဝမ်းကျောင်းရေးအတွက် ရာသီပေါ်သီးနှံလေးတွေ ရောင်းချရပါတယ်။
ဆင်းဆင်းရဲရဲနဲ့ပဲ မိမော် ဆယ်တန်းအောင်ခဲ့ပြီး အဝေးသင် တက္ကသိုလ် ဆက်တက်ပါတယ်။ချို့တဲ့ခွန်းလို့ မနက်စာနဲ့ညစာမကြာခဏပေါင်းစားကြရတဲ့အထိပါပဲ။ကျောင်းစရိတ်ကလဲရှိနေတော့ဈေးဗန်းခေါင်း
ပေါ်မကမချနိုင်ခဲ့ပါဘူး၊သည်ကြားထဲ မိခင်က ပန်းနာရင်ကျပ်ဝေဒနာသည်မို့ ဆေးဖိုးက သူတို့ ဝင်ငွေ
လေးထဲကပဲ့ ထွက်သွားပြန်ပါသေးတယ်။
မရွယ်ရောက်နေတဲ့မိမော်တယောက်ရည်းစားသနာရှိတယ်လို့အရပ်ထဲကလည်းမကြားမိ၊တွဲသွား
တွဲတွဲလာလည်းမမြင်မိကြပါဘူး။တရက်မှာတော့ သားအမိနှစ်ယောက် တယောက်ကိုတယောက်
ဖက်ပြီး ကျိတ်ငိုခဲ့ရပါတော့တယ်။မိမော်မှာကိုယ်ဝန်ရှိနေပါပြီ။ သူ့မိခင်ရောသူမ ကပါ ပါဏာတိပါတာကံ ကိုမကျူးလွန်ခဲ့ကြပါဘူး။ဖြစ်သမျှ အကြောင်းအကောင်း ချည်းပဲလို့သာလက်ခံပြီးဖုံဖိမရတဲ့ ပြသာနာ
အတွက် ပတ်ဝန်းကျင် နဲ့ လောကဓံကို ရင်ဆိုင်ခဲ့ကြပါတယ်။မိမော်မိခင်က ကလေးအဖေ ဘယ်သူ
လဲဆိုတဲ့ မေးခွန်းကို မကြာခဏမေးခဲ့ပေမယ့်မိမော်ရဲ့ နှုတ်ဆိတ်ပြီး တသွင်သွင်စီးကျနေတဲ့ မျက်ရည်
တွေကသာ အဖြေဖြစ်ခဲ့ပါတယ်။
သည်လိုနဲ့ မီးဖွားချိန်ရောက်လာခဲ့ပါတယ်။ ဆေးရုံတက်မွေးဖို့နေနေသာသာ ဆေးရုံသွားဖို့တောင် သူ့တို့ကားမဌားနိုင်ကြဘူး။အရပ်ထဲက လက်သည်အဒေါ်ကြီးခမျာ မီးလည်းဖွားပေး ၊ထမီဟောင်း
လေးတွေလည်းပေးကမ်းကူညီရင်းကုသိုလ်ယူခဲ့ရပါတယ်။ဝမ်းထဲကကလေးကျွတ်သွားတဲ့အချိန်မှာ
မိမော်က ပင်းပန်းနွမ်းနယ်အားလျော့လျက်ဘာလေးမွေးလဲ မေးရှာပါတယ်။လက်သည်ကြီးက
ယောင်္ကျားလေး မွေးတဲ့အကြောင်းဖြေပြီ မိမော်နဖူးက ချွေးစက်လေးတွေ သုတ်ပေးရင်းအားပေး
ရှာပါတယ်။အားပြည့်သွားအောင်ကော်ဖီလေးသောက်လိုက်ဦးဆိုတော့မိမော်ခေါင်းညိတ်ပြီးကော်ဖီ
ထသောက်ပါတယ်။ကော်ဖီကုန်သွားတော့ တခွန်းသာပြောပြီး ပြန်လှဲချရင်း မိမော်တယောက်
လောကကြီးထဲ ကအပြီးအပိုင် ထွက်သွားပါတော့တယ်..။
“ယောင်္ကျားလေးတဲ့လားအဒေါ်ကြီးရယ်”မိခင်ခမျာမှာလည်း ပညာမရှိရှာ ၊ခင်ပွန်ရှိစဉ်ကလည်း မစုဆောင်းနိုင်ခဲ့တာကြောင့်မိခင်နဲ့သမီး နေ့စဉ်ဝမ်းကျောင်းရေးအတွက် ရာသီပေါ်သီးနှံလေးတွေ ရောင်းချရပါတယ်။
ဆင်းဆင်းရဲရဲနဲ့ပဲ မိမော် ဆယ်တန်းအောင်ခဲ့ပြီး အဝေးသင် တက္ကသိုလ် ဆက်တက်ပါတယ်။ချို့တဲ့ခွန်းလို့ မနက်စာနဲ့ညစာမကြာခဏပေါင်းစားကြရတဲ့အထိပါပဲ။ကျောင်းစရိတ်ကလဲရှိနေတော့ဈေးဗန်းခေါင်း
ပေါ်မကမချနိုင်ခဲ့ပါဘူး၊သည်ကြားထဲ မိခင်က ပန်းနာရင်ကျပ်ဝေဒနာသည်မို့ ဆေးဖိုးက သူတို့ ဝင်ငွေ
လေးထဲကပဲ့ ထွက်သွားပြန်ပါသေးတယ်။
မရွယ်ရောက်နေတဲ့မိမော်တယောက်ရည်းစားသနာရှိတယ်လို့အရပ်ထဲကလည်းမကြားမိ၊တွဲသွား
တွဲတွဲလာလည်းမမြင်မိကြပါဘူး။တရက်မှာတော့ သားအမိနှစ်ယောက် တယောက်ကိုတယောက်
ဖက်ပြီး ကျိတ်ငိုခဲ့ရပါတော့တယ်။မိမော်မှာကိုယ်ဝန်ရှိနေပါပြီ။ သူ့မိခင်ရောသူမ ကပါ ပါဏာတိပါတာကံ ကိုမကျူးလွန်ခဲ့ကြပါဘူး။ဖြစ်သမျှ အကြောင်းအကောင်း ချည်းပဲလို့သာလက်ခံပြီးဖုံဖိမရတဲ့ ပြသာနာ
အတွက် ပတ်ဝန်းကျင် နဲ့ လောကဓံကို ရင်ဆိုင်ခဲ့ကြပါတယ်။မိမော်မိခင်က ကလေးအဖေ ဘယ်သူ
လဲဆိုတဲ့ မေးခွန်းကို မကြာခဏမေးခဲ့ပေမယ့်မိမော်ရဲ့ နှုတ်ဆိတ်ပြီး တသွင်သွင်စီးကျနေတဲ့ မျက်ရည်
တွေကသာ အဖြေဖြစ်ခဲ့ပါတယ်။
သည်လိုနဲ့ မီးဖွားချိန်ရောက်လာခဲ့ပါတယ်။ ဆေးရုံတက်မွေးဖို့နေနေသာသာ ဆေးရုံသွားဖို့တောင် သူ့တို့ကားမဌားနိုင်ကြဘူး။အရပ်ထဲက လက်သည်အဒေါ်ကြီးခမျာ မီးလည်းဖွားပေး ၊ထမီဟောင်း
လေးတွေလည်းပေးကမ်းကူညီရင်းကုသိုလ်ယူခဲ့ရပါတယ်။ဝမ်းထဲကကလေးကျွတ်သွားတဲ့အချိန်မှာ
မိမော်က ပင်းပန်းနွမ်းနယ်အားလျော့လျက်ဘာလေးမွေးလဲ မေးရှာပါတယ်။လက်သည်ကြီးက
ယောင်္ကျားလေး မွေးတဲ့အကြောင်းဖြေပြီ မိမော်နဖူးက ချွေးစက်လေးတွေ သုတ်ပေးရင်းအားပေး
ရှာပါတယ်။အားပြည့်သွားအောင်ကော်ဖီလေးသောက်လိုက်ဦးဆိုတော့မိမော်ခေါင်းညိတ်ပြီးကော်ဖီ
ထသောက်ပါတယ်။ကော်ဖီကုန်သွားတော့ တခွန်းသာပြောပြီး ပြန်လှဲချရင်း မိမော်တယောက်
လောကကြီးထဲ ကအပြီးအပိုင် ထွက်သွားပါတော့တယ်..။
တဲ့ပါ။
ရန်ကုန်မြို့ အစွန့် မြို့သစ် မှာနေတဲ့ ကျနော်မိခင်ဆီသွားရင်း အဲသည့်နာရေးသတင်းကိုကြား
ခဲ့ရတာပါ။ ကျနော်ရောက်သွားတဲ့နေ့က မိမော်အသုဘချပြီးနောက်တရက်ပါ။ကျနော့် မိခင်က ဆက်ပြောပါသေးတယ်။ မီးတွင်းမှာဆုံးပြီး သင်္ဂြိန်ဟ်ဖို့ အခက်တွေ့ နေတဲ့မိမော် အမေကို
အရပ်ထဲက တယောက်တပေါက် အကြွပြုကြပါသည်တဲ့။ သမီးဖြစ်သူရဲ့ အလောင်းမြေကျရေး
အတွက် လုံလောက်တဲ့ငွေကြေး မရှိရှာတဲ့ မိမော်မိခင်ခမျာ မျက်ရည်တွေနဲ့သာ လာသမျှလူတွေ
ကိုလိုက်ကြည့်နေပါသည်တဲ့။အရပ်သားထဲကရုတ်တရက်“ကျော်သူကိုခေါ်လိုက်”လို့ထအော်ပါတယ်။
ကျန်လူတွေကလည်း”ဒါကောင်းတယ်။မီးတွင်းကြီးဆုံးတော့တခါတည်းကျော်သူခေါ်ပြီးသင်္ဂြိုဟ်လိုက်
တော့”ဆိုကြတာနဲ့အရပ်သားတယောက်ကနာရေးကူညီမှုအသင်းကိုဆက်သွယ်ပေးလိုက်တယ်လို့
အမေကပြောပါတယ်။(အရပ်သူအရပ်သားတွေခမျာမှာလည်း လက်လုပ်လက်စားတွေမို့ လူအားသာ
ကူညီနိုင်ကြတာပါ။ငွေအားဖြင့် မတတ်နိုင်ကြပါဘူး)။
ကျနော်ကအမေ့စကားကိုဖြတ်ပြီး“အမေရယ်....နာရေးကူညီမှုအသင်းကို အကူအညီတောင်းမယ်
မဟုတ်ဘူး။ဘယ့်နှယ်ကျော်သူ့ခေါ်လိုက်တုန်း”လို့ပြောလိုက်မိပါတယ်။အမေက“ဟဲ့သား....
သူတို့ကပညာဗဟုသုတ နည်းပါးကြတယ်ပွယ်။အပြောအဆိုကလည်း မတတ်ကြရှာဘူးလေ။
ညည်တော့သားပြောတဲ့နာရေးကူညီမှုအသင်းဆိုတာသူတို့ရုတိတရက်ဘယ်သုံးနှုန်းတတ်ကြမလဲ”
တဲ့..။နာရေးကိစ္စတွေမှာကူညီမှုတွေပေးနေရှာတဲ့မင်းသားကျော်သူပဲအမှတ်ထားပြီးကျော်သူလို့
ခေါ်လိုက်ပြောကြရှာတာပေါ့”လို့ရှင်းပြပါတယ်။တဆက်တည်းပဲအမေကနာရေးကူညီမှုအသင်း
မော်တော်ယာဉ်ရောက်လာပြီးမြို့သစ်နဲ့ အနီးဆုံးသုသာန်ကိုပို့ပေးခဲ့ကြောင်း၊အရပ်ထဲကလူတွေကလဲ သူတို့အားကိုးတကြီးနဲ့ အကူအညီတောင်းတာကိုအခကြေးငွေလုံးဝမယူဘဲမေတ္တာနဲ့အပြည့်အဝ
ကူညီပေးသွားတဲ့အသင်းကမော်တော်ယာဉ်ပြန်ထွက်သွားတဲ့အထိဝိုင်းကြည့်ုပြီးကျေးဇူးတင်
နှုတ်ဆက်ခဲ့ကြကြောင်းပြောပြပါတယ်။
မိမော် မိခင်ခမျာလည်း သမီးဆုံးကတည်းက တောက်လျှောက်ကျနေတဲ့ မျက်ရည်တွေဟာ
နာရေးကူညီမှုအသင်းကမော်တော်ယာဉ် ပြန်ထွက်သွားတဲ့အထိပါပဲ။နောက်ဆုံးကျနေတဲ့
မျက်ရည်တွေဟာ သမီးဖြစ်သူ့ရဲ့အပူတကာအပူထဲကအပူဆုံးဒုက္ခကို ဖြေရှင်းပေးသွားတဲ့ အသင်းကြီးကိုကျေးဇူးတင်လွန်းလို့ ကျနေတဲ့ မျက်ရည်တွေဖြစ်မှာ သေချာပါတယ်။
(ကိုကျော်သူခင်ဗျာ....ဖော်ပြပါအရပ်သူအရပ်သား၊အများစုမှာဆင်းရဲနွမ်းပါးကြပြီး စကား
အပြောအဆို အသုံးအနှုန်း အားနည်းကြပါတယ်။ နားရေးကူညီမှု အသင်းကြီးအပေါ်တော့
အထူးကျေးဇူးတင်လျက် ပြောမဆုံး နိုင်၊ချီးမွမ်းမဆုံးနိုင်ကြပါခင်ဗျား...)
KMO
အမှိုက်ထဲက ရတနာ များ စာအုပ် ကနေပြန်လည်ဖော်ပြဖြင်းသာ ဖြစ်ပါသည်..။
ကျမ အမှိုက်ထဲက ရတနာ များ စာအုပ် ကိုဖတ်ပြီး မင်းသားကိုကျော်သူအား လေးစားမိ ပြီး ပြန်လည်တင်ြပခြင်းသာဖြစ်ပါသည်..။
မြတ်လေးငုံ..။