18 June 2011
၆၆

၆၆နှစ်..........
မျက်နှာမှာ အရေးအကြောင်းတွေနှင့် အမေ
အသက်တွေလည်း ကြီးလာပြီပေါ့ အမေ ။
အသက်သာကြီးပေမယ့်
စိတ်ဓာတ်က " မာ " နေဆဲ အမေ ၊
အကြောင်းမညီညွတ်ရင် ဘောင်းဘီချွတ်ပြီး
ပုဆိုးပြင်ဝတ်တဲ့ မသူတော်တွေထက်
အမေက ပိုလို့ " နုပျို " နေတဲ့ အမေ ။
သားတို့ တတွေသာ " ညီ " ခဲ့ရင်........
အမေ့
ခေါင်း........
မှာ.......
ပန်းတွေနဲ့ ဝေနေတော့မှာပေါ့နော် ... ။
http://www.facebook.com/notes/yannaing-thanpe/%E1%81%86%E1%81%86/10150210046814247 မှ ပြန်လည်မျှဝေပေးလိုက်ပါသည်.။
အမေ မအိုသေးပါဘူး (အမေစု သို့)

အမေ မအိုသေးဘူးဆိုတာ ကျနော်သိနေတယ် အမေ
အရှေ့မိုးကုတ်စက်ဝန်းဆီက နေဝန်းနီနီလို
အမေ့ နုပျိုခွန်အားတွေ
ဦးခေါင်းထက်က လင်းယုန်ငှက်ရဲ့ တောင်ပံခတ်သံလို
လတ်ဆတ်နေဆဲပါ အမေ။
အမေ့ရဲ့ လေညှင်းတွေ ကျနော်ရှိုက်ရတယ်
အမေ့ရဲ့ အရောင်အဝါတွေ ကျနော်မြင်ရတယ်
အမေနဲ့ ကျနော် တစ်နေရာဆီ နေနေရပေမယ့်
အမေ့ရဲ့ စကားတွေကို ဦးညွတ်လေးစားနားထောင်
မြေခွေးအိုတစ်အုပ်ကို ယောင်လို့မှ
ဒူးမထောက်ခဲ့ဘူး အမေ၊
အခုလည်းအမေ့ရဲ့ အားမွေးထားကြပါ မိန့်ခွန်း
ကျောက်နှစ်ထဲ ထွင်းထားသလို
သားရင်မှာ မြဲမြံလှပါတယ်။
အမေ့ရဲ့ ကြယ်ပွင့်လေးတွေပျိုး
ပန်းပွင့်လေးတွေ နိုးထစေချင်တဲ့ ဆန္ဒ
ဘာကတားဆီးနိုင်မှာလဲ အမေ၊
တောတွေနက်သထက်နက်လာလေ
ဗီဗစွမ်းရည်တွေ ထက်သထက် ထက်လာလေ
အမေ့ကို ကျနော်တို့ ပိုဦးညွတ်လေပါပဲ။
ဘာမှ ပြန်မလာတဲ့ ပေးဆပ်ခြင်းဆိုတာ ရှိမှ မရှိဘဲ အမေရာ
ကျနော်တို့ရဲ့ မေတ္တာတွေ
ကျနော်တို့ရဲ့ ခွန်အားတွေ
ရောင်ပြန်မကဘူး အမေ
အသက်တွေတောင် ဝကွတ်အပ်ပါရဲ့။
ဒီလိုပဲ . . .
ဒီကောင်တွေဆီက မတောင်းရသေးတဲ့ လျော်ကြေးတွေကလည်း
သူတို့ ဘဝတစ်ခုလုံး ရင်းရလိမ့်မယ်
သူတို့ရဲ့ ဆံပင်တွေ ကျနော်တို့ မလိုချင်ပါဘူး
ဒါပေမယ့် သူတို့ပေးရလိမ့်မယ် အမေ
သူတို့ပေါ်သင့်ထားတဲ့ ကျိန်စာတွေက နောင်ဆယ်ဘဝတောင်
ပြယ်ကျဖို့ လမ်းမမြင်ဘူး။
ရူးသွပ်ခြင်းလက်ထဲက ဓါးတွေဟာ
အန္တရာယ် အရမ်းများပါတယ်၊
ကျယ်ပြန့်လာတဲ့ တံတိုင်းတွေ ကျနော်တို့ ဖြိုဖျက်
ဆူးကြိုးအထပ်ထပ် ရစ်ပတ်လာတဲ့ စာပေတွေကြားမှာ
အသိညဏ်ဝမ်းစာ နဲ့ အမှန်တရား ရှာဖွေရင်း
လေပြင်ညင်းညင်းထက်
ရေတံခွန်ပြင်းပြင်းကို မက်တတ်လာပြီ
ကျနော်တို့ကို ဖိနှိမ်နေသူတွေကြားမှာ
နီရူဒါ ထိရှလာပြီ ၊ ဗရက်ကို စွဲမက်လာပြီ
သူ့ရဲ့ အဆီယစ်နေသူများကဗျာ
သူတို့ကို ကြည့်ရေးထားသလိုပါပဲ . . .
တကယ်ပါပဲ
ကမ်းနားသစ်ပင်ဆိုတာ
အမြစ်မကျွတ်ခင် အရာဝင်တာပါ (မောင်စိမ်းနီ)
အရာဝင်သခိုက် ပညာမခင်ကြသူတွေ
စစ်အားမကောင်းရင်
ဂျစ်ကားတောင် မောင်းနိုင်မှာ မဟုတ်ဘူး ဆိုပဲ
သခင်ကိုယ်တော်မိုး ကဗျာဆရာ သူ့ရဲ့ မျိုးချစ်ကဗျာပေါ့။
ကျနော်ချစ်တယ် ချစ်တယ်အမေ
တစ်ကမ္ဘာလုံးမှာရှိတဲ့ မျက်မကန်းတဲ့ ကဗျာဆရာတွေ
ကျနော်ချစ်တယ်
တောင်ကုန်းကြမ်းကြမ်းပေါ်က အနင်းခံမြတ်ရိုင်းတွေ
ကျနော်ချစ်တယ်
ငုယင်ဗန်ထရွိုင်း ၊ ချေဂွေဗာရာ ၊ ဗိုလ်အောင်ကျော်
ကျနော်ချစ်တယ်၊
ဒါပေမယ့် ဒီခေတ်ရဲ့ ညနက်နက်မှာ လမင်းကြီးသာလိုက်တာလို့
စာဖွဲ့နေသူတွေ ကျနော်မချစ်ဘူးအမေ။
မရေရာတဲ့ လေပွေအောက်မှာ ကြွေသွားတဲ့ လက်ပံတွေ
မပွင့်ခင်က အရောင်ပြောင်းသွားတဲ့ နှင်းဆီတွေ
ကျနော်နှမြောတယ်၊
ပြာလဲ့လဲ့ ဇာခန်းဆီးရဲ့ အထဲမှာ
အဲကွန်းလှိုင်လှိုင်ဖွင့်လို့
မြင်မတင့်အောင် ဇိမ်ခံနေသူတွေ
ပြည်တော်မဝင်သေးဘူးဆိုတာ သိစေချင်ပါရဲ့
အိပ်စရာ မရှိတဲ့ညမှာ မိုးတွေအရမ်းရွာတာပဲဆိုတဲ့
တော်လှန်ကဗျာဆရာတွေရဲ့ ခံယူချက်ကို သိစေချင်ပါရဲ့
ပလပ်စတစ်ကောက်ကလေးငယ်တစ်ယောက်ရဲ့
နေ့ခင်းစာပျောက်နေတဲ့ ဘဝကို သိစေချင်ပါရဲ့
ဖယောင်းတိုင်မဲ့ လျှပ်စစ်မီးမရှိနဲ့
စာမကြည့်ရတဲ့ ကျောင်းသားတစ်ယောက်ရဲ့ ညကို သိစေချင်ပါရဲ့
ဪ . . . အဆီယစ်နေတဲ့သူတွေ . . .
သိစေချင်ပါရဲ့ ။
ယိုင်နဲ့ ယိုင်နဲ့ နဲ့ ယိုင်နဲ့
မရှက်တဲ့သူတွေ များတယ်အမေ
မျက်နှာဖုံးမလိုဘဲ သရုပ်ဆောင်ကောင်းသူတွေ
ယုံတမ်းရှည်ရှည်နဲ့ တစ်ထောင့်တစ်ည လှည့်ကွက်တွေ
လင်းတတစ်ကောင်လောက်မှ သစ္စာမရှိတဲ့ ကတိတွေ
ပစ်ချပေးလိုက်တဲ့ အကြွင်းအကျန် မျှော်လင့်ခြင်း အကျိုးအကြေတွေ
တစ်ခါသုံးဆေးထိုးအပ်လောက်မှ အသုံးမကျတဲ့ စကားတွေ
များများလာတယ် အမေ၊
များများလာတော့ ကြောက်ကြောက်လာမိတယ်
အမေ့ရဲ့ အားပေးစကားတွေ အမြဲကြားချင်နေမိတယ်
တမင်လုပ် ထောင်ချောက်တွေနဲ့ ဟော့ဒီကမ္ဘာထဲမှာ
ဘယ်လိုလှမ်းရမယ်ဆိုတာ အမေရှေ့က လမ်းပြပါ
အမေ့ရဲ့ ခွန်အားနဲ့ အသိညဏ်တရားတွေ
သူတို့ ခိုးဝှက်ချင်နေကြတယ် ၊ ခိုးဝှက်နေကြတယ် . . .
မရပါဘူး အမေ
. မ . ရ . ပါ. ဘူး . . .
ကျနော်တို့ အားလုံးဟာ အမေ့ကိုသာ မျှော်လင့်နေ
စောင့်စားနေမှာပါ . . .
ရင်ထဲက ဆန္ဒတွေ ၊ မြေမြှုပ်မိုင်းတွေနဲ့
အမေသာ ရှေ့က လက်ခုတ်တစ်ချက်တီးလိုက်ပါ
ကောင်းကင်ရှည်ရှည်တစ်လျှောက် မဆုံးနိုင်တဲ့ လက်ခုတ်သံတွေ
ပွင့်အံလိမ့်မယ် အမေ
မြင်းခွါတစ်ချက် မပေါက်ခင်က မီးဟုန်းဟုန်းတောက်ရဲပါတယ်
ဒါပါပဲ
အမေ မအိုသေးပါဘူး
အမြဲရှင်သန်နေမယ့် အမှန်တရားတစ်ခုလို
အမေ မအိုသေးပါဘူး
မြို့မရဲ့ အခါတော်ရောင်ချိန်နီးလို့လာသလို
အမေ မအိုသေးပါဘူး
အရှေ့မိုးကုတ်စက်ဝန်းဆီက နေဝန်းနီနီလို
အမေ့ နုပျိုခွန်အားတွေ
ဦးခေါင်းထက်က လင်းယုန်ငှက်ရဲ့ တောင်ပံခတ်သံလို
လတ်ဆတ်နေဆဲပါ အမေ . . .
အမေ မအိုသေးပါဘူး ။ ။
(အမေ ဒေါ်အောင်ဆန်းစုကြည် သို့ ရည်ညွှန်းပါသည်)
http://www.facebook.com/profile.php?id=100001669429212 မှ ပြန်လည်မျှဝေပေးပါသည်.။
17 June 2011
မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်ပြည့် မွေးနေ့အကြို ဈေးရောင်း ပွဲတော် ဖွင့်ပွဲ အခမ်းအနား ဓာတ်ပုံ၊ သတင်း
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင်ဆောင် ဒေါ်အောင်ဆန်းစုကြည်၏ (၆၆)နှစ်ပြည့် မွေးနေ့ (မြန်မာအမျိုးသမီးများနေ့) အထိမ်းအမှတ် ဈေးရောင်းပွဲတော်ကို ဇွန်လ(၁၆)ရက်နေ့ နံနက်(၉)နာရီ အချိန်ကရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးချုပ်၌ စတင် ကျင်းပခဲ့ပါသည်။ ဈေးရောင်းပွဲတော် ဖွင့်ပွဲ အခမ်းအနားအား အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှုး ဒေါ်အောင်ဆန်းစုကြည်မှ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပါသည်။
အဆိုပါ အခမ်းအနား၌ ဥတ္တရအလင်းမှ ကိုတိုးလွင်၊ မဇ္ဈိမလှိုင်းမှ ကိုရဲလွင်၊ ACID အဖွဲ့မှ ကိုဇေယျာသော်နှင့်
မြန်မာပြည်တွင်းမှ လူငယ်လူရွယ်များရဲ့ နိုင်ငံရေး အကျဉ်းသားများအလုံး ချွင်းချက်မရှိ လွတ်မြောက်ရေး လှုပ်ရှားဆောင်ရွက်မှု (သတင်း၊ ဓာတ်ပုံများ)





နိုင်ငံရေး အကျဉ်းသားများအားလုံး ချွင်းချက်မရှိ အမြန်ဆုံး လွတ်မြောက်ရေးအတွက် လှုပ်ရှားမှုများ ဆောင်ရွက်ကြရာတွင် ယနေ့ မနက်ပိုင်းက ရန်ကုန်မြို့နယ် အနှံ့တွင် တက်ကြွစွာ လှုပ်ရှား ဆောင်ရွက်နေကြသော လူငယ်လူရွယ်များ စုပေါင်း၍ နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှုတစ်ရပ် အနေဖြင့် အများပြည်သူများ လက်မှတ်ရေးထိုး တောင်းဆိုမှု ပြုလုပ်ကြရန် ပန်ကြားထားသည့် စာများအား စာအိတ်များတွင် ထည့်သွင်းပေးပို့ခြင်းများ၊ အမျိုးသားခေါင်းဆောင်ကြီး လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချူပ်အောင်ဆန်းရုပ်ပုံနှင့်တကွ ဖေါ်ပြထားသော “နိုင်ငံရေးအကျဉ်းသားများ လွှတ်ပေးရေး” အစရှိသည့် စာသားပါ စာရွက်စာတမ်းများအား အများပြည်သူများ စည်ကားသွားလာရာ နေရာများတွင် ပေးဝေခြင်း ဖြန့်ချီခြင်းများ ပြုလုပ် ဆောင်ရွက်ခဲ့ကြပါတယ်။
ဤလှုပ်ရှားမှုအား ဇွန်လ (၁၄) ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ပြီး ယနေ့တွင်လည်း ယခုကဲ့သို့ ထပ်မံဆောင်ရွက်ခြင်း ဖြစ်ပါတယ်။ ရန်ကုန်မြို့ ပတ်ဝန်းကျင်တွင် လုံခြုံရေးများ တင်းကြပ်နေသည့်ကြားမှပင် အဆိုပါလူငယ်လူရွယ်များမှ အစုအဖွဲ့ များ ခွဲပြီး ပြုလုပ်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခုလှုပ်ရှားမှုနှင့် ပတ်သက်၍ -
"မထသ (၁၀၂) ကားပေါ်တွေ၊ ပန်းခြံတွေမှာပါ ဖြန့်ဝေပါတယ်။ ဒီအပြင် စစ်ရုံးဘေးမှတ်တိုင်တွေ၊ နဝဒေးရုပ်ရှင်ရုံရှေ့တွေ၊ (၂၉) လမ်း မဂိုလမ်းနဲ့ မြေနီကုန်းဘက်တွေမှာ ဖြန့်ဝေကြပါတယ်။ မြောက်ဥက္ကလာပက ဆေးရုံတွေရဲ့ စာသင်ဆောင်တွေမှာလည်း စာရွက်စာတမ်းတွေကို ကပ်ခဲ့ကြတယ်။ စာသင်ဆောင် ဆေးကျောင်းသားတွေနေရာ မြောက်ဥက္ကလာပက အထက (၁) နဲ့ (၂) ကျောင်းတွေဘက်ပါ ဖြန့် ဝေခဲ့ကြပါတယ်” လို့  ပြောကြားပါတယ်။
"မထသ (၁၀၂) ကားပေါ်တွေ၊ ပန်းခြံတွေမှာပါ ဖြန့်ဝေပါတယ်။ ဒီအပြင် စစ်ရုံးဘေးမှတ်တိုင်တွေ၊ နဝဒေးရုပ်ရှင်ရုံရှေ့တွေ၊ (၂၉) လမ်း မဂိုလမ်းနဲ့ မြေနီကုန်းဘက်တွေမှာ ဖြန့်ဝေကြပါတယ်။ မြောက်ဥက္ကလာပက ဆေးရုံတွေရဲ့ စာသင်ဆောင်တွေမှာလည်း စာရွက်စာတမ်းတွေကို ကပ်ခဲ့ကြတယ်။ စာသင်ဆောင် ဆေးကျောင်းသားတွေနေရာ မြောက်ဥက္ကလာပက အထက (၁) နဲ့ (၂) ကျောင်းတွေဘက်ပါ ဖြန့် ဝေခဲ့ကြပါတယ်” လို့  ပြောကြားပါတယ်။
နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု တစ်ရပ်အနေဖြင့် အများပြည်သူများ လက်မှတ်ရေးထိုး တောင်းဆိုမှုပြုလုပ်ကြရန် ပန်ကြားထားသည့် စာများအား စာအိတ် အရေအတွက် (၂၀၀၀) ၀န်းကျင် ဖြန့်ဝေခဲ့ပါတယ်။ စာထဲမှာ ရေးသားထားတဲ့ စာသားတွေကတော့
16 June 2011
ခရစ်တော်၌ အိပ်ပျော်ခြင်း (ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူ ဈာပန)
ခရစ်တော်၌ အိပ်ပျော်ခြင်း
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ကျန်းမာရေးချို့ယွင်း လာပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး)၌ တတ်ရောက်ဆေးကုသမှု ခံယူနေစဉ် ၂၀၁၁ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ နံနက် (၅း၅၀) နာရီတွင် ခေါ်တော်မူခြင်းခံခဲ့ရသည်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ရုပ်ရှင်ဇာတ်ကားပေါင်း (၁၀၀) ကျော်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ထူးချွန်ထက်မြက်သော အနုပညာစွမ်းအား၊ အနုပညာပါဝါတို့ဖြင့် ရိုက်ကူးသရုပ်ဆောင်ခဲ့သော အစားထိုး၍ မရနိုင်သော အနုပညာရှင်စစ်စစ် တစ်ဦးဖြစ်သည်။
ရုရှပြန် စစ်ဗိုလ်အုပ်စုလုပ်ရပ်အား အရေးယူရန် ပုဂ္ဂိုလ်ရေးအရ တောင်းဆိုခြင်း.....
ရုရှပြန် စစ်ဗိုလ်အုပ်စုတွေရဲ့ အင်တာနက် ဘလော့(ဂ်) များတွင် ပုဂ္ဂိုလ်ရေးအရ မကပဲ အမျိုးသမီးတဦးရဲ့ ဂုဏ်သိက္ခာနဲ့ ကျမရဲ့မိသားစုကိုပါ ထိခိုက်အောင် ရေးသားဖေါ်ပြလာတာ တွေ့ရပါတယ်။ ဒီဘလော့(ဂ်)တွေဟာ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်ပအတိုက်အခံ အဖွဲ့အစည်းတွေကို နည်းမျိုးစုံနဲ့တိုက်ခိုက်ရေးသားနေတဲ့ ဘလောဂ်တွေလည်းဖြစ်ပါတယ်။
၂၀၁၁ ဧပြီလအတွင်းမှာ ကျမရဲ့ဂျီမေလ်းအကောင့်နဲ့ ညီမဖြစ်သူအကောင့်နှစ်ခုစလုံး ခိုးယူခံရပါတယ်။ ခိုးယူသွားတဲ့အကောင့်ကို ပြန်ယူပြီးနောက် ၀င်ရောက်ထားတဲ့ IP တွေကို စစ်ကြည့်တဲ့အခါ မြန်မာပြည်က ဆိုတာတွေ့ရပါတယ်။ အင်တာနက်ရာဇ၀တ်မှု (cyber crime)ကို ကျူးလွန်ပြီး၊ ကျမဆီကို ခြိမ်းခြောက်အကြပ်ကိုင်ကာ အပေးအယူလုပ်ဖို့ ရုရှပြန်စစ်ဗိုလ်အုပ်စုတွေက ကမ်းလှမ်းရေးသားခဲ့ပါတယ်။ ဒါနဲ့ပတ်သက်လို့ ကျမရဲ့ ယုံကြည်ရပ်တည်ချက်အရ လက်ခံစဉ်းစားမှာ မဟုတ်ဘူးဆိုတာ အဲဒီအချိန်ကတည်းက ဒီစစ်ဗိုလ်တွေကို ပြတ်ပြတ်သားသား တုန့်ပြန်ခဲ့ပါတယ်။ နောက်ပိုင်းမှာ ကျမအပေါ် တိုက်ခိုက် ရေးသားချက်တွေကို ရုရှပြန်စစ်ဗိုလ်တွေရဲ့ face book တွေမှာ အချင်းချင်းဖြန့်ဝေ ရေးသားတာ တွေ့မြင်ရပါတယ်။
ကျမနဲ့ ခင်ပွန်းဖြစ်သူ နှစ်ယောက်စလုံးဟာ မြန်မာနိုင်ငံတွင်း ကျောင်းသားနိုင်ငံရေး လှုပ်ရှားမှုထဲ ဖြတ်သန်းခဲ့ကတည်းက မမှန်မကန်စွပ်စွဲ ပုတ်ခတ်မှုတွေ ခြိမ်းခြောက် အကြပ်ကိုင်မှုတွေကို ရင်ဆိုင်ခဲ့ရလို့ ဒီကိစ္စမှာ ရင့်ကျက်ပြီးသားဖြစ်နေပါပြီ။ အိမ်ထောင်ရေးဘ၀မှာ လုံးဝ ထိခိုက်မှု မရှိပါဘူး။ ဒါပေမယ့် ခြောက်နှစ်အရွယ် ရင်သွေး သမီးငယ်ကိုပါ ထိခိုက်လာတဲ့အတွက် မိခင်တဦးအနေနဲ့ ရုရုပြန်စစ်ဗိုလ်တွေရဲ့ လုပ်ရပ် အပေါ်တုန့်ပြန်ပြောဆိုဖို့ လိုအပ်လာပါတယ်။
အခုလို ပုဂ္ဂိုလ်ရေးအရ ထိခိုက်နစ်နာအောင် ရည်ရွယ်ချက် သက်သက်နဲ့ နိုင်ငံတော်ငွေတွေသုံးပြီး ပညာသင်ခဲ့တဲ့ ရုရှပြန်စစ်ဗိုလ်အုပ်စု လုပ်ဆောင်နေတာဟာ မြန်မာစစ်တပ်ရဲ့မူဝါဒလား၊ အစိုးရသစ်ရဲ့ မူဝါဒလား ဆိုတာ မေးခွန်းထုတ်ရပါလိမ့်မယ်။ နိုင်ငံပိုင်ငွေနဲ့ ပညာသင်ပြီး၊ တတ်မြောက်လာတဲ့ နည်းပညာကို အလွဲသုံးစားလုပ်ကာ အရပ်သား လူပုဂ္ဂိုလ်တွေကို ခြိမ်းခြောက်အကြပ်ကိုင် ပုဂ္ဂိုလ်ရေးတိုက်ခိုက်တဲ့ ရုရှပြန်စစ်ဗိုလ်တွေ လုပ်ရပ်တွေဟာ အနာဂတ် တိုင်းပြည်အတွက်ရော မြန်မာနိုင်ငံသားတွေ အတွက်ပါ ရင်လေးစရာပါ။
နောက်ပြီး ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းမှာ လက်ခံလို့မရတဲ့ Cyber Crimes၊ အမျိုးသမီးနဲ့ ကလေးငယ်ရဲ့ ဂုဏ်သိက္ခာကို ထိခိုက်စော်ကားမှု၊ လူလူချင်း ထိခိုက်နစ်နာစေတဲ့လုပ်ရပ်တွေ ရုရှပြန်စစ်ဗိုလ်တွေ ကျူးလွန်နေတဲ့အပေါ်မှာ သက်ဆိုင်ရာ တာဝန်ရှိအာဏာပိုင်တွေက အရေးယူဖို့ လိုအပ်ပါတယ်။
အခုကိစ္စနဲ့ပတ်သက်လို့ တာဝန်ရှိသူတွေအနေနဲ့ တရားခံ ရုရှားပြန်စစ်ဗိုလ်တွေကို ဖော်ထုတ် အရေးယူမယ်ဆိုရင် ဒီလူတွေနဲ့ ပတ်သက်လို့ ကျမမှာရရှိထားတဲ့ အချက်အလက်တွေ မျှဝေပါ့မယ်။ လျှို့ဝှက်လုပ်တဲ့ အပေးအယူမဟုတ်ပါဘူး။ အများသိအောင် ဗြောင်အပေးအယူ လုပ်မှာပါ။ တကယ်လို့ သက်ဆိုင်ရာ မြန်မာအာဏာပိုင်တွေက မဖြေရှင်းနိုင်ရင်၊ ကိုင်တွယ်နိုင်မယ့် နိုင်ငံတကာ အဖွဲ့အစည်းအဆင့်ဆင့်ကို အရေးယူပေးဖို့ တိုင်ကြားပါ့မယ်။
ကိုယ်ပိုင် အီးမေလ်းအကောင့်တွေကို ဖောက်ခံရပြီး၊ အကြပ်ကိုင် ခြိမ်းခြောက်ခံရသူအားလုံးလဲ ဒီကိစ္စမှာ ပါဝင်ကြမှာလို့ မေတ္တာရပ်ခံပါတယ်။
ယခုစာကို အောက်ပါ အဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များထံ ပေးပို့ပါတယ်။
၁. ဦးသိန်းစိန်၊ နိုင်ငံတော်သမ္မတရုံး၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ
၂. ဦးဝဏ္ဏမောင်လွင်၊ နိုင်ငံခြားရေးဝန်ကြီး၊ ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့
၃. ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်၊ ကာကွယ်ရေးဦးစီးချုပ်
၎. မြန်မာနိုင်ငံအမျိုးသမီးရေးရာအဖွဲ့ချုပ်
၅. မြန်မာသံရုံး၊ ၀ါရှင်တန်ဒီစီ
၆. ပြည်တွင်း ပြည်ပသတင်းဌာနများ
အင်ကြင်းနိုင်
ဝါရှင်တန်ဒီစီ
အမေရိကန်ပြည်ထောင်စု
+1 202 731 1791
Ingjinnaing@gmail.com
15 June 2011
ခရစ်တော်၌ အိပ်ပျော်ခြင်း (ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူ ဈာပန)
ခရစ်တော်၌ အိပ်ပျော်ခြင်း
ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ၂၀၁၁ ခုနှစ်၊ မေလမှစ၍ ကျန်းမာရေးချို့ယွင်း လာပြီး ရန်ကုန်အထွေထွေရောဂါကု ဆေးရုံသစ်ကြီး (ဂျပန်ဆေးရုံကြီး)၌ တတ်ရောက်ဆေးကုသမှု ခံယူနေစဉ် ၂၀၁၁ ခုနှစ်၊ ဇွန်လ (၁၃) ရက်နေ့ နံနက် (၅း၅၀) နာရီတွင် ခေါ်တော်မူခြင်းခံခဲ့ရသည်။ ရုပ်ရှင်သရုပ်ဆောင် အကယ်ဒမီဒေါ်နွဲ့နွဲ့မူသည် ရုပ်ရှင်ဇာတ်ကားပေါင်း (၁၀၀) ကျော်နှင့် ဗီဒီယို ဇာတ်ကားပေါင်းများစွာတို့ကို ထူးချွန်ထက်မြက်သော အနုပညာစွမ်းအား၊ အနုပညာပါဝါတို့ဖြင့် ရိုက်ကူးသရုပ်ဆောင်ခဲ့သော အစားထိုး၍ မရနိုင်သော အနုပညာရှင်စစ်စစ် တစ်ဦးဖြစ်သည်။
သီတဂူဆရာတော်ဘုရားကြီးအား လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်မှ သွားရောက် ဂါရဝပြုဖူးမျှော်.... (ဓာတ်ပုံ)
ဒီနေ့ (၁၄)ရက်နေ့ နေ့လည်က ဒေါ်အောင်ဆန်းစုကြည်ဟာ ဒဂုံမြောက်ပိုင်းမှာ ရှိတဲ့ သီတဂူဆရာတော်ရဲ့ ကျောင်းသို့ သွားရောက်ပြီး ဆရာတော်ကြီးအား ဂါရဝပြု ဖူးမြော် ခဲ့ပါတယ်။
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် Facebook မှ ကူးယူဖော်ပြသည်။
Subscribe to:
Posts (Atom)
















