*ကိုအောင်သူအတွက်အမှတ်တရ*
- ကျမဘ၀အတွက်မေ့လိုမရတဲ့အကြောင်းတွေထဲမှာကျမအကိုတယောက်လိုချစ်ခင်လေးစားခဲ့ရတဲ့အကိုကြီး
 တယောက်အကြောင်းကိုရေးထားခဲ့ရပါတယ်.သူကတော့အားလုံးသိကြမှာပါ၈၈မျိုးဆက်ကျောင်းသား
- တဦးခုတော့(ပူတာအိုထောင်)ထဲမှာ(၆၅)နှစ်နိုင်ငံရေးအကျဉ်းကြခံနေရတဲ့*ကိုအောင်သူ*ပါ.
 သူ့အဖေနဲကျမမေမေကတော့ငယ်စဉ်ကထဲကခင်ကြတဲ့မိတ်ဆွေတွေပါသူအဖေနံမည်ကဦးဘိုးအောင်.၊
 သူအဖေကလဲ(၈၈)တုံးကနိုင်ငံရေးအကျဉ်းသားတဦးပါ.ကျမနဲ့သူနဲ့ကြတော့ကျမခင်ပွန်း
 ခုကြတော့ကျမအမျိုးသားကမိတ်ဆက်ပေးလို့သိခဲ့ရပါတယ်.၊
 စတွေ့တွေချင်းစတတ်နောက်တတ်တဲ့အကိုကြီးလိုဘဲခင်ကြတာပါ.ရင်းနှီးတော့မှာကျမတို့အိမ်ကို
 နောက်တော့*ကိုအောင်သူ*အဖေက*ဦးဘိုးအောင်*ဆိုတာကိုသိတော့ကျမတို့အိမ်နဲ့
 စားအိမ်သောက်အိမ်ဖြစ်ခဲ့ပါတယ်ပိုပြီးရင်းနှီးခဲ့ကြတာပေါ့.။
 ကျမအမျိုးသားနဲ့သူနဲ့ကတော်တော်လေးချစ်ကြတဲ့သူငယ်ချင်းလို့လဲပြောလို့ရပါတယ်ညီအကိုတွေ
 လိုချစ်ခဲ့ကြတာပါ.နေ့တနေ့ရဲ့ရက်တရက်မှာကျမကိုစနောက်နေတဲ့*ကိုအောင်သူ*စသမျှခံနေရတဲ့
 ကျမပြန်စမယ်ဆိုပြီးစိတ်ထဲမှာတေးထားတုံးပေါ့ညနေဆည်းဆာဖရေဇာမှာသူနဲ့ကျမတို့စုံတွဲတွေ
 ဖြစ်ခဲ့တယ်၊သူကကွန်ပျူတာသင်တန်းအပြန်လက်ဘက်ရည်ဆိုင်ထိုင်ကြမယ်လို့ခေါ်တာသူကမထိုင်
 ဘူး၊သူ့ကောင်မလေးနဲ့ချိန်းထားတယ်ဆိုပြီးထွက်သွားလိုက်တာမေးကြည့်တော့ဘယ်မှာချိန်ထား
 တာလဲအကိုဆိုတော့ဆူးလေပန်းခြံကိုသွားမယ်ဆိုပြီးထွက်သွားလိုက်တယ်.။
 ကျမတိုစုံတွဲလဲသူကိုနောက်ချင်နေတာနဲ့အတော်ဘဲလိုက်သွားကြရမယ်ဆိုပြီးတော့သူနောက်ကိုရှာ
 လိုက်ရတာသူတို့စုံတွဲကို တွေ့တွေ့ချင်းကျမကသူကိုပညာပြတော့တာပေါ့လမ်းမှာကျမတို့စုံတွဲကတိုင်
 ပင်ထားတာသူကိုတွေ့တာနဲကိုကိုမကောင်းဘူးညီမကိုထားပြီးတော့ဒီမှာအသစ်တွေ့နေတယ်ဟုတ်လား
 ဆိုပြီးသူရဲ့လက်မောင်းတွေကိုရိုက်တာသူလဲအရမ်အံ့သြနေတယ်ဘာလုပ်တာလဲ. သူလက်ကြီးကိုဆွဲပြီးပြန်မယ်လိုက်ပို့ပေးအိမ်ကစိတ်ပူနေမယ၊်
- မိုးလဲချုပ်နေပြီး.ကျမအမျိုးသားကလည်းကလဲ ကျွန်တော်သွားတော့မယ်လိုက်ပို့ပေးဆိုလို့ပို့ပေးရတာ
- *ကိုအောင်သူ*စိတ်မဆိုးပါနဲဗျာ၊.ဆိုပြီးပြောကျမကိုလဲအမရင်ထဲရှိတာတွေပြောလိုက်ငိုမနေနဲ့ပေါ့ဆိုပြီး
- လုပ်သေးတယ်.၊ပျော်လိုက်ရတာမပြောပါနဲ့သူခံရတာကိုကြည်ပြီးတော့ဝမ်းလဲဝမ်းသာ.ပျော်လဲပျော်သူ
- ကောငိးမလေးလဲစိတ်တွေဆိုးပြီးပြန်သွားတော့တာဘဲ.။
 သူတိုစုံတွဲလဲ၃ပါတ်လောက်ပြတ်သွားပါတယ်.သူလဲကျမတို့ကိုတော်တော်လေးစိတ်ဆိုးသွားတာ.
 *ကိုအောင်သူ*ကပြန်ရှင်းပေးရမယ်.နင်လုပ်တာငါကိုပြန်ကူပြီးရှင်ပေးဆိုပြီးပြောလို့ကျမလဲပြန်ရှင်းပြ
 လိုက်ပါတယ်၊ကျမရည်းစားကဘယ်သူပါအမရယ်စိတ်မဆိုးပါနဲ့လိုဖောဖောလေးတွေလေပွားပေးလိုက်
 တော့သူလဲတကယ်ပျော်သွားပုံရတယ်၊
- ပျော်ရွှင်တတ်တဲ့*ကိုအောင်သူ*တယောက်ခုတော့ဘယ်လိုတွေနေနေရလဲဆိုတာသိချင်ပါတယ်.၊
- ဒီလိုပျော်၇ွှင်ချိန်လေးတွေကတော့ဘယ်တော့မှာပြန်မရတော့ပါဘူးရှင်.
 သူကခုတော့(ပူတာအို)ထောင်ထဲမှာကျမတို့ကနယ်စပ်မှာဖြစ်နေပါပြီး.ကျမဘ၀အတွက်ကံဆိုးမိုးမှောင်
 ကြခဲ့ရတနေ့လို့ပြောလို့လဲရပါတယ်.အဲဒီနေ့ကတော့ကျမတို့နိုင်ငံရဲ့ဝန်ကြီးချုပ်ဟောင်း(ဦးနု)ရဲ့ဈာပနကို
 ကျမရဲ့အမျိုးသားကသွားပို့လိုက်မိတယ်.၊ဒီလိုနဲ့ဘဲစစ်အာဏာရှင်တွေကကျမတိုနှစ်ယောက်ကို
- ခွဲခဲ့ကြတာပေါ့၊၊
 ကျမအမျိုးသားလဲထောင်ကိုနောက်တခေါက်ကျခဲ့ရပါတယ်.၊ပထမတကြိမ်ကတော့သူနဲ့*ကိုအောင်သူ*နဲ့
 ကတခန်းထဲနေခဲ့ကြတဲ့ရဲဘော်ရဲဘက်တွေပေါ့.၊ဒီလိုနဲ့ဘဲကျမလဲအင်းစိန်ထောင်ကိုကျမခင်ပွန်းရောက်
 နေပြီးလားဆိုပြီးသတင်းတွေမေးခဲ့ရတယ်.၊တခါမှာအတွေအကြုံမရှိတဲ့ကျမကိုကူညီပြီးတော့လိုက်
 မေးပေးခဲ့တဲ့ ကိုသားကြီး တို့ စုံတွဲကူညီမှုတွေလုပ်ပေးခဲ့ကြတယ်.၊ကျမကအဲဒီအချိန်မှာပူထူနေတာပါ
 ဘာမှလဲမသိသလိုမျိုးခံစားခဲ့ရပါတယ်.။
 ထောင်ကျမယ်လိုလဲမထင်ခဲ့ဘူး၊အဲဒီတုံးကဧပြီလ(၁၉၉၅)ခုနှစ်.အမိန့်ချတော့(ရ)နှစ်ဆိုပြီး
 (၂၈.၄.၁၉၉၅)မှာချခဲ့တယ်.၊စစ်အစိုးရလုပ်ပုံများ.ဈာပနာလိုက်ပို့လိုဆိုပြီးတော့ထောင်ချ
 လိုက်တာ(ရ)နှစ်ချခဲ့တယ်ထောင်ဝင်စာကို၂ပါတ်တခါပို့ရတယ်တွေ့ခဲ့ရပါတယ်.၊တွေရတဲ့အချိန်က
 ၁၅မိနစ်ဘဲရပါတယ်၊
- အဲဒီအချိန်တုံးကအင်းစိန်ထောင်ကိုထောင်ဝင်စာတွေ့ရတယ်ဆိုတော့တော်သေးတယ် ခုလိုထောင်ဝင်စာကိုအဝေးတွေပို့ခဲ့မယ်ဆိုရင်တော့မလွယ်ပါဘူး.။
 ကျမဘ၀မှာဘယ်တော့မှာမေ့လိုမရခဲတဲ့*ကိုအောင်သူ*ရဲ့ကျေးဇူးကိုမေ့မရခဲ့ပါဘူး.၊တနေ့ထောင်
 ငွေလဲထုတ်လိုမရဘူး.၊ကိုယ်ပိုင်အလုပ်ဆိုတော့အထင်တော့မကြီးလိုက်ပါန့၊ဲမနက်ဆိုရင်မုန့်ဆိုင်တွေကို
 ကိုယ်တိုင်လုပ်တဲ့မုန့်တွေပို့ပေးရတာပါ.၊ကျမအဖေနဲ့အမေကိုလဲအားနားလာပြီး.၊သူတို့ကကျမကို
 အမြဲထောင်ဝင်စာအတွက်လုပ်ပေးနေကြပါ.၊ကျမနဲ့ကျမအမျိုးသားနဲ့လက်ထက်ပြီးတော့(၆)လကြာ
 မှာသူထောင်ကျခဲ့ရပါတယ်၊ကျမတို့၂ယောက်ဝင်ငွေကလဲဘာမှမရှိပိုက်ဆံလဲကျမမှာတပြားမှမရှိဘူး။
 ဒီလိုအတွေ့အကြုံတွေတွေ့ခဲ့ရတာ.၂နှစ်လောက်ဆိုနည်းနည်းအီလာပြီး.အီတယ်ဆိုတာပိုက်ဆံကို
 ပြောတာပါ.၊ကျမအသက်က၂၄နှစ်ကျော်ကျော်ရှိသေးတာအဲဒီတုံးက(၁၉၉၇)မေလဒုတိယအပါတ်မှာ
 ထောင်ဝင်စာကိုမသွားဘူးလိုဖြစ်နေတဲအချိန်မှာ*ကိုအောင်သူ*အကြောင်းဆက်ပြောတာပေါ့၊ကျမ
 အိမ်ရှေ့မှာကားသံကြားတော့ကြည့်လိုက်တာသူကားဖြစ်နေတယ်.၊ကျမပျော်လိုက်တာအရမ်းဘဲထ
 ကုန်ပြီ့တော့*က*လိုက်ချင်တာနင်ဘာလုပ်နေတာလဲ၁၀နာရီရှိနေပြီးထောင်ဝင်စာမသွားဘူးလားလို့
 သူကမေးတောကျမမှာပိုက်ဆံမရှိလိုအကိုရယ်လိုပြောပြလိုက်တာ.။
 သူလဲစိတ်မကောင်းဖြစ်ပြီးငါကိုဘာလိုဖုန်းမဆက်တာလဲလာသွားမယ်ဈေးကိုဆိုပြီးတော့ကျမကိုခေါ်ပြီး
 (၂၆)လမ်းဈေးထဲမှာဈေးဝယ်ပြန်လာအိမ်လည်ရောက်သူလဲအိမ်မှာဟင်းတွေဝိုင်းချက်ပေးရတာ
 ထောင်ဝင်စာသွားရင်ချက်ဘို့ဆိုပြီးမီးဖိုး၂လုံးလုပ်ထားတော့အတော်ဖြစ်သွားတယ်။
- ချက်ပြုတ်ပြီးတာနဲ့အိတ်တွေထဲဟင်းတွေထည့်အားလုံးပြီးတာနဲ့အင်းစိန်ထောင်ကိုပြေးရပြန်တာပါ၊
- ထောင်မှာဧည့်တွေ့ကိုလုပ်တာတော်သေးတယ်၂နာရီအတိဘဲ.ထောင်ဧည့်တွေက၂နာရီဆိုပိတ်တာ
- ကွက်တိဘဲ.၊ဟိုရောက်မှာကျမကြိုက်တတ်တဲ့ကော်ဖီလေးသောက်ရတယ်၊မနက်စာကတော့ဘေးချိတ်
- ပေါ့.*ကိုအောင်သူ*ကတော့မ၀င်ရပါဘူးအပြင်မှာစောင့်နေပေါ့.။
 ကျမအမျိုးသားကိုတွေတော့လဲနေကောင်းကြောင်းအဆင်ပြေကြောင်းပြောရတာပေါ့ခုတောင်
 *ကိုအောင်သူ*၀ိုင်းကူပေးတယ်သူအပြင်မှာရှိတယ်လိုဘဲပြောခဲ့ရပါတယ်.သူလဲနေကောင်းကြောင်း
 သတိယကြောင်းအကြောင်းပေါင်းစုံသောအကြောင်းတွေကိုထပ်နေတာပါ။
- သတိယကြောင်းကျမအဆင်ပြေလားလို့မေးတော့လဲပြေပါတယ်ဒီလိုဘဲပြောရမှာဘဲလေ.သူကို
- အားလုံးပြောပြလို့သူစိတ်မကောင်းတာဘဲရှိမှာဆိုတော့မပြောဖြစ်တော့ပါဘူး။.ဒီလိုနဲ့အချိန်ပြည့်သွား
- တော့ပြန်ရတာပါ။
- အပြင်ပြန်ရောက်တော့မှဲကိုအောင်သူကိုကျေးဇူးတင်ကြောင်းပြောရတော့တယ်ဘယ်တော့မှာ
- ဒီကျေးဇူးကိုမမေ့ပါဘူးအကိုရယ်.ဆိုပြီးတော့ပြောရတာ.ခုကျမရေးနေတဲ့အချိန်မှာတော်တော်စိတ်မ
- ကောင်းပါဘူး။
 ကျမခင်ပွန်းထောင်ကျတဲ့အချိန်ကသူကျမကိုငွေကြေးထောက်ပံ့ပေးခဲ့တယ်၊လူကိုယ်တိုင်ကူညီတယ်.၊
 သူထောင်ကျတဲ့အချိန်မှာသူမိန်းမဖြစ်တဲ့မမြတ်မြတ်ထွန်းကိုကျမတို့မကူညီနိုင်သေးလို.၊
 *ကိုအောင်သူ*တယောက်ကျန်းမာရေးမကောင်းဘူးဆိုတဲ့သတင်းတွေကြားတိုင်းငိုချင်လာတယ်.၊
 ကျမအကိုကြီး*ကိုအောင်သူ*တယောက်ကျန်းမာပါစေ.လို့သာဆုတောင်းနိုင်ပါတယ.်။
 ကျန်တာမကူညီနိုင်သေးဘူးလေခုချိန်မှာ.စိတ်မဆိုးပါနဲ့အကိုရယ.်......ကျမရဲ့ဘ၀မှာမေ့လိုမရတဲ့
 လူတွေထဲမှာကျမကျေးဇူးရှင်အကိုကြီး*ကိုအောင်သူ*တယောက်အပါအ၀င်ပါ.စိတ်ရင်းကောင်းပြီး
 ကူညီတတ်တဲ့ကျမအကိုကြီးအတွက်အမှတ်တရ.၊အနေနဲ့ကျမဘလော့လေးစလုပ်လုပ်ချင်းရေးထားခဲ့
 တာပါ.၊ကျမလိုဘဲထောင်ဝင်စာတွေနေရသေးတဲမိသားစုတွေခုထိသောကတွေနဲ့နေကြမှာပါကိုယ်ချင်း
 စာနာပါတယ်၊၊
 ခုဆိုရင်ဝေးလံခေါင်းဖျားတဲ့နယ်ထောင်တွေကိုသွားရတဲ့မိသားစုတွေထောင်ထဲမှာ
 သောကတွေနဲ့ နေနေရတဲ့နိုင်ငံရေးအကျဉ်းသားအားလုံးအမြန်ဆုံးလွှတ်မြောက်ကြပါစေရှင်.၊
 ဝေးကွာနေကြတဲ့မိသားစုလေးတွေအမြန်ဆုံးပြန်လည်ဆုံတွေ့ကြပါစေ.ခုချိန်ထိထောင်ဝင်စာ
 တွေနေကြတဲ့မိသားစုတွေကိုစာနာရင်းနဲ့ကျမရေးတဲ့အချိန်လေးက၁နာရီဘဲကြာမှာပါဒါပေမဲ့
 ဘ၀တွေကသိပ်ကြာခဲ့ပါတယ်ရှင်.၊ကျမ(ကိုအောင်သူအတွက်အမှတ်တရလေး)
 ကိုနားလိုက်ပါအုံးမယ်.ကျမအနေနဲ့စာရေးတာတွေမသေသပ်မှုလေးတွေရှိခဲ့ရင်ခွင့်လွှတ်ပေး
 ကြပါရှင်.၊ပထမဆုံးစရေးခဲ့သောစာတမ်းလေးပါ.။
 *မြတ်လေးငုံ*ိ့